PDF D-Day Dawei

PDF D-Day Dawei D-Day(Dawei)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

D-Day Dawei ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းပြည်သူများအားအသိပေးခြင်း===========================...
07/11/2021

D-Day Dawei ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းပြည်သူများအားအသိပေးခြင်း
======================================================
၇.၁၁.၂၀၂၁ရက်နေ့ နေ့လည်ခန့်တွင် ထားဝယ်မြို့၊ကရပ်ပြင်ရပ်ကွက် ကရပ်ပြင်လမ်းဆုံရှိ ဆန်ရောင်းနေသည့်နေအ်ိမ်၌ ဖခင်ဖြစ်သူတစ်ဦးနှင့်သားဖြစ်သူတစ်ဦးတို့ သေနတ်​ဖြင့်ဝင်ရောက်ပစ်ခတ်ခံရကြောင်းစိတ်မကောင်းစွာကြားသိခဲ့ရပါသည်။ဖခင်ဖြစ်သူမှာသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းသိရပြီးသားဖြစ်သူမှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။

၄င်းကိစ္စနှင့်ပက်သက်၍ ကျနော်တို့ D-Day Dawei ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်လုံးဝမသက်ဆိုင်ကြောင်းအများပြည်သူသိစေရန်ထုတ်ပြန်အသိပေးအပ်ပါသည်။

ကျနော်တို့D-Day Dawei ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြည်သူများ၏အသက် အိုးအိမ် စည်းစိမ်ကိုအသက်ပေးကာကွယ်စောင့်ရှောက်ရန်နှင့် စစ်အာဏာရှင်စနစ်အလုံးစုံပျက်သုဥ်းသွားသည်အထိတိုက်ခိုက်ချေမှုန်းသွားရန်အတွက်ဖြစ်သည်။

D-Day Dawei

07/09/2021

NUGမှD dayကြေညာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလမှ ပြည်သူလူထုများသို့ လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခအခြေအနေများနှင့်ပတ်သတ်ပြီး အရေးပေါ်ပြောကြားသည့် မိန့်ခွန်း
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်

Acting President of the National Unity Government of Myanmar, Duwa Lashi La's Emergency Speech to the Public on Current Military Crisis
September 7, 2021

https://www.facebook.com/Actingpresidentduwalashila/videos/924237501776114/

လှူဒါန်းပါဝင်ပေးကြသောမိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါသည်။အရေးတော်ပုံမုချအောင်မြင်ရမည်။D-Day...
18/08/2021

လှူဒါန်းပါဝင်ပေးကြသောမိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါသည်။

အရေးတော်ပုံမုချအောင်မြင်ရမည်။
D-Day(Dawei)

မိဘပြည်သူများအနေဖြင့် D Day(Dawei) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ပါဝင်လှူဒါန်းနိုင်ရန်မေတ္တာရပ်ခံနှိုးဆော်ခြင်း(၉.၈.၂၀၂၁)ကျ...
09/08/2021

မိဘပြည်သူများအနေဖြင့် D Day(Dawei) ပြည်သူ့
ကာကွယ်ရေးတပ်ဖွဲ့သို့ပါဝင်လှူဒါန်းနိုင်ရန်မေတ္တာရပ်ခံ
နှိုးဆော်ခြင်း
(၉.၈.၂၀၂၁)

ကျွန်တော်တို့အဖွဲ့သည်တော်လှန်ရေးအစပိုင်းမှာ
ကတည်းက မြေပြင်ပျောက်ကြားလှုပ်ရှားမှုများမှာ
တနိုင်တပိုင် စုဆောင်းလုပ်ဆောင်လာခဲ့​ကြတာ​
ဖြစ်ပြီး မကြာ​သေးခင်ကမှတပ်ဖွဲ့အ​နေနဲ့ဆက်သွား
ကြဖို့ဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်တဲ့အတွက်
ကျနော်တို့​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့
လိုအပ်ချက်များစွာကို​ဖြည်းဆည်းနေကြရပါတယ်

လက်ရှိအချိန်မှာလည်း D Day အတွက်ကြိုတင်
ပြင်ဆင်မှုများလုပ်ဆောင်လျှက်ရှိပြီး လက်နက်
အင်အားစစ်ရေးအင်အားအစစအရာရာအားသာတဲ့
စစ်ကောင်စီတပ်များနဲ့တိုက်ခိုက်ရမှာဖြစ်တဲ့အတွက်
စနစ်တကျကြိုတင်ပြင်ဆင်စုဆောင်းမှုများပြုလုပ်
နေကြရတာဖြစ်ပါတယ်

လက်ရှိမှာပြည်သူများအနေနဲ့ COVID ကူးစက်ပြန့်နှံ့
မှုကြောင့်အခက်အခဲများ စီးပွားရေးအကြပ်အတည်း
များ ကြုံတွေ့နေမှုကို ကျွန်တော်တို့နားလည်
သဘောပေါက်ပါတယ် စိတ်မကောင်းခြင်းများစွာ
ဖြစ်ရပါတယ် COVIDနဲ့အတူဘေးဒုက္ခအမျိုးမျိုးမှ
အမြန်ဆုံးလွတ်မြောက်ဖို့အာဏာရှင်စစ်အုပ်စုကို
အမြန်ဆုံးဖြုတ်ချနိုင်မှဖြစ်ပါလိမ့်မယ် ဒီ့အတွက်
အခက်အခက်များစွာဖြစ်ပေါ်နေတဲ့ကြားထဲမှပဲ
နိုင်အားသလောက်လှူဒါန်းပါဝင်ပြီးကူညီပံ့ပိုး
ပေးကြပါလို့ မိဘ​ပြည်သူများအား မေတ္တာရပ်ခံ
အပ်ပါတယ်ခင်ဗျား

လှူဒါန်းပါဝင်လိုသူများ Page Messenger မှတဆင့်
ဆက်သွယ်လှူဒါန်းပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်

အရေးတော်ပုံ မုချအောင်မြင်ရမည်

D Day(Dawei)

"မအလဟာ NUG ကို အားနည်းလာအောင်၊ တော်လှန် ရေးကို ကြာသထက် ကြာအောင် အချိန်ဆွဲနေခြင်းပဲဖြစ်တယ်"နစက ကနေ အိမ်စောင့်အစိုးရအသွင် ...
02/08/2021

"မအလဟာ NUG ကို အားနည်းလာအောင်၊ တော်လှန် ရေးကို ကြာသထက် ကြာအောင် အချိန်ဆွဲနေခြင်းပဲဖြစ်တယ်"

နစက ကနေ အိမ်စောင့်အစိုးရအသွင် ပြင်ဆင်ဖွဲ့စည်းတာရယ် ရွေးကောက်ပွဲကို ၂၀၂၃ သြဂုတ်လမှာကျင်းပမယ်ဆိုတာရယ်ကို ကြားလိုက်ရပါတယ်။

ဒါက ဘာကိုပြနေလဲဆိုရင် သူတို့မှာ ၂၀၂၃ထိ လုပ်မယ့် Plan အတိအကျရှိတယ်။ သူတို့ အာဏာတည်ဖို့အတွက် လူ့အသက်တွေ ထပ်ပြီးစတေးပစ်ဦးမယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။

၂၀၂၃ တောင် မရောက်ပါဘူးကွာလို့တော့ မပြောနဲ့ အခုတောင် တစ်ချို့ပြည်သူတွေ တော်လှန်ရေးဆို ဝေးဝေးရှောင်နေကြပြီ တစ်ချို့တွေက ကိုယ့်အပူနဲ့ကိုယ် ကို့ဒုက္ခနဲ့ကို သောကတွေကိုယ်စီနဲ့ဖြစ်နေပြီ နိုင်ငံရေးဘက်ကို မလှည့်နိုင်တော့ဘူး။

နောက်လည်း ပြည်သူတွေ နိုင်ငံရေးဘက်စိတ်မဝင်အောင် စီးပွားရေးပိုပြီးကြပ်တည်းအောင်လုပ်လာမှာပါ။ဒါမှ နိုင်ငံရေးစိတ်မဝင်စားနိုင်မှာ တော်လှန်ရေးဘက်မလှည့်နိုင်မှာ ဆိုတော့က သူတို့ဘက်က အကွက်ကျကျစီစဥ်ထားပြီးဖြစ်သလို နောက်ဆုံးအထိ အစွမ်းကုန်မိုက်ပြတော့မှာ။

ခုထိ တော်တော်များများက ပေါ်ပင် မှာပျော်ရွှင်နေကြတုန်း PDF ကိုကျ လှူဖို့တွန့်ဆုတ်နေကြတယ်။ မအလ ဟာ PDF ကို တဖြည်းဖြည်း အားနည်းအောင်လုပ်လာတယ်ဆိုတာ သတိထားမိကြဖို့ လိုပါတယ်။

ပြည်သူတွေကို "မင်းတို့အားကိုးနေတဲ့ NUG ကဘာမှမဟုတ်ဘူး ၊ ဘာမှ မလုပ်ပေးနိုင်ပါဘူးကွာ" လို့ မြင်လာအောင် NUG ကို အားနည်းအောင် ၊ ပြည်သူကိုဝေဝါးလာအောင်လုပ်နေတာပဲ။

