Network for Unity Association Mizoram - NUA

Network for Unity Association Mizoram - NUA Mizoram Base Humanitarians Aids support group Coordination.

ဇန်နဝါရီလ ၂၅ ရက် ၂၀၂၅။မြန်မာယက္ကန်းသမားအများစုနေထိုင်ကြသော ဇောင်းသွီးရပ်ကွက် Community ခန်းမတွင် စုပေါင်းသွေးလှူဒါန်းမှု...
25/01/2025

ဇန်နဝါရီလ ၂၅ ရက် ၂၀၂၅။
မြန်မာယက္ကန်းသမားအများစုနေထိုင်ကြသော ဇောင်းသွီးရပ်ကွက် Community ခန်းမတွင် စုပေါင်းသွေးလှူဒါန်းမှုကို Network for Unity Association (N.U.A) နှင့် Burmese Social Welfare Association (B.S.W.A) မှ ပူးပေါင်းပီး ပြုလုပ်ရာတွင် မြန်မာနိုင်ငံသား ယက်ကန်းသမားများမှ အမျိုးသား ၃၂ ဦး နှင့် အမျိုးသမီး ၁၃ ဦးတို့က သွေး ၄၅ ယူနစ် ပေးလှူခဲ့ကြသည်။
အိုင်ဇောလ်မြို့ ပြည်သူ့ဆေးရုံ သွေးဌာနက ဝန်ထမ်းများကိုယ်တိုင် ဇောင်းသွီးရပ်ကွက်သို့ လာရောက်ကာ ဆောင်ရွက်ပေးခဲ့ကြပါသည်။

(Mizo)
Network for Unity Association (N.U.A) leh Burmese Social Welfare Association (B.S.W.A) tangkawpin ni 25.1.2025 (Inrinni) khan Zuangtui Community Hall ah khawchhak a tanga rawn kal unaute huikhawmin thisen pekna neih a ni a thisen unit (45), mipa (32) hmeichhia (13) lak a ni
Thisen hi Civil Hospital Blood Bank ten a hmunah rawn kalchilhin an rawn la a ni.

(English)
the Network for Unity Association (N.U.A) and the Burmese Social Welfare Association (B.S.W.A) jointly organized a blood donation drive on Saturday, January 25, 2025, at Zuangtui Community Hall. The event saw significant participation from the Myanmarese community residing in Mizoram, mainly migrant workers, resulting in the donation of 45 units of blood. The contributions included 32 men and 13 women donors.

သင့် သွေးဖြင့် အသက်ကယ်ပါ။Network for Unity Association Mizoram - NUA ၏ ဦးဆောင်မှု Aizawl Civil Hospital Blood Bank နှင့်...
22/01/2025

သင့် သွေးဖြင့် အသက်ကယ်ပါ။

Network for Unity Association Mizoram - NUA ၏ ဦးဆောင်မှု Aizawl Civil Hospital Blood Bank နှင့် Association for Voluntary Blood Donation (AVBD) တို့ ပူးပေါင်းဆောင်ရွက်ဖြင့် အိုက်ဇော ရောက် မြန်မာနိုင်သား များအစုအဖွဲ့ စုပေါင်း သွေးလှူခြင်း ကို ဇောင်းသွီးကွန်မြူနီတီ ခန်းမ တွင် နံနက် ၁၀ မှ နေ့လည် ၁၂ နာရီ ပြုလုပ်ပါမည်။
မည်သူမဆို အသက် ၁၈ နှစ်ပြည့်ပီး ကိုယ် အလေးချိန် ၅၀ ကေဂျီ (၁၁၀ ပေါင်) ပြည့်မှီသူများ ပါဝင်နိုင်ပါကြောင်း လေးစားစွာ အသိပေး နှိုးဆော် အပ်ပါသည်။

Network For Unity Association leh Civil Hospital Aizawl, Blood Bank hmalakna in, 25 January 2025 (Saturday) ni Zing 10:00 Am atang Chhun 12:00 Pm thleng Group Blood Donation neih a ni dawn.

