Ahlone Red Cross

Ahlone Red Cross Reading. အရေးပေါ်ဖုန်း - 095350541
24hrs -09254213687
- 09696638050

20/08/2026
🔺 ဝမ်းပျက်/ဝမ်းလျောလူနာအားပို့ဆောင်ကူညီခြင်း         ~~~~~   ~~~~~     ~~~~~           ယနေ့ နေ့လယ်(၁၀း၃၀)နာရီအချိန်၌ရန်က...
19/08/2026

🔺 ဝမ်းပျက်/ဝမ်းလျောလူနာအားပို့ဆောင်ကူညီခြင်း
~~~~~ ~~~~~ ~~~~~
ယနေ့ နေ့လယ်(၁၀း၃၀)နာရီအချိန်၌
ရန်ကုန်တိုင်းဒေသကြီး၊အလုံမြို့နယ်မှဝမ်းပျက်/ဝမ်းလျော
သက်ကြီ(မ)လူနာအားရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
အလုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က
ပို့ဆောင်ကူညီပေးခဲ့ပါသည်။

wednesday August 19 , 2026.

Ahlone Red Cross

🔺 ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေးလုပ်ငန်း         ကြက်ခြေနီပါဝင်ကွင်းဆင်းဆောင်ရွက်           ~~~   ~~~   ~~~   ~~~အလုံ၊၂၀...
12/08/2026

🔺 ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေးလုပ်ငန်း
ကြက်ခြေနီပါဝင်ကွင်းဆင်းဆောင်ရွက်
~~~ ~~~ ~~~ ~~~
အလုံ၊၂၀၂၆၊ဩဂုတ်လ(၁၂)ရက်။

အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝမ်းပျက်ဝမ်းလျောရောဂါ
ကြိုတင်ကာကွယ်ရေးအတွက် စောရန်ပိုင်တောင်ရပ်ကွက်နှင့်
ဆင်မင်းရပ်ကွက်တွင်းရှိရောဂါဖြစ်ပွားရာ
လူနာနေအိမ်များသို့ ကလိုရင်းဆေး ဖြန်းခြင်းအသိပညာပေးခြင်းများကွင်းဆင်းဆောင်ရွက်ရာတွင်
အလုံမြို့နယ်ကြက်ခြေနီမှပူးပေါင်းဆောင်ရွက်
ကူညီပေးခဲ့ပါသည်။

Ahlone Red Cross

အရေးတကြီး သတင်းထုတ်ပြန်ချက်၁၂.၈.၂၀၂၆ ရက်နေ့၊ ရန်ကုန်မြို့ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းရောဂါအရေးပေါ်အခြေအနေဖြစ်ပေါ်နေပြီး လမ...
12/08/2026

အရေးတကြီး သတင်းထုတ်ပြန်ချက်
၁၂.၈.၂၀၂၆ ရက်နေ့၊ ရန်ကုန်မြို့

ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းရောဂါအရေးပေါ်အခြေအနေဖြစ်ပေါ်နေပြီး လမ်းမတော်နှင့် လသာမြို့နယ်တို့မှ ဝမ်းပျက်ဝမ်းလျောလူနာ ရာကျော် ဦးကို အရေးပေါ်ဌာနနှင့် စောင့်ကြည့်လူနာဌာနတွင် အရေးပေါ်ကုသပေးလျက်ရှိသည်။ လူနာဦးရေ ဆက်လက်များပြားလာနိုင်သည့်အတွက် ဆေးရုံအနေဖြင့် GE case Tent ကို ချက်ချင်းဖွင့်လှစ်ရန် ဆောင်ရွက်နေပြီဖြစ်သည်။

လက်ရှိဖြစ်ပွားမှုအတွက် အဓိကအကြောင်းရင်းမှာ ရေပိုက်လိုင်းများအတွင်း ညစ်ညမ်းမှုဟု ယာယီသုံးသပ်ထားသောကြောင့် လသာနှင့် လမ်းမတော်မြို့နယ်ရှိ သောက်သုံးရေလိုင်းအားလုံးကို အရေးပေါ်စစ်ဆေး သန့်ရှင်းရေးပြုလုပ်ရန် သက်ဆိုင်ရာဌာနများထံ အထူးအရေးတကြီး တောင်းဆိုအပ်ပါသည်။ ထို့အပြင် ရေလိုင်းတစ်ခုတည်းသာ အကြောင်းရင်းမဟုတ်နိုင်သည့်အတွက် ရောဂါပျံ့နှံ့မှုပုံစံ၊ စားသောက်ကုန် ထောက်ပံ့မှုကွင်းဆက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များကိုပါ ဆက်လက်သုတေသနပြု ဖော်ထုတ်ရန် ကျန်းမာရေးကျွမ်းကျင်သူများက သတိပေးထားသည်။

