မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့-ပဲခူးမြို့နယ်စည်းရုံးရေးကော်မတီ

  • Home
  • Myanmar
  • Bago
  • မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့-ပဲခူးမြို့နယ်စည်းရုံးရေးကော်မတီ

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့-ပဲခူးမြို့နယ်စည်းရုံးရေးကော်မတီ Veterans are once a soldier, always a soldier. စစ်မှုထမ်းဟောင်းများသည် တစ်ကြိမ်စစ်သာဖြစ်ဖူးသည့် အမြဲတမ်းစစ်သားများဖြစ်ကြသည်ဈ

ိတပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်
19/06/2020

ိတပ်မတော်အင်အားရှိမှ
တိုင်းပြည်အင်အားရှိမည်

26/06/2019
26/06/2019
ယနေ့မြို့နယ်အမှုဆောင်အဖွဲ့သည်ပဲခူးမြို့မှမိုင် ၃၀ကျော်ဝေးကွာ၍လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဇောင်းတူနဟ်မြေသို့သွားရောက်၍အဖွဲ...
20/03/2019

ယနေ့မြို့နယ်အမှုဆောင်အဖွဲ့သည်ပဲခူးမြို့မှမိုင် ၃၀ကျော်ဝေးကွာ၍လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဇောင်းတူနဟ်မြေသို့သွားရောက်၍အဖွဲ့ဝင်များအားတွေ့ဆုံပြီးစည်းရုံးရေး သက်သာချောင်ချိရေးများဆောင်ရွက်ခဲ့ပါသည်။ဤဒေသသည်တစ်ချိန်က ရောင်စုံသောင်းကျန်းသူများအမာခံနယ်မြေတည်ဆောက်ခဲ့သောနယ်မြေဖြစ်၍မိမိတို့စည်းရုံးရေးပိုမိုခိုင်မာအောင်တည်ဆောက်ထားရပါသည်။၂၀၁၂ခုနှစ်တွင်ဤဒေသရှိကျေးရွာ ၁၁ရွာအား အလယ်တန်းစာသင်ဆောင်တစ်ဆောင်အပါအဝင်ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာအတွက် ကျပ်သိန်း(120)အားပဲခူးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှလှူဒါန်းပေးခဲ့ပါသည်။ပင်ပန်းကြသော်လည်းဆင်းရဲနွမ်းပါးသောမိမိတို့အပေါ်အားကိုးနေသောအဖွဲ့ဝင်များအားတွေ့ဆုံကြရသည်မှာမောပန်းရမှန်းမသိအောင်ဖြစ်ခဲ့ရပါသည်။
အပြန်ခရီးတွင်ဝင်္ကကဘော်ကျေးရွာ၌ ဘုရားကြီးမြို့ နယ်မြေမှအဖွဲ့ဝင်များအားဆက်လက်တွေ့ဆုံပြီးစည်းရုံးရေးဆောင်ရွက်ခဲ့ကြပါသည်။

ယနေ့ဒုတိယနေ့ပဲခူးမြို့ပေါ်နယ်မြေကြီး(၁)နှင့်နယ်မြေကြီး(၂)တို့အားကွင်းဆင်းပြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံစည်း...
17/03/2019

ယနေ့ဒုတိယနေ့ပဲခူးမြို့ပေါ်နယ်မြေကြီး(၁)နှင့်နယ်မြေကြီး(၂)တို့အားကွင်းဆင်းပြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံစည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
အမှုဆောင်များနှင့်အဖွဲ့ဝင်အားလုံးပူပြင်းလှတဲ့နေပူချိန်အောက်မှာမည်သူတစ်ဦးတစ်ယောက်၏အမိန့် ညွှန်ကြားချက်မပါဘဲယခုလို မိမိတို့ရဲ့ကိုယ်ပိုင်အချိန်လေးတွေကိုယ်စီစွန့်လွှတ်ပြီးတွေ့ဆုံကြတယ်ဆိုတာ ပဲခူးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များရဲ့ အချင်းချင်းထားရှိသောသံယောဇဉ်တရားနဲ့ရဲဘော်စိတ်ခိုင်မာမှုသက်သေတစ်ရပ်ဖြစ်ပါတယ်ခင်ဗျား။

