Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903

Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903, Armed forces, Melbourne.
(1)

18/08/2026

လွန်ခဲ့တဲ့ ၃ နှစ်က လှကဇိုင်းကျေးရွာတိုက်၊ပွဲတုန်းက vd ဖြစ်ပါတယ်၊
လန ၁၁ လက်ရရှိခဲ့ပြီး စစ်သုံ့ပန်း ၄ ဦး ရရှိခဲ့တဲ့ပွဲဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ ပွဲအတွင်း ဒဏ်ရာရပြီး သူတို့တပ်ဖွဲ့ ချန်ထားခဲ့ခြင်းခံရသော ရန်သူတပ်သားကိုတောင် လူသားချင်းစာနာထောက်ထားမှုအရ ကောင်းမွန်စွာ ပြုမူဆက်ဆံပါတယ်၊ ကျွန်တော်တို့ဟာ စစ်သွေးကြွတွေမှ မဟုတ်ဘဲလေ။

ဒါပေမဲ့ ဒီလိုစေတနာတွေကို အခု နောက်ပိုင်းမှာ ကျွန်တော်တို့ ထားနိုင်ဖို့အတွက် နှလုံးသားတွေ မနူးညံ့နိုင်တော့ပါ ‼️

"ငါတို့ ကျင့်ဝတ်ကို ထိန်းသိမ်းခဲ့တာဟာ အားနည်းလို့ မဟုတ်ဘူး၊ ဒါပေမဲ့ ရက်စက်မှုကိုတော့ အတိုးနဲ့ ပြန်ဆပ်ရမယ်"

📌ပဲခူးတိုင်စစ်ဌာန၊ နဂါးနီတပ်ရင်း(P29903) ထံသို့ ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်မည်ဆိုပါက👇
https://www.facebook.com/share/v/19DCTeNPoC/
📌တပ်ရင်းတွင် လစဉ်ထောက်ပို့memberအဖြစ် ပါဝင်အားဖြည့်မည်ဆိုပါက👇
https://www.facebook.com/share/v/19XJPSxFGQ/

#လစဉ်ထောက်ပို့ကူ

#ပဲခူးတိုင်းစစ်ဌာန
#နဂါးနီတပ်ရင်း
#နွေဦးတော်လှန်ရေး

တလရသမားလို့ မိမိကိုယ်ကိုယ်သတ်မှတ်ထားသူတစ်ဦးဟာ ရေရှည် tawလှန်နိုင်ဖို့ဆိုတာ လတ်တလော ရရှိထားတဲ့ အောင်ပွဲတွေ၊ စိတ်လှုပ်ရှား...
17/08/2026

တလရသမားလို့ မိမိကိုယ်ကိုယ်သတ်မှတ်ထားသူတစ်ဦးဟာ ရေရှည် tawလှန်နိုင်ဖို့ဆိုတာ လတ်တလော ရရှိထားတဲ့ အောင်ပွဲတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ နာကျည်းချက်ဒေါသတွေနဲ့တင် မလုံလောက်ပါဘူး။
အရာအားလုံး ယိမ်းယိုင်ပျက်စီးနေချိန်မှာတောင် မယိမ်းယိုင်ဘဲ ကျန်ခဲ့မယ့်အရာဟာ "ခံယူချက်" ဆိုတဲ့ အတွင်းဓာတ်သာလျှင်ဖြစ်ပါတယ်
"ခံယူချက်ဆိုတာ ပန်းပဲဖိုထဲက ငုပ်လျှိုးနေတဲ့ မီးစနဲ့ တူတယ်၊ လေပဲတိုက်တိုက် မိုးပဲရွာရွာ သံသတ္ထုတွေကို ပုံသွင်းဖို့ အမြဲ ပူနွေးပြီး နီရဲနေဆဲပါပဲ"
ရလဒ်အခြေအနေကိုကြည့်ပြီးသွားတဲ့သူဟာ မုန်တိုင်းထန်ပြီး လှိုင်းကြီးလာရင် လှေမှောက်မှာကို ကြောက်ရွံ့ ကြတယ်၊ ခံယူချက်ခိုင်မာတဲ့သူကျတော့ ပင်လယ်သမုဒ္ဒရာကို ဖြတ်ကူးရမှာကို သိထားပြီးသားဖြစ်လို့ လှိုင်းတွေ၊ မုန်တိုင်းတွေကို ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထားကြတယ်
လက်နက်ဆိုတာ လဲပြိုသွားနိုင်တယ်၊ ရုပ်ဝတ္ထုပစ္စည်းတွေဆိုတာလည်း ကုန်ခမ်းသွားနိုင်တယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခံယူချက်တစ်ခုကတော့ လူတစ်ယောက်ရဲ့ ဝိဉာဉ်ကနေ နောက်တစ်ယောက်စီ ကူးစက်သွားပြီး ဘယ်တော့မှ မပျက်စီးနိုင်တဲ့ အင်အားအဖြစ် ရေရှည်တည်တံ့နေမှာ ဖြစ်ပါတယ် ✌️

