22/03/2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်
“Smart Star” ပြည်သူ့အခြေခံပညာ အထက်တန်းကျောင်း
အမှတ် (၃) ရိုဟင်ဂျာဒုက္ခသည်စခန်း၊ ကူတူပါလောင်၊ အူကီယာမြို့နယ်၊ ကော(စ်)ဘဇာခရိုင်၊ ဘင်္ဂလားဒေ့ရှ်
ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၂) ရက်
ကျောင်းအပ်လက်ခံရေး ကြေညာချက်
လေးစားအပ်ပါသော မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများသို့/—
Smart Star Community High School သည် ၂၀၂၃ ခုနှစ်မှစတင်၍ အရည်အသွေးမြင့် ပညာရေး၊ ကိုယ်ကျင့်တရားတန်ဖိုးများနှင့် ခေတ်မီသင်ကြားရေးစနစ်များဖြင့် ကျောင်းသားကျောင်းသူရတနာများကို စနစ်တကျ ပြုစုပျိုးထောင်လျက်ရှိပါသည်။ ထို့သို့ဖြင့် ကျောင်းသားကျောင်းသူများအား စည်းကမ်းရှိ၍ ပညာရေးအောင်မြင်မှုရရှိစေရန်နှင့် အနာဂတ်ကောင်းမွန်စေရန် အမြဲတမ်း အားပေးဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးကြေညာ ဖွင့်လှစ်ထားရှိပြီး ပထမတန်းမှ ဒသမတန်းအထိ ကျောင်းသားကျောင်းသူအသစ်များကို လက်ခံသွားမည် ဖြစ်ပါသည်။
မိဘအုပ်ထိန်းသူများအနေဖြင့် သတ်မှတ်ထားသောအချိန်ကာလအတွင်း သက်ဆိုင်ရာ ကျောင်းအပ်လက်ခံရေး တာဝန်ရှိသူများနှင့် ဆက်သွယ်ရန် ရိုသေလေးစားစွာဖြင့် အသိပေးအပ်ပါသည်။
ကျွန်ုပ်တို့၏ ကျောင်းဆရာများအားလုံးသည် ခေတ်မီပညာရေးစနစ်တစ်ဆင့် အရည်အသွေးမြင့်ပညာရေးကို ပေးအပ်ရန် အပြည့်အဝ ကတိကဝတ်ပြုထားပြီး Smart Star Community High School တွင် တက်ရောက်ရန် ကျောင်းသား/သူအားလုံးကို ကျွန်ုပ်တို့ နွေးထွေးစွာ ကြိုဆိုပါသည်။
ကျောင်းအပ်လက်ခံမည့်အစီအစဉ်
• လက်ခံမည့်ကာလ: ၂၀၂၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ
• လက်ခံမည့်အချိန်: နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ
• လက်ခံမည့်နေ့ရက်များ: သတ်မှတ်ကာလအတွင်း နေ့စဉ်ဖွင့်လှစ်မည်
• လက်ခံမည့်နေရာ: ကျောင်းအုပ်ကြီးရုံး (Mr. Arjimamul Haque Shelter)
လက်ခံသွားမည့်ကျောင်းဆရာများ
• ဆရာ အာရ်ဂျီမာမုလ်ဟုခ်
ဖုန်းနံပါတ် - (+880 1818-513251)
• ဆရာ ကိုကိဆဲရ် ခေါ်မောရ်
ဖုန်းနံပါတ် - (+880 1879-166401)
• ဆရာ အာက်တာရ် ဟူဆိန်း
ဖုန်းနံပါတ် - (+880 1897-839144)
• ဆရာ ဟာဆောန် ချော်ရိပ်
ဖုန်းနံပါတ် - (+880 1887-232775)
Email:[email protected]