မြို့နယ်အလုပ်အမှုဆောင်အဖွဲ့သည်ယနေ့နံက် ၁၀၀၀ နာရီအချိန်မှ ၁၃၀၀နာရီအထိနယ်မြေကြီး(၃)အင်းတကော်နယ်မြေရှိစစ်မှုထမ်းဟောင်းအဖွဲ့...
16/03/2019

မြို့နယ်အလုပ်အမှုဆောင်အဖွဲ့သည်ယနေ့နံက် ၁၀၀၀ နာရီအချိန်မှ ၁၃၀၀နာရီအထိနယ်မြေကြီး(၃)အင်းတကော်နယ်မြေရှိစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားသွားရောက်တွေ့ဆုံခဲ့ပါသည်။တွေ့ဆုံပွဲတွင်--
ရည်မှန်းချက်တာဝန်များဖြစ်သော နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ဆိုင်ရာများ
အမျိုးသားနိုင်ငံရေးဆိုင်ရာများ
လူမှုသက်သာချောင်ချိရေးလုပ်ငန်းဆိုင်ရာများဆွေးနွေးကြပြီးနဟ်မြေလုံခြုံရေးအတွက် နယ်မြေခံတပ်နှင့်ပြည်သူ့ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်ဝတက်ရောက်လာသူများအား ကြက်ဥ စစ်မှုထမ်းဟောင်းပုဆိုးနှင့်ဦးထုပ်များလက်ဆောင်ပေးအပ်ခဲ့ပါသည်။

ပဲခူးမြို့နယ်စစ်မှုထမ်းဟောင်းအမှုဆောင်အဖွဲ့သည်စတင်တာဝန်ယူခဲ့သည့်၂၀၁၁ခုနှစ်မှစပြီးနှစ်စဉ်တပ်မတော်နေ့ရောက်တိုင်း တိုင်းပြည...
09/03/2019

ပဲခူးမြို့နယ်စစ်မှုထမ်းဟောင်းအမှုဆောင်အဖွဲ့သည်စတင်တာဝန်ယူခဲ့သည့်၂၀၁၁ခုနှစ်မှစပြီးနှစ်စဉ်တပ်မတော်နေ့ရောက်တိုင်း တိုင်းပြည်အတွက်ခန္ဒာကိုယ်စွန့်လွှတ်ပေးဆပ်ခဲ့ကြသော မသန်စွမ်းစစ်သည်များ မော်ကွန်းဝင်ပုဂ္ဂိုလ်များ သက်ကြီးစစ်သည်အိုကြီးများအား ဂုဏ်ပြုထောက်ပံ့ပေးခြင်းနှင့်မြို့နယ်အတွင်းကွင်းဆင်း၍အဖွဲ့ဝင်များအားတွေ့ဆုံစည်းရုံးခြင်းတို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါသည်။
လာမည့်(၇၄)နှစ်မြောက်တပ်မတော်နေ့အားဂုဏ်ပြုကြိုဆိုသောအားဖြင့် နယ်မြေကွင်းဆင်းစည်းရုံးခြင်းအား မတ်လ 16/17/20 ရက်များတွင် အင်းတကော် ပဲခူးမြို့ပေါ်ရပ်ကွက်များ ဘုရားကြီး ဝင်္ကဘော် ဇောင်းတူ ဒေသများသို့သွာရောက်ပါမည်။
24-3-2019 ရက်နေ့တွင်ဂုဏ်ပြုထောက်ပံ့ပွဲအခမ်းအနားကျင်းပပြီးငွေကျပ်(၇၂)သိန်းခန့်သုံးစွဲ၍အောက်ပါအတိုင်းထောက်ပံ့ပေးပါမည်--
က အသက်(၈၀)ပြည့်ပြီးသောသက်ကြီးစစ်မှုထမ်းဟောင်း(၆၀)ဦး။
ခ မသန်စွမ်းစစ်သည်(၂၅၀)ဦး