#ပဲခူးတိုင်းစစ်ဌာန
#နဂါးနီp29903
#နွေဦးတော်လှန်ရေး

"လက်ရှိ နိုင်ငံ့အကြပ်အတည်းမှန်သမျှဟာ မတရားအာဏာသိမ်းထားတဲ့ စစ်အုပ်စုကြောင့်ပါပဲ"   ဒီစကားဟာ ဘယ်လိုမှ ငြင်းပိုင်ခွင့်မရှိတ...
16/08/2026

"လက်ရှိ နိုင်ငံ့အကြပ်အတည်းမှန်သမျှဟာ မတရားအာဏာသိမ်းထားတဲ့ စစ်အုပ်စုကြောင့်ပါပဲ"
ဒီစကားဟာ ဘယ်လိုမှ ငြင်းပိုင်ခွင့်မရှိတဲ့ အခြေခံကျတဲ့ အမှန်တရားပါ
နိုင်ငံ့ငွေကြေးတွေ ဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြှင့်တက်တာ၊ ကိုယ့်နိုင်ငံ့ထဲမှာ ကိုယ့်အနာဂတ်အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှ မရရှိဘဲ သူများနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေရတာ၊ ပြည်တွင်းထဲမှာလည်း ခိုးမှု ရိုက်မှု လုယက်ဓားပြတိုက်မှုတွေ အတွက်လည်း လုံခြုံရေးအာမခံချက် လုံးဝ မရှိတော့တာ
ဒါတွေအားလုံးဟာ မြန်မာစစ်တပ်ကြောင့်ပါ
သမိုင်းနဲ့ချီပြီး ပြောရရင် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက် ၁၉၅၉ ခု နေဝင်းစစ်အစိုးရလက်ထပ်ကနေ ဗမာပြည်ကို ဒုက္ခပေးလိုက်ပုံများ နှစ်ပေါင်း ၇၀ ဝန်းကျင်ရှိပါပြီ

မြန်မာပြည်ကြီး ဘာတွေများတိုးတက်ပြောင်းလဲလာပါသလဲ?

၁။ စီးပွားရေး
တိုင်းပြည်ရဲ့ GDPတွေ ကျဆင်းတယ်၊ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက အရေးယူပိတ်ဆို့တဲ့အခါ လုပ်ငန်းတွေအကုန်ထွက်ကုန်ကြတယ်၊ ပြည်သူတွေ အလုပ်အကိုင် လက်မဲ့ဖြစ်ကုန်ကြရတယ်၊ တစ်ဆက်တည်းမှာပဲ ကုန်ဈေးနှုန်းက စံချိန်တင်ထိုးတက်ပြီး ကြက်ဥ တစ်လုံး ၈၀/၁၀၀ ကနေ အခု တစ်လုံး၇၀၀ ဖြစ်နေပြီ၊ အဲ့ဒီလို အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိ၊ ပညာရေးစနစ်ပျက်စီးနေတော့ တိုင်းတစ်ပါးကို ထွက်ပြီး အများစုမှာ အရင်းအနှီးနည်းပါးစွာနဲ့ အခြေချကြရတယ်၊ တချို့တွေ ကိုယ့်နိုင်ငံသားကိုယ့်လူမျိုးတွေ တိုင်းတစ်ပါးမှာ အထောက်အထားမဲ့ နေထိုင်တဲ့အတွက် သူများနိုင်ငံသားတွေကိုမျက်နာငယ်အောက်ကျို့နေကြရတယ်

