ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF

  • Home
  • Myanmar
  • Bago
  • ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF

ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF, Political organisation, ပဲခူးတိုင်း, Bago.

31/05/2026

မြန်မာ့နိုင်ငံရေး၊ စစ်ရေး၊ သံတမာန်ရေး နှင့် အုပ်ချုပ်ရေးအတွေ့အကြုံများ ဆွေးနွေးပွဲ။
ဆလိုင်းယောအောင်
ဦးယဥ်အေး
ဦးကိုကိုလေး

08/05/2026

ဆလိုင်းယောအောင်၊ ဦးယဥ်အေး၊ ဦးကိုကိုလေး

25/04/2026
 #ပြုံးပြုံးလေး
31/12/2025

#ပြုံးပြုံးလေး

21/06/2025

အမေစုမွေးနေ့ကမ်ပိန်းပေါက်မဲများ

''SU 80th Birthday ပညာရေးရန်ပုံငွေကံစမ်းမဲကမ်ပိန်း ပေါက်မဲနံပါတ်နှင့်ပစ္စည်းများ''၂၀၂၅ခုနှစ် ဇွန်လ ၁၉ရက်နေ့ နိုင်ငံတော်၏...
21/06/2025

''SU 80th Birthday ပညာရေးရန်ပုံငွေကံစမ်းမဲကမ်ပိန်း ပေါက်မဲနံပါတ်နှင့်ပစ္စည်းများ''
၂၀၂၅ခုနှစ် ဇွန်လ ၁၉ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပညာရေးရန်ပုံငွေကံစမ်းမဲကမ်ပိန်း မဲဖေါက်ခြင်းနှင့် မွေးနေ့ပွဲအစီအစဥ်ကို အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း ( International Bago Division Association - IBDA ) မှ .. မြေပြင်နှင့်အွန်လိုင်း တပြိုင်နက်ကျင်းပခဲ့ပါတယ်။ မြေပြင်ပွဲကို ထိုင်းနိုင်ငံမဲ့ဆောက်မြို့ အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်းရုံးတွင်၄င်း၊ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင်၄င်း ကံစမ်းမဲနှိုက်ကြေငြာခြင်းကိစ္စများကို အများမြင်သာအောင် ပြုလုပ်ခဲ့ကြပါသည်။ အွန်လိုင်းတွင်တပြိုင်နက်တည်း Zoom platform ဖြင့် page မှလည်း။ တိုက်ရိုက်Live လွှင့်ခဲ့ပါတယ်။ ယခုပွဲသို့ အွန်လိုင်းမှ Zoom ဖြင့် ၁၀၀ကျော်ခန့်တက်ရောက်ခဲ့ကြပါတယ်။
ယခုပွဲသို့ မြန်မာပြည်ဒေသအသီးသီးမှ တော်လှန်ရေး နိုင်ငံရေးနယ်ပယ်အသီးသီးခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပြီး အမေစုမွေးနေ့အမှတ်တရဆုတောင်းစကားများပြောကြားခဲ့ကြပါတယ်။ နိုင်ငံတကာအနေဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုုင်ငံ၊ စက်ာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အဂ်လန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိုမန်နိုင်ငံ၊သြစတေးလျှနိုင်ငံ၊ နယူဇီလန်နိုင်ငံ၊ဥရောပ နယ်သာလန်နိုင်ငံ၊ တရုတ်နိုင်ငံစသဖြင့် နိုင်ငံအတော်များများတွေရောက်ရှိနေထိုင်ကြသော မြန်မာနွယ်ဖွားများ တက်ရောက်ခဲ့ကြပါတယ်။
ဆုမဲပေါက်နံပါတ်များ
*******************
၁။ ၀၀၁၁၀ --အမေစုပုံတူပန်းချီကား
၂။ ၀၅၈၃၁ -- ပတ္တမြားတဆင်စာ
၃။ ၀၂၄၅၃ -- စိန်လည်ဆွဲနှင့်နားဆွဲ
၄။ ၀၅၁၉၃ -- မြလည်ဆွဲနှင့်နားကပ်
၅။ ၀၀၉၁၃ -- တော်လှန်ရေးပန်းချီကား
၆။ ၀၆၂၄၇ -- ပုလဲနက်လည်ဆွဲနှင့်နားဆွဲ
၇။ ၀၀၁၀၉ -- လည်ဆွဲနှင့်နားဆွဲ
၈။ ၀၁၆၅၂ -- ပုလဲလည်ဆွဲသီးနှင့်နားကပ်
၉။ ၀၂၈၈၂ -- အသဲပုံစိန်လည်ဆွဲ
၁၀။ ၀၀၃၅၆ -- ပုလဲလည်ဆွဲနှင့်နားဆွဲ
၁၁။ ၀၅၂၄၂ -- ပတ္တမြားလည်ဆွဲ နှင့် နားကပ်
၁၂။ ၀၃၂၉၆ -- နီလာလည်ဆွဲနှင့်နားကပ်
၁၃။ ၀၆၀၂၀ -- အမေစုပုံရင်ထိုး
၁၄။ ၀၆၀၆၂ -- ပန်းချီကား
၁၅။ ၀၂၇၃၄ -- ပန်းချီကား
၁၆။ ၀၁၃၆၀ -- လက်ဆွဲအိတ်
၁၇။ ၀၂၈၁၃ -- လက်ဆွဲအိတ်
၁၈။ ၀၄၁၁၁ -- အမေစုပုံပြက္ခဒိန်
၂၉။ ၀၁၅၈၀ -- အမစေုပုံဒဂျါးပွား
၂၀။ ၀၂၄၀၈ -- ကျောက်စိမ်းပုတီးများနှင့်ကျောက်စိမ်းလက်ကောက်များ
၂၁။ ၀၁၅၀၂ -- ပန်းချီကား
၂၂။ ၀၂၉၉၁ -- ပန်းချီကား
၂၄။ ၀၅၇၇၅ -- လက်ဆွဲအိတ်
၂၄။ ၀၅၅၅၄ -- ပန်းချီကား
အမေစု၈၀ပြည့်နှစ်အထိမ်းအမှတ်ရန်ပုံငွေကမ်ပိန်းမဲလက်မှတ်များအားဝယ်ယူပေးခဲ့ကြသော ညီအကိုမောင်နှမများ၊ မဲရောင်းပေးခဲ့ကြသော နိုင်ငံတကာမှကိုယ်စားလှယ်တော်ကြီးများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းလေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။
အမေစုကျန်းမာပါစေ...
အမေစုကျန်းမာပါစေ..
အမေစုကျန်းမာပါစေ....
အရေးတော်ပုံအောင်ရမည်။

အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း - IBDA

ယနေ့ ၂၀၂၅ခုနှစ် ဇွန်လ ၁၉ရက် နေ့ ညနေ ၇း၀၀နာရီ တွင်စတင်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀နှစ်ပြည...
19/06/2025

ယနေ့ ၂၀၂၅ခုနှစ် ဇွန်လ ၁၉ရက် နေ့ ညနေ ၇း၀၀နာရီ တွင်စတင်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀နှစ်ပြည့်မွေးနေ့အမှတ်တရ ပညာရေးရန်ပုံငွေကံစမ်းမဲကမ်ပိန်း မဲဖွင့်ဖေါက်ခြင်းအခမ်းအနားကို မြေပြင်ပွဲအဖြစ် ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ ရှိ အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်းရုံးတွင် မဲဖေါက်ခြင်းပထမပိုင်းအစီအစဥ်ကို ကျင်းပမည်ဖြစ်ပြီး... ဒုတိယပိုင်းအွန်လိုင်း
မဲဖေါက်ခြင်းအစီအစဥ်တဝက်ကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်မည်ဖြစ်သည်။ ယနေ့ပွဲသို့ တော်လှန်ရေး နိုင်ငံရေး နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များတက်ရောက်ရျ် မွေးနေ့အမှတ်တရစကားများပြောဆိုကြမည်ဖြစ်ပါသည်။ အနုပညာလောကမှ လည်း ဂီတအနုပညာဖြင့် တက်ရောက်ဂုဏ်ပြုကြမည်ဖြစ်သည်။
ယနေ့ပွဲကို အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း page, ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF Page, Bago Federal School Page တို့မှ တိုက်ရိုက် Live လွှင့်သွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း-IBDA #ပဲခူးပြည်သူ့ကာကွယ်ရေးတပ်BDF #ဒေါ်အောင်ဆန်းစုကြည် #အမေစုကျန်းမာပါစေ🌹 #အရေးတော်ပုံအောင်ပြီ ြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း #ပဲခူးတိုင်း #ပြည်သူ့အသံပြည်သူ့ထံသို့ #အမေစုကျန်းမာပါစေ #အမေစုမွေးနေ့ #ဘန်ကောက် #အရေးတော်ပုံအောင်ကိုအောင်ရမည်

