28/04/2020
"The story of Yehudith Kleinman"
ယူဒိတာ ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့
True story လေးပါ
သူမကို 1938 ခုနှစ်
အီတလီနိုင်ငံရဲ့ လှပတဲ့ ဗင်းနစ်မြို့မှာမွေးဖွားခဲ့တယ် ..........
ယူဒိတာ မီလန်မြို့ကိုရောက်တော့
၃ နှစ်သမီးလေးဖြစ်နေပြီ ......
သူမရဲ့ မေမေ အန်နာ နဲ့အဖွားရယ်အတူတူပေါ့
သူမရဲ့ အဖေ မီရှာ ကတော့ ပျောက်ဆုံးနေတုန်း
ယူဒိတာဟာ အမေချစ်သမီးလေး
အမေနားတကပ်ကပ်နဲ့ပေါ့ ....
အဖေမရှိတာ့ မေမေ အန်နာက အလုပ်လုပ်ရတယ်
အိမ်ကို ခဏတဖြုတ်လေးပြန်လာရင်
ယုဒိ လေးနဲ့ ကစားရင်း
စာဖတ်ရင်း ... ပုံပြင်တွေပြောပြရင်း ....
အမေကောင်းတစ်ယောက်ပေါ့
ယုဒိလေးဟာ အမေရဲ့မေတ္တာတွေကို
အပြည့်အဝရခဲ့တယ်လေ .....
ဒုတိယကမ္ဘာစစ်အတွင်းတုန်းက
အီတလီနိုင်ငံမှာ ပြောင်းရွေ့ဂျူးတွေနဲ့
ရယ်ဖျူဂျီဂျူး တွေဟာ ၄၀၀၀၀ ကျော်လောက်
ရှိမယ် ....
1938-1945 ကာလမှာတော့
ဂျူးတွေဟာ အီတလီတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကို နေ့စဥ်နဲ့အမျှ ပိုမိုဆိုးရွားစွာ ခံလာကြရတယ် ...
1943 နွေရာသီတစ်ရက်မှာတော့
ဂျာမန်ရဲ့ နာဇီတွေက ကျူးကျော်လာခဲ့ပြီ
အီတလီခေါင်းဆောင် မူဆိုလီနီဟာ အာဏာဖယ်ရှားခြင်းခံခဲ့ရတယ် ...
ဂျာမန်တွေရဲ့ နာဇီတပ်တွေဟာ အီတလီကို
အလုံးအရင်းနဲ့ကို ဝင်ရောက်လာတာ ....
နိုင်ငံတွင်းမှာရှိတဲ့ ဂျူးတွေဟာ
ဖမ်းဆီးခြင်းခံခဲ့ရတယ် ....
နာဇီတွေရဲ့ ကြောက်ခမန်းလိလိ
ငရဲအကျဥ်းစခန်းတွေမှာ ...
ကံဆိုးစွာ ... ကျခံခဲ့ရတယ် ...
အဲဒီလို ငရဲအကျဥ်းစခန်းတွေထဲမှာ...
အလွန်နာမည်ကြီးတဲ့ ... အကြီးဆုံး...
နောင်တချိန်သမိုင်းမှာ ... ကြက်သီးထဖွယ်
အံ့သြစွံ့အခဲ့ရတဲ့ .... အရက်စက်ဆုံး
ထောင်ကြီးကတော့ အော့ဇ်ဝပ်စ် (Auschwitz)
အကျဥ်းထောင်ပါပဲ .....
ဂျူးအများစုဟာ အဲဒီ ငရဲအကျဥ်းမှာကျခံခဲ့ပြီး
အရှင်လတ်လတ် .... အစုလိုက်အပြုံလိုက်
မီးလောင်တိုက်သွင်းခံခဲ့ရတယ်
1944 ဇန်နဝါရီ လရဲ့ တစ်ခုသောနေ့မှာတော့
ယူဒိလေးရဲ့ ကလေးဘဝက
ပျော်ရွှင်ရတဲ့အခိုက်အတန့်တွေ ကုန်ဆုံးဖို့
ဖြစ်လာတယ် ...
သူမရဲ့ မေမေ အန်နာဆီကိုလာတဲ့
ဖုန်း Call တစ်ခုက သူမတို့မိသားစု
ကံဆိုးမိုးမှောင်ကျဖို့ ... မေမေ အန်နာ ကို
တစ်သက်လုံးမတွေ့ရတော့ဖို့ ဆိုတာ
ယုဒိလေးမသိခဲ့ ရှာဘူးလေ ....
