Tanintharyi Times Fire Services Department

Tanintharyi Times Fire Services Department မီးငြိမ်းသတ်ရေး နှင် ရှာဖွေကယ်ဆယ်ရ?

21/10/2025

Celebrating my 7th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

29/06/2022

ရန်ကုန်တိုင်း အလုံ
သစ်တောရပ်ကွပ် ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်

Level 2

၂၁.၁၂.၂၀၂၀ရက်‌ေန့။ ကော့သောင်းမြို့တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်/ မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များ၏ ဝတ်စာ...
21/12/2020

၂၁.၁၂.၂၀၂၀ရက်‌ေန့။ ကော့သောင်းမြို့
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်/ မြို့နယ်
မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များ၏ ဝတ်စားဆင်ယင်သန့်ရပ်မှု
ရှိစေခြင်း၊ ဆောင်းတွင်းကာလအရေးပေါ်ရှာဖွေကယ်ဆယ်ရေး
မီးငြှိမ်းသတ်ရေးလုပ်ငန်းများဇာတ်တိုက်လေ့ကျင့်ထားရှိ‌ေစရန်၊
ယာဉ်/စက် ကြံ့ခိုင်မှုရှိစေခြင်းများအား၊တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်း ၊ကြည့်ရူစစ်ဆေးပြီး၊ တိုင်းဒေသကြီး‌မီးသတ်ဦးစီးမှူး ဇနီး စည်း/ထိန်း ကော်မတီ ဥက္ကဌ ဒေါ်ခင်ဥမ္မာတို့မှ မိသားစုဝင်များနဲ့ တွေ့ဆုံပြီး၊တပ်ဖွဲ့ဝင်များ၏
ကျန်းမာကြံ့ခိုင်ရေးအထူးဂရုစိုက်ရန်အတွက် BMIစစ်ဆေးခြင်းများ၊ဝန်ထမ်းလိုင်းခန်းများစခန်းပတ်ဝန်းကျင့်ရှိ သန့်ရှင်းမှုရှိစေရန်နှင့် ဆောင်းရာသီကာလ၊ကပ်ဘေး၊တပ်ဖွဲ့ဝင်များနှင့် မိခင်၊ ကလေးငယ်များ ခြင်တုတ်ကွေ့အန္တရာယ်များမဖြစ်စေရန်အတွက် တပ်ဖွဲ့ဝင်များနှင့်
မိသားစုဝင်များအားကျန်းမာရေးအထူးဂရုစိုက်စေရန်၊ ကိုဗစ်ကာလ
လူစု လူဝေများသော ဈေး၊ အပြင်များထွက်ခွာသည့်အခါ
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်
တက်စေရန်နဲ့ လိုအပ်သည့်များမှာကြားခဲ့ပါသည်။

🔥သင့်ကြောင့် 🔥မီးမလောင်ပါစေနဲ့
🔥🏠အိမ်တိုင်း DCP မီးသတ်ဆေးဘူးထားရှိနိုင်ရန်
အများပြည်သူ့လူထုအပေါင်း ကပ်ရောဂါ၊သဘာဝဘေးရောဂါ၊
🔥မီးဘေး၊သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေ‌။

Crd Mr. K.K.L

အရှင်ဆေကိန္ဒ ဓမ္မဒူတဆရာတော်မှကိုဗစ်ကာလ တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများအတွက်သိန်း ( ၂၀ ) က...
21/10/2020

အရှင်ဆေကိန္ဒ ဓမ္မဒူတဆရာတော်မှ
ကိုဗစ်ကာလ တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်မိသားစု
များအတွက်သိန်း ( ၂၀ ) ကျပ်လှူဒါန်းပါသည် ။

နတ်လူသာဓုခေါ်စေသော်.......

21.10.2020 ၊ နံနက်
Crd.. Ko Kyaw Kyaw

တစ်ချိန်က
21/10/2020

တစ်ချိန်က

ထားဝယ်လေယာဉ်ကွင်းတွင် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းက လေယာဉ်မီးငြိမ်းသတ်ရေးသရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။ အဆ.....

