ပဲခူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - DPA Bago

  • Home
  • Myanmar
  • Bago
  • ပဲခူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - DPA Bago

ပဲခူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - DPA Bago စစ်အာဏာရှင် မုချ ကျဆုံးရမည်

ထောင်တွင်းရဲဘော်သန့်ဇင်ဝင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်   #သန့်ဇင်ဝင်း
27/05/2023

ထောင်တွင်းရဲဘော်သန့်ဇင်ဝင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်



#သန့်ဇင်ဝင်း

12/05/2023

🚨 မုန်တိုင်းအရေးပေါ်သတင်းထုတ်ပြန်ကြေညာချက်



ကော့ကရိတ် မြဝတီ အာရှလမ်းမတစ်လျောက်ကို သာမာန်ပြည်သူများ အသုံးပြုခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ်သောစာကို တော်လှန်ရ...
07/04/2023

ကော့ကရိတ် မြဝတီ အာရှလမ်းမတစ်လျောက်ကို သာမာန်ပြည်သူများ အသုံးပြုခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ်သောစာကို တော်လှန်ရေး စစ်ကြောင်း အသီးသီးက ပူးတွဲအမိန့်ထုတ်ပြန်ထားပါတယ်။

အရပ်သားထိခိုက်မှုတွေ ဖြစ်မလာအောင် လိုက်နာဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ စစ်မြေပြင်လို့ သတ်မှတ်ကြေငြာတာဖြစ်လို့ မလိုက်နာပဲ သွားမိရင် ထိခိုက်မှုတွေ ဖြစ်လာနိုင်လို့ပါ။

11/02/2023

ပဲခူးမြို့နေမိဘပြည်သူများခင်ဗျာ

စစ်ကောင်စီနှင့်လက်ပါးစေများအနေဖြင့် ယနေ့ညတွင် ရွှေမော်ဓောဘုရား မြောက်ဘက်မုခ် အနီးရှိ ရပ်ကွက်များအား ဧည့်စာရင်းစစ်ဆေးမည်ဟု သတင်းရရှိထားပါသဖြင့် အမှန်တကယ်စစ်ဆေးလာပါက မိမိတို့လုံခြုံရေးနှင့် စစ်ကောင်စီ၏တရားမဝင်ဖိအားပေးမှုများကို ရှောင်ရှားနိုင်ရေး ကြိုတင်စီမံထားနိုင်ကြပါရန် သတင်းပေးတင်ပြအပ်ပါသည်ခင်ဗျာ။

ပဲခူးဖက်ဒရယ်ကျောင်း (Bago Federal School) အား NUG မှ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုကျောင်းဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသ...
04/02/2023

ပဲခူးဖက်ဒရယ်ကျောင်း (Bago Federal School) အား NUG မှ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုကျောင်းဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ Bago Federal School နှင့်ပက်သက်၍ အသေးစိတ်လေ့လာလိုပါက မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါ Page သို့ဝင်ရောက်လေ့လာနိုင်ပါသည်။

https://www.facebook.com/bagoregionfs/

✅ တသံတည်းညီ တချီတည်းရုန်း (Silent Strike) မှာပါဝင်ကြဖို့တိုက်တွန်းပါတယ်။ အဓိကက မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း ပြည်သူတွ...
27/01/2023

✅ တသံတည်းညီ တချီတည်းရုန်း (Silent Strike) မှာပါဝင်ကြဖို့တိုက်တွန်းပါတယ်။ အဓိကက မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း ပြည်သူတွေ အပြင်မထွက်ကြပဲပါဝင်ပေးကြဖို့ပါပဲ။

✅ ဖိအားကြောင့်ဆိုင်တွေ ဖွင့်ရမယ်ဆိုလည်းဖွင့်နိုင်ပါတယ်။ အလုပ်သွားကြရဖို့ရှိလည်း သွားနိုင်ပါတယ်။ မနက် ၁၀ နာရီမတိုင်ခင်နဲ့ ညနေ ၃ နောက်ပိုင်းကို မိမိအလုပ်များ Schedule များချိန်ထားနိုင်ကြောင်းအကြံပြုပါရစေ။