ခါတိုင်းလိုပဲ ... မေမေ အန်နာ နောက်ကို
တကောက်ကောက်လိုက်နေခဲ့တာပါပဲ
ဖုန်းပြောပြီးနောက်မှာတော့ ...
ဖြူဖျော့သွားတဲ့ မေမေအန်နာကိုကြည့်ရင်း
ဘာဖြစ်နေမှန်းနားမလည်ခဲ့ပါဘူး...
ခဏအကြာမှာတော့ ...
မေမေအန်နာရယ် အဖွားရယ် ယုဒိလေးရယ်ဟာ
လမ်းမပေါ်မှာ အထုတ်အပိုးအချို့နဲ့
လမ်းလျှောက်နေပါပြီ ... ယုဒိလေးကတော့
သူမရဲ့ အရုပ်လေးကို .. ထွေးပိုက်ရင်း.... အားလုံး
တိတ်ဆိတ်စွာနဲ့ပေါ့ ....
အဆောက်အဦးကြီးတစ်ခုရောက်တဲ့အခါ
သူမတို့ခြေလှမ်းတွေ ရပ်တန့်ခဲ့ပြီ
ဟောခန်းမကြီးတစ်ခုထဲ ဝင်လာတော့
မေမေအန်နာနဲ့ အဖွားက ခုံရှည်တစ်ခုပေါ်
ထိုင်နေခဲ့ပြီ ...
သူမနဲ့ အိမ်နီးချင်းမိသားစုတွေလည်း
ဘေးနားမှာထိုင်နေကြတာ တွေ့ရတယ်
သူမ ... မေမေအန်နာ အနားကိုထိုင်ဖို့လုပ်နေတုန်း
'မင်းနာမည် ဘယ်လိုခေါ်လဲ' ဆိုပြီး မေးလိုက်တာ
အခန်းရဲ့ ခုံရှေ့ရပ်နေတဲ့ လူကြီးတစ်ယောက်
(နာဇီ) စစ်သားဝတ်စုံကို ဝတ်ထားတယ်
ယုဒိတာ လို့ပြန်ဖြေတော့
မင်းအမေဘယ်မှာလဲတဲ့ ......
အဲဒီခဏ ..... အဲဒီခဏ..... လေးမှာပဲ
မေမေအန်နာဆီကို ကြည့်မိလိုက်တယ်
မေမေအန်နာဟာ မျက်နှာကို အဝတ်နဲ့အုပ်ထားလို့
မျက်လုံးကိုပဲ မြင်ရတယ် ...
မေမေအန်နာရဲ့ မျက်လုံးတွေကပြောလိုက်တယ်
"အန္တရာယ်ရှိတယ် .... အမေ့ကိုမရွေးပါနဲ့" တဲ့
၇ နှစ်အရွယ်ရှိတယ် ယုဒိတာက ...
အဲလိုသဘောကို ဘယ်နားလည်မလဲ ...
ဒါပေမယ့် မေမေအန်နာဟာ ....
သူစိမ်းတစ်ယောက်လို ဖြစ်နေတာကိုတော့
ပါးနပ်တဲ့ ယုဒိတာလေးသိနေခဲ့တယ်လေ...
သူမက ဘေးအိမ်နီးချင်း အမျိုးသမီးတစ်ယောက်ဆီကို လက်ညှိုးထိုးလိုက်ပြလိုက်တယ်....
စစ်သားနှစ်ယောက် အခန်းထဲကို ဝင်လာခဲ့တယ်အမေအန်နာနဲ့ အဖွားကို ခပ်ကြမ်းကြမ်းဆွဲခေါ်
သွားခဲ့တယ် ...
သူမ မေမေ အန်နာဆီကို အပြေးအလွှား
လိုက်ခဲ့တာပေါ့ ....
မေမေအန်နာရဲ့အနား ရောက်လုရောက်ခင်မှာပဲ
နာဇီ လူကြီးက သူမကို ဆွဲဖမ်းထားလိုက်တယ်
မေမေအန်နာက လက်ကိုဆန့်တန်းထားတုန်း
ယုဒိလေးက တွေတွေကြီးငေးကြည့်နေတုန်း
မေမေအန်နာရဲ့ မျက်လုံးထဲမှာ
ဖျတ်ခနဲ တစ်စုံတစ်ခုကိုတွေ့လိုက်ရတယ်
နှုတ်ခမ်းဖျားကတော့ ဘာသံမှထွက်မလာခဲ့ပါဘူး
တိတ်ဆိတ်စွာနဲ့ .... ဖမ်းဆီးခေါ်ဆောင်ရာ
ပါသွားခဲ့တယ် ....
