Youth Against Dictatorship - Kachin

Youth Against Dictatorship - Kachin Non Profit Organization

ရေကြီးရေလျှံပြီးနောက် ကျန်းမာရေးအကြံပြုချက်က ဘာတွေလဲ။crd
02/07/2024

ရေကြီးရေလျှံပြီးနောက် ကျန်းမာရေးအကြံပြုချက်က ဘာတွေလဲ။

crd

ဂျူးခြောက်သန်းသေတဲ့အထိထိုင်ကြည့်နေခဲ့တဲ့ကမ္ဘာကြီးဆီကဘာတွေမျှော်လင့်နေတာလဲ ။ #သုခမိန်လှိုင်
11/10/2023

ဂျူးခြောက်သန်းသေတဲ့အထိ
ထိုင်ကြည့်နေခဲ့တဲ့ကမ္ဘာကြီးဆီက
ဘာတွေမျှော်လင့်နေတာလဲ ။

#သုခမိန်လှိုင်




ထာဝရ မဟာမိတ်စာချုပ်အား ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းသွားရန်နှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် KIO နှင့် PSLF သဘောတူ
28/05/2023

ထာဝရ မဟာမိတ်စာချုပ်အား ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းသွားရန်နှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် KIO နှင့် PSLF သဘောတူ

''ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) ကို ဂုဏ်ပြုလိုက်ပါသည်''တန်းတူညီမျှပြီး ပိုမိုကောင်းမွန်တိုးတက်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆေ...
01/05/2023

''ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) ကို ဂုဏ်ပြုလိုက်ပါသည်''

တန်းတူညီမျှပြီး ပိုမိုကောင်းမွန်တိုးတက်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရာတွင် ​ခေတ်အဆက်ဆက် အလုပ်သမားလှုပ်ရှားမှုများသည် ခွဲခြား ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Youth Against Dictatorship-Kachin (YADK)
အနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် လူမျိုးပေါင်းစုံအလုပ်သမားများ၏ လှုပ်ရှားမှုကို ဂုဏ်ပြုလိုက်ပါသည်။

 #ပဇီကြီးရွာ
12/04/2023

#ပဇီကြီးရွာ

ဗမာဖက်ဒရယ်ယူနစ် ■ ဗမာဖက်ဒရယ်ယူနစ်။ ။▂၁။ ဗမာဖက်ဒရယ်ယူနစ်ဆိုတဲ့ စကားလုံးကို ခပ်တွင်တွင် ပြောကြတာ ကြားရလား။ မကြားရပါဘူး။ မက...
07/04/2023