ဤရောဂါသည် လမ်းဘေးဆိုင်ငယ်များမှသာမက ဆိုင်ကြီးဆိုင်ကောင်းများ၏ နောက်ကွယ်ရှိ မသန့်ရှင်းမှုများကြောင့်လည်း အလွန်လျင်မြန်စွာ ကူးစက်နိုင်ပါသည်။ အသွင်အပြင်သာကောင်းမွန်ပြီး မီးဖိုချောင်နှင့် ရေခဲသေတ္တာများအတွင်း သန့်ရှင်းမှုအားနည်းနေပါက လူနာအရေအတွက် ပိုမိုဆိုးရွားလာနိုင်သောကြောင့် စားသုံးသူပြည်သူများအနေဖြင့် အလွန်အမင်းသတိပြုရွေးချယ်ရန် လိုအပ်ပါသည်။

ပြည်သူများအနေဖြင့် အောက်ပါအချက်များကို အထူးလိုက်နာဆောင်ရွက်ရန် အရေးကြီးပါသည်။ သန့်ရှင်းလတ်ဆတ်သော အစားအစာများကိုသာ ရွေးချယ်စားသုံးရန်၊ အစာမစားမီနှင့် အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာဆေးကြောရန်၊ ပြုတ်ကျိုထားသော ရေ သို့မဟုတ် တံဆိပ်ခတ်သန့်စင်ရေကိုသာ သောက်သုံးရန်၊ အစားအစာများကို ကျက်အောင်ချက်ပြုတ်စားသုံးရန်၊ ဝမ်းလျှောခြင်း၊ အန်ခြင်းစသော ရောဂါလက္ခဏာများခံစားရပါက အိမ်တွင်မနေဘဲ နီးစပ်ရာဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ချက်ချင်းပြသရန် လိုအပ်ပါသည်။ ရှောင်ရန်မှာ ရေခဲများ၊ အသုပ်များ၊ လမ်းဘေးတွင်ရောင်းချသော အစိမ်းလိုက်အစားအစာများကို လုံးဝရှောင်ကြဉ်ရန်၊ မသေချာမသန့်သော စားသောက်ဆိုင်များတွင် မသွားရောက်စားသုံးရန် ဖြစ်သည်။

ယခုအချိန်သည် ရောဂါတားဆီးကာကွယ်ရေး အချိန်ကာလဖြစ်သောကြောင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။ သတင်းအသစ်များကို ဆက်လက်ထုတ်ပြန်သွားပါမည်။

#ကျန်းမာရေး
#ကျန်းမာရေးသုတေသန
#အစားသောက်နှင့်ဆေးဝါးကြီးကြပ်ရေး
#ပြည်သူကျန်းမာရေး
#ဒေသန္တရကျန်းမာရေး
#အစာအိမ်အူလမ်းကြောင်းဌာန

Big shout out to my newest top fans! 💎 May Myint Myat ThuDrop a comment to welcome them to our community,
06/08/2026

Big shout out to my newest top fans! 💎 May Myint Myat Thu

Drop a comment to welcome them to our community,

🩸   အရေးပေါ်သွေးလိုအပ်နေသောလူနာအား                ကြက်ခြေနီက သွေးလှူဒါန်း          ~~~~~   ~~~~~   ~~~~~အလုံ၊၂၀၂၆ ခုနှစ်...
06/08/2026