✅ နှစ်နှစ်ကြာတဲ့ထိ သွေးမအေးကြောင်း၊ အမှတ်သညာကြီးကြောင်း၊ ခွင့်မလွှတ်နိုင်ကြောင်းကို စစ်ကောင်စီနဲ့ ကမ္ဘာကသိအောင်ဒီနည်းနဲ့ပြသကြပါစို့။

✅ လက်ကိုချုပ်ရင် နှုတ်နဲ့တော်လှန်မယ် နှုတ်ကိုပါချုပ်ရင် တိတ်ဆိတ်ပေးလိုက်မယ် တိတ်ဆိတ်ခြင်းဆိုတာ နာခံခြင်းမဟုတ်ဘူး အာခံခြင်းဆိုတာ ကျွန်တော်တို့ပြနိုင်တယ်။

23/01/2023

ကျွန်တော်တို့ကို ပြည်သူတွေ အခုရက်ပိုင်း Page ကနေတစ်ဆင့် မေးကြတဲ့ အမေးများတဲ့မေးခွန်းလေးတွေရှိပါတယ်။

(၁) ပအဖက စစ်ဆင်ရေးတွေလုပ်တာလား

ကျွန်တော်တို့က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီး လက်နက်ကိုင်ဆောင်တဲ့အဖွဲ့မဟုတ်ပါဘူး၊ လက်ရှိ စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေး မြို့နယ်အုပ်ချုပ်ရေးတွေကို ပြည်သူဘက်တော်သားအဖွဲ့နဲ့ အစားထိုးဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

(၂) မြေပြင်ကွင်းဆင်းအလုပ်လုပ်ကြလား

နယ်မြေစိုးမိုးမှုအရေးကြီးပါတယ်။ ကျွန်တော်တို့က လက်နက်ကိုင်ဆောင်တဲ့အဖွဲ့အစည်းမဟုတ်တဲ့အတွက် နယ်မြေစိုးမိုးလုံခြုံမှ မြေပြင်အလုပ်တွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ နယ်မြေစိုးမိုးပြီးသား နေရာတွေမှာ သက်ဆိုင်ရာ ပအဖတွေ အလုပ်လုပ်နေကြတာကိုလည်း ပြည်သူအများ သိရှိကြပြီးဖြစ်ပါတယ်။

(၃) အခုတိုင်ကြားချက်တွေကို တကယ်အရေးယူပေးမှာလား

ဟုတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မတရားမှုတွေခံစားရတဲ့ ပြည်သူတွေရဲ့ တိုင်ကြားမှုတွေကို မှတ်တမ်းတင်ထားပါတယ်။ မြေပြင်အလုပ်လုပ်ချိန် အရေးယူနိုင်မယ့် ကိစ္စမျိုးဆို အဲဒီအချိန် အရေးယူပါမယ်။ လတ်တလော အရေးယူနိုင်တဲ့ ကိစ္စမျိုးဆို လတ်တလော သေချာစိစစ် အရေးယူမှာပါ။ အရေးတော်ပုံ အောင်နိုင်မှ အရေးယူနိုင်မှာမျိုးကိုလည်း အဲအချိန် မလွတ်မြောက်စေရပါဘူး။ ဒါကျွန်တော်တို့ ထမ်းဆောင်ရမယ့်တာဝန်ပါ။

(၄) စာရွက်ပေါ်မှာပဲ အလုပ်လုပ်နေကြတာလား

အပေါ်မှာပြောခဲ့လိုပါပဲ နယ်မြေစိုးမိုးမှု မရသေးခင်မှာ ကျွန်တော်တို့အနေနဲ့ စာရွက်ပေါ်မှာ ၈၀ ရာနှုန်းလောက် အလုပ်လုပ်နေပါလိမ့်မယ်။ ဒါအမှန်တရားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာရွက်တွေက တကယ်လုပ်မယ့် အာမခံချက်ဖြစ်ပါတယ်။ ပြည်သူပိုင်ပြန်သိမ်းဖို့ စာထုတ်ထားရင် တကယ်ပြန်သိမ်းမှာပါ။ တားမြစ်တာကို လုပ်ရင် စာထဲမှာရေးထားတဲ့အတိုင်း တကယ် အရေးယူမှာပါ။ ဒါကြောင့်စာရွက်သည် အရေးမပါတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ နောင်တစ်ချိန်မှာ မသိလိုက်လို့ပါဆိုတဲ့ အကြောင်းပြချက် ပေးမရအောင် တရားဝင်စာရွက်တွေနဲ့ အလုပ်လုပ်ကြတာပါ။

