EduAid Community Library

EduAid Community Library Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EduAid Community Library, Library, Pyidawtha , Hakha, Chin State, Chin State.

ခေါင်းမရှောင်တဲ့ခေါင်းဆောင်ကောင်းဖြစ်ဖို့ဘာတွေလေ့လာသင်ယူသင့်သလဲဆိုတာကိုနာမည်ကျော်စာရေးဆရာ Brian Tracy ရဲ့"How the Best L...
05/02/2024

ခေါင်းမရှောင်တဲ့ခေါင်းဆောင်ကောင်းဖြစ်ဖို့
ဘာတွေလေ့လာသင်ယူသင့်သလဲဆိုတာကို
နာမည်ကျော်စာရေးဆရာ Brian Tracy ရဲ့
"How the Best Leaders Lead" မှာ
ကွက်ကွက်ကွင်းကွင်းတွေ့မြင်ရမှာဖြစ်ပါတယ်

ခေါင်းဆောင်ကောင်းတွေ ဘယ်လိုဦးဆောင်သလဲဆိုတဲ့
အချက် ၁၀ ချက်တွေကတော...

1. Vision and Purpose
ခေါင်းဆောင်ကောင်းမှာ ရှင်းလင်းပြတ်သားတဲ့ အမြော်အမြင်နဲ့ ဦးတည်ချက်ရှိကိုရှိရပါတယ်
ကိုယ့်အတွက်သာမက အဖွဲ့အစည်းအတိုင်းအတာနဲ့
ရည်မှန်းချက်ရေးဆွဲနိုင်ရပါမယ်
ကိုယ်တွေဟာ ဘယ်ကိုဦးတည်နေသလဲဆိုတာသိပြီး
လုပ်ဖော်ကိုင်ဖက်တွေကိုပါမျှဝေပေးရပါမယ်

2. Continuous Learning
အောင်မြင်တဲ့ခေါင်းဆောင်ဆိုတာ
စဉ်ဆက်မပြတ်သင်ယူလိုစိတ်ရှိရပါမယ်
ထင်မှတ်မထားတဲ့ အကွေ့အကောက်တွေအတွက်
အသိပညာတိုးရုံသာမက စွမ်းဆောင်ရည်ကိုပါ
မြှင့်တင်လိုစိတ်ရှိရပါမယ်

3. Effective Communication
ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့
အခြေခံအကျဆုံးစွမ်းရည်ဟာ
အခြားသူကို ဘယ်လိုဆက်ဆံပြောဆိုသလဲဆိုတာပါ
တိကျပြတ်သားပြီး အပြုသဘောဆောင်စွာနဲ့
ဆက်ဆံပြောဆိုတတ်ခြင်းနဲ့ပဲ
အဖွဲ့သားအားလုံးကိုခွန်အားရစေတာပါပဲ

4. Building Relationships
အချိတ်အဆက်မိမိနဲ့ ကိုယ့်အဖွဲ့သားတွေကို
အားပေးဖေးမပြီး ပျိုးထောင်ပေးတတ်တဲ့
ခေါင်းဆောင်ကသာ ခေါင်းဆောင်ကောင်းပါ
ပူးပေါင်းဆောင်ရွက်တတ်အောင်စံနမူနာအဖြစ်
ရပ်တည်ပေးဖို့ကြိုးစားရမှာပါ

5. Decision-Making
အချိန်နဲ့တပြေးညီ တိကျထိမိတဲ့ဆုံးဖြတ်ချက်မချနိုင်ရင်
ခေါင်းဆောင်ကောင်းမပီသပါဘူး
လိုအပ်တဲ့သတင်းအချက်အလက်တွေစု
အဖွဲ့သားတွေရဲ့ထင်မြင်သုံးသပ်ချက်ကိုအလေးထား
စိန်ခေါ်မှုတွေအတွက်အသင့်ပြင်ရင်း
ခိုင်မာတဲ့ဆုံးဖြတ်ချက်ချနိုင်ပါစေ

6. Accountability
ခေါင်းဆောင်ကောင်းဆိုတာ
အဖွဲ့အစည်းတစ်ခုလုံးအတွက်
တာဝန်ယူလိုစိတ်နှင့်တာဝန်ခံလိုစိတ်အပြည့်ရှိပါတယ်
ဘယ်လမ်းကိုဦးတည်ပြီး
ဘယ်လိုအကောင်အထည်ဖော်ကြမယ်ဆိုတာကို
ပြသပြီးတဲ့အပြင် လုပ်ဆောင်ချက်တွေအတွက်
ပြန်လည်သုံးသပ်ပေးတတ်ပါတယ်

7. Emotional Intelligence
စိတ်ဓာ်တ်ပိုင်းဆိုင်ရာ လူရာဝင်တာလူတိုငါးမလုပ်နိုင်ဘူး
ဘွဲ့တွေ ဂုဏ်ထူးတွေလောက်နဲ့ အများနဲ့အဆင်မပြေပ့ဘူး
တစ်ပါးသူရဲ့စိတ်ခံစားမှုနဲ့ သူများနဲ့ခိုင်မာတဲ့
ပတ်သက်မှုတည်ဆောက်ဖို့ သာမန်ဉာဏ်ရည်နဲ့မရပါဘူး
စိတ်ဓာန်ပြည့်ဝစွာနဲ့ စီမံခန့်ခွဲတတ်ဖို့လိုပါတယ်

