Conversation Club - TU Hpa An

Conversation Club - TU Hpa An Bookwormsလေးတွေကိုနွေးထွေးစွာကြိုဆိုလျက?

Hello!! We bring new opportunity to you again🥳အဲဒါကတော့ 𝐖𝐀𝐒𝐇 𝐍𝐞𝐱𝐮𝐬 𝐟𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကနေ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသောလူငယ...
09/12/2020

Hello!! We bring new opportunity to you again🥳

အဲဒါကတော့ 𝐖𝐀𝐒𝐇 𝐍𝐞𝐱𝐮𝐬 𝐟𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကနေ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသောလူငယ်တွေအတွက် အကျိုးရှိမယ့် နှစ်ရက်တာ
“ 𝒀𝒐𝒖𝒕𝒉 𝑷𝒂𝒓𝒕𝒊𝒄𝒊𝒑𝒂𝒕𝒊𝒐𝒏 𝒊𝒏 𝑾𝑨𝑺𝑯 𝒔𝒆𝒄𝒕𝒐𝒓 ”training လေးပဲဖြစ်ပါတယ်။
ဒီTrainingမှာ YU (environmental club), TU(Kyaukse) (Environmental Club) နဲ့TU (Hpa-an) က ကျောင်းသားတွေလည်း ပါဝင်မှာမို့ environmental club အချင်းချင်းလည်း network ရသွားနိုင်မှာ ဖြစ်ပါတယ်။
Trainingကို မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တိုင်းကလူငယ်တွေသာမက ဒေသမျိူးစုံကစိတ်ပါ၀င်စားတဲ့လူကြီး၊လူငယ်မရွေးလျှောက်လို့ရပါတယ်နော်။
TU(Hpa-an)ကWash Nexus for Myanmarနဲ့
ရှားရှားပါးပါးcollaborationလုပ်ထားတာမို့ ကိုယ့်ကျောင်းကလူငယ်တွေကိုအဓိကလျှောက်စေချင်ပါတယ်။
သင်ဟာ SDG 6 အပိုင်းဖြစ်တဲ့ Water and Sanitation အပိုင်းကို စိတ်ဝင်စားတဲ့ လူတစ်ယောက်ဖြစ်ပါသလား???
စိတ်ဝင်စားတယ်ဆိုရင်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါ။
**Training ရဲ့ ရည်ရွယ်ချက်ကဘာလဲ🤔

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ Water, Sanitation and Hygiene အပိုင်းတွင် လူငယ်​တွေပါဝင်မှု အားလျော့​နေတာကို တွေ့နေရပါတယ်။အဲ့တာကြောင့် WASH နဲ့ပတ်သက်တဲ့ Knowledge တွေကို ဒီ Training လေးက​နေတစ်ဆင့် sharing လုပ်ပေးချင်ပါတယ်။

**Training မှာ ဘာတွေကို သင်ယူလေ့လာနိုင်မှာလဲ။📚📚

WASH overview, Water and Wastewater, Sanitation and Hygiene စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်ပယ်များမှ ဆရာတွေကို ဖိတ်ပြီး ဆွေးနွေးသင်ကြားပေးမှာဖြစ်ပါတယ်။

**Training ကို ဘယ်ရက်တွေမှာ ပြုလုပ်သွားမှာလဲ။🕔 🗓

ဒီဇင်ဘာလ 12 ရက်နဲ့ 13 ရက်နေ့တွေမှာ short training ပေးသွားမှာပါ။ အချိန်တွေကတော့ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ တစ်ချိန် နေ့လည် ၁ နာရီကနေ ၃ နာရီအထိ တစ်ချိန်ဖြစ်ပါတယ်။