အိုက်ဇောလ်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့သို့ CBCUSA Women Department က ဒေါ်လာ ၁၀၀၀ဖိုး  တူ...
16/08/2024

အိုက်ဇောလ်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့သို့ CBCUSA Women Department က ဒေါ်လာ ၁၀၀၀ဖိုး တူညီဂျက်ကက်များ လှူဒါန်း
-------------------------------------------------------------------
၁၆ ဩဂုတ် ၂၀၂၄

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇော်ခရိုင် Deputy Commissioner (DC) လက်အောက်ရှိ ဘေးအန္တရာစီမံခန့်ခွဲမှုနှင့် ပြန်လည်ထူထောင်ရေး Aizawl DC Disaster Management Authority (ADDMA), Quick Response Team ကို အမေရိကန်အခြေစိုက် CBCUSA Women Department မှ အမေရိကန်ဒေါ်လာ ၁၀၀၀တန်ဖိုး ဂျက်ကက်တူညီဝတ်စုံများကို Network for Unity Association, Mizoram (N.U.A) အဖွဲ့မှတဆင့် ပေးလှူလိုက်သည်။
မီဇိုရမ်ပြည်နယ်၊ အိုက်ဇောခရိုင်ရှိ စစ်ဘေးရှောင်များ စီမံအုပ်ချုပ်ခြင်းလုပ်ငန်းစဉ်များကို Deputy Commissioner (DC) များ လက်အောက်တွင် ဌာနများစွာအနက် Aizawl DC Disaster Management Authority (ADDMA) ဘေးအန္တရာစီမံခန့်ခွဲမှုနှင့် ပြန်လည် ထူထောင်ရေး အဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ မှစ၍ ယနေ့ထိ မီဇိုရမ်ရောက် စစ်ဘေးရှောင်များ နေထိုင်ရန်စခန်း များကို အဓိက တာဝန်ယူဆောင်ရွက် နေခြင်းဖြစ်ပါသည်။
ထို့အပြင် ရပ်ကွက်၊ ကျေးရွာများနှင့် လည်းကောင်း အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်း များနှင့် မီဇိုရမ်ရောက် စစ်ဘေးရှောင်များအကြား အဆင်ပြေချောမွေ့စေရန် ပူးပေါင်းကူညီဆောင်ရွက်နေသည်။
Aizawl DC Disaster Management Authority (ADDMA) အဖွဲ့သည် ၎င်းတို့ ၏ အသက်ကို ပဓါနမထားပဲ ပြည်သူများအား ၂၄ နာရီ မပြတ် အရေးပေါ် အသက် ကယ်ဆယ်သည့်လုပ်ငန်းများကို အမြဲတမ်းဆောင်ရွက်သော အလျင်မြန် တုံ့ပြန်ရေးအဖွဲ့ Quick Respond Team ဖြစ်ပါသည်။
၎င်းအဖွဲ့သည် သဘာဝဘေးအန္တရာယ်နှင့် အခြားသော အများပြည်သူအနေဖြင့် ဖြေရှင်းရန် ခက်ခဲသော မြေပြိုခြင်း၊ သစ်ပင်လဲခြင်းနှင့် မီးလောင်မှု စသည့် ကယ်ဆယ်လုပ်ငန်းများကို ရာသီဥတု၊ အချိန်နာရီ နှင့် နေရာမရွေး ဆောင်ရွက်နေကြ ခြင်းဖြစ်သည်။
ADDMA QRT အဖွဲ့သည် ဒေသခံ လူမှုအဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို ဖြည့်ဆည်းခြင်းနှင့် မီဇိုရမ် ရောက် စစ်ဘေးရှောင်များ၏ လိုအပ်ချက်အချို့ မီဇိုရမ်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း အဓိက ပံ့ပိုးလုပ်ဆောင်ပေးနေသည်။
ယင်းသို့ Mizoram တပြည်လုံးမှ ပြည်သူများနှင့် မီဇိုရမ်ရောက် စစ်ဘေးရှောင်များအတွက် အားထားရသော ADDMA ၏လိုအပ်နေသော တူညီဝတ်စုံများကို လှူဒါန်းပေး ပါသော CBCUSA Women Department ကို ကျွနုပ်တို့ Network for Unity Association, Mizoram (N.U.A) အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်အပ် ပါသည်။