အိမ်နီးအမျိုးသမီးကြီးက ယုဒိလေးရဲ့ခေါင်းကို
အသာအယာ ပွတ်လိုက်ပြီး ....
အဲဒီ အခန်းထဲ က ထွက်လာခဲ့ကြတယ်...
အိမ်နီးချင်းအမျိုးသမီးကြီးက
ယုဒိလေးဆီကို ငုံ့ကိုင်းကာပြောခဲ့တယ်
"အဒေါ်က ဆင်းရဲတယ် ....
ပြီးတော့ ... ကလေး ၅ ယောက်လည်းရှိတယ်
မင်းကို ခေါ်ကျွေးမထားနိုင်လို့ ...
စိတ်မကောင်းပါဘူး" တဲ့
ယုဒိတာ သဘောပေါက်နားလည်လိုက်တယ်
အခုဆို သူမ တစ်ယောက်တည်းပဲ .... လေ
သူမဟာ သီလရှင်ကျောင်း(convent) ကိုရောက်ခဲ့တယ် ... မာသာ Superior ရဲ့ခွင့်ပြုချက်နဲ့
အဲမှာပဲ ယုဒိတာ နေထိုင်ခွင့်ရခဲ့တယ် ....
အချိန်အတော်ကြာအထိ
သူမဟာ ဂျူးဖြစ်တယ်ဆိုတာကို
လျို့ဝှက်ထားခဲ့တယ် ....
တနေ့လည် ကစားကွင်းထဲမှာ ကစားနေရင်း
သူမရဲ့ သူငယ်ချင်းမလေး ၃ ယောက်ကို
ဒီလိုပြောခဲ့တယ် ....
"ငါက .... ဂျူးတစ်ယောက်ပဲ" လို့
ယူဒိ လေးပြောနေတုန်း
နောက်မှာရောက်နေတဲ့ မစ်ချယ်လာက
ဒီ ကျောင်းမှာ အကြီးဆုံးကလေးမလေးပေါ့... မစ်ချယ်လာ က ယူဒိ အနားကိုရောက်လာပြီး
ပြောပြန်တယ် ....
"မင်းဟာ ဂျူးမဟုတ်ဘူး" တဲ့လေ ...
"မင်းက ဂျူးမဟုတ်တာကိုလည်း ....
သက်သေပြမယ်" ဆိုပဲ .....
ယုဒိလေး က ဘယ်လိုသက်သေပြမှာလဲမေးလိုက်တာပေါ့ ....
မစ်ချယ်လာက ဆက်ပြောတယ်
"မင်းရဲ့ ချက်ကိုပြစမ်းပါ" ....
"မင်းချက်က တကယ်လို့ ... အထဲကိုခွက်ဝင်နေရင် ... ဂျူး မဟုတ်ဘူး" တဲ့
ယုဒိလေး စိတ်ညစ်သွားခဲ့တယ်လေ ...
သူမရဲ့ချက်(Belly button or navel)ဟာ
အတွင်းထဲကို ခွက်ဝင်နေတာကြောင့်ပါပဲ ...
မစ်ချယ်လာရဲ့ အသံက ထပ်ထွက်လာတယ်
"ငါတို့ကလေးတွေအားလုံးဟာ ...
ယုဒိ ကို ဂျူးလို့ သံသယ ဝင်နေကြတယ်မလား"
အခု ယုဒိက ဂျူးမဟုတ်ကြောင်းသက်သေပြလိုက်ပီနော် ... တဲ့
ယုဒိတာ လေးငိုင်ကျန်နေခဲ့ရတာပေါ့
သူမဟာ ဂျူးတစ်ယောက် မဟုတ်ဘူးဆိုတာ
လက်မခံနိုင်လို့လေ .....
တစ်လလောက်ကြာတော့ ...
ယုဒိတာ တို့ စာသင်နေကြတုန်း ...
ကွန်းဗင့်ရဲ့ ခြံဝန်းထဲကို ... စစ်တပ်ဝတ်စုံ
ယူနီဖောင်းဝတ်ထားတဲ့ ...
လူနှစ်ယောက်ရောက်လာခဲ့တယ်....
ဆူဆူညံညံအသံကြောင့်...
သူမတို့ တဖွဲ့လုံး ပြတင်းပေါက်ဆီ ....
သွားကြည့်ကြတာပေါ့ ......
စစ်သားနှစ်ယောက်ထဲကတစ်ယောက်က
အော်မေးလိုက်တယ် ....
"ဒီကျောင်းထဲမှာ ဂျူးမိန်းကလေးတွေရှိလား"တဲ့
ယုဒိတာ နောက်ဆုတ်မိလိုက်တယ် ...
သူမက ဂျူးလေ ... သူမကိုလာဖမ်းကြပြီပေါ့
Sister တစ်ယောက်က ယုဒိကို ရှေ့ပြန်တွန်းပို့ပြီး
ဖြေလိုက်တယ် ....
"ဒီကျောင်းက ... ဂျူးလက်မခံပါဘူးတဲ့"
ဒီလိုလိမ်ပြောတာဟာ ဘုရားမကြိုက်ဘူးလေ..
ဒါပေမယ့် ... သူမကို ကာကွယ်ဖို့လို့ ...ဆိုတာ
ယုဒိတာ သိတာပေါ့....
"ကျေးဇူးပါ" Sister ...
"ဘုရားကိုပဲကျေးဇူးတင်ပါ ယုဒိရေ" တဲ့
အဲနောက်ပိုင်းမှာပဲ ....
သူမနာမည်ကို ယုဒိတာ လို့မခေါ်ရတော့ဘူးတဲ့
ဒိတာ လို့ မာသာ Superior က ပေးလိုက်တယ်
သူမကိုယ် သူမတော့
"ငါဟာ ဂျူးတစ်ယောက် ....
ငါ့နာမည်က ယုဒိတာ ဖြစ်တယ်" လို့
အချိန်တိုင်းပြောနေမိခဲ့တာလေ ....
အီတလီမှာရှိတဲ့
ဂျူး ၃၀၀၀၀ ကျော်ဟာ အဖမ်းခံရတယ်
၈၀၀၀ ကျော်လောက်က ငရဲအကျဥ်းခန်းတွေမှာ
ပြန်လမ်းမဲ့ခဲ့ကြတယ် ...
၉၀၀ ကျော်သာ အိမ်ပြန်လာနိုင်ခဲ့သည့်တိုင်
အကောင်းပကတိမဟုတ်တော့ ....
အသက်ရှင်ရုံသာသာ အခြေအနေမျိုးတွေ နဲ့ပေါ့
စစ်အပြီး 1945 မေ လမှာတော့
ဂျူးတပ်မဟာတွေက အီတလီကို
ရောက်လာခဲ့ကြပြီ ....
မသေပဲကျန်ခဲ့ကြတဲ့ ... ဂျူးကလေးတွေကို
အစ္စရေးနိုင်ငံဆီ ပို့ပေးကြဖို့အတွက်လေ ....
အမေအန်နာဟာလည်း ယုဒိတာဆီ
ပြန်မလာနိုင်ခဲ့တာသေချာခဲ့ပြီ....
တစ်နေ့တော့ ....
ယုဒိတာဆီကို ကောင်မလေးတစ်ယောက်
ပြေးလာပြောခဲ့တယ်...
"မင်းနဲ့တွေ့ဖို့ ဧည့်သည်တွေရောက်နေတယ်"
သူမ မစောင့်နိုင်ပဲ ဧည့်ခန်းဆီ ပြေးခဲ့တယ်
အမေအန်နာတော့ ဟုတ်မနေခဲ့ပါဘူး ...
တစ်ခါမှ မမမြင်ဖူးတဲ့ သူစိမ်း ၂ ယောက်ပါ
သူမ စိတ်ဓါတ်ကျသွားပြီလေ ...
ဇီဗီကာ လို့ခေါ်တဲ့ လူကြီးတစ်ယောက်အနား
ရောက်လာတယ် "ကလေးရေ ဦးက ဂျူးစစ်တပ်ကပါ" မိတ်ဆက်ချင်ပုံပါပဲ ...
နောက်တစ်ယောက်က မစ္စလစ်ယာ ပေါ့
နွေးထွေးစွာပြုံးပြရင်း ..
