Asho Chin National Federal Council - Bago

Asho Chin National Federal Council - Bago Asho Chin National Federal Council - Bago, 政治団体, Itabashi-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

20/08/2026

ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho) တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးခြင်းအတွက်
ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်
၂၀၂၆ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တပ်ဦးချုပ် ဆလိုင်းရိုးချင်းအပါ တပ်ဖွဲ့ဝင်(၃)ဦးသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ရပ်တည်တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သည့်အတွက် အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ (ACNFC) အနေဖြင့် များစွာဝမ်းနည်းကြေကွဲ ရပါသည်။
ဆလိုင်းရိုးချင်းသည် မတရားမှုနှင့် ဖိနှိပ်မှုများကို ဆန့်ကျင်ကာ မိမိယုံကြည်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးအတွက် ကိုယ်ကျိုးစွန့်၍ ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာအတွက် မိမိအသက်ကိုပင် မငဲ့ကွက်ဘဲ ပေးဆပ်ခဲ့သည့် သူ၏ စွန့်လွှတ်အနစ်နာခံမှုသည် နွေဦးတော်လှန်ရေးသမိုင်းတွင် မမေ့အပ်သော အမွေအနှစ်တစ်ရပ်အဖြစ် ကျန်ရှိနေမည်ဖြစ်ပါသည်။
အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC) အနေဖြင့် ဆလိုင်းရိုးချင်း၏ မိမိလူမျိုးနှင့် ပြည်သူ့အရေးအတွက် စွန့်လွှတ်ပေးဆပ်မှုကို လေးနက်စွာ အသိအမှတ်ပြုဂုဏ်ပြုပါသည်။ ထို့အပြင် သူ၏ ကျဆုံးမှုအပေါ် မိသားစုဝင်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)၊ တပ်ဖွဲ့ဝင်များနှင့် အတူတကွ တိုက်ပွဲဝင်နေကြသော ရဲဘော်ရဲဘက်များ အားလုံးနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
ဆလိုင်းရိုးချင်း၏ ရဲရင့်မှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် ပြည်သူ့အရေးအပေါ်ထားရှိခဲ့သည့် သန္နိဋ္ဌာန်တို့ကို အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC) အနေဖြင့် အမြဲအမှတ်ရ ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။
သူ၏ ပေးဆပ်မှုသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် ကြိုးပမ်းနေကြသူများအဖို့ အားမာန်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။
ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho) တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျရှုံးခဲ့ရခြင်းသည် အရှို(ချင်း) တိုင်းရင်းသားများအတွက်သာမက နွေဦးတော်လှန်ရေးကြီး တရပ်လုံးအတွက် ကြီးမားလှသော ဆုံးရှုံးမှုကြီး တရပ်ဖြစ်ပြီး၊ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho) တပ်ဦးချုပ် ဆလိုင်းရိုးချင်း၏ စွန့်လွှတ်မှုကို သူရဲကောင်းအဖြစ် အစဉ်အမြဲ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
“ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို(CDF-Asho) တပ်ဦးချုပ် ဆလိုင်းရိုးချင်းနှင့် တပ်ဖွဲ့ဝင်(၃)ဦး ကောင်းရာသုဂတိ လားပါစေ။”
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ

10/07/2026

အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီနှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့၏ ပူးတွဲသဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်။
၁။ အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)သည် အရှို(ချင်း)အမျိုးသားတို့၏ နိုင်ငံရေး၊ လုံခြုံရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန်၊ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
၂။ ရိုးမဒေါင်းတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှ စတင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည့် ဒေသအခြေပြု တော်လှန်ရေးအင်အားစု တခုဖြစ်ပြီး၊ စစ်ရေး၊ လုံခြုံရေးနှင့် ပြည်သူလူထုကာကွယ်ရေးစသည့် တော်လှန်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လာခဲ့ပါသည်။
၃။ ယခုအချိန်တွင် တော်လှန်ရေး အင်အားစုများအကြား ပိုမိုစည်းလုံးညီညွတ်၍ နိုင်ငံရေးနှင့်စစ်ရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရိုးမဒေါင်းတပ်ဖွဲ့အား အရှို(ချင်း)အမျိုးသားကာကွယ်ရေးတပ်၊ Asho(chin) National Defense Force (ANDF) အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းကာ အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် တရားဝင် တပ်ရင်း၊ တပ်ဖွဲ့အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၄။ အထူးသဖြင့် တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ စစ်ရေးနှင့်နိုင်ငံ‌ရေး လှုပ်ရှားမှုများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် နှစ်ဖက်အဖွဲ့အစည်းများက လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၅။ အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)နှင့် အရှို(ချင်း)အမျိုးသားကာကွယ်ရေးတပ်(ANDF) တို့သည် တော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုကို အလေးထားပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပူးတွဲထုတ်ပြန်အပ်ပါသည်။

26/06/2026

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ရှင်သန်ခြင်းနေ့ နှစ် ၅၀ ပြည့် အခမ်းအနားပြုလုပ်