၂။ လူမှုဘဝနေထိုင်မှုနှင့် လူသားအရင်းအမြစ်
တိုင်းပြည်ရဲ့ လူတန်းစားကွာဟချက်က အလွန်ဆိုးရွားနေပြီး ဆင်းရဲနွမ်းပါးမှုက လူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်နေပြီ၊ ဆင်းရဲနွမ်းပါးမှုကို အသုံးချတဲ့ ပရဟိတအယောင်ဆောင် content creatorယောင်ယောင် Poverty porn(ဆင်းရဲဒုက္ခကို အမြတ်ထုတ်ပြသခြင်း) တွေကလည်း တိုင်းပြည်ဘယ်လောက်ပျက်ပျက် သူတို့အပေါ်သက်ရောက်မှု မရှိတဲ့ အလွှာတန်းစားကလူတွေချည်းပဲ၊ ပညာရေးအကြောင်းဆိုရင် ပြောချင်စရာတစ်စက်မှကိို မရှိတာပါ ပိုက်ဆံရှိသားသမီးတွေက collageတွေ instituteတွေ တက်နိုင်ကြပေမယ့် တိုင်းပြည်ရဲ့ ကလေးသူငယ်သန်းနဲ့ချီပြီး အခြေခံပညာသင်ကြားခွင့်ကို ဆုံရှုံးနေရတာပါ၊
ကျန်းမာရေးကိုကြည့်ရင်လည်း ဆေးဝါးပြတ်လတ်မှုတွေ ဆရာဝန်မလောက်ငှမှုတွေ ဆေးရုံဆေးခန်းမလောက်ငှမှုတွေရင်ဆိုင်နေရပါတယ်၊ မြို့ကြီးတွေကလွဲပြီး နယ်ဘက်တွေမှာ ဆရာဝန်မရှိလို့ ပိတ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေ အများကြီးဖြစ်နေတာပါ၊ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှာ Covid 19 ကြောင့် လူဦးရေ ၁၉၄၉၀ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အောက်ဆီဂျင်မလောက်ငှမှုတွေကြောင့် နေအိမ်မှာတင် သေဆုံးခဲ့တဲ့ လူဦးရေးတွေ ပါရင် သေဆုံးသူဦးရေးဟာ သိန်းဂဏာန်းနီးပါးရှိနိုင်ပါတယ်၊ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာ covid 19 ကြောင့် သေဆုံးသူလူဦးရေ ၂၆၈၂ ဦးသာ ရှိခဲ့ပါတယ်၊ ဒါတွေကိုကြည့်ရင် စစ်ဗိုလ်ချုပ်တွေရဲ့ လစ်လျူရှုထားမှုကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတဲ့ လူ့အသက်တွေ ဖြစ်ပါတယ်၊ မတရားအာဏာသိမ်းပြီး တိုင်းပြည်ကို ခိုးယူလိုက်တဲ့အတွက် EROတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ PDFပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ဟာ အကြမ်းဖက်စစ်တပ်ကို တော်လှန်ပုန်ကန်ကြပါတယ်၊ ထို့အခါ နိုင်ငံ့ နေရာဒေသအသီးသီးမှာ နေရပ်စွန့်ခါထွက်ပြေးသူ၊ နေအိမ်ဖျက်ဆီးခံရ၍ စွန့်ခွာရသူ စစ်ဘေးရှောင်လူဦးရေ သန်းနဲ့ချီ မြှင့်တက်လာပြီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အများအပြားလိုအပ်နေတယ်