25/12/2019

Like. &follows

 #နွေရောက်ပြီလေ #မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်     နွေစလိုက်သည်နှင့် မီးသတ်ကားဥသြသံများစကြားရပြီ။ သူခိုးခိုးရင် အစုတ်ကျန် ...
03/12/2019

#နွေရောက်ပြီလေ

#မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်

နွေစလိုက်သည်နှင့် မီးသတ်ကားဥသြသံများ
စကြားရပြီ။ သူခိုးခိုးရင် အစုတ်ကျန် သေးပေမယ့်
မီးလောင်ရင်တော့ အပြုတ်နှံ ဆိုတဲ့စကားလိုပဲ
ဒုက္ခဆင်းရဲ ရောက်ကြရတယ်။ အမှိုက်ကအစ
ပြဿဒ်မီးလောင် ဆိုသည့်စကားအတိုင်း ရှေးခေတ်
ကပင် မီးဘေးအန္တရာယ်ကြုံခဲ့ကြသည်။

မြန်မာရာဇဝင်ကို ပြန်ကြည့်လျှင် ဘိုးတော်ဘုရား
(ခေါ်)ဗဒုံမင်းလက်ထက် ၁၁၇၁ ခုနှစ်၊ တန်ခူးလဆန်း
(၉)ရက်နေ့တွင် အမရပူရနေပြည်တော်အနောက်
တရုတ်တန်းရပ်ကွက်မှ စတင်လောင်ကျွမ်းသော
မီးသည် ဘုရင့်ရွှေနန်းတော်သို့တိုင်အောင် ကူးစက်
ကာ နန်းတွင်းပြဿဒ်ဆောင်အချို့ပါ မီးသင့်လောင်
သွားခဲ့ရသည်။ ထိုအခါ ဘိုးတော်ဘုရားသည် သူ့
ဖခမည်းတော် အလောင်းမင်းတရားကြီး ထုတ်ပြန်
ခဲ့သော မီးဘေးကာကွယ်ရေး သတ်မှတ်ပြဋ္ဌာန်းခဲ့
သော အမိန့်တော် မှေးမှိန်ပျက်ပြယ် သွားရသလော
ဟူ၍ စိတ်ထားပေါ်လာပြီး နန်းတွင်းမှူးမတ်အကြီး
အကဲများကို မောင်းမဲအပြစ်တင်ပြီး ဆိုင်ရာရာထူး
ရှင်များကို ဒဏ်ပေးပြီး ယင်းမူလ အမိန့်တော်ရင်း
ကိုပင် ပြည်သူအများကြားသိလိုက်နာကြစေရန်
မောင်းကြေးနင်းလှည့်လည်စေခဲ့သည်ဟုဆိုပါသည်။