🩸 အရေးပေါ်သွေးလိုအပ်နေသောလူနာအား
ကြက်ခြေနီက သွေးလှူဒါန်း
~~~~~ ~~~~~ ~~~~~
အလုံ၊၂၀၂၆ ခုနှစ်၊ဩဂုတ်လ(၆)ရက်။

ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်
SAKURA (ဆာကူရာ) ဆေးရုံ၌
အရေးပေါ် (B+) သွေးလိုအပ်နေသောလူနာအား
ဩဂုတ်လ(၆)ရက်နေ့တွင်အလုံမြို့နယ်
ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ
စေတနာလုပ်အားရှင် ဒေါ်သူဇာအောင်က
လှူဒါန်းပေးခဲ့ပါသည်။

Ahlone Red Cross

🩸   အရေးပေါ်သွေးလိုအပ်နေသောလူနာအား               ကြက်ခြေနီက သွေးလှူဒါန်း         ~~~~~   ~~~~~   ~~~~~အလုံ၊၂၀၂၆ ခုနှစ်၊ဩ...
05/08/2026

🩸 အရေးပေါ်သွေးလိုအပ်နေသောလူနာအား
ကြက်ခြေနီက သွေးလှူဒါန်း
~~~~~ ~~~~~ ~~~~~
အလုံ၊၂၀၂၆ ခုနှစ်၊ဩဂုတ်လ(၅)ရက်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်
အနောက်ပိုင်းဆေးရုံ၌ အရေးပေါ် (AB+) သွေး
လိုအပ်နေသော လူနာအား ဩဂုတ်လ(၄)ရက်နေ့တွင်
အလုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ
စေတနာလုပ်အားရှင် ဦးမင်းသန့်ထူးက လည်ကောင်း
ရန်ကုန်တိုင်းဒေသကြီး၊လမ်းမတော်မြို့နယ်
ဗဟိုရ်စည်ဆေးရုံ၌ အရေးပေါ် (A+) သွေး
လိုအပ်နေသောလူနာအား ဩဂ့တ်လ(၅)ရက်နေ့တွင်
အလုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ
စေတနာလုပ်အားရှင် ဦးဂျိုးဇက်အောင်ကလည်ကောင်း
အသီးသီး လှူဒါန်းပေးခဲ့ပါတယ်။

Ahlone Red Cross

🩸🩸🩸ဇီဝိတဒါနသွေးလှူဒါန်းခြင်းကုသိုလ်                  ~~~   ~~~   ~~~အလုံ၊ဇူလိုင်(၂၇)ရက်။ရန်ကုန်တိုင်းဒေသကြီး၊ဂရန်း(ဒ်)ဟန...
27/07/2026

🩸🩸🩸ဇီဝိတဒါနသွေးလှူဒါန်းခြင်းကုသိုလ်
~~~ ~~~ ~~~
အလုံ၊ဇူလိုင်(၂၇)ရက်။

ရန်ကုန်တိုင်းဒေသကြီး၊ဂရန်း(ဒ်)ဟန်သာအင်တာနေရှင်နယ်
အထူးကုဆေးရုံကြီး၌ဆေးကုသမှုခံယူတော်မူနေသော
ဆရာတော် ဦးပညာဝံသ
သက်တော်(၈၈)နှစ်၊ဝါတော်(၇၁)နှစ်
{မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့}
အတွက်အရေးပေါ်လိုအပ်လျက်ရှိသော
B(+)(ဘီ)သွေးသန့်တစ်လုံးကို
အလုံမြို့နယ်၊ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ
စေတနာလုပ်အားရှင်
တပ်ခွဲတပ်ကြပ်ကြီး ကောင်းထက်မြက်ဟိန်းမှ
ဇီိဝိတဒါန(ပထမ)အကြိမ်၊မွန်မြတ်သောစေတနာဖြင့်
လှူဒါန်း​ပေးခဲ့ပါသည်။

Ahlone Red Cross

💥     ယာဉ်တိုက်မှုဖြစ်စဉ်၌ကြက်ခြေနီကူညီ          ~~~~~   ~~~~~   ~~~~~    ယနေ့နံနက်(01:30)နာရီအချိန်ခန့်၊ အလုံမြို့နယ်  ...
23/07/2026

💥 ယာဉ်တိုက်မှုဖြစ်စဉ်၌ကြက်ခြေနီကူညီ
~~~~~ ~~~~~ ~~~~~
ယနေ့နံနက်(01:30)နာရီအချိန်ခန့်၊ အလုံမြို့နယ်
စောရန်ပိုင်အနောက်ရပ်ကွက်၊ ကျောက်လမ်းမပေါ်၌
လမ်းဘေးရပ်ထားသောကွန်တိန်နာတွဲကားအား
လားရာတူမောင်းနှင်လာသော တွဲကားမှ
အနောက်ဖက်ကဝင်တိုက်မှုဖြစ်ပွားကြောင်း
သတင်းရရှိ၍ ဖြစ်စဉ်တွင်ယာဉ်မောင်းဖြစ်သူ
ဒဏ်ရာရရှိသဖြင့် အလုံမြို့နယ်ကြက်ခြေနီသူနာပြု
တပ်ဖွဲ့မှ ရှေးဦးပြုစုမှုပေးပြီးရန်ကုန်ဆေးရုံကြီးသို့
အချိန်နှင့်တပြေးညီ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

စေတနာလုပ်အားရှင် (၁+၂)ဦး

Ahlone Red Cross

Friday July 24, 2026.

Address

Hnin Si Street And Ayerwaddy Street Corner
Ahlone

Telephone

+9595350541

Website

Alerts

Be the first to know and let us send you an email when Ahlone Red Cross posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share