Tanintharyi Region Emergency Rescue&Ambulance

Tanintharyi Region Emergency Rescue&Ambulance Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tanintharyi Region Emergency Rescue&Ambulance, Emergency rescue service, Dawei.

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊တလုတ်ထော်မြို့တွင် စခန်းချပီး ရေဘေးသင့်ပြည်သူများအားကူညီဆောင်ရွက်ပေးလျက်ရှိသော မိမိတို...
24/08/2026

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊တလုတ်ထော်မြို့တွင် စခန်းချပီး ရေဘေးသင့်ပြည်သူများအားကူညီဆောင်ရွက်ပေးလျက်ရှိသော မိမိတို့ကယ်ဆယ်ရေးအဖွဲ့သားများသည် နေ့ဖက်တွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်၍ ညဘက်တွင်လည်းအလှူရှင်များလှူဒါန်းထားသောစားနပ်ရိက္ခာများအားကြိုတင်ထုပ်ပိုးပြင်ဆင်ရပါသည်🙏🙏🙏

22/08/2026

ဒီရွာလေးဆိုရင် မိမိတို့အဖွဲ့ ပထမဆုံးလာလှူတာပါတဲ့🥺
အရမ်းကိုကျေးဇူးတင်နေကြတယ်ကွယ်🙏🥺
အခုလိုမျိုးအလှူရှင်မရောက်သေးတဲ့ရွာလေးတွေကို မိမိတို့အဖွဲ့မှ မြေပြင်ကွင်းဆင်းလေ့လာပြီး သေချာဆောင်ရွက်ခဲ့ရသလို ကူညီပေးခဲ့ကြတဲ့ရွာရဲ့ကျောင်းဆရာ/ဆရာမများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏

21/08/2026

ဧရာဝတီတိုင်း၊တလုတ်ထော်မြို့၊သင်္ကန်းတောရွာတွင် အဝတ်အထည်များလှူဒါန်းပေးနေမှုလေးပါရှင့်🙏🫶

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့၊စစ်ရေးကွင်းရွာကို ထားဝယ်သူ/သားများ၏ပံ့ပို့ကူညီမှုဖြင့် အဝတ်အစားများသွားရောက်လှူဒါန်းပေးခဲ့ပ...
21/08/2026

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့၊စစ်ရေးကွင်းရွာကို ထားဝယ်သူ/သားများ၏ပံ့ပို့ကူညီမှုဖြင့် အဝတ်အစားများသွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင်🙏

20/08/2026

တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ထောက်ပံ့ပစ္စည်းလှူဒါန်းရေးအဖွဲ့သည် တလုတ်ထော်မြို့တွင်အခြေချကာ ရေဘေးသင့်ပြည်သူများအား နယ်မြေခံပရဟိတအဖွဲ့များနှင့်ပူးပေါင်းကာ ‌ရေဘေးသင့်ရွာ(၇)ရွာကို ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းပေးအပ်ခဲ့ပါသည်✌️🫶
တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်လည်း တလုတ်ထော်မြို့တွင်‌အခြေချကာ ထာဝရအလင်းတန်းပရဟိတအဖွဲ့နှင့်ပူး‌ပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို‌နေ့ညမပြတ် ဆက်လက်လုပ်ဆောင်‌လျက်ရှိပါသည်💪🙏

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊တလုတ်ထော်မြို့ရှိ လဟာဘရွာတွင် သောက်သုံးရေအခက်အခဲဖြစ်နေသောကြောင့် ထာဝရအလင်းတန်းပရဟိတအဖ...
19/08/2026

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊တလုတ်ထော်မြို့ရှိ လဟာဘရွာတွင် သောက်သုံးရေအခက်အခဲဖြစ်နေသောကြောင့် ထာဝရအလင်းတန်းပရဟိတအဖွဲ့နှင့်တနင်္သာရီတိုင်း‌ဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ညတွင်းချင်း သွားရောက်ကူညီပေးခဲ့ပါသည်🙏💪

ဧရာဝတီတိုင်း၊တလုတ်ထော်မြို့ရှိ ရေမြုပ်နေသောကျေးရွာ7ရွာကို တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ထောက်ပံ့ပစ္စည်း...
19/08/2026

ဧရာဝတီတိုင်း၊တလုတ်ထော်မြို့ရှိ ရေမြုပ်နေသောကျေးရွာ7ရွာကို တနင်္သာရီတိုင်းဒေသကြီးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းပေးအပ်ခဲ့ပါသည်🙏💪🥰

တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နှင့်ရင်ခုန်သံ အရေးပေါ်လူနာတင်ယာဉ်အသင်းတို့မှ အမှတ် (၃) အခြေခံပညာအထက်တန်းက...
18/08/2026

တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နှင့်ရင်ခုန်သံ အရေးပေါ်လူနာတင်ယာဉ်အသင်းတို့မှ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၃ ထားဝယ်) တွင် ခြင်ဆေးဖြန်းခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
​ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ/မများ ရောဂါကူးစက်ပြန့်ပွားမှုမှ ကင်းဝေးပြီး ကျန်းမာဘေးကင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝင်းအတွင်း/အပြင်၊ စာသင်ခန်းများ၊ သန့်စင်ခန်းများနှင့် ခြင်၊ ယင်နှင့် ဗက်တီးရီးယားများ ခိုအောင်းနိုင်သည့် နေရာများကို စနစ်တကျ သန့်စင်ဆေးဖြန်းပေးခဲ့ခြင်း ဖြစ်ပါသည်။
​ဆောင်ရွက်ခဲ့သည့် အဓိကလုပ်ငန်းစဉ်များ
​ပိုးသတ်ဆေးဖြန်းခြင်း: ဝမ်းရောဂါ ပိုးမွှားများ ကူးစက်ပြန့်ပွားမှု မရှိစေရန် စာသင်ခန်းများ၊ ကိုင်တွယ်အသုံးပြုမှုများသည့် ပရိဘောဂများ၊ သန့်စင်ခန်းများနှင့် အမှိုက်ကောက်ယူရာ နေရာများတွင် ရောဂါပိုးသတ်ဆေးများ ဖြန်းပေးခဲ့ပါသည်။
​ခြင်ဆေးဖြန်းခြင်း: သွေးလွန်တုပ်ကွေးနှင့် အခြားခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နိုင်ရန် ကျောင်းဝင်းအတွင်းရှိ ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ရေမြောင်းများနှင့် ရေဝပ်နိုင်သည့် နေရာများကို ခြင်ခိုးဆေးဖြန်းပေးခဲ့ပါသည်။

🚨 ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ်အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စတင်ထွက်ခွာ 🚨တနင်္သာရီတိုင်းဒေသကြီး ...
17/08/2026

🚨 ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ်အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စတင်ထွက်ခွာ 🚨
တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့မှ ကယ်ဆယ်ရေးအဖွဲ့ဝင် (20) ဦးနှင့် ထောက်ပံ့ကူညီရေးအဖွဲ့ဝင်(20)ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ရှိ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် ယနေ့ ခရီးစဉ်ကို စတင်ထွက်ခွာပါသည်
ရေဘေးသင့်ပြည်သူများ အမြန်ဆုံး ဘေးကင်းလုံခြုံပြီး ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်
အလှူရှင်များနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်
"ကယ်ဆယ်ရေးခရီးစဉ် အောင်မြင်ပါစေ။ ပြည်သူများ ဘေးကင်းပါစေ။" 🙏🇲🇲

Address

Dawei

Website

Alerts

Be the first to know and let us send you an email when Tanintharyi Region Emergency Rescue&Ambulance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share