8. Adaptability
အစစအရာရာမှာ အလိုက်သင့်စွာပြောင်းလဲနိုင်ဖို့ဆိုတာ
ခေါင်းဆောင်ကောင်းကမှလုပ်နိုင်တာပါ
ငါပြောတာနဲ့မှ ပွဲပြီးရမယ်ဆိုတဲ့အတ္တလွန်ကဲလို့မရဘူး
အခြေအနေ အချိန်အခါပေါ်မူတည်ပြီး
အလိုက်အထိုက်နေတတ်ဖို့ လိုအပ်ပါတယ်

9. Leading by Example
ခေါင်းဆောင်တစ်ယောကဟာ စံပြဖြစ်နေဖို့လိုတယ်
ငါပြောသလိုလုပ်...ငါလုပ်သလိုမလုပ်နဲ့^^ လို့မရဘူး
စံနမူနာဖြစ်ပြခြင်းနဲ့ အဖွဲ့သားတွေကိုဦးဆောင်ပါတယ်

10. Empowering Others
အခြားသူတွေရယ် အဖွဲ့သားတွေရယ်ကို
မြေတောင်မြှောက်ပေးပြီး
စွမ်းရည်မြင့်ဖို့ပျိုးထောင်တာဟာ
ခေါင်းဆောင်ကာင်းတစ်ယောက်ရဲ့လက္ခဏာပါ
ကိုယ်မပါဘဲ ခရီးပေါက်နိုင်အောင်
အစွမ်းအစတွေကို ဖော်ထုတ်ပေးပါတယ်

စာဖတ်သူရော ဘယ်လိုခေါင်းဆောင်မျိုးဖြစ်ချင်လဲ 🥰
အများအကျိုးသယ်ပိုးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ
ဖြစ်ရဖို့ဆုတောင်းပေးရင်း...

💛EduAid Family💛

နေ့စဉ်ရင်ဆိုင်ကြုံတွေ့ရတဲ့ပြောင်းလဲမှုတွေကြား ခံနိုင်ရည်ရှိပြီးအကြင်နာတရားတွေပျောက်ကွယ်မသွားစေဖို့ဘာတွေကိုဘယ်လိုလက်ခံရမယ...
29/01/2024

နေ့စဉ်ရင်ဆိုင်ကြုံတွေ့ရတဲ့
ပြောင်းလဲမှုတွေကြား ခံနိုင်ရည်ရှိပြီး
အကြင်နာတရားတွေပျောက်ကွယ်မသွားစေဖို့
ဘာတွေကိုဘယ်လိုလက်ခံရမယ်ဆိုတာသိချင်ရင်
Dr. Edith Eva Eger ရဲ့
"The Gift: 12 Lessons to Save Your Life"
ဆိုတဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံးစာအုပ်က
ထိရောက်စွာနဲ့ လမ်းညွှန်မှုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်

ဒီစာအုပ်ကနေရရှိတဲ့ အဓိကသင်ခန်းစာ ၁၀ခုကတော့

1. The Power of Choice
နေထိုင်ချင်စရာ အမြဲမကောင်းဘူးထင်ရတဲ့
ကမ္ဘာကြီးမှာ ရွေးချယ်စရာဆိုတာရှိကိုရှိပါတယ်
ကိုယ်ကသာ ရွေးချယ်လိုစိတ်မရှိတာရယ်
ရွေးချယ်ရဲတဲ့သတ္တိမရှိတာရယ်ကြောင့်သာ
မလိုချင်တဲ့ရလဒ်တွေကြား ရှင်သန်ရတာပါ
ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာ ရဲဝံ့စွာရပ်တည်ပါ
ကိုယ့်အနာဂတ်အတွက် ရွေးချယ်မှုမမှားဖို့
သိပ်ကိုအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့

2. Forgiveness is Liberating
ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ချစ်တာပါ
နာကြည်းမှုတွေနဲ့ဒေါသတွေကြား နစ်မြုပ်မသွားဖို့
ခွင့်လွှတ်တတ်အောင် ကျင့်ကြံပါ
ခွင့်လွှတ်ခြင်းဆိုတာ အကောင်းဆုံးသောအနိုင်ယူနည်းပါ
ခွင့်လွှတ်တတ်တဲ့အသက်တာနဲ့ လွတ်မြောက်မှုရရှိနိုင်ပါစေ

3. Resilience Can Be Cultivated
ခံနိုင်ရည်ရှိဖို့ဆိုတာ အပြောလွယ်သလောက်
လက်တွေ့အကောင်ထည်ဖော်ဖို့ သိပ်ခဲယဉ်းပါတယ်
ပန်းခင်းတဲ့ဘဝလမ်းမှမဟုတ်လေဘဲ
ခက်ခဲကြမ်းတမ်းမှုတွေကြားယိုင်လဲမသွားဖို့
တဖြည်းဖြည်းမွေးယူရမှာဖြစ်ပါတယ်

