𝓦𝓲𝓵𝓵𝓲𝓪𝓶 とママ

𝓦𝓲𝓵𝓵𝓲𝓪𝓶 とママ Baby William

18/08/2026

အခုတော့ ခုံအောက် ကုတင်အောက်ကပစ္စည်းလေးတွေကို ကိုယ်တိုင်လိုက်ကောက်နိုင်နေပြီ 🤏🏻🥹
မေမေ့အတွက်တော့ ဒီလိုသေးသေးလေး တိုးတက်လာမှုတိုင်းက
အရမ်းကိုကြီးမားတဲ့ အောင်မြင်မှုလေးတွေပါ 🤍

ထမင်းစားရင် ပါးကိုလည်းကျွေးရတယ် အင်္ကျီကိုလည်းကျွေးရတယ်..😇
14/08/2026

ထမင်းစားရင် ပါးကိုလည်းကျွေးရတယ်
အင်္ကျီကိုလည်းကျွေးရတယ်..😇

05/08/2026

ဝယ်ပေးတဲ့ အရုပ်ဆိုမဆော့ချင်ဘူး
အရုပ်မဟုတ်တဲ့အရာမှန်သမျှ ဆော့ချင်တယ်..🍎

မြန်မာဆိုတော့ မြန်မာ့သနပ်ခါးကြိုက်တယ်ဗျာ..🍎👶🏻
04/08/2026

မြန်မာဆိုတော့
မြန်မာ့သနပ်ခါးကြိုက်တယ်ဗျာ..🍎👶🏻

03/08/2026

ဝီလီယမ် အကြိုက် စီးတော်ယာဉ်
ထဲမှာ သူ့ဖေဖေ ပခုံးလည်း
တစ်ခုအပါအဝင်ပါပဲ..🙂‍↔️🍎

Baby William 🩵
03/08/2026

Baby William 🩵

31/07/2026

တစ်ရက်တစ်ရက် ပျော်နေပါပြီး..🫥🫨

ဒီသေးသေးလေးက ဘယ်ချိန်ထိ ကိုယ့်ကိုလိုအပ်နေဦးမလဲ… 🤍တစ်နေ့တော့ဒီလက်သေးသေးလေးတွေက ကိုယ့်လက်ကို မဆုပ်ကိုင်တော့ဘူး။ကိုယ်ချီပေး...
30/07/2026

ဒီသေးသေးလေးက
ဘယ်ချိန်ထိ ကိုယ့်ကိုလိုအပ်နေဦးမလဲ… 🤍

တစ်နေ့တော့
ဒီလက်သေးသေးလေးတွေက ကိုယ့်လက်ကို မဆုပ်ကိုင်တော့ဘူး။
ကိုယ်ချီပေးမှ အိပ်ပျော်တဲ့အချိန်တွေ မရှိတော့ဘူး။
ညတိုင်း “မေမေရှိလား” ဆိုပြီး ကိုယ့်ကိုရှာတဲ့အချိန်တွေလည်း ကုန်သွားမယ်။

အခုတော့ ကိုယ့်ရင်ခွင်ထဲမှာ
ကမ္ဘာကြီးတစ်ခုလုံးလို အေးအေးချမ်းချမ်း အိပ်နေတဲ့ ဒီကလေးလေးက
တစ်နေ့မှာ ကိုယ့်ထက်မြင့်တဲ့အရပ်နဲ့
ကိုယ့်ထက်ဝေးတဲ့အိပ်မက်တွေကို လိုက်ရှာသွားလိမ့်မယ်။

အဲ့ဒီအချိန်ကျရင်
“မေမေ မလိုတော့ဘူး” လို့ မဟုတ်ဘူး…
မေမေကို လိုအပ်တဲ့ပုံစံကပဲ ပြောင်းသွားတာ။

အခုလို
နို့ဆာရင် မေမေ၊
အိပ်ချင်ရင် မေမေ၊
ကြောက်ရင် မေမေ၊
ငိုရင် မေမေ၊
နာရင် မေမေ…
ဆိုတဲ့အချိန်တွေကတော့ ပြန်မရနိုင်တော့ဘူး။