-( English Version )-

The CBCUSA Women Department donated USD $1,000 worth of winter jackets
----------------------------------------------------------------
August 16, 2024.
The CBCUSA Women Department donated USD $1,000 worth of winter jackets to the Aizawl DC Disaster Management Authority (ADDMA) of Aizawl District Deputy Commissioner (DC) through the Network for Unity Association Mizoram - NUA. The ADDMA, Quick Respond Team operates under the Aizawl District Deputy Commissioner (DC) and is responsible for emergency life-saving operations, including managing camps for refugees in Mizoram. The donation is deeply appreciated and will support the important work of the ADDMA, QRT team for the people of Mizoram and the Refugees in Mizoram.

မီဇိုရမ်ဝန်ကြီးချုပ်နှင့် စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသော NUA ဦးဆောင်သူများ တွေ့ဆုံခိုနူမ်းသုန်သတင်း၊ ၂၅ ဇူလိုင် ၂၀၂၄...
29/07/2024

မီဇိုရမ်ဝန်ကြီးချုပ်နှင့် စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသော NUA ဦးဆောင်သူများ တွေ့ဆုံ

ခိုနူမ်းသုန်သတင်း၊ ၂၅ ဇူလိုင် ၂၀၂၄

(005MK)

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာနှင့် မြန်မာစစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသော Network for Unity Association (NUA) ဦးဆောင်သူများ ယနေ့ ဇူလိုင် ၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် NUA အဖွဲ့မှ ဦး‌ဆောင်သူများကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ မနက်ပိုင်း ၁၀ နာရီတွင် သူ၏ရုံးခန်းသို့ ခေါ်ယူတွေ့ ဆုံခဲ့ပြီး စစ်ဘေးရှောင်အခြေအနေနှင့် ချင်းလူမျိုးများ၏ စည်းလုံးညီညွတ်မှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြသည်ဟု NUA တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လာမည့်လထဲတွင် အမေရိကန်ပြည်ထောင်စုကို သွားရောက်မည်ဖြစ်ကာ ချင်းလူမျိုးများအကြား စည်းလုံးညီညွတ်ရေး ပိုမိုအားကောင်းလာစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဆွေးနွေးပြောဆိုသွားမည်ဟုလည်း ဝန်ကြီးချုပ်က NUA ဦးဆောင်သူများထံ ပြောဆိုခဲ့သည်ဟု သိရသည်။

သို့သော်လည်း အဆိုပါခရီးစဉ်အခြေအနေ အသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။

မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်ကြသော ချင်းနိုင်ငံရေးသမားများ၊ ချင်းအဖွဲ့အစည်းများကြားတွင် စည်းလုံးညီညွတ်မှုရှိစေရန် ဆန္ဒရှိကြောင်း ယင်းအတွက် တတ်နိုင်သည့်ဘက်မှ အတူတကွ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လည်း ပူးလာလ်ဒိုအောမ်မာက ပြောဆိုခဲ့သည်ဟု သိရသည်။

အိန္ဒိယဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ဆန် ထောက်ပံ့နိုင်ရေး ရူပီးသိန်း ၅၀၀ ပေးအပ်မည်ဖြစ်ပြီး မြန်မာ-ဘဂ်လားဒေရှ့်နှင့် မဏိပူရ်ပြည်နယ်တို့မှ မိမိအသက်လုံခြုံရေးအတွက် ထွက်ပြေးလာကြသော စစ်ဘေးရှောင်များအား အကူအညီများပေးအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု သိရသည်။