**ဘယ်လို သင်တန်းပို့ချသွားမှာလဲ???💻📱

Zoom မှတစ်ဆင့် အိမ်မှာဘဲ သင်ယူနိုင်ပါတယ်။
ဒီ Training မှာ ပါဝင်မည့်သူတွေအနေဖြင့် သင်တန်း ၂ ရက်တက်ရောက်ပြီးစီးပါက WASH sector ထဲကမှ ကိုယ်ကြိုက်နှစ်သက်တဲ့ အပိုင်းကို အဖွဲ့လိုက် Presentation ပြုလုပ်ရမှာဖြစ်ပါတယ်။အကောင်းဆုံးတင်ဆက်နိုင်တဲ့အဖွဲ့တွေကိုတော့Winner Prizeချီးမြှင့်မှာဖြစ်ပါတယ်။🥇🥈

Prizeမရခဲ့ရင်လည်းစိတ်မပူပါနဲ့။သင်တန်းကိုပြီးဆုံး
အောင်တက်ရင်လူတိုင်းကိုParticipation certificateပေးမှာပါ။
ဒါနဲ့တင်မကပဲနောက်ပိုင်းမှာလည်းclosed group ဖွဲ့ပေးပြီး သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ seminar, webinar, free online class and environmental နဲ့ဆိုင်တဲ့ scholarship တွေကို လက်လှမ်းမှီသလောက် share ပေးသွားမှာပါ။
Environmental fieldမှာ အတွေ့အကြုံများစွာရှိတဲ့Guest Speakers တွေများစွာပါ၀င်တာမို့ လူငယ်တွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်လို့ အခုဘဲ Registration Form ဖြည့်ပြီး ပါဝင်လိုက်ပါတော့နော်။😊
https://docs.google.com/forms/d/e/1FAIpQLSdQQMNsk1HVlXfzVzYj_FqmLvDKUt0_EjT4eqchkIL9EuUkfQ/viewform

မနက်ဖြန် အတွက် “Prospect Burma Scholarship Information Session” zoom link ကို registration form ဖြည့်ထားတဲ့ participants...
03/11/2020

မနက်ဖြန် အတွက် “Prospect Burma Scholarship Information Session” zoom link ကို registration form ဖြည့်ထားတဲ့ participants 50ကို ပို့လိုက်ပါပြီနော်။😊

So,please check your email.If you didn't receive the mail due to some technical errors ,you can contact us in cb.And, we'll also give a ring to remind you tonight ⭐⭐

Hello!! အားလုံးအတွက် သတင်းကောင်းလေးတစ်ခု ပြောပြချင်ပါတယ်။😊ဒီCovid pandemic အတွင်းမှာ Adminအပါအ၀င် လူငယ်အများစုဟာ ကျောင်း...
26/10/2020

Hello!! အားလုံးအတွက် သတင်းကောင်းလေးတစ်ခု ပြောပြချင်ပါတယ်။😊
ဒီCovid pandemic အတွင်းမှာ Adminအပါအ၀င် လူငယ်အများစုဟာ ကျောင်းဖွင့်တဲ့အချိန်တွေလို ပုံမှန် တက်တက်ကြွကြွမလှုပ်ရှားရဘဲ အိမ်တွင်းအောင်းနေရတဲ့အတွက် ပျင်းရိငြီးငွေ့နေကြတယ် မဟုတ်လား။

အမှန်တော့ ဒီအချိန်ဟာ long time holidaysရတဲ့အတွက် အကျိုးရှိစေမယ့် free online coursesတွေကို self-learning လုပ်ပြီးသင်ယူဖို့အကောင်းဆုံးအချိန်ပါ။
Adminအနေနဲ့ ဒီကျောင်းပိတ်မှာစိတ်ပါတဲ့အချိန် Youth communities တွေကကျင်းပပေးတဲ့ သက်ဆိုင်ရာနယ်ပယ်မှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေခေါ် ပြီး knowledge sharing meeting တွေကို တက်ဖြစ်တဲ့အတွက် အားကျမိပြီး ကိုယ့်ကျောင်းကclubတွေကို လည်းonlineမှာပဲ zoom meetingနဲ့runစေချင်ခဲ့တယ်။
စိတ်တူတဲ့လူငယ်တွေရှိရင်လည်း chat boxမှာသာ helloသာလုပ်လိုက်ပါနော်။😉