NUG ကို Post တွေအောက်မှာ "မြန်မြန် D-Day ခေါ်ပါတော့ လူတွေက သေတော့မယ်" လို့ ပြောတဲ့စကားတစ်ခွန်းက ရေးရပြောရတာ အလွန် လွယ်ပါတယ်။

တည်အောင် လုပ်ဖို့ကသာ ခက်တာပါ။စစ်တိုက်တယ်ဆိုတာ လွယ်တယ်ထင်နေသလား။ ငွေကြေးမြောက်မြားစွာ မရှိဘဲ စစ်တိုက်လို့ မရပါဘူး။

စစ်ကောင်စီဘက်က လက်နက်အင်အားတောင့်တင်းပါတယ်။ ခေတ်မှီလက်နက်တွေရှိတယ်။ ဒါတွေက ကျွန် တော်တို့ဆောင်ခဲ့တဲ့ အခွန်တွေပဲ။

နှစ်ပေါင်းများစွာ အဆိပ်ပင် ရေလောင်းခဲ့မိတာပဲ။ အခုသက်တမ်း လပိုင်းပဲရှိသေးတဲ့ NUG အစိုးရက ဘယ်လိုခေတ်မှီလက်နက်တွေနဲ့ ယှဥ်မလဲ ယှဥ်ဖို့ဆို ငွေလိုတယ်။ လက်နက်ဝယ်ဖို့ အစစအရာရာယှဥ်ပြိုင်နိုင်ဖို့ ငွေအင် အား အမြောက်အမြား လိုတယ်။

တော်လှန်ရေးဘယ်လောက်ကြာတယ် ဘယ်လောက်ထိ အောင်မြင်တယ်ဆိုတာ ပြည်သူကဘဲ အဆုံးအဖြတ်ပေးသွားမှာပါ။ ပြည်သူတွေ များများထောက်ပံ့နိုင်ရင် အချိန်မြန်မြန်နဲ့ပြီးမယ်။

မအလဟာ ပြည်သူတွေ တော်လှန်ရေး ဆက်မလုပ်နိုင်အောင်လုပ်နေတာသည် NUG ကိုအားနည်းလာအောင် တော်လှန်ရေးကို ကြာသထက်ကြာအောင် အချိန်ဆွဲခြင်းပဲ။

အချိန်ကြာလာရင် လူတွေလည်း ငြီးလာကြမှာပါ။ အရင်က COVID Wave ၂ခုကြောင့် အခြေအနေဆိုးနေတာမလို့ အချိန်ကြာလေလေ တော်လှန်ရေးပျောက်ကွယ်ပြီး NUG ကလည်း ပြည်ပြေးအစိုးရ လေလှိုင်းအစိုးရသဖွယ်ဖြစ်သွားမှာပါ။

နောက်ဆုံးအနေနဲ့ပြောချင်တာက ကောက်ရိုးမီးလိုမလုပ်ပါနဲ့။ ကိုယ့်ရဲ့နောင်လာနောင်သားတွေကိုကြည့်ပါ။ ဒီပွဲမှာမှ မရုန်းထွက်နိုင်ရင် နောက်ထပ် နှစ် ၅၀ ကအသာလေးပါပဲ။

ပြည်သူတွေအကုန်လုံးက ကျန်းမာရေးလည်းတစ်ဖက် စီးပွါးရေးတစ်ဖက်နဲ့ တော်လှန်ရေးကိုလည်းအာရုံစိုက်ပေးပါ။

ကိုယ့်မှာ ၁ထောင်ရှိရင် ၂၀၀ လောက်တော့ PDF ကိုလှူပေးပါ။ အခုချိန်မှာ စိတ်ထွက်ပေါက် ယူရမှာ မဟုတ်ပါဘူး။ ဒီတော်လှန်ရေးပြီးမှ စိတ်ထွက်ပေါက်ရမှာပါ။

အဓိကနဲ့ သာမည ကိုခွဲခြားသိမြင်နိုင်ကြပါ။
ပေါ့ပျက်ပျက်မလုပ်ကြပါနဲ့။
ပါးစပ်ကနေဘဲ NUG /PDF ကို Support မလုပ်ပါနဲ့။ လက်တွေ့လည်း Support ပေးကြပါ။
တော်လှန်ရေးရဲ့အဆုံအဖြတ်က ပြည်သူပါ။

#နောက်ဆုံးပြည်သူသာအဓိကပါ
#ကျွန်တော်တို့အသက်ကိုပေးထားပါတယ်
#အရေးတော်ပုံအောင်ကိုအောင်ရမယ်

Credit

-Day(Dawei)

Address

Dawei

Website

Alerts

Be the first to know and let us send you an email when PDF D-Day Dawei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share