(၅) နေသာသလိုနေတဲ့သူတွေကြောင့် နှေးနေတာလား

တကယ်နေသာသလို နေတဲ့သူတွေရှိတာလည်းမြင်ရပါတယ်။ ဒါပေမယ့် ကိုယ့်ဝမ်းစာတောင် အနိုင်နိုင်ဖြစ်နေတဲ့ ပြည်သူတွေလည်း တစ်နေ့ထက် တစ်နေ့များလာပါတယ်။ မလှူနိုင် မကူနိုင်တဲ့အပြင် ဘေဖိုးသိပ်မတတ်နိုင်လို့ မကလစ်နိုင်ဘူး ဆိုလည်း စိတ်အားမငယ်ပါနဲ့ ခွန်အားလေးပေးပါ။ မေတ္တာတရားတွေပေးပါ။ တစ်ဦးကနေစ ရာချီ ထောင်ချီ ပို့သတဲ့ မေတ္တာတရားတွေက ရှေ့တန်းကရဲဘော်တွေအတွက်ရော အခြားအခက်အခဲတွေကြားက ပြေးလွှားရင်း တော်လှန်နေကြသူတွေကိုရော ဘေးကင်းအောင် အထိအခိုက်နည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ စစ်တပ်အပက်အသက်တွေကို Boyott လုပ်ပါ။ အကြောင်းကြောင်းတွေရှိတဲ့အခါ ဘာအကြောင်းနဲ့မှ ဘဝကိုစိတ်မပျက်ပါနဲ့ဦး။ ကျွန်တော်တို့ မတူညီတဲ့ နေရာအသီးသီးမှာ မတူညီတဲ့ဒုက္ခတွေနဲ့ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း အတူတူရပ်တည်ပေးနေတယ်ဆိုတာလေး သတိရပေးပါ။

(၆) အချိန်တွေကြာလာတောစိတ်ဓာတ်တွေကျတယ်

နှစ်တစ်ရာကြာခဲ့တဲ့ လွပ်လပ်ရေးနဲ့ ယှဥ်ခဲ့ရင် နည်းပါသေးတယ်။ နှစ်ခြောက်ဆယ်ကြာခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ ဒုက္ခနဲ့ယှဥ်ရင် သေးပါသေးတယ်။ မြန်မာနိုင်ငံမှာ ဘက်ဂျက်အမြင့်ဆုံးယူပြီး နိုင်ငံစီးပွားရေးကိုပါ လက်ဝါးကြီးအုပ်ထားတဲ့ အဖွဲ့အစည်းကို ကျွန်တော်တို့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အစမှာ ဘယ်သူမှ စနစ်တကျပြင်ဆင်ထားတာမျိုးမရှိသလို လူငယ်တွေဟာလည်း လက်နက်ကိုင်တတ်ဖို့ဝေးစွ သီတင်းကျွတ်မှာ ဗျောက်အိုးဖောက်တဲ့နည်းတောင် မေ့နေကြပါပြီ။ ဒါပေမယ့် ဒီပြည်သူတွေရဲ့ ခွန်အားနဲ့ အချင်းချင်း ဖေးမရင်း ဖြတ်သန်းလာကြတာ ခုဆို ပြည်သူ့အတွက် တိုက်နေတဲ့ တပ်မတော်တွေရှိလာသလို ကောင်းကင်မှာလည်း Drone တွေတောင် ဝဲနေပါပြီ။ လက်နက်တွေလည်း ထုတ်နေပါပြီ။ ဒါကြီးကို ဒီနှစ်နှစ်နဲ့ လုပ်ခဲ့ကြတာပါ။ တကယ်တွေးကြည့်မယ် စီးပွားတွက် တွက်မယ်ဆိုရင်တောင် တဖြည်းဖြည်း ပိုကောင်းတဲ့ Result တွေ ရလာတာ မယုံနိုင်အောင် ပြောင်းလဲသွားတာတွေကို မြင်ရမှာဖြစ်ပါတယ်။ အစိုးရသက်တမ်းတစ်ခု ငါးနှစ်ဖြစ်ပါတယ်။ အခုတော့ နှစ်နှစ်မှာတင် စစ်ကောင်စီအနေနဲ့ အသက်ရှုရ ချောင်လာလား ကြပ်လာလား သူတို့အသိဆုံးဖြစ်ပါတယ်။ စိတ်ဓာတ်မကျစေချင်ပါ။ အဆုံးထိသွားမယ့်သူတွေချည်းမို့ လမ်းတစ်ဝက်မှာ မထားခဲ့ဘူးလို့ ကတိပေးနိုင်ပါတယ်။ အတူတူ ရှေ့ဆက်ကြရအောင်ပါ။