၃။ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး
နိုင်ငံတကာ အဖွဲ့အစည်းတွေ တိုင်းတာတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်းကိန်းတွေမှာဆိုရင် Fragile States Index(ထိရှလွယ်သောနိုင်ငံများညွှန်းကိန်း) အရ မြန်မာပြည် ထိရှယ်အလွယ်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်၊ Democracy Index(ဒိမိုကရေစီညွှန်းကိန်း) အရ ဆိုရင်လည်း အာဏာပိုင်စနစ်၊ နိုင်ငံရေးတည်ငြိမ်မှု ကင်းမဲ့မှုတွေကြောင့် ကမ္ဘာ့အနိမ့်ဆုံးစာရင်းထဲမှာ ရောက်နေပါတယ်၊ တရားဥပဒေစိုးမိုးရေးကို ကြည့်ရင်လည်း နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးဆိုင်ရာ အာဏာခွဲဝေမှု လုံးဝကင်းမဲ့နေပြီး ဒီအရာတွေကို စီစစ်ထိန်းကြောင်းပေးမယ့် အုပ်ချုပ်ရေးယန္တရားလည်း မရှိပါ၊ အဂတိလိုက်စားမှုတားဆီးရေးညွှန်းကိန်း(CPI) ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံဟာ အနိမ့်ဆုံးအုပ်စုထဲမှာ ပါဝင်နေပါတယ်၊ တိုင်းပြည်ရဲ့ Budgetတွေကို သုံးစွဲမှု၊ အုပ်ချုပ်မှုလုပ်ငန်းစဉ်တွေအတွက် ပွင့်လင်းမြင်သာရှိမှုတို့ လုံး၀ ကင်းမဲနေပါတယ်၊ အဂတိလိုက်စားမှုတွေကြောင့် တရားမျှတမှု ရရှိရေးအတွက် ဥပဒေကြောင်းအရ အကာအကွယ်ရရှိပိုင်ခွင့် ဆုံးရှုံးနေပါတယ်၊ မြန်မာနိုင်ငံတွင် အဂတိလိုက်စားရာ၌ စစ်အုပ်စု ခရိုနီ သူခိုးကြီးတွေကနေ သူခိုးလတ်၊ သူခိုးလေး၊ အောက်ခြေ အတင်းအဓမ္မစစ်မှုထမ်းကြေးကောက်တဲ့ သူခိုးပေါက်စဆိုတဲ့ အုပ်ချုပ်ရေးမှုအဆင့်အထိ အမျိုးမျိုး တိုင်းပြည်နဲ့ပြည်သူကို ဂုတ်သွေးစုပ် ဒုက္ခပေးနေကြတာပါ