ဗမာဖက်ဒရယ်ယူနစ်

■ ဗမာဖက်ဒရယ်ယူနစ်။ ။

၁။ ဗမာဖက်ဒရယ်ယူနစ်ဆိုတဲ့ စကားလုံးကို ခပ်တွင်တွင် ပြောကြတာ ကြားရလား။ မကြားရပါဘူး။ မကြားရပါဘူး။ အခုတော့ ကြားရဖို့ — အရင်ဖတ်ရပါလိမ့်မယ်။
၂။ တကယ်တော့ ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာရေးဟာ – ဗမာမဟုတ်သောလူမျိုးစုတွေရဲ့ အထူး လိုလားချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးဟာ – အမြော်အမြင်ရှိတဲ့ ဗမာနိုင်ငံရေးသမားတွေရဲ့ လိုလားချက်လည်း ဖြစ်နေပါတယ်။
၃။ ဒီနေရာမှာ ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာရေးကို ဘယ်လို (How) လုပ်ရမလဲဆိုတဲ့ နည်းနာကို မပြောပါ။ ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်ဖို့ လိုတယ်ဆိုတဲ့ နိုင်ငံရေးဆန္ဒ (Political Will) အရင်ဆုံး ပေါ်ထွက်လာရေးကို ကနဦး ပြောတာ ဖြစ်ပါတယ်။
၄။ အထူးသဖြင့် (NUG) အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ခေါင်းဆောင် အားလုံးနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ ကိုယ်စားလှယ်အားလုံးဟာ - ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာရေးသည် အထူးအရေးကြီးကြောင်း ကာယကံမြောက် ထုတ်ဖော် ပြောဆိုကြဖို့ ဖြစ်ပါတယ်။ ဒီလို ပြောရဲသလား။ ဒီလို ပြောနိုင်သလား။
၅။ လူမျိုးစုတိုင်းရင်းသား အားလုံးဟာ – ဗမာခေါင်းဆောင်တွေရဲ့ နိုင်ငံရေးသဘောထားကို အချိန်တိုင်း အကဲခတ် စောင့်ကြည့် နားစွင့်နေကြတယ် ဆိုတာ မမေ့ပါနဲ့။ အားလုံးအတူတကွ ပေါင်းစည်းကြမယ့် ဖက်ဒရယ်အတွက် ရေပြင်ညီ ဖက်ဒရယ် ယူနစ်တွေကို အရင် တည်ဆောက်ရပါလိမ့်မယ်။ ဒါက ရေပြင်ညီဆိုတဲ့သဘောနော်။ Horizontal လို့ နားလည်နိုင်ပါတယ်။ ဒေါင်လိုက် မဟုတ်ပါ။ ဒေါင်လိုက် ဖွဲ့တည်ထားတဲ့ ဖက်ဒရယ်ယူနစ်တွေ မဟုတ်ပါ။ အားလုံး တစ်တန်းတစ်စားတည်း ရှိတဲ့ ဖက်ဒရယ်ယူနစ်တွေ ဖြစ်ပါတယ်။ အဲသည့်အထဲမှာ – ဝ ဒေသကိုလည်း ဝ ဖက်ဒရယ် ယူနစ်အဖြစ် တစ်တန်းတစ်စားတည်း သတ်မှတ်ရမှာတွေ ပါလာပါလိမ့်မယ်။
၆။ လက်ရှိ ဖက်ဒရယ်အရေးမှာ မဟာမိတ်အင်အားစု စုဖွဲ့ရေးမှာ — နိုင်ငံရေးသံသယ တချို့ ရှိနေပါတယ်။ အဲသည့်အထဲမှာ — ဗမာဖက်ဒရယ်ယူနစ် ဖွဲ့စည်းရဲသလားဆိုတဲ့ မေးခွန်းပါပါတယ်။ ဒါ့ကြောင့် — အန်ယူဂျီ (NUG) အနေနဲ့ အထက်စီးက နေဖို့ စိတ်မကူးပါနဲ့တော့။
ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးကို ကာယကံမြောက် ဖော်ထုတ်ပြသကြပါ။
အန်ယူဂျီ (NUG) ရဲ့ ကိုယ်စားပြုမှု တစ်ထစ်လျော့ပါ။
တစ်နိုင်ငံလုံး အနေနဲ့ ဇွတ်အတင်း အစိုးရ မလုပ်ချင်ပါနဲ့။
ဗမာဖက်ဒရယ်ယူနစ်ရဲ့ ဗမာဖက်ဒရယ်အစိုးရ အဖြစ်သာ ကိုယ်စားပြုပါ။
ဗမာဖက်ဒရယ်ယူနစ်လည်း ပေါ်ပေါက်လာမယ်။
အန်ယူဂျီ (NUG) ရဲ့ ကိုယ်စားပြုမှုကိုလည်း ဗမာဖက်ဒရယ်ယူနစ်နဲ့ တစ်ထပ်တည်း ပုံပြုလိုက်မယ်ဆိုရင်၊ Horizontal Federal Unit Structure ကို တည်ဆောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
၇။ အဲသည့်နေရာမှာ သတိချပ်ဖို့ လိုတာက — အန်ယူဂျီ (NUG)အနေနဲ့ ငါတို့ဟာ နွေဦးတော်လှန်ရေးထဲက အဓိက နိုင်ငံရေးအင်အားစုကြီး တစ်ခုသာ ဖြစ်တယ်။ ငါတို့ဟာ တစ်နိုင်ငံလုံးရဲ့ အထက်စီး / အပေါ်စီးက ထိပ်ပိုင်းအစိုးရ ဖြစ်တယ် — ဆိုတဲ့ ဉာဉ်ကို ချက်ချင်း ဖျောက်ပစ်လိုက်ဖို့ပါပဲ။
အန်ယူဂျီ (NUG) အနေနဲ့ ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးကို အဓိက ဦးဆောင်ပြီး၊ ဗမာဖက်ဒရယ်အစိုးရအဖြစ်သာ — ကိုယ်စားပြု ပါဝင်ပါ။ ထို့နောက် အားလုံး တန်းတူညီသော ဖက်ဒရယ်အစိုးရများ စုပေါင်းပြီးတော့ — ကိုယ့်နယ်မှာ ကိုယ်မလိုလားတဲ့ စစ်ခွေးတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရှင်းထုတ်လိုက်ပါတော့။

မင်းသေ့
နေ့လယ် ၁၁း၅၁
၆ - ဧပြီ - ၂၀၂၃

မှတ်ချက်။ ။
Facebook က ဒီပို့စ်ကို reach restrict လုပ်ထားတယ်။ အရင်နေ့ကလည်း ဗမာအကြောင်း ဆောင်းပါးတို ဖြုတ်ချ ခံထားရတယ်။ အကယ်၍ ဒီအာဘော်ကို ပြန့်စေချင်ရင် -- ပုံနဲ့ စာကို ကော်ပီယူပြီး ကူးတင်ကြပါ။ (ခွင့်ပြုချက် တကူးတက တောင်းရန် မလို)

ပုံအညွှန်း စာ --။

ဒါက ကျနော့်စိတ်ကူးနဲ့ မြင်သာအောင် --- topography map အပေါ်မှာ အခြေပြုပြီးတော့ မြေပြန့်ဖြစ်တဲ့ ဒေသတွေကို အကြမ်း ဝိုင်းပြထားတာပါ။ စစ်ရေးမြေပုံ၊ နိုင်ငံရေးမြေပုံ၊ လူမျိုးစု မြေပုံ၊ ဘာသာစကား မြေပုံ --- မဟုတ်ပါဘူး။

Crd:

62 Ning Hpring Rawt Malan Masat Ninghtoi (၆၂) နှစ်ပြည့်ကချင်တော်လှန်ရေးနေ့ 🇧🇫🇧🇫..... 62nd Kachin Revolution Day ...... ....
05/02/2023

62 Ning Hpring Rawt Malan Masat Ninghtoi
(၆၂) နှစ်ပြည့်ကချင်တော်လှန်ရေးနေ့ 🇧🇫🇧🇫
..... 62nd Kachin Revolution Day ......
...... ဖေဖော်ဝါရီ ၅ ရက် ..........

၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည် ပင်လုံမြို့တွင် တရားမျှတပြီး လူမျိုးများကြား တန်းတူညီမျှမှုကိုအခြခံတဲ့ လွတ်လပ်တဲ့ ပြည်ထောင်စုနိုင်ငံတော်သစ်ကို တည်ထောင်ရန်အတွက် ချုပ်ဆိုခဲ့သော ''ပင်လုံစာချုပ်'' ပါ ကတိကဝတ်များ ချိုးဖောက်ခံခဲ့ရသောကြောင့် မိမိတို့အမျိုးသား လွတ်မြောက်ရေးနှင့် တန်းတူအခွင့်အရေး၊ ဖက်ဒရာယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ စတင်ခဲ့သော ကချင် တော်လှန်ရေးသည် (၆၂) နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

ယနေ့ ၂၁ ရာစု မြန်မာ့ နွေဦးတော်လှန် ရေးအထိလည်း တစ်တိုင်းပြည်လုံးရှိ အဖိနှိိပ်ခံတိုင်းရင်းသားပြည်သူလူထုအသီးသီးနှင့်အတူ အရေးကြုံလာတိုင်းလည်း ကချင်အမျိုးသားတစ်ရပ်လုံးနှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့သည် အတူတကွ ပူးပေါင်းကာ တိုက်ပွဲဝင်လျက်ရှိသည်။

၆၂ နှစ်လုံးလုံး ကချင့်တော်လှန်ရေး ခရီးလမ်းတွင် မဟာလူမျိုးကြီးဝါဒကျင့်သုံးတဲ့ အစိုးရနှင့် ဖက်ဆစ်စရိုက်လက္ခဏာအပြည့်ရှိတဲ့ ဖိနှိပ်ကြမ်းကြုတ်လှတဲ့ စစ်အာဏာရှင်အစိုးရအဆက်ဆက်ကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ခက်ထန် ကြမ်းတမ်းလှတဲ့ အမျိုးသားတော်လှန်ရေးကာလ တစ်လျှောက် အသက်၊ သွေး၊ချွေး၊ ဘဝများ ပေးအပ်ကာ တိုက်ပွဲဝင်ခဲ့ တိုက်ပွဲဝင်နေကြသော ကချင်အမျိုးသားပြည်သူ အယောက်စီတိုင်းနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်သား အာဇာနည်အပေါင်းတို့အား ဦးညွတ်ဂုဏ်ပြုပါသည်။

ကချင့် ကံကြမ္မာကို ကချင်တွေ လွတ်လပ်စွာ ဆက်လက်ထုဆစ်နိုင်ပါစေ !

ကချင်အမျိုးသားများလွတ်မြောက်ပါစေ !

ကချင့်တော်လှန်ရေးအဓွန့်ရှည်ပါစေ!


တွင်းထွက်သယံဇာတ ပေါကြွယ်ဝသည့် မြန်မာပြည် (Mineral Deposits of Myanmar)1. Mineral UBelt (တွင်းထွက်ရပ်၀န်းများ)a. Tin-Tung...
02/12/2022

တွင်းထွက်သယံဇာတ ပေါကြွယ်ဝသည့် မြန်မာပြည် (Mineral Deposits of Myanmar)

1. Mineral UBelt (တွင်းထွက်ရပ်၀န်းများ)

a. Tin-Tungsten Belt (ခဲမဖြူ - အဖြိုက်နက်ရပ်၀န်း)
b. Antimony Belt (ခနောက်စိမ်းရပ်၀န်း)
c. Lead-Zinc-Silver-Copper Belt (ခဲ၊သွပ်၊ငွေ နှင့် ကြေးနီရပ်၀န်း)
d. Gold-Copper-Iron Belt (ရွှေ၊ကြေးနီနှင့်သံရပ်၀န်း)
e. Nickle-Chromite-Copper-Gold Platinum Belt (နီကယ်၊ခရိုမိုက်၊ကြေးနီနှင့်ရွှေရပ်၀န်း)
f. Iron-Manganese Belt (သံနှင့်မင်းဂနီးစ်ရပ်၀န်း)
g. The Precious Stone Belt (အဖိုးတန်ကျောက်မျက်ရပ်၀န်း)
h. Oil - Gas and Coal Belt (ရေနံသဘာ၀ဓါတ်ငွေ့နှင့်ကျောက်မီးသွေးရပ်၀န်း)

2. Fuel Mineral (လောင်စာတွင်းထွက်)

a. Oil and Natural Gas (ရေနံနှင့်သဘာ၀ဓါတ်ငွေ့)
b. Oil Shale (ရေနံယှေလကျောက်)
c. Coal (ကျောက်မီးသွေး)
d. Peat (သစ်ဆွေးမြေ)
e. Nuclear Fuels (အနုမြူလောင်စာ)

3. Metallic Mineral (သတ္တုတွင်းထွက်)

a. Iron and Metal for Steel Alloys
(သံနှင့်သံမဏိစပ်သတ္တုများ)

i. Iron (သံ)
ii. Manganese (မင်းဂနီးစ်)
iii. Chromite (ခရိုမိုက်)
iv. Nickel (နီကယ်)
v. Cobalt (ကိုဘော့စ်)
vi. Molybdenum (မိုလစ်ဒီနမ်)

b. Base and non-ferrous metals
(သံမဟုတ်သောအခြေခံသတ္တုများ)

i. Antimony (ခနောက်စိမ်း)
ii. Arsenic (အဆိပ်စိန်)
iii. Bismuth (ဘက်စ်မတ်)
iv. Mercury and Cadmium (ပြဒါးနှင့်
v. Lead and Zinc (ခဲ နှင့် သွပ်)
vi. Copper (ကြေးနီ)
vii. Tin and Tungsten (ခဲမဖြူ သို့ သံဖြူ နှင့် အဖြိုက်နက် သို့ တန်စတင်)
viii. Titanium (တိုက်တေနီယမ်)

c. Light Metal (အပေါ့စားသတ္တုများ)

i. Aluminum (ဒန်)
ii. Magnesium (မဂ္ဂနီဆီယမ်)
iii. Lithium (လက်တီယမ်)
iv. Beryllium (ဘေယီလီယမ်)

d. Precious and rare metals

(အဖိုးတန်နှင့်ရှားပါးသတ္တုများ)
i. Platinum (ပလက်တီနမ်)
ii. Gold (ရွှေ)
iii. Silver (ငွေ)
iv. Rare Earth (ရှားပါးသတ္တု)

4. Industrial minerals and non-metallic raw materials (စက်မှုတွင်းထွက်များနှင့်သတ္တုမဟုတ်သောကုန်ကြမ်းပစ္စည်းများ)

a. Chemical and fertilizer minerals
(ဓာတုနှင့်မြေသြဇာတွင်းထွက်များ)
i. Alum (ကျောက်ချဉ်)
ii. Barite (ဘေရိုတ်တီ)
iii. Fluorite (ဖလူအိုရိုက်)
iv. Gypsum (ဂေါ်ဒန်)
v. Phosphorite (ဖော့စဖိတ်)
vi. Potash (ပိုတက်စီယမ်)
vii. Sulphur and Pyrite (ကန့်နှင့်ဗဟန်း)
viii. Rock Salt (ဆားခဲ)

b. Ceramic and refractory minerals (ကြွေထည်မြေထည်နှင့်အပူခံတွင်းထွက်များ)

i. Fire Clay (မီးခံမြေစေး)
ii. Ball Clay (မြေစေးလုံး)
iii. Kaolin and Pottery Clay (မြေစေးဖြူ နှင့် အိုးဖုတ်ရွှံ့)
iv. Industrial Clay (ရွှံ့စေးဖြူ)
v. Dolomite (ဒိုလိုမိုက်)
vi. Feldspar (ကြွေကျောက်)
vii. Kyanite (ကြာနိုက်)
viii. Quartz (သလင်း)
ix. Glass Sand (ဖန်ချက်သဲ)

c. Other industrial minerals (အခြားစက်မှုကုန်ကြမ်းသုံးတွင်းထွက်များ)

i. Asbestos (ကျောက်ဂွမ်း)
ii. Benonite (မြေဖယောင်း)
iii. Graphite (ဂရပ်ဖိုက်)
iv. Mica (လကြေး)
v. Ochre (မြေနီ-မြေဝါ)
vi. Talc (ကံကူဆန်)
vii. Steatite or Soapstone
viii. Corundum (ကိုရမ်ဒမ်)

d. Construction and building materials (ဆောက်လုပ်ရေးနှင့်တည်ဆောက်ရေးပစ္စည်းများ)

i. Dimension and facing stones or Decorative Stone (အရွယ်ညီကျောက်နှင့်မျက်နှာစာကျောက် သို့ အလှဆင်ကျောက်)
ii. Limestone for cement (ဘိလပ်မြေထုံးကျောက်)
iii. Laterite (ဂဝံကျောက်)
iv. Tuff (ချော်မှုန့်ကျောက် မီးတောင်ပြာ)
v. Sand and Gravel (သဲနှင့်ကျောက်စရစ်)

5. Precious and semi-precious Stones (အဖိုးတန်နှင့်တန်ဖိုးရှိကျောက်မျက်များ)

6. Thermal Springs (ရေပူစမ်းများ)

Source: Atlas of Mineral Resources of the ESCAP REGION Volume 12 (Geology and Mineral Resources of Myanmar, United Nations, 1996) and Mineral Occurrence of Myanmar, DGSE 2013) မှ မှီငြမ်းထားပါတယ်။

Credit: Department of Geological Survey and Mineral Exploration

Credit to U MG Mining

03/11/2022

ကွတ်ခိုင်မြို့က KBC၏ KTCကောလိပ်တွင် ဖက်ဆစ်စစတ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်၍ ကျောင်းသားများ ထိခိုက်မှုရှိကြောင်း သိရှိရ။

Kuthkai KTC Chyum Jawng Wang kaw Myen hpyen dap gap ai myawk si kaba hkrat nna marai masum hkra ai nga na lu ai.

"အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ" - ဗိုလ်ချုပ်ဂွမ်မော်ကချင်...
26/10/2022

"အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ"

- ဗိုလ်ချုပ်ဂွမ်မော်
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)

ကေအိုင်အို(KIO)ဗဟိုကော်မတီ သဘောထားထုတ်ပြန်ချက်၂၅-၁၀-၂၀၂၂KIO Ginjaw Komiti Ndau Shabra Laika25-10-2022
25/10/2022

ကေအိုင်အို(KIO)ဗဟိုကော်မတီ သဘောထားထုတ်ပြန်ချက်
၂၅-၁၀-၂၀၂၂

KIO Ginjaw Komiti Ndau Shabra Laika
25-10-2022

(47) Ning na Share Shagan Masat Nhtoi''ကချင်အာဇာနည်နေ့''47 th Kachin Martyrs’ Day10 August 2022ကချင်အာဇာနည်နေ့သမိုင်းအကျ...
10/08/2022

(47) Ning na Share Shagan Masat Nhtoi
''ကချင်အာဇာနည်နေ့''
47 th Kachin Martyrs’ Day
10 August 2022

ကချင်အာဇာနည်နေ့သမိုင်းအကျဥ်း -
ကချင်လွတ်လပ်ရေးတပ်မတော်/ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO/KIA အဖွဲ့အစည်းတည်ထောင်ရာတွင် စတင်ဦးဆောင်ခဲ့သော ခေါင်းဆောင်များဖြစ်ကြသည့် - ဥက္ကဌစစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC- Lahtaw Zau Seng၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် VCS Lahtaw Zau Tu၊ KIO အထွေထွေအတွင်းရေးမှူး Salang Kaba Pungshwi Zau Seng၊ KIA တပ်မဟာ(၄)၏တပ်မဟာမှူး ဗိုလ်မှူးကြီး Lahtaw Zau Dan တို့သည် ၁၉၇၅ ခုနှစ်အစောပိုင်းကာလများအတွင်း လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။

၁၉၇၅ ခုနှစ် မတ်လ (၁) ရက်နေ့တွင် - ဗိုလ်မှူးကြီး Lahtaw Zau Dan မှ စစ်သည်အနည်းငယ်နှင့်အတူခရီးနှင်နေစဉ် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဖက်ကာ၊ မုန်းမော‌ဒေသ၊ နမ့်ဟိုင်တွင် ရန်သူတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ကာ ကျဆုံးခဲ့သည်။ ထို့နောက် ၁၉၇၅ ဩဂုတ်လ (၆) ရက်နေ့တွင် - တော်လှန်ရေးအတွက် လိုအပ်သောလက်နက်၊ ခဲ၊ ယမ်းများအတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့သွားရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံနယ်စပ်မှစခန်းချရာ Htam Ngop စခန်းသို့ ဦးစွာပြန်ရောက်ရှိခဲ့သော ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် VCS Lahtaw Zau Tu၊ KIO အထွေထွေအတွင်းရေးမှူး Salang Kaba Pungshwi Zau Seng တို့နှစ်ဦး ဦးစွာလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထိုလုပ်ကြံသတ်ဖြတ်ခံရခြင်းကို ဆက်သွယ်ရေးအခက်အခဲ‌ကြောင့် သတင်းမရရှိ‌ရာမှ ၁၉၇၅ ဩဂုတ်လ (၁၀) ရက်နေ့တွင် Htam Ngop စခန်းသို့ ဥက္ကဌစစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC- Lahtaw Zau Seng ပြန်ရောက်လာသောအခါ ရန်သူတို့၏လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါသည်။

မလိုမုန်းထားသူ ရန်သူတို့ဘက်မှ ကချင်တို့၏တော်လှန်ရေးခရီးစဉ်အား မှေးမှိန်ပျောက်ကွယ်စေလိုသောကြောင့် အဓိကခေါင်းဆောင်ကြီးများအား အစီအစဉ်တကျ သပ်လျှိုလုပ်ကြံခဲ့ကြခြင်းဖြစ်သည်။ ယခုကဲ့သို့ ကချင်တော်လှန်ရေးခေါင်းဆောင်ကြီးများလုပ်ကြံသတ်ဖြတ်ခံရခြင်းသည် ကချင်ပြည်သူလူထုတစ်ရပ်လုံးအတွက် ကြီးမားသောဆုံးရှုံးနစ်နာမှုတစ်ရပ် ဖြစ်ခဲ့သည်။

ထို့ကြောင့် တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား အမှူးထား၍၊ ကချင်တော်လှန်ရေးခရီးကြမ်းတစ်လျှောက် တော်လှန်ရေးအာဇာနည်များအား ဂုဏ်ပြုသောအားဖြင့်၊ ၁၉၇၅ ခုနှစ်မှ စတင်ကာ၊ ဩဂုတ်လ (၁၀) ရက်နေ့အား ကချင့်အာဇာနည်နေ့ Share Shagan Nhtoi အဖြစ်သတ်မှတ်ဂါရဝပြုရခြင်းဖြစ်ပါသည်။

Address

Banmaw

Website

Alerts

Be the first to know and let us send you an email when Youth Against Dictatorship - Kachin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Youth Against Dictatorship - Kachin:

Share