(၇) ရှေ့ဆက်ဘာဖြစ်လာမှာလဲ

ဆင်းရဲရှာပြီး အကြွေးပိနေတဲ့ နိုင်ငံလေးဟာ သယံဇာတတွေလည်းကုန်သလောက်ဖြစ်နေပါပြီ။ ပြန်အဖတ်ဆယ်နေတုန်း အစပျိုးနေတုန်း ချောက်ထဲ တွန်းချခံရတာပါ။ တော်လှန်ရေးအလွန်မှာ နိုင်ငံထူထောင်ရေးဟာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အခုတော်လှန်ရေးမှာ ပြည်သူတွေရဲ့ အင်အားကိုမြင်ရပြီးသားမို့ လုပ်နိုင်မယ်ဆို ယုံကြည်ပါတယ်။ တော်လှန်ရေးအတွက် စတေးရင်း မျက်စိမှိတ်သွားသူတွေလည်း စိတ်ချသွားမှာသေချာပါတယ်။ ကျန်ခဲ့သူတွေလက် ဒီနိုင်ငံကို ယုံကြည်စွာ အပ်ခဲ့ကြတာဖြစ်ပါတယ်။

21/01/2023

⛨ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များရဲ့ တာဝန်ဟာ အုပ်ချုပ်ရေးဖော်ဆောင်ဖို့အပြင် အများပြည်သူရဲ့ ဝန်ကိုထမ်းဖို့၊ ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး ပြည်သူကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ဖြစ်ပါတယ်။

⛨ ပဲခူးအနေနဲ့ အခက်အခဲ အမျိုးမျိုးရှိပြီး လုံခြုံရေးတင်းကြပ်ပေမယ့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အရှိန်မြှင့်လာတဲ့ တော်လှန်ရေးနဲ့အတူ တာဝန်ထမ်းဆောင်သွားမှာဖြစ်လို့ ရှေ့ထွက်လာခြင်းဖြစ်ပါတယ်။

⛨ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များ၊ လေ့ကျင့်မှုများခံယူပြီး ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို မမှိတ်မသုန် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

⛨ နယ်မြေစိုးမိုးဖို့ စီးချင်းထိုးကြချိန် စစ်ကောင်စီက မီးရှို့၊ ဖျက်ဆီး၊ ဗုံးကြဲမှာ ဖြစ်ပြီး ကျွန်တော်တို့က ပြည်သူနဲ့အတူ တစ်သားတည်းရပ်တည်ရင်း အတတ်နိုင်ဆုံး အထိအခိုက်နည်းအောင် လမ်းညွှန်ဖို့၊ ကာကွယ်ဖို့၊ ကူညီထောက်ပံ့ဖို့ ကြိုးပမ်းကြမှာဖြစ်ပါတယ်။