Main contentက အခုမှစမှာပါ။Adminတို့ Conversation Clubအနေနဲ့ Prospect Burmaကို requestလုပ်ထားလို့ လာမယ့်November 4မှာZoomနဲ့မနက် 10:30 ကနေ 12:00အထိProspect Burma Scholarship information sharing sessionရှိပါမယ်။၁နာရီက info sharing လုပ်ပေးမှာဖြစ်ပြီး နာရီ၀က်ကတော့ chat boxကဖြစ်စေ၊ face to face ဖြစ်စေquestionsတွေမေးလို့ရပါတယ်။
ကြိုတင်ပြီးလည်းမေးခွန်းတွေ comment boxမှာရေးထားလို့ရပြီးcount inလုပ်ပါတယ်။

Online webinarဖြစ်တဲ့အတွက် TU(Hpa-an)သီးသန့်ဆိုပြီးမခွဲခြားချင်လို့ နေရာဒေသမျိုးစုံက ကျောင်းတက်နေဆဲရော၊ကျောင်းပြီးသွားတဲ့ လူငယ်တွေအားလုံးfeel free to join ပါ။

ဒါပေမယ့် လူအများကြီးဆိုမထိရောက်မှာစိုးလို့ only 50 participants သာလက်ခံတာမို့ questions‌သေချာဖြေပြီးregisterမြန်မြန်လုပ်ပေးဖို့တိုက်တွန်းပါရစေ😊
So,see you on Wednesday in next two weeks par ⭐⭐

Registration form link-https://docs.google.com/forms/d/1Xk2Z6Mxn5C6DXcj02sSfdOxQjLhUOdFohhktsCteu8k/edit?usp=drivesdk

27/03/2020

***(FYI )
(ကဗျာဝါသနာရှင်တွေ ပိတ်ရက်မှာ လက်ရည်သွေးနိုင်ရန်အလို့ငှာ)

■ တက္ကသိုလ်ပေါင်းစုံကဗျာစာအုပ် ၂၀၂၀ ■

၂၀၁၉တွင် တက္ကသိုလ်ပေါင်းစုံကဗျာစာအုပ် ထုတ်ဝေခဲ့သည့်နည်းတူ ၂၀၂၀တွင်လည်း ဆက်လက်ထုတ်ရန် အစီအစဉ်ရှိပါသည်။

• စာမူကောက်ခံခြင်း •

၁။
စာမူစတင်လက်ခံရက် = မတ် ၁၂ ၊ ၂၀၂၀။
စာမူနောက်ဆုံးပေးပို့နိုင်သောရက် = ဇူလိုင် ၁၁ ၊ ၂၀၂၀

၂။
စာမူများကို [email protected]
သို့သာလျှင် ပေးပို့ရမည်ဖြစ်ပါသည်။

၃။
စာမူများ ပေးပို့ရာတွင် word file / unicode font system ဖြင့်သာ ပေးပို့ရမည်ဖြစ်ပါသည်။

၄။
စာမူပေးပို့ရာတွင် တစ်ယောက်လျှင် ကဗျာစာမူ ၅ပုဒ်ထိ ပေးပို့ရပါမည်။ ( အရွေးချယ်ခံရပါက ယင်း ၅ပုဒ်ထဲမှ ၃ ပုဒ်သာ ရွေးချယ်ဖော်ပြပါမည်။ )

၅။ ကဗျာစာမူများမှာ ခေတ်ပေါ်/ ခေတ်ပြိုင်ကဗျာများ ဖြစ်ပါသည်။

၆။ မည်သည့်တက္ကသိုလ် ( နေ့/ အ ဝေးသင် / ပြည်တွင်း / ပြည်ပ / အစိုးရ / ပုဂ္ဂလိက ) မှမဆို ပေးပို့နိုင်ပါသည်။ ဘွဲ့ကြိုကျောင်းသားဖြစ်ပါသည်။