အဲ့ဒီတော့ အဘတွေရဲ့ ဘောကို မနေကြတဲ့ လူတွေကို ပြောချင်တာက- ဒီအချိန်မှာ စစ်အုပ်စုဘက် ပြတ်ပြတ်သားသားရပ်တည်နေတဲ့ ပြည်သူဆိုတာ စစ်အုပ်စုနဲ့ တစ်တန်းတည်းထားရမှာဖြစ်တယ် ဆိုတာပါ၊ ပြီးတော့ ပြည်သူတွေကိုပြောချင်တာက- သတင်းစာဆရာကြီး ဦးဝင်းထင် ပြောတဲ့စကားအတိုင်း" စစ်တပ်က ပြည်သူအပေါ်ထားခဲ့တဲ့ကျေးဇူးဆိုတာ မူးလို့တောင်ရှုစရာမရှိဘူး" ဆိုတာပါပဲ၊ ကျေးဇူးမရှိတဲ့အပြင် တိုင်းပြည်ကို စနစ်တကျနဲ့ စနစ်မကျ နှစ်မျိုးစလုံးနဲ့ကို ဖျက်ဆီးခဲ့တာပါ၊ ဒီအရာတွေကို ခေတ်အဆက်ဆက်က လူတွေလည်း မတွန်းလှန်နိုင်ခဲ့ကြပါဘူး၊ မတွန်းလှန်နိုင်ခဲ့တဲ့အတွက် ယနေ့ခေတ်အထိ စစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေသာ စည်းစိမ်ချမ်းသာတွေနဲ့ လူတွေသာပြောင်းသွားတယ် ပြည်သူတွေ ခံစားရတဲ့ ဒုက္ခတွေဟာ ပိုလို့သာ ဆိုးလာလို့နေပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးဟာ ဒီအရာတွေကို ချုပ်ငြိမ်းစေဖို့ အခွင့်အရေးကောင်းကြီးတစ်ရပ်အဖြစ် ရှိလို့နေပါတယ်၊ လိုချင်တဲ့အရာဟာ တန်ဖိုးကြီးလေလေ ကြိုးစားအားထုတ်မှုဟာ ပိုပြီးလိုအပ်လေလေပဲဖြစ်ပါတယ်၊
ဘောလုံးပွဲတစ်ပွဲလိုပေါ့ ၁၁ ယောက် ကစားနေရပေမယ့် ၁ ယောက် injured ဖြစ်ရင် နောက်တစ်ယောက် အရန်ရှိနေရပါမယ်၊ တိုက်ပွဲတစ်ပွဲမှာ ရဲဘော်တစ်ဦးကျဆုံးခဲ့ရင် အစားထိုးဖို့အတွက် ရဲဘော်ရှိနေရပါမယ်၊
အသင်းရဲ့အုပ်ချုပ်မှု၊ လေ့ကျင့်ရေး၊ budget ကောင်းမွန်တဲ့အသင်းဟာ အနိုင်ရရှိတာပါပဲ၊ အဲ့ဒီလိုပဲ စစ်ပွဲတစ်ပွဲမှာ တိုက်ခိုက်လိုစိတ်ပြင်းပျမှု၊ လေ့ကျင့်ရေးကောင်းမွန်မှုနဲ့ ထောက်ပံ့ရေးကောင်းမွန်ပါက အနိင်ရရှိမှာဖြစ်ပါတယ်၊
လက်ရှိနွေဦးတော်လှန်ရေး ၅ နှစ်တာကာလမှာ တိုးတက်လာတဲ့ အချက်တွေကိုကြည့်မယ်ဆိုရင် တော်လှန်ရေးတပ်တွေဟာ မဟာဗျူဟာတိုက်ခိုက်မှုတွေကို နည်းဗျူဟာကျကျ အချိတ်အဆက်မိမိတိုက်ခိုက်လာနိုင်တယ်၊ တလရအစတုန်းကလို အဖွဲ့တွေများပြီးတစ်ယောက်တစ်ပေါက် မဟုတ်တော့ဘဲ ပိုပြီးစုစည်းဖွဲ့စည်းလာနိုင်တယ်၊ SCEF တို့လို နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့ ဖွဲ့စည်းဆောင်ရွက်မှုမျိုးတွေ လုပ်ဆောင်လာနိုင်တယ်၊ နယ်မြေအ​ခြေအနေတွေအရ လက်လွှတ်ဆုံးရှုံးရတာတွေရှိပေမယ့် ဒီအရာတွေအတွက် တဖက်ရန်သူမှာလည်း ဆုံးရှုံးနစ်နာခဲ့တဲ့ အရာတွေ အများကြီးဖြစ်ပါတယ်၊
ပြောင်းလဲကျင့်သုံးလာတဲ့ ခေတ်သစ်စစ်ပွဲမှာ နည်းပညာမြောက်ဒရုန်းတွေကို မိမိတို့ တလရအင်အားစုတွေကနေ တိုက်ခိုက်လာနိုင်ပြီဖြစ်ပါတယ်။
အဲ့ဒီတော့ ကျွန်တော်တို့ "ရှေ့ဆက် ရုန်းကြရအောင်ပါ"၊

ညီအကိုသစ် ရဲဘော်သစ်တွေလည်း ဖိတ်ခေါ်ပါတယ်၊

ထောက်ပို့ပြည်သူအသစ်တွေလည်း ဖိတ်ခေါ်ပါတယ်

ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု နဲ့ ဘုံရန်သူကိုသာ မျက်နာမူကြရအောင်ပါ

အချင်းချင်း စိတ်ဆိုး စိတ်ကောက်တွေ လျော့ကြရအောင်ပါ

သခင်သန်းထွန်ပြောသလို " အရှေ့အရပ်က နေထွက်သလိုပဲ တော်လှန်ရေးဟာ မလွှဲမသွေ အနိုင်ရရမယ်"

