17/08/2026
🌲🌲🌲ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာဖို့၊ ခုတ်ထွင်ရှင်းလင်း ကုသိုလ်ယူ စိတ်ချမ်းမြေ့စရာ... 🌿✨
🌲🌲🌲ဒီနေ့မှာတော့ ဒေါ်ဥမ္မာ နှင့် သမီး မမေသွယ်ဦး တို့ သားအမိနှစ်ဦးက သာသနာ့နယ်မြေ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာပြီး ပရိယတ်၊ ပဋိပတ် လုပ်ငန်းများ စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရန်အတွက် မြက်ခုတ်စက်ဖြင့် မြက်ပင်၊ ပေါင်းပင်များကို ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေး ကုသိုလ်ဒါနပြုလုပ်ခဲ့ကြပါတယ်။
🌲🌲🌲ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ်အောင် မောပန်းမှုမရှိဘဲ ရိုသေလေးစားစွာ လုပ်အားဒါနပြုကြသည့် သားအမိနှစ်ဦး၏ စေတနာနှင့် ကြိုးစားအားထုတ်မှုမှာ ကြည့်ရှုရသူတိုင်း စိတ်ကြည်နူးစရာပင် ဖြစ်ပါတယ်။
✍️✍️✍️ဤသို့ သာသနာ့မြေပြင် သန့်ရှင်းသာယာအောင် ကြိုးပမ်းအားထုတ်ခဲ့သည့် သန့်ရှင်းရေး ကုသိုလ်ကောင်းမှု ကမ္မဇိဒ္ဓိအရှိန်အဝါကြောင့် -
➡️ဒေါ်ဥမ္မာ နှင့် သမီး မမေသွယ်ဦး တို့ သားအမိနှစ်ဦး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ။
➡️ဘဝလမ်းခရီးတွင် ကြုံတွေ့ရသည့် အဟန့်အတား၊ အနှောင့်အယှက်၊ ခူးခူးခက်ခက် အညစ်အကြေးမှန်သမျှတို့သည် ခုတ်ထွင်ရှင်းလင်းလိုက်သည့် မြက်ပင်၊ ပေါင်းပင်များကဲ့သို့ ပျောက်ပျက်ကင်းစင်ကြပါစေ။
➡️ဘဝတိုင်းတွင် သန့်ရှင်းစင်ကြယ်သော၊ အေးချမ်းသာယာသော၊ မြင့်မြတ်သော ပတ်ဝန်းကျင်ကောင်းများကိုသာ အစဉ်ထာဝရ ပိုင်ဆိုင်ရရှိကြပါစေကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုရင်း ဆုတောင်းမေတ္တာ
ပို့သအပ်ပါသည်။
〰️〰️〰️〰️〰️✳️✳️✳️✳️✳️✳️〰️〰️〰️〰️〰️
🏠🏠🏠အရှင်ပညာဓိက (သာသနာဓဇဓမ္မာစရိယ၊ အမ်အေ)
လာဘသိဒ္ဓိပအိုဝ်းရတနာကျောင်း
ခိုနန်း၊ ဂျပန်
👉070 5407 3599
🏠🏠🏠ကျောင်းလိပ်စာ # # # Daimon-135 Kigacho, Konan, Aichi 483-8233
🏠🏠🏠ကျောင်းPage # # # https://www.facebook.com/share/16WwAZNVxD/?mibextid=wwXIfr