၇။ ယခုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၉ တက္ကသိုလ် ခေတ်ပြိုင်ကဗျာများ "ကြောင်း"၌လည်း စူးစမ်းဖတ်ရှုနိုင်ပါသည်။

• အယ်ဒီတာအဖွဲ့ •

တက္ကသိုလ်အသီးသီးမှ ပေးပို့လာသော စာမူများကို အဆင့် ၂ ဆင့်ဖြင့် ရွေးချယ်သွားပါမည်။ ပထမအဆင့်မှာ ၂၀၁၉ တက္ကသိုလ်များ ခေတ်ပြိုင်ကဗျာ စာအုပ် "ကြောင်း"တွင် ပါဝင်သော ကျောင်းသား ကဗျာဆရာများက အယ်ဒီတာဖြင့် ပါဝင်ကာ ရွေးချယ်ကြမည်ဖြစ်ပါသည်။

ယင်းအယ်ဒီတာများမှာ

၁။ ကိုကျော်သီဟ ( စစ်မင်းခ ) 09694405016
၂။ ကိုမြင့်မောင်မောင် ( ဆောင်းလူ ) 09795676515
၃။ ကိုထူးအောင်လွင် ( ရွက်စိမ်း ) 09797474856
၄။ ကိုသုခသိန်းစိုး (ပေသိုး) 09799569424
၅။ ကိုကိုကိုအောင် ( နေနီ )
09421154998

၄င်းတို့ရွေးချယ်ပြီးသောစာမူများကို ဆရာအောင်ခင်မြင့်က ထပ်ဆင့်အပြီးသတ်ရွေးချယ်ကာ တက္ကသိုလ်များ ခေတ်ပြိုင်ကဗျာ ၂၀၂၀ အဖြစ် ထုတ်ဝေမည်ဖြစ်ပါသည်။ စာအုပ်ကို eras publishing house နှစ်ကာလများ စာအုပ်တိုက်က ထုတ်ဝေပါမည်။

ကျောင်းသားအယ်ဒီတာများမှာ ယခင်နှစ်စာအုပ်၌ ပါဝင်ခဲ့ကြသူများဖြစ်ပြီး ၂၀၂၁အတွက် အယ်ဒီတာများမှာလည်း ၂၀၂၀၌ ပါဝင်မည့်သူများ ပါဝင်သွားရန် ရည်ရွယ်ပါသည်။

• စာမူရွေးချယ်ပုံ •

ကဗျာစာမူများရွေးချယ်ရာတွင်

- ခေတ်ပေါ် / ခေတ်ပြိုင်ကဗျာများဖြစ်ခြင်း
- ကဗျာပါ အကြောင်းအရာ ( content )
- ကဗျာ၏အတွေးအမြင် ( ideology and concept )
- ကဗျာ၏ အရေးအသားတည်ဆောက်ပုံ
- ကဗျာ၏ လုပ်ငန်းစဉ်ကောင်းခြင်းနှင့်
-ကဗျာဘာသာစကား ပါဝင်မှုတို့အပေါ်တွင် မူတည်၍ ရွေးချယ်သွားပါမည်။

မရှင်းလင်းပါက အသေးစိတ်ကို အထက်ပါ အယ်ဒီတာများနှင့် စီစဉ်သူ ကိုသိန်းထက်အောင် ( 09698085018 ) ဆီသို့ မေးမြန်းဆက်သွယ်နိုင်ပါသည်။

Source - UM 1 literature team

"ငှက်ကလေး""ကိုယ်နှင့်မေမေစကားပြောသည်။ကိုယ်နှင့်ဖေဖေစကားပြောသည်။ဖေဖေနှင့်မေမေစကားမပြောကြပါ။ကိုယ်ရယ်၊မေမေရယ်၊ဖေဖေရယ်သုံးယေ...
16/02/2020

"ငှက်ကလေး"