Network for Unity Association (NUA) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်နေကြသော အဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များအား စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ အခမဲ့ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စစ်ဘေးရှောင် ကလေးငယ်များကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

Website Link>>>https://n9.cl/hrify

မီဇိုရမ်ပြည်နယ် Hnahthial ခရိုင်က မြန်မာစစ်ဘေးရှောင်များအတွက် CYMA က စားနပ်ရိက္ခာများ ထောက်ပံ့ခိုနူမ်းသုန်သတင်း၊ ၂၉ ဇူလိ...
29/07/2024

မီဇိုရမ်ပြည်နယ် Hnahthial ခရိုင်က မြန်မာစစ်ဘေးရှောင်များအတွက် CYMA က စားနပ်ရိက္ခာများ ထောက်ပံ့

ခိုနူမ်းသုန်သတင်း၊ ၂၉ ဇူလိုင် ၂၀၂၄

(005MK)

မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Cherhlun ကျေးရွာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များအတွက် ဗဟိုမီဇိုးလူငယ်အသင်း(CYMA) က စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်ဟု သိရ သည်။

Cherhlun ကျေးရွာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြသော စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီလိုအပ်နေ ကြောင်း Network for Unity Association(N.U.A) က CYMA အဖွဲ့ထံသို့ အရေးဆိုတင်ပြခဲ့ပြီးနောက် ယနေ့ဇူလိုင် ၂၉ ရက်တွင် ရူပီးတစ်သိန်းထောက်ပံ့ကာ Cherhlun YMA အဖွဲ့က လိုအပ်သောစားနပ်ရိက္ခာများဝယ်ယူ ထောက်ပံ့ပေးခဲ့ သည်ဟု သိရသည်။


ပထမသုတ်အနေဖြင့် ရူပီး ငါးသောင်းခန့်တန်ဖိုးရှိသော ဆန်၊ ပဲ၊ ဆီ နှင့် ကြက်ဥများကို ပေးအပ်ခဲ့ကြပြီး ဒုတိယသုတ် ကိုလည်း မကြာခင်ရက်ပိုင်းအတွင်း ဆက်လက်ပေးအပ်သွားမည်ဟုသိရသည်။

Cherhlun ကျေးရွာက စစ်ဘေးရှာင်စခန်းတွင် အိမ်ထောင်စု ၁၃ စု လူဦးရေ ၅၀ ကျော်နေထိုင်ကြပြီး၊ ရွာထဲအိမ်ငှါး၍ နေထိုင်သူများမှာ အိမ်ထောင်စု ၈ စုခန့်ရှိသည်ဟုသိရသည်။ ၎င်းတို့သည် ချင်းပြည်နယ် ထန်တလန်မြို့နယ် Lungler နှင့် Tlangpui ကျေးရွာကဖြစ်ကြသည်ဟုသိရသည်။

Cherhlun ကျေးရွာက မြန်မာစစ်ဘေးရှောင်များသည် ငါးဖမ်းခြင်း၊ ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ကာ နေ့စဉ်စားဝတ် နေရေးဖြေရှင်းနေကြရပြီး အကူအညီများလိုအပ်လျှက်ရှိကြသည်။ စစ်ဘေးရှောင်များထဲတွင် CDM ရဲတပ်သားများလည်း ပါဝင်သည်ဟုသိရသည်။

အားလုံးပဲ မင်္ဂလာပါလာမယ့် ဇွန် (၁၉) ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်စုကြည်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒါကြောင့် မွေးနေ့...
11/06/2024

အားလုံးပဲ မင်္ဂလာပါ
လာမယ့် ဇွန် (၁၉) ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်စုကြည်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။
ဒါကြောင့် မွေးနေ့ကို အကြောင်းပြုပြီး တော်လှန်ရေးသွေးသစ်လောင်းဖို့နဲ့ ကောင်းမှုလေးတွေ လုပ်ကြဖို့အတွက် ရည်ရွယ်ပြီး ဇွန်လ (၁၅) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်စုကြည်ရဲ့ မွေးနေ့အမှတ်တရ “နေသာတဲ့နေ့” ဆိုတဲ့ မြန်မာ့နွေဦးတော်လှန်ရေး တေးရုပ်ရှင်လေးကို ၀င်ကြေးအခမဲ့နဲ့ ပြသသွားမှာဖြစ်ပါတယ်။
“တော်လှန်ရေးသွေးသစ်လောင်းဖို့”ဆိုတာက?
တော်လှန်ရေးသွေးသစ်လောင်းဖို့ဆိုတာကတော့ ဇာတ်လမ်းလေးကနေတစ်ဆင့် နွေဦးတော်လှန်ရေးကာလ ကြုံတွေ့ဖြစ်ပျက်ခဲ့ကြရတဲ့ သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ကြည့်ရှုခံစားကြမယ်။ စကားတွေပြောကြမယ်။ ဒီတေးရုပ်ရှင်ကနေတစ်ဆင့် နေသာတဲ့နေ့ကို ရောက်ဖို့ လက်ရှိကာလတွေမှာ အားအင်သစ်တွေ စုစည်းကြမယ်။ လူထုခေါင်းဆောင်နဲ့တကွ နိုင်ကျဥ်းအားလုံးလွတ်မြောက်ဖို့အတွက် ဆက်လက်ချီတက်ကြမယ်။
ကောင်းမှုလေးတွေပြုကြမယ်ဆိုတာကရော?
ကောင်းမှုပြုကြမယ်ဆိုတာကတော့ “နေသာတဲ့နေ့”တေးရုပ်ရှင်လေးကြည့်ရင်း မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်စုကြည့်ကို မွေးနေ့လက်ဆောင်အနေနဲ့ ကိုယ်တတ်နိုင်သလောက်လေး ငွေအားဖြင့် ပါ၀င်ကြမယ်။ ရလာတဲ့ မွေးနေ့လက်‌ဆောင်လေးကို ပြီးခဲ့တဲ့ မုန်တိုင်းကြောင့် ဒုက္ခရောက်သွား ကြတဲ့ မီဇိုရမ်ဒေသခံတွေကို ကူညီသွားမှာဖြစ်ပါတယ်။
ဒါကြောင့် မီဇီုရမ်ရောက်နေတဲ့ အမျိုးတို့ရေ...
လူထုခေါင်းဆောင်မွေးနေ့အကြောင်းပြုပြီး လူထုခေါင်းဆောင်နှင့်တကွ နိုင်ကျဥ်းအားလုံးလွတ်မြောက်ဖို့ တော်လှန်ရေးသွေးသစ်လောင်းကြစို့။

#နေသာတဲ့နေ့






31 May 2024 မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့နယ်အတွင်း စစ်ဘေးရှောင်များစွာနေထိုင်သည့် Sairang ကျေးရွာမှာ အိုက်ဇောလ်မြို့၏ ...
31/05/2024

31 May 2024

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့နယ်အတွင်း စစ်ဘေးရှောင်များစွာနေထိုင်သည့် Sairang ကျေးရွာမှာ အိုက်ဇောလ်မြို့၏ အဓိက ရေအရင်းမြစ်ဖြစ်သော Tlawng မြစ်ဘေးတွင်တည်ရှိသည်။ Cyclone Remal ကြောင့် အဆိုပါ Tlawng မြစ် ရေကြီးရေလျှံမှုကြောင့် နေအိမ်ပေါင်း ၆၀ ခန့် ရေလွှမ်းခဲ့ပါသည်။ ယနေ့တွင် ရေလွှမ်းခဲ့သော Sairang ကျေးရွာတွင် NUA မှ ဦးဆောင်ကာ သွားရောက်ကြည့်ရှုခဲ့ကြပြီး မြန်မာစစ်ဘေးရှောင်များကိုယ်စား Sairang YMA ထံ လိုအပ်ရာတွင် အသုံးပြုရန် Rs 15000 ပေးအပ်လှူဒါန်းခဲ့သည်။ ၎င်းအပြင် Sairang ရွာရှိနေထိုင်ကြသော စစ်ဘေးရှောင်များနဲ့အတူ ရေမြှပ်ခဲ့သောနေအိမ်များအား ရှင်းလင်းလုပ်အားပေးခဲ့ကြပါသည်။ လုပ်အားပေးရာတွင် လူဦးရေ ၃၀ ကျော် ပါဝင်ခဲ့ကြပါသည်။

