21/08/2026
ငြိမ်း(Shalom)ဖောင်ဒေးရှင်း ကြားဖြတ် ဘုတ်အဖွဲ့အစည်းအဝေးသို့
ပန်းပျိုးလက်ဆရာတော် တက်ရောက်..................................................................
ကျောက်တန်း၊ မေ (၂၄)
ငြိမ်း(Shalom)ဖောင်ဒေးရှင်း၏ ကြားဖြတ် အကြံပေးဘုတ်အဖွဲ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်က ရန်ကုန်မြို့၊ Marcure Hotel & Virtual Meeting တွင် ကျင်းပရာ အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပန်းပျိုးလက်ဆရာတော် ဒေါက်တာအရှင်ပညောဘာသ တက်ရောက်ခဲ့ပါသည်။
- ယခုအစည်းအဝေးသည် အကြံပေးဘုတ်အဖွဲ့ဝင်အချို့ အနားယူခြင်းနှင့် အဖွဲ့ဝင်အသစ်များ အစားထိုးခန့်အပ်ခြင်းကို အတည်ပြု ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။
- ငြိမ်း(Shalom)ဖောင်ဒေးရှင်းကို ၂၀၀၀ ခုနှစ် မေလ (၂၄) ရက်က စတင်ကာ ကချင်ခရစ်ယာန်ဘုန်းတော်ကြီး Rev. Dr. Saboi Jum က တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ဖောင်ဒေးရှင်းသည် ဝန်ထမ်း (၁၅၀) ကျော်ဖြင့် မြန်မာနိုင်၏ ငြိမ်းချမ်းရေးကိစ္စရပ်များအား အဓိကထား ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ Rev. Dr. Saboi Jum သည် ၂၀၁၇ ခုနှစ်က ဘုန်းတော်ဝင်စားခဲ့ပြီးဖြစ်သော်လည်း ဖောင်ဒေးရှင်းကို အကြံပေးဘုတ်အဖွဲ့ဝင် (၁၆) ဦးတို့၏လမ်းညွှန်အကြံပေးမှု၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။