4. Live in the Present
အတိတ်ကနေရုန်းမထွက်နိုင်တာရယ်
အနာဂတ်အတွက်ကြိုတင်ပူပန်နေတာတွေက
ကိုယ့်ရဲ့အရည်အသွေးတိုးမြှင့်ဖို့
အဟန့်အတားဖြစ်စေတာမို့
ပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်ဖို့ အားခဲစေချင်တယ်

5. Self-Love and Self-Compassion
ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့နှင့်
ကိုယ့်ကိုယ်ကိုယ်ကြင်နာဖို့ဆိုတာ
ကိုယ်စိတ်နှစ်ပါးလုံးကျန်းမာဖို့ အဓိကသော့ချက်ဖြစ်ပါတယ်
ကိုယ့်ဖြစ်တည်မှုကို ကျေနပ်စွာလက်ခံတတ်ရင်
ဘဝတိုးတက်မှုအတွက် လမ်းကြောင်းမှန်ပေါ်ရောက်တာပါပဲ

6. The Power of Imagination
ပြောင်းလဲမှုတွေရယ်...အသွင်ပြောင်းမှုတွေရယ်ဖြစ်တည်ဖို့
စိတ်ကူးစိတ်သန်းကောင်းမွန်ဖို့လိုပါတယ်
အနာဂတ်ကို စိတ်ကူးဖော်နိုင်စွမ်းရှိရင်
အားစိုက်ထုတ်လိုစိတ်က အပိုဆုဖြစ်လာပါတယ်

7. Embrace Your Pain
နာကျင်မှုတွေဆိုတာ ရှောင်ချင်တိုင်းလွဲတာမှမဟုတ်ဘဲ
ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်စမ်းပါ
ရဲရဲကြီး ဖြေရှင်းလိုက်စမ်းပါ
ပြောင်းလဲမှုအသစ်အတွက် အားဆေးဖြစ်လာမှာပါ

8. The Impact of Trauma
စိတ်ဒဏ်ရာဆိုတာ တစ်သက်စာဖြစ်တတ်ပါတယ်
ဒါပေမယ့် အကောင်းဆုံးအသုံးချတတ်ရင်
သူမတူတဲ့...တစ်မူထူးခြားတဲ့
ရလဒ်သစ်ကို ယူဆောင်လာနိုင်ပါတယ်

9. Cultivate Empathy
ကိုယ်ချင်းစာစိတ်ဆိုတာ စာနာစိတ်ထက်ပိုလေးနက်ပါတယ်
ငါသူ သူ့နေရာမှာဆိုရင်^^ ဆိုတဲ့ကိုယ်ချင်းစာတရားဟာ
ကမ္ဘာကြီးကျန်းမာဖို့ ဆေးတစ်ခွက်ပါ 💊

10. Celebrate Life
ရခဲလှတဲ့လူ့ဘဝကို ပျော်ပျော်ကြီးဖက်တွယ်လိုက်စမ်းပါ
စက္ကန့်တိုင်း မိနစ်တိုင်းကိုတန်ဖိုးထားပါ
အတားအဆီးတွေရှိနေလည်း
အချိန်တိုင်းရဲ့တန်ဖိုးကို မလျော့ကျစေပါနဲ့
လူဖြစ်ကျိုးနပ်တယ်ဆိုတာ
ဘဝကိုအဓိပ္ပာယ်ရှိရှိ အသုံးချတတ်သူတွေပါ

ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးတည်ဆောက်ရင်း
အများအကျိုးကိုပါ သယ်ပိုးကြရအောင်ကြရအောင် ❣️

💛EduAid Family💛

လူပီသစွာနေထိုင်နိုင်ဖို့ အရာရာမှာ ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲဖို့လိုတယ်ဆိုတာကို ဘယ်သူငြင်းမလဲ 😎ကိုယ့်ဘဝကို ကိုယ်မှမကျောင...
22/01/2024

လူပီသစွာနေထိုင်နိုင်ဖို့ အရာရာမှာ
ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲဖို့လိုတယ်ဆိုတာကို
ဘယ်သူငြင်းမလဲ 😎
ကိုယ့်ဘဝကို ကိုယ်မှမကျောင်းရင်မရမှန်းသိရင်
Peter F. Drucker ရဲ့ Managing Oneself ကို
လက်မလွှတ်သင့်တော့ဘူးနော်❣️

ဒီစာအုပ်ထဲမှဘာတွေပြောထားလည်းကြည့်ကြရအောင်နော်...

1. Know your strengths and weaknesses
ကိုယ့်ရဲ့အားသာချက်နှင့်အားနည်းချက်ကိုသိတာဟာ
ဘဝအောင်မြင်မှုသော့ချက်တစ်ခုပါ...
ကိုယ်ဘယ်နေရာမှာအားသန်ပြီး
ဘယ်အပိုင်းမှာလိုအပ်နေလဲဆိုတာသိနေရင်
အလုပ်အကိုင်မှာသာမကဘဲ ဘက်ပေါင်းစုံမှာ
သတိကပ်ပြီးသားဖြစ်တာမို့
ကိုယ့်ကိုယ်ကိုယ်မညာတမ်းရှာဖွေပါ 💌

2. Set SMART goals
လူတိုင်းမှာဘဝပန်းတိုင်ကိုယ်စီရှိကြပေမယ့်
စိတ်ကူးယဉ်သိပ်ဆန်တဲ့ပန်းတိုင်မျိုးဖြစ်သွားခဲ့ရင်
ဘဝကဖရိုဖရဲသိပ်ဆန်မှာပါ
ဒါကြောင့်...
Specific- တိကျတဲ့ရည်မှန်းချက်ဖြစ်ရမယ်
Measurable- ကိုယ်ဘယ်လောက်ထိခရီးပေါက်တယ်ဆိုတာတိုင်းတာလို့ရရမယ်
Achievable- စိတ်ကူးယဉ်သက်သက်မဟုတ်ဘဲ လက်လှမ်းမီနိုင်တဲ့အရာဖြစ်ရမယ်
Relevant- ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ ဆက်စပ်မှုရှိကိုရှိရမယ်
Time-bound - ဘယ်အချိန်မှရောက်မယ်ဆိုတာမျိုးမဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုမှာဆွတ်ခူးနိုင်တဲ့အရာဖြစ်ရမယ်💌

3. Prioritize effectively
ဘဝမှာလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ ဒုနဲ့ဒေးနဲ့ရှိကြမှာပါ...
ဒါတွေကို နံပါတ်စဉ်မတပ်တတ်ရင်
အောင်မြင်စွာနဲ့ပြီးမြောက်နိုင်ဖို့မလွယ်ပါဘူး
အဓိကနဲသာမညခွဲခြားတတ်ခြင်းဟာ
လူပီသဖို့သော့ချက်တစ်ခုဖြစ်ပါတယ်💌

4. Manage your time wisely
အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ဖို့လူတိုင်းတတ်နိုင်တာမဟုတ်ပါဘူး
အချိန်တွေဆွဲရင်းအောင်မြင်မှုနဲ့အလှမ်းဝေးတတ်ကြတာမို့
အချိန်ကို ကျိုးကြောင်းဆီလျော်စွာအသုံးချတတ်အောင်ကြိုးစားပါ💌

5. Take care of your physical and mental health
ကိုယ်စိတ်နှစ်ပါးစလုံးကျန်းမာဖို့ဆိုတာ
လွယ်ကူမှာမဟုတ်ပေမယ့် ကျင့်ပေးရမှာဖြစ်ပါတယ်
စိတ်ဖိစီးမှုတွေကိုဘယ်လိုကျော်လွှားမလဲ
စိတ်ချမ်းသာကိုယ်ကျန်းမာအောင်ကျင့်ကြံဖို့ဆိုတာ
တဖြည်းဖြည်းချင့်ကျင့်လို့ရတယ်ဆိုတာမမေ့ပါနဲ့💌

6. Build strong relationships
လူဆိုတာကျွန်းတစ်ခုလိုသီးသန့်ရပ်တည်လို့မရကြဘူး
ဘေးပတ်ဝန်းကျင်နဲ့ကင်းကွာလို့မရတာမို့
ကြုံလာမယ့်နေ့ရက်တွေမှာ အဆိုးအကောင်းဒွန်တွဲနေလည်း
အကောင်းဆုံးဖြည့်တွေးရင်း ချောမွေ့တဲ့ဆက်နွယ်မှုက်ို
အလေးပေးတည်ဆောက်ကြရအောင် 💌

7. Learn continuously
ကမ္ဘာကြီးမှာသင်ယူမှုဆိုတာ ဘက်ပေါင်းစုံကနေရှိနေတာမို့
အဆက်မပြတ်တဲ့သင်ယူနိုင်မှုဆိုတာ သိပ်ကိုအရေးပါပါတယ်
စာတွေဖတ်ပါ..သင်ယူပါ...စိန်ခေါ်မှုအသစ်တွေအတွက်
မမြဲအသင့်ရှိနေပါစေ 💌

8. Be adaptable and resilient
ဘဝမှာထင်မှမထားတဲ့အလှည့်အပြောင်းတွေဆိုတာကို
မကြုံချင်လည်းကြုံရမှာပဲမို့
ဘယ်လိုတွေခံယူရင်း ဘယ်သင်ခန်းစာကိုယူရင်း
အားသစ်လောင်းမလဲဆိုတာ ကိုယ်နဲ့ပဲသက်ဆိုင်တာမို့
အားယူရင်းအရာရာကို ရင်ဆိုင်တတ်အောင်ကြိုးစားစေချင်တယ် 💌