(Mizo Version)
Mizoram a Myanmar raltlan tamtak awmna Sairang khua chu Cyclone Remal vangin Tlawnglui tui lian chuan chenna in 60 vel a chim chhi a. Chu Sairang khua ah chuan NUA hruaitute kalin a tulna a an hmang a tan Rs.15000 chu Sairang YMA hnenah Myanmar raltlante aiawhin an va hlan a ni. Chumi bakah Sairang khua a awm raltlan thalai hote nen tangkawpin tuiin a chim tak chenna in thenfai leh tihfai hnatlang an nei nghal bawk a ni. Hnatlang thawkchhuak te hi mi 30 chuang an ni.

မေလ ၃၀ ရက် ၂၀၂၄မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့နယ်အတွင်းရှိ Cyclone Remal ကြောင့် မြေပြိုခြင်းနှင့် နေအိမ်များပြိုပျက်ခြင...
30/05/2024

မေလ ၃၀ ရက် ၂၀၂၄
မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့နယ်အတွင်းရှိ Cyclone Remal ကြောင့် မြေပြိုခြင်းနှင့် နေအိမ်များပြိုပျက်ခြင်းကြောင့် လူသေလူပျောက်များစွာရှိသော Hlimen ရပ်ကွက်နှင့် Melthum ရပ်ကွက်ရှိ သဘာဝဘေးဒဏ်သင့်သူများအား ကယ်ဆယ်ရေး လုပ်ဆောင်နေကျသော Young Mizo Association (YMA) အဖွဲ့များထံ Network for Unity Assocation, Mizoram (NUA) မှ ဦးဆောင်ကာ Aizawl City အတွင်းရှိ မြန်မာစစ်ဘေးရှောင်များ၏ကိုယ်စားပြုအနေဖြင့် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေ ရူးပီး သုံးသောင်း ငါးထောင် (Rs 35,000) ကို ၂ နေရာတွင် ခွဲ‌ဝေ ပေးအပ်ခဲ့ကြပါသည့်အပြင် လုပ်အားဖြစ်လည်းပါဝင်ခဲ့ကြပါသည်။

-( Mizo )-

30 May 2024
Mizoram khawpui Aizawl district ah Cyclone Remal vanga leimin nasa tak tuar chawmdawl hna thawk mek Hlimen leh Melthum YMA te hnenah a tulna a an hmang a tan Rs. 35,000 chu Myanmar raltlan te aiawhin Network for Unity Association (NUA) ten an hlan a, tlawmngaiin an hnatlang nghal bawk a ni.





No. CYMA 37/2023-2024/39 of 18.4.2024CENTRAL YOUNG MIZO ASSOCIATIONMIZORAM : AIZAWLRALTLAN TE CHUNGCHANGA CENTRAL YMA TH...
18/04/2024

No. CYMA 37/2023-2024/39 of 18.4.2024
CENTRAL YOUNG MIZO ASSOCIATION
MIZORAM : AIZAWL

RALTLAN TE CHUNGCHANGA CENTRAL YMA THU CHHUAH

စစ်ဘေးရှောင်များ လိုက်နာစောင့်ထိန်းရန် စည်းကမ်းချက်များ

Thank you for Donation.
17/03/2024

Thank you for Donation.


Address

Aizawl
Aizawl
796001

Telephone

+917005273373

Website

Alerts

Be the first to know and let us send you an email when Network for Unity Association Mizoram - NUA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Network for Unity Association Mizoram - NUA:

Shortcuts

Share

Category