ဒါကြောင့် မေမေတို့ရေ…
တစ်ခါတလေ ပင်ပန်းလို့
“ဘယ်တော့မှ ကြီးလာမှာလဲ” လို့ တွေးမိရင်တောင်
နည်းနည်းလေး ရပ်ပြီး ဒီမျက်နှာလေးကို ကြည့်လိုက်ပါ။

ဒီနေ့ မေမေ့ကို အရမ်းလိုအပ်နေတဲ့ ဒီသေးသေးလေးဟာ
မေမေ့ဘဝမှာ ထာဝရသေးသေးလေးနေမှာ မဟုတ်ဘူး။

တစ်နေ့ကျရင်
ဒီနေ့တွေကိုပဲ မေမေက ပြန်လွမ်းနေမယ်…
“အဲ့ဒီတုန်းက ပင်ပန်းပေမယ့်
နောက်ထပ်တစ်ခါ ပြန်ရချင်လိုက်တာ…” လို့။ 🥺🤍

ကလေးတွေ ကြီးလာတာကို မတားနိုင်ပေမယ့်
သူတို့သေးသေးလေးဖြစ်နေတဲ့အချိန်ကိုတော့
မေမေတို့ရဲ့နှလုံးသားထဲမှာ အမြဲသိမ်းထားလို့ရပါတယ်။

🤍



🍲 Baby Chicken Udon 👶💛၈ လအထက် ကလေးလေးတွေအတွက် အရသာနူးညံ့ပြီး အာဟာရပြည့်တဲ့ Baby Udon လေးပါ။✨ ပါဝင်ပစ္စည်းများ🍗 Chicken B...
29/07/2026

🍲 Baby Chicken Udon 👶💛

၈ လအထက် ကလေးလေးတွေအတွက် အရသာနူးညံ့ပြီး အာဟာရပြည့်တဲ့ Baby Udon လေးပါ။

✨ ပါဝင်ပစ္စည်းများ

🍗 Chicken Breast – ပရိုတင်းဓာတ်ကြွယ်ဝပြီး ကြွက်သားနှင့် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

🍅 Tomato (ခရမ်းချဉ်သီး) – Vitamin C နှင့် Lycopene ပါဝင်ပြီး ကိုယ်ခံအားကို အားပေးကာ ဟင်းရည်ကို သဘာဝအရသာနဲ့ ချိုမြိန်စေပါတယ်။

🍜 Baby Udon Noodle – နူးညံ့ပြီး ကိုက်မျိုရလွယ်ကူကာ ကလေးအတွက် စွမ်းအင်ရရှိစေပါတယ်။

🧂 WAKODO Consommé (5 months+) – ကလေးအတွက် သင့်တော်တဲ့ နူးညံ့သော ဟင်းရည်အရသာကို ပေးစွမ်းပါတယ်။

👩‍🍳 ချက်နည်း

1️⃣ ကြက်သားကို နူးတဲ့အထိပြုတ်ပါ။
2️⃣ ခရမ်းချဉ်သီးကိုအခွံခွါသေးသေးလှီးပြီး
နူးအောင်ပြုတ်ပါ။
3️⃣ Baby Udon Noodle ထည့်ပြီး နူးအောင်ပြုတ်ပါ။
4️⃣ WAKODO Consommé ထည့်ပြီး သေချာမွှေပေးပါ။
5️⃣ အပူချိန်သင့်တော်အောင် အေးစေပြီး ကလေးကို ကျွေးနိုင်ပါတယ်။

💛 အရသာနူးညံ့၊ အာဟာရပြည့်ပြီး Baby လေးနှစ်သက်
မယ့် အိမ်လုပ် Baby Chicken Udon လေးပါ။
#育児 #離乳食

27/07/2026

William တို့ဘယ်လိုတောင်လဲ မေးပေးဦး
ဦးဦးရော ဘကြီးရော
ချော့သိပ်နေရတာ😅

住所


Toshima, Tokyo
170-0001

ウェブサイト

アラート

𝓦𝓲𝓵𝓵𝓲𝓪𝓶 とママがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー