04/06/2026
မင်္ဂလာပါခင်ဗျာ။
ကျွန်တော်တို့ Pageမှ မဖြစ်မနေ သတိပေးရမယ့်ကိစ္စဖြစ်လို့ သတိပေးရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့အဖွဲ့ စထောင်ချိန်မှစ၍ ယခု တစ်နှစ်ကျော်သည်အထိ Wave acc ၅ခုနှင့် K Pay acc ၃ခု Banခံရပါတယ်ခင်ဗျာ။ ထိုသို့ဘန်းခံရတိုင်း ငွေပမာဏ သိန်းရာချီ၍ ဆုံးရှုံးခဲ့ရပါတယ်။ ယခု Wave Pay acc မပျက်ခင် သတိထားမိသည်မှာ Pageသို့ လာရောက်ပြီး ကျည်ဖိုးလှူချင်ပါသည်ဟု ဆိုကာ မြန်မာငွေ ၁၀,၀၀၀ကျပ် လှူဒါန်းသွားသူ Fake accတစ်ခုကို ပူးတွဲတင်ပြလိုက်ပါသည်။ မိမိတို့သည် တော်လှန်ရေးအား အားပေးခြင်းမပြုလိုပါက မပြုဘဲ မျက်ကွယ်ပြု ဥပက္ခာပေးထားလို့ရပါသည်။ ယခုကဲ့သို့ ဖျက်လိုဖျက်စီး ပြုလုပ်ခြင်းဖြင့် ကျွန်တော်တို့ အဖွဲ့အစည်းသည် ပျက်စီး ယိုယွင်းမသွားသလို ပြည်သူတို့၏ ဂရုဏာဖြစ်ခြင်းကို ပို၍ရမည်ဖြစ်ပါသည်။
#အရေးတော်ပုံဧကန်မုချအောင်တော့မည်