 #ပြည်သူ့အသံပြည်သူ့ထံသို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ပြည့်နှစ်မွေးနေ့အထိမ်အမှတ် ပညာရေးရန်ပုံင...
14/06/2025

#ပြည်သူ့အသံပြည်သူ့ထံသို့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ပြည့်နှစ်မွေးနေ့အထိမ်အမှတ် ပညာရေးရန်ပုံငွေပွဲ နှင့်ပတ်သတ်သည့်
အမှတ်တရစကားဝိုင်း
နေ့ရက်။ ။ ဇွန်လ ၁၄ရက် ၂၀၂၅ခုနှစ်
စနေနေ့
မြန်မာစံတော်ချိန် ည ၈:၀၀နာရီ
facebook Live
#အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း page
#ပဲခူးပြည်သူ့ကာကွယ်ရေးတပ်BDF page
Federal School psge များမှ တိုက်ရိုက်live လွှင့်ပါမည်။

ဒီပစ္စည်းလေးတွေက မဲနံပါတ်ပိုင်ရှင်များကိုစောင့်မျှော်နေပါပြီ။ အမြန်ဆုံးသာ ဝယ်ယူထားပါတော့။ ရက်ပိုင်းလေးသား လိုပါတော့တယ်။🗓...
05/06/2025

ဒီပစ္စည်းလေးတွေက မဲနံပါတ်ပိုင်ရှင်များကိုစောင့်မျှော်နေပါပြီ။ အမြန်ဆုံးသာ ဝယ်ယူထားပါတော့။ ရက်ပိုင်းလေးသား လိုပါတော့တယ်။

🗓️ကမ်ပိန်းကာလ
ကမ်ပိန်းကာလအား အမေစုမွေးနေ့မတိုင်ခင် (၁၈)ရက်နေ့ နောက်ဆုံးအဖြစ်သတ်မှတ်ထားပြီး အမေစုမွေးနေ့ဖြစ်သော (၁၉)ရက်နေ့တွင် ကံစမ်းမဲများအား တိုက်ရိုက် Live ဖြင့် ဖွင့်ဖောက်ကြေညာပေးသွားပါမည်။

🏠 ကံစမ်းမဲဖွင့်ဖောက်မည့်နေရာ
အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း၏ page နှင့် Bago Federal School ၏ page များတွင် တိုက်ရိုက် Live ဖြင့်မဲဖောက်ပေးသွားမည်ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာပဲခူးတိုင်း Page ၏ Link
******************************************
https://www.facebook.com/share/1EKch2qscb/?mibextid=wwXIfr

Bago Federal School ၏ Page Link
*************************************
https://www.facebook.com/share/1AHbznspNK/?mibextid=wwXIfr

🏡 ကမ်ပိန်းပုံစံများ
အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်းမှကျင်းပသော ယခု Campaign အား ပုံစံ(၄)မျိုးဖြင့်ပြုလုပ်မည်ဖြစ်ပါသည်။
(၁) ကံစမ်းမဲများရောင်းချခြင်း
(၂) တိုက်ရိုက်အလှူငွေလက်ခံခြင်း
(၃) သီချင်းဆိုပြိုင်ပွဲများကျင်းပ၍ ရန်ပုံငွေရှာဖွေခြင်း
(၄) ကမ်ပိန်းအမှတ်တရ အထည်များရောင်းချခြင်း။

🥇ကံစမ်းမဲပစ္စည်းများနှင့်အလှူရှင်များ
❤️အမေစုရဲ့ Nobel Lady ပန်းချီ ကို May 22, 2022 Kachin Alliance ရန်ပုံငွေပွဲ တိုန်းက $1000 USD နဲ့ လေလံဆွဲထားခဲ့တဲ့ ကားလေးကို အခု အမေစုရဲ့ 80th Birthday Campaign အတွက် လှူဒါန်းပါတယ်။ ပန်းချီဆရာမလေ Ma Khin Khin Ohn