9. Celebrate your successes
ကိုယ့်ရဲ့အောင်မြင်မှုဟာ ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ
ဂုဏ်ယူဖို့ထိုက်တန်ပါတယ်...
ရှေ့ဆက်ရမယ့်ခရီးလမ်းတွေမှာ ခွန်အားတိုးစေတဲ့အရာတွေမို့
ကိုယ့်ကိုယ်ကိုယ်ချီးမွမ်းတတ်ဖို့ လိုပါတယ် 💌

10. Be kind to yourself
လူတိုင်းမှားတတ်ကြပါတယ်
ဘဝမှာကိုယ်စီစဉ်တဲ့အတိုင်းအမြဲဖြစ်မလာတတ်ပါဘူး
အမှားမကင်းခဲ့ရင် မိမိကိုယ်မိမိခွင့်လွှတ်တတ်တဲ့အကျင့်
မွေးမြူတတ်ဖို့လိုပါတယ်
အဲ့အမှားတွေကနေလည်းသင်ခန်းစာယူတတ်ဖို့ မမေ့ပါနဲ့ 💌

ကိုယ့်ကိုယ်ကိုယ်ချစ်တာ အတ္တမဟုတ်ပါဘူး
ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်အစစ်က ဘုရားကလွဲရင်
ကိုယ်ကိုယ်တိုင်ပဲမို့ ကိုယ့်အတွက် ကိုယ်သာ
အရေးအကြီးဆုံးပါ ❣️

EduAid Family 💛

ပြောင်းလဲလို့မရတာတွေကိုမှဖက်တွယ်ပြီး ပူဆွေးနေရင် David Richo ရဲ့ The Five Things We Cannot Change: And the Happiness We ...
14/01/2024

ပြောင်းလဲလို့မရတာတွေကိုမှဖက်တွယ်ပြီး ပူဆွေးနေရင်
David Richo ရဲ့ The Five Things We Cannot Change: And the Happiness We Find by Embracing Them စာအုပ်ကိုမဖတ်လို့မဖြစ်တော့ဘူး...
မှတ်သားသင့်တဲ့ အချက် ၁၄ ချက်တောင်ပါပါတယ် 💌

1.Everything Changes and Ends

အရာရာမတည်မြဲတဲ့ လောကကြီးမှာ
ပြောင်းလဲမှုတွေရယ်...ပြီးဆုံးသွားမှုတွေရယ်ဆိုတာတွေကို
ရှောင်လွှဲမရတာမို့...အနိစ္စတရားကိုလက်ခံတတ်ရင်း
လက်ရှိအချိန်လေးကိုတန်ဖိုးထားတတ်ပါစေ

2. Things Don't Always Go According to Plan

ဘယ်အရာမှ ကိုယ့်အစီအစဉ်အတိုင်း
စနစ်ကျစွာနဲ့သွားလိမ့်မယ်လို့ မမျှော်လင့်ထားပါနဲ့
မထင်မှတ်တဲ့ အလှည့်ပြောင်းတွေကြုံရတာကလည်း
ဘဝရဲ့ အရသာတစ်ခုရယ်ပါ

3. Life Isn't Always Fair

"ဘာလို့ ငါ့ကျမှဒီလိုတွေဖြစ်ရတာလဲ" ဆိုပြီး
နာကျင်ဝမ်းနည်းချိန်တွေ ကြုံခဲ့ကြရတယ်မဟုတ်လား
တကယ်တော့ ဘဝကြီးကိုက ဘက်လိုက်တတ်ချိန်ရှိတာမို့
အမြဲတရားမယ် မျှော်လင့်ရင် ကိုယ်ပင်ပန်းတာပဲ အဖတ်တင်လိမ့်မယ်

4. Pain is Part of Life

လူပဲ...ဘယ်နာကျင်ချင်မလဲ
ပျော်ရွှင်မှုပဲရှာဖွေချင်ကြတာ သဘာဝကျပါတယ်
ဒါပေမယ့်... မမေ့စေချင်တာလေးတစ်ခုက
နာကျင်မှုဆိုတာ ဘဝရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတာပါပဲ

5. People Are Not Loving and Loyal All the Time

တန်ဖိုးသိပ်ကြီးမားတဲ့ ချစ်ခြင်းနှင့်သစ္စာတရားကို
လူတိုင်းစီမှာအချိန်တိုင်းတွေ့ရမယ်ထင်ရင်
သေချာပေါက်မှားသွားပါပြီ
ကိုယ်တိုင်ကနေစတင်ဖို့ပဲ ပြင်ဆင်ထားလိုက်ပါ

6. Develop Mindfulness and Compassion

ဆင်ခြင်တုံတရားရှိစွာနဲ့ ကြုံဆုံသမျှကိုလက်ခံတတ်တာ
ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ရာရောက်သလို
နားလည်မှုပေးနိုင်စွမ်းလည်း တိုးတက်လာပါမယ်