#အလောင်းမင်းတရားကြီးထုတ်ပြန်သော
#မီးဘေးတားဆီးရေးအမိန့်

အရပ်ရပ်တွင် ခိုးသေး၊ မီးပွားများ မပေါ်မထ
အောင် နေ့ညဉ့်နှိုးဆော်၍ တစ်အိမ်ကိုချွန်သော
ဝါးတစ်ဆယ်တန်သည်၊ နှစ်ဆယ်တန်သည် စိုက်
ထောင်ထားရှိစေ။ အိမ်ခေါင်မိုးများပေါ်မှာလည်း
ရေအိုးအပြည့် ထားရှိစေ။ မြေကျင်း သုံတောင်၊
လေးတောင်ပြည့်တူးပြီး ချက်ချိန်ကိုသာ ချက်စေ။
နံနက် လေးချက်တီးကျော် ၃မောင်းတွင် ချက်ပြုတ်
ပြီး မီးသေငြိမ်းစေ။
ညဉ့်သုံးချက်တီးကျော် နှစ်မောင်းတွင် မြို့ဝန်တို့
မောင်းခတ်လျှင် ထမင်းချက်စေ။ ၄င်း သုံချက်တီး
ကျော် ခုနှစ်မောင်းကို မီးသေငြိမ်းစေ။ ချက်ပြုတ်
ချိန် မောင်းခတ်သည့်အချိန်တွင်းက လွတ်သည့်
အချိန်တွင် တစ်အိမ်မျှ မီးပွား မီးပွင့် မရှိစေနှင့်။
မီးကျင်းကို မီးဆော်တို့က အမှိုက်၊ ကြက်တောင်
မွှေးတို့နှင့် ထိုးမွှေစမ်းသပ်စေ။ မီးသေငြိမ်းရသည့်
အချိန်ကာလဖြစ်လျက် မီးမသေဘဲ စမ်းသပ်သည့်
အမှိုက်၊ ကြက်တောင်မွှေးကို မီးစွဲလောင်လျှင် မီးရှိ
သည့် အိမ်ရှင်ကိုခေါ်ပြီး မြို့ရုံးမှာ ပို့အပ်ရမည်။
လမ်းခရီးသွားလာလျှင်လည်း ဆေးအိုး၊ဆေးတံ
သောက်ပြီး မသွားမလာစေနှင့်။ သွားလာသည်ကို
တွေ့လျှင် ဆေးအိုး ဆေးတံလုယူ သိမ်းထားရမည်။
တာဝန်ရှိသော မီးဆော်အမှုထမ်းတို့က တစ်နေ့လျှင်
ငါးကြိမ် လှည့်ပတ်စစ်ကြောလေ။ ။

#ရွှေဘိုမိမိကြီး၏ဆောင်းပါးမှ

✡✡✡✡✡✡✡✡

သူ့ခေတ်နှင့်သူ အလွန်စေ့စပ်သေချာသော
မီးဘေးကာကွယ်ရေးစနစ်ပါပေ။

#သန်းဝင်းသူ

Photo. Credit

ကျန်းမာရေးကိုယ်လက်လှုပ်ရှားမှု အကသင်တန်း Myanmar Fitness Dance အောင်မြင်စွာ ပြီးဆုံးပါကြောင်း
25/11/2019

ကျန်းမာရေးကိုယ်လက်လှုပ်ရှားမှု အကသင်တန်း Myanmar Fitness Dance အောင်မြင်စွာ ပြီးဆုံးပါကြောင်း

တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ထားဝယ်မြို့မဈေးကြီးအတွင်းမီးဘေးအန္တရာယ်ကျရောက်လာပါက လျင်မြန်ထိရောက်စွာ ငြှိမ်းသတ်နိ...
25/11/2019

တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ထားဝယ်မြို့မဈေးကြီးအတွင်း
မီးဘေးအန္တရာယ်ကျရောက်လာပါက လျင်မြန်ထိရောက်စွာ ငြှိမ်းသတ်နိုင် ရန်အတွက် ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနမှ ပြုလုပ်မည့် မီးဘေးလုံခြုံရေးစီမံချက်ပါအတိုင်း ထားဝယ်မြို့မ‌ဈေးကြီးတွင် (၂၄.၁၁.၂၀၁၉)ရက်နေ့(၉:၀၀ မှ ၉:၄၅)အချိန်အထိ၊တိုင်းဒေသကြီး‌မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးသန်းထွဋ်ဦး ၊
ဒု-တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဒု-ညွှန်ကြားရေးမှူး ဦးသန်းမျိုးဝင်း၏ ကြီးကြပ်မှုဖြင့် တိုင်းမီးသတ်ဦးစီးမှူးရုံး လ/ထညွှန်ကြားရေးမှူး ဦးအောင်အောင်ထွန်း၊ ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူး
လ/ထညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်းတို့မှ ကွက်ကဲ၍ တပ်ဖွဲ့ဝင် ၃၅၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ဦး၊ခရိုင်/မြို့နယ်အထွေထွေ
အုပ်ချုပ်ဦးစီးဌာန၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာအသီးသီးများ၊ခရိုင်ပညာရေးမှူး၊ ဇမ္ဗူသီရိ
အ‌‌ရေး‌ပေါ်လူနာတင်ယာဉ်၂၁ဦး၊ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၅ဦး၊ စုစုပေါင်း(၁၀၆)ဦးတို့ပူးပေါင်း၍ စည်ပင်သာယာရေးဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ပြည
ပြည်သူလူထု ၂ဝဝဦးတို့မှ တက်ရောက်ခဲ့ပါကြောင်းနှင့် မီးဘေးလုံခြုံရေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး၊ဆေးဝါးကုသမှုများပေးခြင်းကို လက်တွေ့သရုပ်ပြသခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း မှတ်တမ်းတင်အပ်လိုက်ပါသည်။
သတင်း/ဓာတ်ပုံ ကျော်ကျော်လင်း

သူငယ်​ချင်း မင်းဒဏ်​ရာအမြန်​သက်​သာပြီး​ပျောက်​ကင်းပါ​စေလို့ စခန်းကလူ​တွေအကုန်​ဆု​တောင်း​ပေးပါတယ်​...😥
12/09/2019

သူငယ်​ချင်း မင်းဒဏ်​ရာအမြန်​သက်​သာပြီး​ပျောက်​ကင်းပါ​စေလို့ စခန်းကလူ​တွေအကုန်​ဆု​တောင်း​ပေးပါတယ်​...😥

မြိတ်မြို့ ကျောက်ဖျာမြစ်အတွင်း ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မြိတ်  သြဂုတ်  ၂၅ တနင်္သာရီတိုင်းဒေသကြီး မြိ...
26/08/2019

မြိတ်မြို့ ကျောက်ဖျာမြစ်အတွင်း ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

မြိတ် သြဂုတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မီးသတ်တပ်ဖွဲ့နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများ စနစ်တကျပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သြဂုတ်လ(၂၅)ရက် နံနက်(၇)နာရီက ကျွဲကူးကျေးရွာနှင့် ကျောက်ဖျာ မြစ်အတွင်း ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် သတင်းရရှိသည်နှင့် ယာဉ်အုပ်စုများဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းအဖွဲ့များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ထွက်ခွာခြင်း၊ လေပြင်းတိုက်ခတ် ဒီရေလှိုင်းများကြောင့် ရေထဲမျှောပါနေသူများအား ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့် လိုက်လံရှာဖွေ ကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ရေထဲကြိုးရှည် စီတန်းချိတ်ဆက်၍ အသက်ကယ်ကွင်းများဖြင့် ရေထဲတွင် မျှောပါနေသူအား ဆယ် ယူခြင်း၊ ဆယ်ယူရရှိသူများအား ရှေးဦးပြုစုခြင်း ဆောင်ရွက်ကြသည်။

ရေပြင်ရှာဖွေကယ်ဆယ် ဆောင်ရွက်နေစဉ်တစ်ပြိုင်နက် ရေပြင်နှင့်နီးသော ကျွဲကူး-ကျောက်ဖျာတံတား အောက်တွင် ရွက်ဖျင်တဲထိုး၍ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခြင်း၊ ရေထဲဆယ်ယူရရှိသူများအား လူနာတင်ယာဉ် များဖြင့် ကယ်ဆယ်ရေးစခန်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ကယ်ဆယ်ရေးစခန်း ရောက်ရှိလာသူများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှေးဦးပြုစုခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာပြည်သူများက မီးသတ်ယာဉ်(၄)စီး၊ ရှာဖွေကယ်ဆယ်ရေး မော်တော် ယာဉ်(၁)စီးနှင့်ရေယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၆)စီးတို့ဖြင့် စုပေါင်းဇာတ်တိုက် လေ့ကျင့် ခဲ့ကြကြောင်း သိရသည်။

မြိတ် F.S.D

Address

Dawei Township
Dawei
23120

Telephone

+955921017

Website

Alerts

Be the first to know and let us send you an email when Tanintharyi Times Fire Services Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category