❤️ Tay Than Hlaing Family မှ မဖြူဖြူလှိုင်ရဲ့jewelry လေးတွေနှင့် အမေစုပုံ ရင်ထိုးလေး ကိုလဲ ကံစမ်းမဲ အတွက်လှူဒါန်းပါတယ်။

❤️ပန်းချီကား ခြောက်ကားကို Ma Khin Khin Ohn ကိုတိုင် တော်လှန်ရေးအတွက် ပန်းချီရေးထားတဲ့ ကားလေးတွေကို သူကိုယ်တိုင် လှူဒါန်းပါသည်။

❤️2/23/25 ဖြတ်ရှပ်ရှင်ပွဲ မှ ကံစမ်းမဲ ပေါက်ခဲ့တဲ့ ပလဲနားကပ်နှင့် ဆွဲသီးလေးကို Aunty Sandra Maung မှ လှူဒါန်းသည်။

❤️2/23/25 ဖြတ်ရှပ်ရှင်ပွဲ မှ ကံစမ်းမဲ ပေ့ါက်ခဲ့တဲ့ ပလဲအနက် နားကပ်နှင့် ဆွဲသီးလေးကို Ma Nang Khin Oo မှ လှူဒါန်းပါတယ်။ ဖြူ ကတော့ ဆွဲကြိုးလေးထပ်ထည့်ပေးလိုက်ပါတယ်။

❤️2/23/25 ဖြတ်ရှပ်ရှင်ပွဲ မှ ကံစမ်းမဲ ပေါက်ခဲ့တဲ့ ပလဲဖြူနားကပ်နှင့် ဆွဲသီးလေးကို U Sein Hlaing မှ လှူဒါန်းပါသည်။မဖြူဖြူလှိုင် က ဆွဲကြိုးလေးထပ်ထည့်ပေးပါမယ်။ ပုံထဲမှာဆွဲကြိုးလေးမပါသေးပါဘူး။

❤️2/24/25 ဖြတ်ရှပ်ရှင်ပွဲ မှ အမေစု ဒင်္ဂါပြား ကံစမ်မဲပေါက်သူ အန်တီမိုး မှ လှူဒါန်းပါသည်။

💸 ကံစမ်းမဲစျေးနှုန်းများ
🇲🇲 မြန်မာ - ၁၀၀၀၀ ကျပ်
🇹🇭 ထိုင်း - ၁၀၀ ဘတ်
🇸🇬 စင်္ကာပူ - ၅ $
🇲🇾 မလေးရှား - ၂၀ RM
🇺🇸 အမေရိကန် - ၁၀ $
🇰🇷 ကိုရီးယား - ၅၀၀၀ ဝမ်
🇯🇵 ဂျပန် - ၅၀၀ ယန်း

22/05/2025

အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်းဆိုတာ ဘာလဲ။
Bago Federal School ဆိုတာ ဘာလဲ။
ဘယ်တုန်းက တည်ထောင်ကြပြီး ဘာလုပ်ကြတဲ့အသင်းတွေလဲ။ ယခုလက်ရှိပြုလုပ်နေတဲ့ အမေစု(၈၀)နှစ်ပြည့်နေ့မွေးနေ့အထိမ်းအမှတ်ကမ်ပိန်းဆိုတာကရော ဘာလဲ။ ကံစမ်းမဲဖွင့်လှစ်ပေးမယ့် ပါဝင်ပစ္စည်းတွေကရော ဘာတွေလဲ….

စတဲ့မေးခွန်းတွေနဲ့ အဖြေတွေအတွက် ယနေ့ည မြန်မာစံတော်ချိန် ည (၈:၀၀) နာရီ စကားဝိုင်း Live လေးမှာ နားထောင်ကြမယ်။ မသိတာတွေ ၊ မေးလိူတာတွေ မေးကြမယ်။ အကြံပြုလိုတာတွေပြုကြတယ်။ တိုင်းပြည်နိုင်ငံအတွက် နိုင်ရာတာဝန်ထမ်းကြမယ်။ တော်လှန်ညီကိုမောင်နှမများကို စကားဝိုင်း Live အားလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

Address

ပဲခူးတိုင်း
Bago

Website

Alerts

Be the first to know and let us send you an email when ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF:

Share