⛨ တစ်ဖက်မှာလည်း ပြည်သူများအနေနဲ့ မတရားမှုဖြစ်စဥ်များ၊ အနိုင်ကျင့်မှုများ၊ ပါဝင်ပက်သက်နေသူများ၊ ဒလံများ၊ စစ်ကောင်စီဒေါက်တိုင်များနှင့်ပက်သက်၍ ကျွန်တော်တို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လျို့ဝှက်စွာ သတင်းများ ပေးပို့နိုင်ပါတယ်။ ပေးပို့နိုင်မည့် နည်းလမ်းများကိုလည်း မကြာခင် ကြေငြာပေးသွားမှာဖြစ်ပါတယ်။

⛨ တိုင်ကြားမှု၊ သတင်းပေးပို့မှုများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ မှတ်တမ်းတင်ပြီး အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

⛨ ပြည်သူများပင်ပန်းခက်ခဲကြပါပြီ။ ကျွန်တော်တို့ အနေနဲ့လည်း အရေးတော်ပုံအောင်သည်အထိ ဦးဆွေးဆံမြည့်ထမ်းဆောင်ပါမည့်အကြောင်းတင်ပြရင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကြေငြာချက်များ၊ ထုတ်ပြန်ချက်များကို အမြဲမပြတ် စောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။

စစ်ကောင်စီပြုလုပ်သော လေလံပွဲနှင့်ပက်သက်၍ တားမြစ်ချက်ထုတ်ပြန်ခြင်း
20/01/2023

စစ်ကောင်စီပြုလုပ်သော လေလံပွဲနှင့်ပက်သက်၍ တားမြစ်ချက်ထုတ်ပြန်ခြင်း

ခေတ်သစ်မီဒီယာကနေ ထုတ်‌ဖော်လာတဲ့ ၈ နာရီကြာမြင့်သော စစ်ကောင်စီရဲ့ လျို့ဝှက်အစည်းအဝေးမှတ်တမ်းဖြစ်လို့ ပြန်လည်မျှ‌ဝေ ပေးရခြင...
15/01/2023

ခေတ်သစ်မီဒီယာကနေ ထုတ်‌ဖော်လာတဲ့ ၈ နာရီကြာမြင့်သော စစ်ကောင်စီရဲ့ လျို့ဝှက်အစည်းအဝေးမှတ်တမ်းဖြစ်လို့ ပြန်လည်မျှ‌ဝေ ပေးရခြင်းဖြစ်ပါတယ်။

"ဘယ်ဘက်ကမှငါတို့မနိုင်နေဘူး ရှုံးနေတာမှခွက်ခွက်ကိုလန်လို့ ဒီတော့ မနိုင်နိုင်ရာဖိဖို့ ဘက်ပေါင်းစုံက‌နေ ဘယ်လိုနည်းနဲ့ ခြေထိုးခံရခံရ ကြိုးစားကြစို့" ဆိုတဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ နောက်ဆို တိုတိုတုတ်တုတ်သာ ပြောဆိုလုပ်ကိုင်စေလိုပါတယ်။ ပြန်တင်ဖို့ ၄၄ ပုံတောင် Save ရတာ လက်ညောင်းလို့ပါ။ အနှစ်ချုပ်တို့ သံခိပ်တို့ ကိုနားလည်မယ့် ပညာရေး Level လည်းရှိမယ်လို့ မျှော်လင့်ပါတယ်။

စစ်ကောင်စီမှ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲနှင့်ပက်သက်၍ ပဲခူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်
14/01/2023

စစ်ကောင်စီမှ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲနှင့်ပက်သက်၍ ပဲခူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်

ပဲခူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေငြာချက်အမှတ် (၁/၂၀၂၃)ပဲခူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒများ၊ ထုတ်ပြ...
12/01/2023

ပဲခူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေငြာချက်အမှတ် (၁/၂၀၂၃)

ပဲခူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒများ၊ ထုတ်ပြန်ကြေငြာချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် အများပြည်သူထံသို့အသိပေးတင်ပြချက်များကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဤတရားဝင်စာမျက်နှာမှတစ်ဆင့် ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

Address

Bago

Website

Alerts

Be the first to know and let us send you an email when ပဲခူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - DPA Bago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share