"သမီးက ဂျူးနော် တဲ့ အခြားကလေးတွေနဲ့ အတူ
အစ္စရေးနိုင်ငံသစ်ကို ခေါ်ဖို့လာတာပါ"
ဒူးထောက်ထိုင်ချရင်း မျက်နှာသေချာကြည့်ပြီး
ပြောလိုက်တယ် ....
သမီးကိုစဥ်းစားဖို့ နာရီဝက်အချိန်ပေးမယ်
အခန်းထဲသွားစဥ်းစားပါတဲ့
မာသာ superior က .....
သူမ ... မလိုက်ချင်ဘူး
ဒါပေမယ့် ... အစ္စရေးမှာ သူမအမေအန်နာလည်း
ရှိနေနိုင်တာပေါ့လို့ စဥ်းစားမိလိုက်တယ်
တစ်ခါတည်း ...
ဧည့်ခန်းထဲဝင်သွားလိုက်တယ် ....
မာသာ " သမီး သူတို့နဲ့လိုက်သွားမယ်လို့ "
ပြောလိုက်တော့ ...
မာသာမျက်နှာမကောင်းဘူး သို့သော်
ခွင့်ပြုခဲ့ပါတယ် ..... လက်ဝါးကပ်တိုင်ဆွဲကြိုး
ဆွဲပေးရင်း ဆုတောင်းပေးလိုက်တယ်
"ဘုရားသခင်စောင့်ရှောက်ပါစေ" ...
မစ္စလစ်ယာတို့က သူမကို
အီတလီနိုင်ငံ ဆိုဗီနိုမြို့ကို ပို့ဆောင်ပေးခဲ့တယ်
သူမ နဲ့အခြားဂျူးကလေးတွေ အတွက်တော့ ဒုက္ခသည်စခန်းပေါ့ ... အဲဒီမှာ ...
သူမတို့ ဘဝသစ်စဖို့ ...ပြင်ဆင်ရင်း
ကြိုးစားရုန်းကန်းရင်းနဲ့ပေါ့ ....
1945 နိုဝင်ဘာမှာတော့
ယုဒိတာ အပါအဝင် ဂျူးကလေး ၆၈ ဦးဟာ
အစ္စရေးဆီ ရောက်ရှိခဲ့ကြပြီ ...
ပီတာကပ်ပါ မြို့မှာရှိတဲ့ Camp တစ်ခုမှာ
သူမတို့ နေခဲ့ကြရပြန်တာပေါ့ ....
တစ်ညမှာ ... ကလေးအားလုံး...
ဝိုင်းဖွဲ့ထိုင်ကြရင်း ....
ကိုယ်တွေ့အဖြစ်တွေပြန်ပြောခဲ့ကြတယ်...
သူမအလှည့်မှာတော့ ...
ချက် ရာဇဝင်အကြောင်းပြောဖြစ်ခဲ့တယ်
အားလုံးရယ်ကြရင်းပေါ့ ...
သူမ က သိသွားပြီလေ ...
ဂျူးတွေရဲ့ ချက်ဟာလည်း သူမနဲ့အတူတူပဲဆိုတာကိုပေါ့ ... မစ်ချယ်လာဟာ
သူမကို ကာကွယ်ဖို့အတွက် သက်သက်ဥာဏ်ဆင်ခဲ့တာကိုရောပေါ့ .....
သူမ ၁၀ နှစ်ပြည့်တော့ အင်္ဂလန်မှာရှိတဲ့
သူမအဒေါ်ဆီက စာတစ်စောင်လက်ခံ ရှိခဲ့တယ်
သူမသိပ်သိချင်တဲ့ အမေအန်နာ အကြောင်းတော့
မပါခဲ့ပါဘူး ...
၁၂ ပြည့်တဲ့နေ့မှာ သူမအဒေါ်ဆီက အမှန်တရား
တစ်ခုကို သိခဲ့ရတယ် ...
သူမအမေအန်နာရယ် အဖွားရယ်ဟာ
သေဆုံးသွားခဲ့ပြီဆိုတဲ့အကြောင်းပါ ...
အမှန်မဟုတ်ပါစေနဲ့ ဆုတောင်းခဲ့ပေမယ့်
"အမေအန်နာနဲ့ အဖွားဟာ အော့ဇ်ဝပ်စ် အကျဥ်းထောင်ကို ရောက်ပြီး တစ်ပတ်အကြာမှာပဲ ...