7. Seek Personal Growth and Transformation

ကြုံဆုံရတဲ့ပြဿနာတွေကြောင့်
နောက်တွန့်တာ မဟုတ်ရပါဘဲ
အခက်အခဲတွေကို ကိုယ်ပိုင်စွမ်းရည်မြှင့်တင်ဖို့အသုံးချလိုက်ပါ
အလွမ်းကိုတောင်အစွမ်းအဖြစ်ပြောင်းနိုင်ရင်
ကမ္ဘာကြီးကသိပ်လှတာပါဆို

8. Live with Gratitude and Appreciation

ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေကြားမှာ
ပျော်ရွှင်နိုင်အောင်နေထိုင်ဖို့ဆိုရင်
ကိုယ်ရရှိတဲ့ကောင်းချီးတိုင်းကို
သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ
တန်ဖိုးထားပြီးကျေးဇူးတင်တတ်ဖို့ လိုပါတယ်

9. Nurture Inner Strength and Resilience

ပြသနာဆိုတာရှောင်လွှဲလို့မရချိန်တွေရှိတတ်တာမို့
ကိုယ့်ရဲ့အတွင်းစိတ်ကို ပိုခံနိုင်ရည်ရှိအောင်
လေ့ကျင့်ပေးတတ်ရပါမယ်...
အဲ့လိုလေ့ကျင့်ပေးတာဟာ ယိုင်လဲမသွားနိုင်တဲ့စိတ်ရှိအောင်
ပျိုးထောင်ပေးရတာပါပဲ

10. Let Go of Controlling Others

ကိုယ် တခြားသူရဲ့အပြုအမူရော ခံစားချက်ရောပါ
ထိန်းချုပ်ချင်တယ်ဆိုရင် ပျော်ရွှင်ဖို့ဆိုတာ အလှမ်းဝေးပါတယ်...
ကိုယ့်ရဲ့ပြုမူနေထိုင်မှုကိုပဲ ဆင်ခြင်သုံးသပ်ရင်း
စိတ်ချမ်းသာတဲ့ ပတ်သက်မှုနယ်နိမိတ်တည်ဆောက်ပါ

11. Practice Authentic Communication

ဟန်ဆောင်မှုကင်းတဲ့ပတ်သက်မှုကို ကျင့်သုံးရင်း
ကိုယ့်ရဲ့ခံစားတတ်ကိုချပြတတ်အောင်ကြိုးစားပါ...
အတုအယောင်တွေဆိုတာ ဘယ်လောက်ခံမှာမို့လို့လဲ

12. Forgive Yourself and Others

နာကျင်မှုတွေကိုဆုပ်ကိုင်ထားရင် ကိုယ်ပဲအထိနာမှာပါ...
ခွင့်လွှတ်တတ်ဖို့နဲ့ခွင့်လွှတ်နိုင်ဖို့ကိုရွေးချယ်ရင်း ရှေ့ဆက်တတ်ပါစေ

13. Cherish Vulnerability and Connection

အားနည်းချက်တွေကို အပြစ်လို့မမြင်သရွေ့
အများနဲ့မိတ်ဖွဲ့ချိန်မှာ စိတ်ချမ်းသာနေမှာအမှန်ပါ...
ပျော့ကွက်ကိုလျော့ကွက်လို့မသတ်မှတ်လိုက်ပါနဲ့

14. Live a Life Aligned with Your Values

ကိုယ့်ရဲ့စစ်မှန်တဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့ဘဝမှာ
ရွေးချယ်နေထိုင်တတ်ဖို့ အရေးကြီးပါတယ်...
ကိုယ်ရည်မှန်းထားတာတွေပြည့်စုံဖို့သက်သက်နဲ့
ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့သိက္ခာကိုမချနင်းဖို့တော့ သတိရှိပါစေ

မပြောင်းလဲနိုင်တာတွေကို ပြောင်းလဲဖို့မကြိုးစားဘဲ
ကိုယ့်စိတ်သဘောထားနဲ့အတွေးအမြင်ကို
ပြောင်းလဲဖို့လိုအပ်တတ်တာမို့
ပျော်ရွှင်ပါစေဆန္ဒပြုရင်း...

EduAid Family 💛

(နံပါတ် ၁ ကနေ ၅ အထိက ကိုယ်တွေသွားပြောင်းလို့မရတာတွေဖြစ်ပြီး ၆ ကနေ ၁၄ ထိက အဲ့ဒါတွေအပေါ်မှာထားသင့်တဲ့စိတ်ထားကိုဖော်ပြတာဖြစ်တယ်)

၂၀၂၄ ကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းသွားမယ်လို့စိတ်ကူးထားရင် Jane B. Burka and Lenora M. Yuen  တို့ရဲ့ "Procrastination" ဆို...
10/01/2024

၂၀၂၄ ကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းသွားမယ်လို့
စိတ်ကူးထားရင် Jane B. Burka and Lenora M. Yuen
တို့ရဲ့ "Procrastination" ဆိုတဲ့စာအုပ်ကနေရရှိတဲ့
သင်ခန်းစာ ၁၀ခုကို လက်တွေ့အကောင်အထည်ဖော်ကြရအောင် 💌

အချိန်ဆွဲတတ်တာဟာ လူပျင်းတွေရဲ့လက္ခဏာပါ
ဒီနေ့ပြီးနိုင်တဲ့အလုပ်ကို နောက်နေ့တွက်ချန်ထားတာဟာမဖြစ်သင့်ပါဘူး...

1. Understand the root causes

တချို့လူတွေဟာ ကြောက်စိတ်ကြောင့်ပဲဖြစ်ဖြစ်, ပြီးပြည့်စုံစေလိုချင်လွန်းလို့ပဲဖြစ်ဖြစ်, စိတ်အားထက်သန်မှုနည်းလို့ပဲဖြစ်ဖြစ်, အချိန်စီမံခန့်ခွဲမှုညံ့လို့ပဲဖြစ်ဖြစ် အချိန်ဆွဲတတ်ကြပါတယ်...
ဘာကြောင့်အချိန်ဆွဲနေရတာလဲဆိုတဲ့အကြောင်းရင်းကိုအရင်ဆန်းစစ်ပါ!

2. Break tasks into manageable chunks

လုပ်ငန်းတာဝန်တစ်ခုခုကိုလုပ်ဆောင်ချိန်မှာ
အရမ်းတွေဝန်ပိနေရင် အချိန်ဆွဲတတ်တာမို့
ကိုယ်နိုင်သလောက်လေးနဲ့ ခွဲခြမ်းပြီးစတင်ပါ

3. Set clear goals and deadlines
ကိုယ့်ရဲ့ပန်းတိုင်ဟာ ဘာလဲ?
ပန်းတိုင်ရောက်ဖို့ တိကျတဲ့အချိန်တစ်ခုသတ်မှတ်ကြည့်ပါ
ဘယ်အချိန်ပြီးပြီးရတယ်ဆိုတဲ့စိတ်ကိုဖျောက်ဖို့လိုပါတယ်

4. Prioritize tasks

အဓိကနဲ့သာမညဆိုတာကို အရင်ခွဲပါ
ဘယ်တစ်ခုကအရင်ပြီးရမယ်ဆိုတဲ့
ဦးစားပေးစာရင်းထားတတ်ဖို့လိုပါတယ်

5. Overcome perfectionism

ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်ချင်လွန်းတဲ့သူတွေဟာ
မှားမှာကြောက်လွန်းတဲ့စိတ်ကြောင့် အချိန်ဆွဲတတ်ကြပါတယ်
တစ်ခါတလေမှာ "ဒီလောက်ဆိုအဆင်ပြေပါတယ်"ဆိုတဲ့
အတွေးနဲ့လည်း ရှေ့ဆက်ဖို့လိုတဲ့အချိန်ရှိပါတယ်

6. Develop effective time management skills

အချိန်ကို ထိထိရောက်ရောက်အသုံးချတတ်ဖို့သင်ယူပါ
မလိုအပ်တဲ့ စိတ်လေလွင့်မှုတွေကိုလျှော့ချတတ်ပါစေ
အချိန်နဲ့တပြေးညီ လုပ်သင့်လုပ်ထိုက်တာကို စာရင်းလုပ်ပါ

7. Utilize strategies to overcome resistance

အတိုက်အခံတွေကိုကျော်လွှားနိုင်ဖို့
တာဝန်တစ်ခုပြီးမြောက်ရင် ကိုယ့်ကိုယ်ကိုယ် ဆုချတာမျိုး
ရလဒ်ကောင်းတွေပုံဖော်တာမျိုးနဲ့ ရှေ့ဆက်ဖို့လိုပါတယ်
နောက်တွန့်သွားရင် အချိန်တွေပုပ်သွားမှာပေါ့

8. Cultivate self-compassion

အချိန်ဆွဲတတ်လွန်းရင် ကိုယ့်ကိုယ်ကိုယ်ကြင်နာဖို့နောက်ကျသွားနိုင်တယ်
ခွန်အားအပြည့်နဲ့ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ရင်
အချိန်ဆွဲဖို့မေ့သွားမှာပါ
အဲ့လိုဆိုရင် ဘဝကြီး ဦးမော့လာရုံပေါ့

9. Seek support when needed

လိုအပ်ရင်အကူအညီရှာဖွေတောင်းဆိုရတာကို
ရှက်စရာလို့မမြင်သင့်ပါဘူး
ဦးဆောင်လမ်းပြမှုနှင့်လမ်းညွှန်မှုတွေရရှိနိုင်ပြီး
တာဝန်ယူ တာဝန်ခံတတ်မှုကိုပါ စနစ်တကျ နားလည်နိုင်မှာပါ

10. Practice self-reflection and self-awareness

ကိုယ့်ကိုယ်ကိုယ်သုံးသပ်တတ်တာဟာ
တိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်ကျပါတယ်
ကိုယ့်ရဲ့ဖြစ်တည်မှုကိုသိရှိနားလည်ရင်
ကြုံတွေ့လာနိုင်တဲ့စိန်ခေါ်မှုတိုင်းအတွက်
အချိန်မဆွဲဘဲ အသင့်ရှိနေနိုင်မှာပါ

၂၀၂၄ ရဲ့မိနစ်စက္ကန့်တိုင်း တန်ဖိုးရှိနေပါစေ ❣️

💛 EduAid Family 💛

Hello!2024 New Year Resolutions ထဲမှာစာပိုဖတ်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး အားခဲနေပေမယ့်စာအုပ်စာပေကောင်းကောင်းဖတ်ဖို့ အခက...
06/01/2024

Hello!

2024 New Year Resolutions ထဲမှာ
စာပိုဖတ်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး အားခဲနေပေမယ့်
စာအုပ်စာပေကောင်းကောင်းဖတ်ဖို့ အခက်တွေ့နေရင်
ဒီ Page ကို သေချာပေါက် Like/ Follow လိုက်ပါ 😎
တစ်ပါတ်ကို စာအုပ်တစ်အုပ်နှုန်းနဲ့
အနှစ်ချုပ်သက်သက်တွေပဲ မြန်မာလိုတင်ပေးမှာမို့
စာအုပ်ကြီးကိုင်ပြီးဖတ်စရာ မလိုတော့ဘူးပေါ့...

တို့ရဲ့ 2024 New Year Resolution ကတော့
"လူသားဆန်တဲ့စိတ်ဓာတ်နဲ့နောင်တကင်းအောင်နေမယ်"
ချစ်တို့ရော ဘာတွေတွက် အားခဲနေလဲ 💌

With Love 💛

Bravin's Mom

ချစ်တို့ရေ,ဒီလိုကာလမှာ စာအုပ်ကောင်းကောင်းလေးတွေဖတ်သင့်တယ်ဆိုတာ သိတာပေါ့ 😊ဝယ်ဖို့ ပိုက်ပိုက်မှ မတတ်နိုင်တာ 🥺အဲ့ဒီအတွက် စိ...
02/09/2021

ချစ်တို့ရေ,
ဒီလိုကာလမှာ စာအုပ်ကောင်းကောင်းလေးတွေဖတ်သင့်တယ်ဆိုတာ သိတာပေါ့ 😊
ဝယ်ဖို့ ပိုက်ပိုက်မှ မတတ်နိုင်တာ 🥺

အဲ့ဒီအတွက် စိတ်မပူလိုက်ပါနဲ့ 😇
​ကလေးရော လူကြီးပါ အကြိုက်တွေ့မယ့် စာအုပ်ကောင်းတွေကို အခမဲ့ (အခမဲ့) ငှားပေးမှာပေါ့ 🥰
ပုံမရိုက်ထားတာတွေမှ တစ်ပုံကြီးနော် 📚

စာအုပ်ချစ်သူတွေ လုပ်ပေးရမှာကတော့
စာအုပ်လေးတွေကို တရိုတသေကိုင်တွယ်ပေးရုံပါပဲ ♥️
ရေစို စုတ်ပြဲတာမျိုးတွေဆိုရင်တော့ စာအုပ်တန်ဖိုးလေးတော့ ပြန်ပေးရမယ်နော် ☺️

ချစ်တဲ့

Bravin's Mom
💛👩‍👦💛

(Hakha မြို့တွင်းပဲနော် 😬)

This is our greatest pleasure to receive a series of Chicken Soup For the Soul book donation from AB Production (KHUAL A...
24/10/2020

This is our greatest pleasure to receive a series of Chicken Soup For the Soul book donation from AB Production (KHUAL Album) 😇💛😇

Hello!Stay at home meaninfully လို့ပြောပါရစေ 😊ကမ္ဘာ့ရောင်းအားအကောင်းဆုံးစာအုပ်တွေEduAid မှာရောက်ပြီနော် 😇ငှားရမ်းခက အခမဲ...
11/08/2020

Hello!
Stay at home meaninfully လို့ပြောပါရစေ 😊
ကမ္ဘာ့ရောင်းအားအကောင်းဆုံးစာအုပ်တွေ
EduAid မှာရောက်ပြီနော် 😇
ငှားရမ်းခက အခမဲ့နော် 💰❌
​လူငယ်တွေ စာကိုနာနာ​လေးဖတ်ကြစေလိုတဲ့ စေတနာနဲ့ပါ 🥰
eTekkatho MyLibrary ရဲ့ အဖိုးတန်လွန်းတဲ့ resource တွေကိုလည်း download လုပ်ကြဖို့ ဖိတ်ခေါ်ပါတယ် 📚📑

The EduAid Community Library has been moved to a more spacious room with free coffee & WiFi services. E-Library with ton...
26/10/2019

The EduAid Community Library has been moved to a more spacious room with free coffee & WiFi services.
E-Library with tons of resources is available here.

🏠Near B.E.H.S (3), Pyidawtha Block, Hakha

Address

Pyidawtha , Hakha, Chin State
Chin State

Telephone

+959400457039

Website

Alerts

Be the first to know and let us send you an email when EduAid Community Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category