Yaw Army Movement

Yaw Army Movement ယောတပ်တော် (Yaw Army)

16/04/2026

ရှေ့တန်း နေရာအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ YA စစ်သည်တော်များရဲ့ သင်္ကြန်

#ယောတပ်တော်
#ယောတပ်တော်ထောက်ပို့တပ်

13/04/2026

ရဲဘော်တွေရဲ့ တောတွင်းသင်္ကြန်


#ယောတပ်တော်

(၁၇) နှစ်မြောက် အာရက္ခတပ်တော်နေ့သို့ ယောတပ်တော်မှ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ
10/04/2026

(၁၇) နှစ်မြောက် အာရက္ခတပ်တော်နေ့သို့
ယောတပ်တော်မှ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

08/04/2026

မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF) နဲ့ ယောတပ်တော် (YA) တို့ဟာ တစ်အိုးစားထဲ အတူစား တစ်ကတုတ်ကျင်းထဲအတူတိုက် တစ်ဦးအခက်အခဲ တစ်ဦးမျှဝေပြီး တစ်ဦးဒုက္ခကို တစ်ဦး အတူရပ်တည်ဖြေရှင်းမယ့် ရဲဘော်ရဲဘက်များ သေဖော်ရှင်ဖက်များ ဖြစ်ကြပါတယ်

ငါတို့ ယော...                  ... ငါတို့ တပ်တော် ပုံတောင် ပုံညာ၊ ရှေ့ကာလှမ်း​နောက်ဖက် ချင်းတောင်တန်းမြစ်ချောင်းရစ်ခွေ၊ ...
05/04/2026

ငါတို့ ယော...
... ငါတို့ တပ်တော်

ပုံတောင် ပုံညာ၊ ရှေ့ကာလှမ်း
​နောက်ဖက် ချင်းတောင်တန်း
မြစ်ချောင်းရစ်ခွေ၊ သွယ်ကာပေါ
ငါတို့ဒေသ ယော။

တောင်သား၊ ယော၊ ချင်း စုံလင်ပေ
ဗမာလဲ မကျန်ပေ
လူမျိုးစုံစွာ၊ တည်ရှိမှု
ယောနယ် ဗဟိုပြု။

စစ်ကောင်စီကို၊ တွန်းကာလှန်
ယောနယ်တစ်ခွင် မကျန်
အာဏာရှင်ကို၊ မလိုလား
စုပေါင်းတော်လှန်သွား။

ယော ဖီးနစ်တို့၊ နိုးထပေ
မီးလျှံကြားကလေ
ယောနယ်တစ်ခွင်၊ ပြိုင်စံရှား
ပြည်သူ့ တပ်မတော်သား။

မဟာမိတ်အားနှင့်၊ စုစည်းကာ
တပ်တော် ပေါ်ပေါက်လာ
နာမ မည်တွင်၊ ဖော်ကာထုတ်
ဝိုင်အေ(YA) ခေါ်သမုတ်။

အားထားယုံကြည်၊ မျှော်ကာရည်
ငါတို့ ယောအာမီ
ကမ္ဗည်းတင်ကာ၊ မော်ကွန်းထိုး
ငါတို့ ဒေသအကျိုး။

ငါတို့ မသေမျိုး...။ ။

ကိုဝေယံ(ယောမြေ)
3 April 2025

SRA အခြေခံစစ်သင်တန်းဆင်းပွဲတွင် ယောတပ်တော်(YA)မှ ရဲဘော်(၃)ဦး ဆု(၃)ဆုရ        နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အခြ...
24/03/2026

SRA အခြေခံစစ်သင်တန်းဆင်းပွဲတွင် ယောတပ်တော်(YA)မှ ရဲဘော်(၃)ဦး ဆု(၃)ဆုရ
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အခြေခံစစ်သင်တန်းဆင်းပွဲတွင် ယောတပ်တော်(YA)မှ ရဲဘော်(၃)ဦးသည် စစ်ရေးပြအကောင်းဆုံးဆု၊ ဇွဲဆု နှင့် ကျန်းမာရေးဆု တို့ကို ဆွတ်ခူးရရှိခဲ့ပြီး ရဲဘော်တို့၏ ကြိုးစားအားထုတ်မှုကို မှတ်တမ်းတင်ဂုဏ်ပြုပါသည်။

#ယောတပ်တော်




#ယော #ယောဒသ

ယောတပ်တော်(YA) ကွန်ပျူတာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို 20.3.2026ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယော...
21/03/2026

ယောတပ်တော်(YA) ကွန်ပျူတာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို 20.3.2026ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယောတပ်တော်သည် စည်းကမ်းရှိသော၊ တပ်ပုံကျသော၊ အရည်ချင်းပြည့်ဝသော တပ်တော်တခုဖြစ်အောင်ကြိုးစားတည်ဆောက်နေပြီး ယောဒေသလွတ်မြောက်ရေးမှ ဖက်ဒရယ်ပြည်ထောင်စုပေါက်ပေါက်ရေးဆီသို့အမြန်ရောက်အောင် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

#ယောတပ်တော်


နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု(SRA)၊ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်မတ်လ ၂၀၂၆ခုနှစ်ဓာတ်ပုံ - B III (Burma Brother...
13/03/2026

နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု(SRA)၊ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်
မတ်လ ၂၀၂၆ခုနှစ်
ဓာတ်ပုံ - B III (Burma Brother Blood)

နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

အပတ်စဉ်(၁/၂၀၂၆)သင်တန်းကို အာရက္ခတပ်တော်(AA)မှ သင်တန်းနည်းပြများက လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်စည်းကမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ယခုသင်တန်းတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ယောတပ်တော်(YA)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF) နှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)တို့မှ သင်တန်းသားများ တက်ရောက်ခဲ့ကြခြင်းဖြစ်ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် SRAတပ်ဖွဲ့ဝင် တပ်မှူးများ၊ မဟာမိတ်တော်လှန်ရေးတပ်များမှ တပ်မှူးများ၊ ဒေသတွင်း ရပ်မိရပ်ဖများ နှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များကို ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ပါသည်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးနှင့် ပြည်သူလူထုလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုအား၊ ညီညွတ်မှုအားဖြင့် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

“တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်”

- ပြန်ကြားရေးဌာန
နွေဦးတော်လှန်ရေးမဟာမိတ်‌တပ်‌ပေါင်းစု(SRA)

13/03/2026
11/03/2026

တော်လှန်သူဟာ လွတ်မြောက်ပြီးသား

#ယောတပ်တော်

Address

Gangaw

Alerts

Be the first to know and let us send you an email when Yaw Army Movement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share