မီးလောင်တိုက်သွင်းပြီး အသတ်ခံခဲ့ကြရတယ်"
ဆိုတာ နောက်ပိုင်းမှာ သိခဲ့ရတာ....
1944 ဇန်နဝါရီ 30 ရက်မှာပေါ့ .....
ယုဒိဟာ သူမအဒေါ်နဲ့အတူနေထိုင်ခဲ့တယ်
စာသင်ကြားခွင့်ရခဲ့တယ် ...
ဆရာမ တစ်ယောက်ဖြစ်လာခဲ့တယ်...
အိမ်ထောင်ကျတယ် ...
ကလေးတွေလည်း ရခဲ့တယ် ...
ဒီကြားထဲမှာတော့ သူမဟာ
အတိတ်အကြောင်းတွေကို ပြည်ဖုံးကား
ချထားခဲ့တယ် ....
ပြန်မတွေးချင်တော့ဘူးလေ...
အမေအန်နာကိုတော့ မကြာခဏဆိုသလို ...သတိရမိပါရဲ့ ...
တစ်မနက် သူမ မိသားစုနဲ့ မနက်စာ
စားဖို့ပြင်ဆင်နေခဲ့တယ် ....
မိသားစု အားလုံးက စုံနေပြီ...
သူမရဲ့ ၇ နှစ်သမီးလေးတစ်ယောက်က
လွဲရင်ပေါ့ ...
ယုဒိ ဟာ သမီးလေး အခန်းထဲမှာ ...ဘာများဖြစ်နေပါလိမ့် ဆိုပြီး ....
သမီးလေးအခန်းကို ဆွဲဖွင့်လိုက်တယ် ...
သူမရဲ့ သမီးလေးဟာ ဂါဝန် ၂ စုံကိုချိတ်ထားပြီး
သူမရဲ့ သွားမယ့် ပွဲအတွက် ...
ဘယ်ဟာကိုဝတ် ရမယ်ဆိုတာ ...
ချီတုံချတုံဖြစ်နေတာလေ ...
စဥ်းစားနေလိုက်တာ မျက်ရည်ကိုဝဲလို့ပါပဲ ...
သူမ သမီးလေးဆီကို အံ့သြမှင်သက်စွာငေးမောမိခဲ့တယ်လေ ....
အကြောင်းက သူမဟာ သူမသမီးလို အသက် ၇ နှစ် အရွယ်မှာပဲ ရွေးချယ်မှုတစ်ခုလုပ်ခဲ့ဖူးတယ်
ပွဲတက်ဖို့အတွက် ဝတ်စုံ ၂ စုံတော့မဟုတ်ခဲ့ဘူး
သူမရဲ့ မေမေအန်နာနဲ့ အိမ်နီးချင်းအမျိုးသမီးကြီး
ထဲ က တစ်ယောက်ပေါ့ .....
အဲဒီနောက် မေမေအန်နာရဲ့ မျက်လုံးတွေ
"အန္တရာယ်ရှိတယ်သမီး အမေ့ကိုမရွေးမိစေနဲ့"
ဆိုလိုတဲ့ အဓိပ္ပါယ် မျက်ဝန်းတွေနောက်မှာတော့
ဘာကိုဆိုလိုမှန်း သူမ အခုသဘောပေါက်ခဲ့ရချေပြီ .....
အဲနေ့ မနက်ခင်းမှာပဲ သူမ စာအုပ်ကိုဖွင့်လို့ ...
စာစရေးခဲ့တယ် ... သူမရဲ့ အတိတ်အကြောင်းတွေကိုပေါ့ ... အခုတော့ အားလုံးကို
ပြောပြချင်တယ်လေ ....
ကမ္ဘာပေါ်က ကလေးတိုင်းဟာ ...
သူမ လောက် ခက်ခဲလှတဲ့ဆုံးဖြတ်ချက်ကို ...
ချခဲ့ဖူးရဲ့လား .... အမေမဟုတ်တဲ့သူတစ်ယောက်ဆိုရင်ရော ရွေးချယ်မိမှာပဲလား....
သူမ အားလုံးကိုသိစေချင်တယ်လေ
"The girl behind the eye" ဆိုတဲ့စာအုပ်ကနေ
တစ်ကမ္ဘာလုံးဆီကိုပေါ့ .....