#ပဲခူးတိုင်းစစ်ဌာန
#နဂါးနီတပ်ရင်း
#နွေဦးတော်လှန်ရေး

ဒီကနေ့ဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ(၇၉)နှစ်ပြည့်မြောက်သော J...
19/07/2026

ဒီကနေ့ဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ(၇၉)နှစ်ပြည့်မြောက်သော July 19 အာဇာနည်နေ့ ပဲဖြစ်ပါတယ်

ယနေ့ခေတ် တိုင်းပြည်ရဲ့ အနာဂတ်ကိုရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ နွေဦးတော်လှန်ရေး(၅)နှစ်တာကာလ မှာလည်း အညတရသူရဲကောင်း အာဇာနည်များစွာ စွန့်လွတ်ပေးဆပ်ခဲ့ကြပါတယ်

စွန့်လွှတ်ပေးဆပ်မှုတွေ မမေ့ပျောက်စေဖို့ ကျန်ရှိခဲ့တဲ့ သူတွေမှာ တာဝန်ရှိကြောင်းကိုသိရှိပြီး အချင်းချင်းလက်တွေ့စည်းလုံးညီညွှတ်ရင်း ရှေ့ဆက်သွားနိုင်ဖို့ လိုပါတယ်

ရဲဘော်တို့ရဲ့ လုပ်ဆောင်မှု​တွေ ပေးဆပ်မှုတွေ သမိုင်းမှတ်ကျောက်တင်ပြီး အချည်းအနှီးမဖြစ်ရလေအောင် ကျန်ရှိရဲဘော်များမှ ဆက်လက်တာဝန်ထမ်းပိုးသွားမည်ဖြစ်​ကြောင်း ပြောကြားရင်း ရဲဘော်တို့အားလုံးအား ဂုဏ်ယူလေးစားစွာနဲ့ အလေးပြုလိုက်ရပါတယ်

ရဲဘော်တို့အားလုံး ကောင်းမွန်သောအရပ်ဌာနေမှာအေးချမ်းကြပါစေ

(တပ်ရင်းက ရဲဘော်တွေ ထပ်မံမဆုံးရှုံးရလေအောင် ကြိုတင်ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ နဂါးနီတပ်ရင်းက ပြုလုပ်နေတဲ့
လစဉ်ထောက်ပို့ အစီစဉ်လေးမှာ member ဝင်ပြီး ရဲဘော်တွေရဲ့ အသက်ကို တန်ဖိုးထားလို့ရပါတယ်
ခင်ဗျာ။)

လစဉ်ထောက်ပို့အကြောင်း:

https://www.facebook.com/share/v/19CfAa1fV9/?mibextid=wwXIfr


#နဂါးနီP29903
#ပဲခူးတိုင်း
#နွေဦးတော်လှန်ရေး

22/06/2026

ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးမှူးကိုခန့် ပြောပြပေးတဲ့ "ရာဇတောဝါ" ကဗျာရုပ်ရှင် အကြောင်း🧡

ထုတ်ပြန်ချက်။ တပ်​ပြေးကြေညာခြင်းရက်စွဲ။ ၂၀၂၆ခုနှစ်၊ မေလ(၁၇)ရက်           အထက်ပါကိစ္စနှင့်ပတ်သက်၍ နဂါးနီတပ်ရင်း တပ်ခွဲ(၁)...
17/05/2026