ဂ မသန်စွမ်းအာကစားဆုရသူ(၆)ဦး
ဃ သင်တန်းသားထူချွှန်ဆု(၁)ဦး
င ပညာဒါနထောက်ပံ့ပေးသူတစ်ဦးအားဂုဏ်ပြုဆု
တို့ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းအမှုဆောင်များစုံညီစွာအစည်းအဝေးပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
ဂ မသန်စွမ်းအားကစားဆုရ(

ပဲခူးမြို့ရပ်ကွက်ကျေးရွာအသီးသီးရှိရေဘေးသင့်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၁၀၃)ဦးတို့အားမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှဆန်(၂၂)...
04/08/2018

ပဲခူးမြို့ရပ်ကွက်ကျေးရွာအသီးသီးရှိရေဘေးသင့်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၁၀၃)ဦးတို့အားမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှဆန်(၂၂)အိပ် ဆီ(၁၀၃)ပိဿာဆား(၁၀၃)ပိဿာနှင့်ဟင်းခတ်မှုန့် ဆပ်ပြာမှုန့် ဖယောင်းတိုင် ခြင်နိုင်ဆေးများစုစုပေါင်းတန်ဘိုးကျပ်(၁၅)သိန်းကိုထောက်ပံ့ကူညီပေးခဲ့ပါသည်။

ပဲခူးရေဘေးတွင်အဆိုးရွားဆုံးနေရာများဖြစ်ကြသောမြို့သစ်(င)  ကျောက်ကြီးစု ရွာသစ် ကျွန်းသာယာ ကလျာဏီ ဇိုင်းကနိုင်း(မြောက်) မဇင...
01/08/2018

ပဲခူးရေဘေးတွင်အဆိုးရွားဆုံးနေရာများဖြစ်ကြသောမြို့သစ်(င) ကျောက်ကြီးစု ရွာသစ် ကျွန်းသာယာ ကလျာဏီ ဇိုင်းကနိုင်း(မြောက်) မဇင်းရပ်ကွက်များတွင်နေထိုင်ကြသောစစိမှုထမ်းဟောင်းအဖွဲ့ဝင်မိသားစုများအားမြို့နယ်စထဟဥက္ကဌနှင့်အမှုဆောင်များ နယ်မြေစည်းမှူးများလိုက်လံတွေ့ဆုံအားပေးခြင်း စာရင်းကောက်ယူခြင်းတို့အားယနေ့နံက်၁၀၀၀နာရီမှနေ့လည်၁၄၀၀နာရီအထိဆောင်ရွက်ခဲ့ပါသည်။ရေဘေးသင့်အဖွဲ့ဝင်အင်အား၁၀၀ခန့်ရှိပြီးလာမည့် သြဂုတ် ၄/၅ရက်များတွင်လိုအပ်နေသော ဆန် ဆီ ရိက္ခာများကိုမြို့နယ်ရန်ပုံငွေဖြင့်ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။ဥက္ကဌနဲ့အမှုဆောင်များကိုယ်တိုင်ရေဘေးကြုံတွေ့နေရသောကြောင့်ယနေ့မှသာစတင်လှုပ်ရှုားနိုင်ပါသည်။ဖြစ်စဉ်စတင်စဉ်ကတော့မိမိအဖွဲ့ဝင်များအတွက်မေတ္တာပို့ဆုတောင်းပေးရုံသာတတ်နိုင်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှချီးမြှင့်သောပညာရည်ချွှန်ဆုရရှိခဲ့သည့်ကျောင်သား/သူငါးဦးအားထပ်ဆင့်ချီးမြှင့်ပေးအပ်ခြင်းကို...
13/07/2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှချီးမြှင့်သောပညာရည်ချွှန်ဆုရရှိခဲ့သည့်ကျောင်သား/သူငါးဦးအားထပ်ဆင့်ချီးမြှင့်ပေးအပ်ခြင်းကိုယနေ့နံက်၁၀၃၀နာရီတွင်မြို့နယ်ဥက္ကဌရုံး၌ကျင်းပပြီးစီးခဲ့ပါသည်။

Address

YGN-MDY Highway Road
Bago
6101,34

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09251098125

Website

Alerts

Be the first to know and let us send you an email when မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့-ပဲခူးမြို့နယ်စည်းရုံးရေးကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share