Ko Hlwan Moe

Ko Hlwan Moe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Hlwan Moe, Myoma Street, Myoma street Ngwe Saung Beach, Pathein township, AYEYARWADDY DIVISION.

26/07/2025
03/12/2021

ရှေးဟောင်း အိန္ဒိယပြည်မှာ
Sati ဆာတီဆိုတဲ့ စက်ဆုတ်ရွံရှာဖွယ်
ယုံကြည်မှု ဓလေ့ဆိုးတစ်ခုရှိခဲ့တယ်။

အဲဒါကတော့
ခင်ပွန်းသည် သေဆုံးသွားတဲ့အခါ
ကျန်ရစ်တဲ့ မုဆိုးမကို
အရှင်လတ်လတ် သေဆုံးသူနဲ့အတူ
မီးရှို့တဲ့ ဓလေ့ပဲဖြစ်တယ်။

အဲဒီဓလေ့ကို ကျင့်သုံးစဉ်အခါက
ဘာသာရေးအယူသည်းသူတွေကတော့

အရှင်လတ်လတ် မီးရှို့ခံရတဲ့ မုဆိုးမဟာ
ခင်ပွန်းသည်နဲ့ သေအတူရှင်မကွာ
သစ္စာရှိသူ၊ မိန်းမမြတ်လို့ ယူဆကြတယ်။

အဲဒီဓလေ့ဟာ
အိန္ဒိယရဲ့ ဂုပတ မင်းဆက်ကနေ
ဗြိတိသျှ လက်အောက် ရောက်တဲ့
ကိုလိုနီခေတ်အထိ ကျင့်သုံးနေကြဆဲပဲ။

ဗြိတိသျှ အစိုးရဟာ ဒီဓလေ့ကို
နဖူးတွေ့ဒူးတွေ့ တွေ့တဲ့အချိန်မှာ
အင်မတန် ထိတ်လန့်သွားတယ်။

အဲဒီဓလေ့ ပျောက်ဖို့အတွက်
ဥပဒေတွေ တားမြစ်ချက်တွေထုတ်တယ်။

အဲဒီအခါ
ဘာသာရေးအယူသီးသူတွေက
ဦးဆောင်ပြီး
"ငါတို့ဘာသာနဲ့ ရိုးရာဓလေ့ကို
ဝင်မစွက်ဖက်ရ၊
ငါတို့ရိုးရာဓလေ့အတိုင်း ဆက်ပြီး
ကျင့်သုံးမယ်း"
ဆိုပြီး စည်းရုံးဆန္ဒပြကြတယ်။

အဲဒီလို ဆန္ဒပြကြတဲ့အခါ

Sir Charles James Napier ဆာချားလတ်စ်
ဂျိမ်းမ်စ် နာပီယာ ဆိုတဲ့
ဗြိတိသျှ အရာရှိကြီးတစ်ယောက်က

ဆန္ဒပြသူတွေအရှေ့ကို ရောက်လာတယ်။

အဲဒီနောက် ဆန္ဒပြသူတွေနဲ့ဒီလိုစကားအပြန်အလှန်ပြောပါသတဲ့

"ခင်ဗျားတို့က ဘာလိုချင်တာလဲ"

"ကျုပ်တို့ ဘာသာနဲ့ ရိုးရာဓလေ့ကို ကျုပ်တို့ကြိုက်သလို ကျင့်သုံးခွင့်"

"ဘာလို့များခင်ဗျားတို့က ဒီဓလေ့ကို ကျင့်သုံးချင်ရတာလဲ"

"ရိုးရာဓလေ့ဆိုတာ ဘယ်တော့မှ မသွေဖယ်ရဘူး၊ ကျင့်သုံးမြဲကျင့်သုံးရမယ်"

"ကောင်းပြီလေ၊ ခင်ဗျားတို့စကားအတိုင်းပဲ
ခင်ဗျားတို့ ရိုးရာဓလေ့အတိုင်းလည်း
ကျင့်သုံးသလိုပဲ။
ကျုပ်တို့ရိုးရာဓလေ့ကိုလည်း
ကျင့်သုံးရမှာပဲ။

ခင်ဗျားတို့ဆီမှာ
မုဆိုးမတစ်ယောက်ကို သေဆုံးသူနဲ့ ထည့်ပြီးမီးရှို့တဲ့ ဓလေ့ရှိသလို၊

ကျုပ်တို့ရိုးရာဓလေ့မှာလည်း
မုဆိုးမကို မီးရှို့သတ်တဲ့လူတွေကို
ကြိုးပေးရတဲ့ ဓလေ့ရှိသဗျ။

ကျုပ်ရဲ့ လက်သမားဆရာက
အဲဒီဓလေ့ကို
ကျင့်သုံးဖို့ ကြိုးစင်တောင် ရိုက်နေပြီဗျ။

ခင်ဗျားတို့ကလည်း
ခင်ဗျားတို့ဓလေ့အတိုင်းလုပ်၊
ကျုပ်တို့ကလည်း
ကျုပ်တို့ ဓလေ့အတိုင်းပဲ လုပ်ကြတပေါ့"

အဲဒီအချိန်ကစပြီး
ဘာသာရေးအစွန်းရောက်တွေဟာ
ကြက်ပျောက်ငှက်ပျောက်
ပျောက်ကွယ်သွားသလို
သူတို့ရဲ့ ဓလေ့ဆိုးဟာလည်း
ပျောက်ကွယ်သွားတယ်။

သူတို့ခံရမှာကိုတော့ ကြောက်ကြတာကိုး

တစ်ခါတစ်လေမှာ
ဥပဒေမရှိတဲ့အခါ
ဥပဒေမဲ့ပြုကျင့်သူတွေဟာ
ဝမ်းသာအားရ ရှိတတ်ကြတာမျိုး။

လူတစ်ဘက်သားကို
အနိုင်အထက်ပြု၊
မတရားလုပ်နေတာကိုတောင်မှ
လုပ်ရိုးလုပ်စဉ် သဘောဖြစ်လာကြတယ်။

"အရင်တုန်းကလည်း
မုဒိမ်းကျင့်ခဲ့တာပဲကွာ၊ ခုလည်းကျင့်မယ်၊

အရင်တုန်းကလည်း
လုခဲ့ယက်ခဲ့တာပဲကွာ၊ခုလည်းလုမှာပဲ၊

အရင်တုန်းကတည်းက အနိုင်ကျင့်ခဲ့တာပဲ
အခုလည်း အနိုင်ကျင့်မယ်" ဆိုတဲ့

မကောင်းမှုကို လုပ်ရိုးလုပ်စဉ်သဘောမျိုးလည်း ဖြစ်သွားတတ်ကြသေးတာပဲ။

တစ်ကယ်တော့
ဗြိတိသျှ အရာရှိကြီးပြောတဲ့
"ကျုပ်တို့ရဲ့ ရိုးရာဓလေ့" ဆိုတာက
law and order ပဲ။
တရားမမျှတတဲ့၊ အနိုင်ကျင့်နှိပ်စက်တတ်တဲ့၊
ဘာသာရေးအစွန်းရောက်တဲ့
ပြစ်မှုမှန်သမျှဟာ

ဖြောင့်မတ်တဲ့၊ မျှတတဲ့ တရားစီရင်မှုအောက်မှာ
ပျောက်သွားခဲ့ရတာချည်းပါပဲ။

အဲဒီလို ဖြောင့်မတ်တဲ့၊
မျှတတဲ့ တရားစီရင်ရေးဟာ

တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့
ဓလေ့တစ်ခု ဖြစ်လာမယ်လို့
ကျွန်တော်မျှော်လင့် ယုံကြည်နေဆဲပဲ။

မရင်းရေးသားသူအား လေးစားစွာဖြင့် ပေးပါသည်။

    🇲🇲     🇲🇲       !!!     !!!           ,           !!!
01/02/2021

🇲🇲
🇲🇲
!!!
!!!
, !!!

17/06/2020
03/06/2020
နေကွယ်ရင်.... လထွက်မယ်
24/06/2019

နေကွယ်ရင်.... လထွက်မယ်

ရန်ကုန်မြို့ကြီးကို ရထားနဲ့ပတ်ကြမယ်..
24/06/2019

ရန်ကုန်မြို့ကြီးကို ရထားနဲ့ပတ်ကြမယ်..

Address

Myoma Street, Myoma Street Ngwe Saung Beach, Pathein Township
Ayeyarwaddy Division

Telephone

+959262555677

Website

Alerts

Be the first to know and let us send you an email when Ko Hlwan Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ko Hlwan Moe:

Share