ဖက်ဒရယ် FM | ဇွန်လ ၂၆ ရက်

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့ ရှင်သန့်ခြင်းနေ့ နှစ် ၅၀ ပြည့် အခမ်းအနားကို ဒီကနေ့မနက်က အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC) က ဦးဆောင်ကျင်းပခဲ့ပြီး ဆလိုင်းတင်မောင်ဦးနဲ့အတူ ခေတ်အဆက်ဆက်မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုအရေးအတွက် ကျဆုံးခဲ့သူတွေကို အလေးပြုတာ၊ တက်ရောက်လာတဲ့ တော်လှန်ရေး အရပ်ဘက်အဖွဲ့အစည်းတွေက ဂုဏ်ပြုစကားပြောတာ၊ ကျေးဇူးတင်စကားပြောတာတွေ ပြုလုပ်ခဲ့ပါတယ်။

“ဆလိုင်းတင်မောင်ဦးလို စိတ်ဓာတ်နဲ့ခံယူချက်တွေကိုစံထားပြီး ဒီနေ့ခေတ်လူငယ်နဲ့ ကျောင်းသားမျိုးဆက်တွေ သမိုင်းကိုလေ့လာမှတ်သားကြဖို့၊ အမှန်တရားကို မျက်နှာမလွှဲထားကြဖို့၊ လူမျိုး၊ ဘာသာ၊ ဒေသနဲ့ အဖွဲ့အစည်းကွဲပြားမှုတွေကို ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအရင်းအနေနဲ့ မမြင်ဘဲ စည်းလုံးညီညွတ်မှုရဲ့ အင်အားအနေနဲ့ပြောင်းလဲကြဖို့၊ မတရားမှုရှေ့မှာ လူ့ဂုဏ်သိက္ခာဘက်ကနေ ရပ်တည်ကြဖို့၊ ဆလိုင်းတင်မောင်ဦးရဲ့ အမည်နာမ အောက်မေ့ရုံတင်မဟုတ်ဘဲ သူပေးခဲ့တဲ့သတ္တိ၊ ကိုယ်ကျင့်တရား၊ မေတ္တာ၊ တရားမျှတမှုနဲ့ ဒူးမထောက်တဲ့ ယုံကြည်ချက်တွေကို လက်တွေ့ဘဝမှာ ဆက်လက်ရှင်သန်စေဖို့ ရည်ရွယ်ပါတယ်” လို့ အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီရဲ့ ဗဟိုအမှုဆောင်အဖွဲ့၊ အထွေထွေအတွင်းရေးမှုး ဆလိုင်းဘလက်ဟိုးလ်(Salai Black Hole) က ပြောပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ မှိုင်းရာပြည့်အရေးအခင်းဖြစ်မြောက်အောင် ကြိုးပမ်းနေစဉ် စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး ဇွန်လ ၂၆ ရက်နေ့မှာ တိတ်တဆိတ်ကြိုးပေးခံခဲ့ရတာဖြစ်ပါတယ်။

ရေးသူ - ရင်မွန်
ဓာတ်ပုံ - လူမှုကွန်ရက်(ပုံအဟောင်း)
#ဆလိုင်းတင်မောင်ဦး
_
_____________
Website - https://federalfmradio.com
YouTube - https://www.youtube.com/
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့် ဆလိုင်းတင်မောင်ဦး ရှင်သန...
26/06/2026

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်
အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့်
ဆလိုင်းတင်မောင်ဦး ရှင်သန်ခြင်းနေ့အခမ်းအနားသို့ ပဲခူးယူနစ်ဖက်ဒရယ်အင်အားစုမှ ပေးပို့သည့်သဝဏ်လွှာ။

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့် ဆလိုင်းတင်မောင်ဦး ရှင်သန...
26/06/2026

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်
အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့်
ဆလိုင်းတင်မောင်ဦး ရှင်သန်ခြင်းနေ့အခမ်းအနားသို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway)မှ ပေးပို့သည့်သဝဏ်လွှာ။

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့် ဆလိုင်းတင်မောင်ဦး ရှင်သန...
26/06/2026

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်
အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့်
ဆလိုင်းတင်မောင်ဦး ရှင်သန်ခြင်းနေ့အခမ်းအနားသို့ မကွေးဒေသ တော်လှန်ရေးအင်အားစုများကွန်ရက်မှ ပေးပို့သည့်သဝဏ်လွှာ။

26/06/2026
၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့် ဆလိုင်းတင်မောင်ဦး ရှင်သန...
26/06/2026

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်
အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့်
ဆလိုင်းတင်မောင်ဦး ရှင်သန်ခြင်းနေ့အခမ်းအနားသို့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရမှ ပေးပို့သည့်သဝဏ်လွှာ။

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့် ဆလိုင်းတင်မောင်ဦး ရှင်သန...
26/06/2026

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်
အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ACNFC)က ကြီးမှူးကျင်းပသည့်
ဆလိုင်းတင်မောင်ဦး ရှင်သန်ခြင်းနေ့အခမ်းအနားသို့ ပဲခူးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ပေးပို့သည့်သဝဏ်လွှာ။

住所

Itabashi-ku, Tokyo
1730024

ウェブサイト

アラート

Asho Chin National Federal Council - Bagoがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー