Alintansarkyitike

Alintansarkyitike Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Alintansarkyitike, Library, Dagon.

"အိုဇာတာ ကောင်းလိုလျှင်" မာနများကို ခဝါချ ပြီးနူးညံ့မှုများနဲ့ အစားထိုးပါ။ ဆုပ်သောလက်များလွှတ်ချ ပြီးဖြန့်သောလက်ဖြင့်ကြိ...
05/05/2023

"အိုဇာတာ ကောင်းလိုလျှင်"

မာနများကို ခဝါချ ပြီး
နူးညံ့မှုများနဲ့ အစားထိုးပါ။

ဆုပ်သောလက်များလွှတ်ချ ပြီး
ဖြန့်သောလက်ဖြင့်ကြိုဆိုပါ။

အပိုကိစ္စလျှော့ချ ပြီး
ဘာသာရေးကို အလေးပေးဆောင်ရွက်ပါ။

တကိုယ်ကောင်းဆန်မှုကိုကျောခိုင်းပြီး
မျှတစိတ်ဖြင့် တည့်မတ်ပါ။

စွက်ဖက်မှုများ လစ်လျူ ရှုပြီး
စကားနည်း၍ တရားမြဲပေးပါ။

မျက်မှန်စိမ်းများခွါချ ပြီး
အကောင်းမြင်ရှုထောင့်မှ သုံးသပ်ပါ။

စိတ်ပင်ပန်းစေမယ့် အရာအားလုံးကို
ရဲဝံ့ခိုင်မာစွာ စွန့်လွှတ်ပါ။

ဟန်ဆောင်ခြင်းတွေ ဝေးကွာစေပြီး
လွတ်လပ်စွာ ပြုံးရွှင်ပါ။

တွန့်တိုမှုများ ချေဖျက်ပြီး
သဒ်ဓါတရားမြားစှာနဲ့ အသက်ရှင်ပါ။

အတိတ်ဟောင်းများ မေ့ပစ်ပြီး
အနာဂတ်ကောင်းကို မျက်နှာမူပါ။

ကုသိုလ်များနဲ့ခြုံလွှမ်းထားသော
ဘဝကို ကျေနပ်ပီတိဖြစ်ပေးပါ။

အကောင်းဆုံးကုသိုလ်ကို ပြန်တွေး၍
ကုသိုလ်သွေး နွေးပါစေ။

သို့မှ သာ
အိုပယ်ဘဝ မကျရောက်စေပဲ
အို ကြွယ် အလှများဖြင့်
ဘဝဆည်းဆာချိန်ကို ကျက်သရေရှိစွာ
တင့်တယ်လှပစေတော့မှာပါ။

credit:* #အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

🙏🙏🙏

စိတ်ထားလှအောင်အမြဲနေပါ။လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ်  ချောနေတယ်ဆိုရင် .....အဲ့ဒိ့လူက စိတ်ထားကော...
05/05/2023

စိတ်ထားလှအောင်အမြဲနေပါ။

လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ် ချောနေတယ်ဆိုရင် .....
အဲ့ဒိ့လူက စိတ်ထားကောင်းတယ်။
ဖြူစင်တယ်။ ရိုးသားတယ်။
ဘဝကိုပျော်ပျော်နေတတ်တယ်။ ပွင့်လင်တယ်။
အဓိက စိတ်ထားကောင်းပြီး စိတ်ကကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က ရုပ်ရည်ကိုပိုနုပျိုစေတာပါ။

ကိုယ်အသက်ထက်များစွာအရွယ်တင်ပြီး နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေမရှိဘူး။ သဘောကြတဲ့သူဆိုသဘောကြမယ်။သဘောမကျတဲ့သူဆိုဝေးဝေးကရှောင်လိုက်မယ်။ ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ မလိုလားကြဘူး။ ရယ်မောရင် အားရပါးရရယ်တတ်တယ်။
ရင့်ကျက်ပေမဲ့......တစ်ခါတစ်ရံကလေးဆန်တယ်။

တော်တော်များများအရွယ်တင်နုပျိုစေတဲ့သူတွေက စိတ်သဘောထားအင်မတန်ကောင်းတယ်။.
ပျော်ပျော်နေတတ်တာများပါတယ်။
အဲ့ဒိ့တော့..အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင်အမြဲနေပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Credit:မူရင်း

သက်တောင့် သက်သာ နေဖို့ဘယ်တော့မှ  မစဉ်းစားမိပါစေနဲ့...ဆန်အပြည့်ရှိနေတဲ့ အိုးထဲကိုရောက်နေတဲ့ ကြွက်ဟာဘဝရဲ့စည်းစိမ်ချမ်းသာတွ...
05/05/2023

သက်တောင့် သက်သာ နေဖို့
ဘယ်တော့မှ မစဉ်းစားမိပါစေနဲ့...

ဆန်အပြည့်ရှိနေတဲ့ အိုးထဲကို
ရောက်နေတဲ့ ကြွက်ဟာ
ဘဝရဲ့စည်းစိမ်ချမ်းသာတွေ အကုန်လုံးကို
ရရှိထားတယ်လို့ သူ့ကိုယ်သူယူဆပြီး
စားလိုက်သောက်လိုက်နဲ့
comfort zone ထဲမှာ ပျော်နေခဲ့တယ်လေ...

အိုးထဲကဆန်တွေအားလုံး
ကုန်သွားတဲ့အခါမှာတော့ ကြွက်ဟာအိုးထဲက
ထွက်နိုင်မယ့်နည်းလမ်းကို ရှာလို့မရတော့သလို
စားစရာလည်းမရှိတော့ပါဘူး..

အဲ့ဒီလိုပဲ အရွယ်ရှိတုန်း၊
အင်အားတွေရှိတုန်းမှာ မရုန်းကန်ခဲ့ရင်၊
စိန်ခေါ်မှုတွေကို မကျော်ဖြတ်ခဲ့ရင် ၊
သက်တောင့်သက်သာရှိတဲ့အခြေအနေထဲမှာ ကျေနပ်နေခဲ့ရင် နောက်ကျသွားတဲ့
တစ်နေ့မှာ comfort zone လို့ခေါ်တဲ့
ထောင်ချောက်ထဲမှာ နောင်တပေါင်းများစွာနဲ့
ကျန်ရစ်နေခဲ့ရလိမ့်မယ်နော်.....။

Crd by:မူရင်း

ဟ ဟ မလုပ်ပါနဲ့ သွသူနေပါစေ😁
01/05/2023

ဟ ဟ မလုပ်ပါနဲ့ သွသူနေပါစေ😁

ရ​ည်းစားဟောင်းများ ဒုက္ခရောက်ပါစေ...၊

သင်ဘာကိုလိုချင်နေတာလည်း???ရယူဖို့အတွက် သင်လိုချင်တဲ့အရာတွေကလည်း...သင့်ဆီရောက်လာဖို့အပြေးလာနေပါတယ်..သင်နဲ့မတွေ့သေးတာပါ......
01/05/2023

သင်ဘာကိုလိုချင်နေတာလည်း???
ရယူဖို့အတွက် သင်လိုချင်တဲ့အရာတွေကလည်း...
သင့်ဆီရောက်လာဖို့အပြေးလာနေပါတယ်..
သင်နဲ့မတွေ့သေးတာပါ...
အားမလျှော့လိုက်ပါနဲ့.....⭐⭐⭐

စိတ်ထားလှအောင်အမြဲနေပါ။🔸🔸🔸🔸🔸🔸🔸🔸လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ်  ချောနေတယ်ဆိုရင် .....အဲ့ဒိ့လူက စိ...
01/05/2023

စိတ်ထားလှအောင်အမြဲနေပါ။
🔸🔸🔸🔸🔸🔸🔸🔸
လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ် ချောနေတယ်ဆိုရင် .....
အဲ့ဒိ့လူက စိတ်ထားကောင်းတယ်။
ဖြူစင်တယ်။ ရိုးသားတယ်။
ဘဝကိုပျော်ပျော်နေတတ်တယ်။ ပွင့်လင်တယ်။
အဓိက စိတ်ထားကောင်းပြီး စိတ်ကကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က ရုပ်ရည်ကိုပိုနုပျိုစေတာပါ။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ကိုယ်အသက်ထက်များစွာအရွယ်တင်ပြီး နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေမရှိဘူး။ သဘောကြတဲ့သူဆိုသဘောကြမယ်။သဘောမကျတဲ့သူဆိုဝေးဝေးကရှောင်လိုက်မယ်။ ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ မလိုလားကြဘူး။ ရယ်မောရင် အားရပါးရရယ်တတ်တယ်။
ရင့်ကျက်ပေမဲ့......တစ်ခါတစ်ရံကလေးဆန်တယ်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
တော်တော်များများအရွယ်တင်နုပျိုစေတဲ့သူတွေက စိတ်သဘောထားအင်မတန်ကောင်းတယ်။.
ပျော်ပျော်နေတတ်တာများပါတယ်။
အဲ့ဒိ့တော့..အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင်အမြဲနေပါ✍
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Credit by:မူရင်း

ဖတ်ကြည့်နော်😊 # လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။စစချင်း နေခွင့်ရတုန်းကတ...
01/05/2023

ဖတ်ကြည့်နော်😊

# လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။

စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။

ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး အာမတောင်ခံလိုက်သေး။

အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။

အချိန်တန်လို့ ပြောင်းပေးဖို့ပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။

တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့မပြောနဲ့ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။

သူငယ်ချင်းတစု အတူတူပေါင်းပြီးအဆောင်ငှါးနေကြတယ်။

စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။
အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။

ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။

အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။

လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။

နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ အမြဲတမ်း အစာခေါ်ခေါ်ကျွေးလိုက်တာ။

အရင်က အဲ့ဒီသစ်ပင်နား တခါတလေတွေ့ရတုန်းက လူမြင်တိုင်း အမြဲတမ်း ကြောက်ပြီးရှောင်ပြေးတတ်တဲ့ခွေးဟာအပင်အောက်မှာ အစာလာစားတာကြာလာတော့ အဲ့ဒီသစ်ပင်ကို သူပိုင်တယ်လို့ထင်သွားပုံရတယ်။

နောက်ပိုင်းကျတော့အပင်နားရောက်လာတဲ့ တွေ့တဲ့သူတိုင်းကို ဟောင်တော့တာပဲ။

ကုမ္ပဏီတခုမှာ အလုပ်သမားတွေ အလုပ်နောက်ကျလို့မရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။

တခါတလေနောက်ကျတာကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။
အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ်ဆိုပြီး ကျေးဇူးတင်ကြတာ။

ကြာလာတော့ သူတို့ဟာ နောက်ကျခွင့်ရှိတယ်လို့မြင်လာပြီး အမြဲလိုလိုနောက်ကျမှအလုပ်တက်ကြတော့တယ်။

နောက်ကျဖန်များလာလို့ နောက်မကျဖို့ပြောတဲ့အခါကျတော့ အရင်ကပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတော့ပဲ သူတို့ရဲ့ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လို့မြင်လာကြတယ်။

လူတွေရဲ့အကျင့်က အမြဲတမ်း
ပေါပေါများများရနေပြီဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလို့မထင်တော့ဘူး။

တခါတလေ ရခဲတဲ့အရာမျိုးလောက်ပဲ ကျေးဇူးတင်တတ်ကြတာမျိုး။

မိဘနဲ့သားသမီး
ဆရာနဲ့တပည့်
အလုပ်ရှင်အလုပ်သမား
သူငယ်ချင်းကြား
ချစ်သူကြား
မိတ်ဆွေကြား

အသင်းအဖွဲ့တွေကြား စသည့်ဘယ်ဆက်ဆံရေးမှာမဆိုအခွင့်အရေးဆိုတာပေးသင့်သလောက်ပဲပေးရတယ်။

အမြဲတမ်းပေးတော့မယ်ဆိုလည်း
ကိုယ်ပေးနိုင်တဲ့ပမာဏလောက်ပဲပေးသင့်တယ်။

လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးပေးမိလျှင် ကြာလာတဲ့အခါ ရပိုင်ခွင့်လို့ထင်သွားကြတယ်။

တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေဆက်မပေးနိုင်တော့တဲ့အခါကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင် သူတို့ရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ထင်လာတတ်ကြတယ်၊ ကိုယ်ကပဲမှားနေတယ်လို့လည်း သူတို့က မြင်လာကြတယ်။

အချို့သောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက်အနည်းငယ်သော အလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာ အမြဲတမ်းမြင်နေတတ်တဲ့သဘောရှိတယ်။

ဒါကြောင့် ပေးဆပ်ဖို့စဉ်းစားတိုင်းမှာ
တချိန်ချိန်မှာဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။

မဟုတ်ရင်အဲ့ဒီစေတနာတွေဟာ
အဆုံးမှာစော်ကားစရာအဖြစ်သာ ကျန်နေလိမ့်မယ်။

စကားတစ်ခုရှိတယ်
"လူသားတွေ ကျေးဇူးကန်းတဲ့အခါ
နတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုး

မူရင်းရေးသားသူကိုလေးစားလျက်

credit

" ကိုယ့်ကိုယ်ကိုယ်ဆုံးမခြင်း "အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်း အပြောင်းအလဲမြန်၏။စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။B...
01/05/2023

" ကိုယ့်ကိုယ်ကိုယ်ဆုံးမခြင်း "

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself !!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
အဲ..မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။
ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့)
အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ် မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲ့တဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသားဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကိုရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကိုရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိအတိုင်းလက်ခံပါ။

Reject !!!

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

Prepare !!!

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

Dont feel so much !!!

တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို)။
ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
Only one ... but lion ဆိုတဲ့စကားအတိုင်းလေ....။



photo credit:

Address

Dagon

Alerts

Be the first to know and let us send you an email when Alintansarkyitike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category