ထုတ်ပြန်ချက်။ တပ်​ပြေးကြေညာခြင်း
ရက်စွဲ။ ၂၀၂၆ခုနှစ်၊ မေလ(၁၇)ရက်

အထက်ပါကိစ္စနှင့်ပတ်သက်၍ နဂါးနီတပ်ရင်း တပ်ခွဲ(၁)မှ ရဲဘော် ခန့်စည်သူ၊ ရဲဘော် လင်းထက်၊ ရဲဘော် အာကာတို့သည် ၂၀၂၅ ခုနှစ်အတွင်း တပ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး စစ်အခြေခံသင်တန်းဆင်းပြီး တပ်ရင်း ရှေ့တန်းတာဝန်ထမ်းဆောင်နေရင်း တပ်ရင်းမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား မလိုက်နာဘဲ တပ်ကို စွန့်ခွာထွက်ပြေးသွားခဲ့ပါသည်။ ထို့အပြင် တပ်ရင်းရှိ တာဝန်ထမ်းဆောင်နေသော ရဲဘော်များအား စိတ်ဓာတ်ပျက်ပြားစေရန်၊ တပ်ရင်းပျက်စီးစေရန် သွေးဆောင်ဖျားယောင်းခြင်းများအား လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရပါ၍ "တော်လှန်ရေး သစ္စာဖောက်များ" အဖြစ် သတ်မှတ်ကာ "တပ်ပြေး" အဖြစ် ထုတ်ပြန်ကြေညာအပ်ပါသည်။

#နွေဦးတော်လှန်ရေး
#နဂါးနီတပ်ရင်း
#ပဲခူးတိုင်းစစ်ဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် ၅ရက် ၊ မေလ၊ ၂၀၂၆ ခုနှစ် ယနေ့ ကျရောက်လာသော ပြည်သူ့ကာကွယ်ရေး(...
06/05/2026

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်

၅ရက် ၊ မေလ၊ ၂၀၂၆ ခုနှစ်

ယနေ့ ကျရောက်လာသော ပြည်သူ့ကာကွယ်ရေး(၅)နှစ်ပြည့် နေ့တွင် ကျွန်တော်တို့ ပြည်သူကာကွယ်ရေးတပ်မတော် ပဲခူတိုင်းစစ်ဌာန နဂါးနီတပ်ရင်းရှိ တပ်ရင်းရုံးအဖွဲ့မှ အခမ်းအနား (၆) ရပ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁) ပြည်သူ့ကာကွယ်ရေး တပ်မတော်အလံ လွှင့်တင်ခြင်း
(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံအား အလေးပြုခြင်း
(၃) ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့သော ရဲဘော်များအား အလေးပြုခြင်း
(၄) သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခြင်း
(၅) ကာကွယ်ရေးဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း
(၆) ကတိသစ္စာပြုခြင်းနှင့် သစ္စာရေသောက်ခြင်း စသည့် အခမ်းအနား(၆)ရပ်ဖြင့် ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။

#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#ဖွဲ့စည်းတည်ထောင်ခြင်း(၅)နှစ်ပြည့်
#နဂါးနီတပ်ရင်း
#နွေဦးတော်လှန်ရေး

အတာကူးတဲ့ တန်ခူးလ သင်္ကြန်အခါသမယတွင် ပြည်သူလူထုအားလုံး ၅ နှစ်တာ ဒုက္ခဆင်းရဲများအား ကျော်ဖြတ်ခဲ့ပါ၍ စိတ်၏ ချမ်းသာခြင်း၊ က...
15/04/2026

အတာကူးတဲ့ တန်ခူးလ သင်္ကြန်အခါသမယတွင် ပြည်သူလူထုအားလုံး ၅ နှစ်တာ ဒုက္ခဆင်းရဲများအား ကျော်ဖြတ်ခဲ့ပါ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ မိမိတို့ နဂါးနီတပ်ရင်း(P29903) မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်

ဆက်လက်၍ တော်လှန်ပြည်သူလူထုအနေဖြင့် သင်္ကြန်အခါသမယတွင် စိတ်အပန်းဖြေအားအင်မွေးမြူပြီး ကျွန်တော်/ကျွန်မတို့ တော်လှန်ရေးရဲဘော်တွေနဲ့အတူ မိမိတို့လိုချင်တဲ့ စနစ်တစ်ခု မရမချင်း မှန်မှန်ကန်ကန် ရှေ့ဆက်အတူတော်လှန်သွားကြမည်​ဖြစ်ကြောင်းပြောကြားလိုပါတယ်

photo: တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့် မှတ်တမ်းဓာတ်ပုံများ
#ပဲခူးတိုင်းစစ်ဌာန
#ဗျူဟာ၂၄
#နဂါးနီတပ်ရင်း

Address

Melbourne, VIC
3027

Website

Alerts

Be the first to know and let us send you an email when Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903:

Shortcuts

Share

Category