"ကိုယ်နှင့်မေမေစကားပြောသည်။
ကိုယ်နှင့်ဖေဖေစကားပြောသည်။
ဖေဖေနှင့်မေမေစကားမပြောကြပါ။
ကိုယ်ရယ်၊မေမေရယ်၊ဖေဖေရယ်
သုံးယောက်ဆုံပြီးတော့လည်းစကားမပြောကြပါ။
တစ်အိမ်ထဲမှာနေသောလူနှစ်ယောက်တို့စကားမပြောကြခြင်းသည်ထူးဆန်းသည်ဟုကိုယ်ထင်သည်။
ဖေဖေနှင့်မေမေတို့သည်ကိုယ့်ကိုဧည့်သည်လိုပင်တစ်ယောက်တစ်လှည့်စီဧည့်ခံသလိုဖြစ်နေသည်။
သို့သော်လည်းကိုယ်သည်ဧည်သည်တစ်ယောက်မဟုတ်ပြန်ပါ။စဉ်းစားရခက်ပဲခက်လှပြန်တော့သည်။ "

သူ့ကိုယ်သူ "ကိုယ်"လို့ နာမ်စားသုံးတဲ့ ညီညီ ဆိုတဲ့ ငှက်ကလေးဟာ သွေးအေးနေတဲ့ အသိုက်အမြုံကြား
နေရခက်နေခဲ့တယ်။
ပေရခက်နေခဲ့တယ်။
ကျောင်းကပေးတဲ့ ပုစ္ဆာတွေထက် အိမ်ကပေးတဲ့ အဖေနဲ့အမေကြားက ပဟေဠိ တွေက သူ့ကို ပိုခေါင်းခြောက်စေတယ်။

အသိုက်အမြုံထဲ မွန်းကြပ်တဲ့ ငှက်ကလေးဟာ အပေါင်းအသင်းတွေကြား
ကျောင်းဝန်းတွေနားမှာ ပိုပြီး ပျံသန်းခဲ့တယ်...
လတ်ဆတ်တဲ့ အချစ်လေထုတွေထဲလည်း ပျံဝဲခဲ့သေးတယ်...
နွေးထွေးတဲ့ ငှက်သိုက်လေးတွေ ငေးရင်း
သူ့မှာ
အားကျရတယ်
အားငယ်ရတယ်။

ကလေးဘဝ မှာ ကလေးတို့သဘာဝ လွတ်လွတ်လပ်လပ်ကလေးဆန်ခွင့်ဆိုတဲ့ timing တွေနဲ့ လွဲအောင် ဘယ်သူတွေကများ ခွင့်ပြုခဲ့ပါသလဲ?

ငှက်ကလေးတစ်ကောင်ကို အပျံသင်ပေးဖို့ ဘယ်သူတွေကများ ဘယ်လိုပျက်ကွက်ခဲ့ပါသလဲ?

ပန်းကိုပျိုးတဲ့ ဥယျာဉ်မှူး
နဲ့
နာနာရိုက်တဲ့ အိုးထိန်း
သွန်သင်မှုပုံစံတွေက ကလေးတစ်ယောက်အပေါ်
ဘယ်လောက်ထိ သက်ရောက်မှု ကြီးသလဲ?

ကလေးတစ်ယောက် က သူ့မိဘတွေဆီက အချစ်ခံရဖို့ကလွဲပြီး ဘာတွေများ မျှော်လင့်မှာလဲ။

မေးခွန်းတွေရဲ့ အဖြေတွေကို စာအုပ်ထဲမှာ အကုန်ဖြေမပေးထားပေမယ့် ကိုယ့်ဘာသာမေး လက်တွေ့နဲ့ တိုက်ပြီးစစ်တဲ့ အခါ မိသားစုနဲ့ပတ်ဝန်းကျင်က အဖြေမှန် တော်တော်များများဖြစ်နေတတ်တယ်။

ဒီဘက်ခေတ် ကဗျာဆရာတစ်ယောက်ရဲ့
ကဗျာစာသားလေးတစ်ခု(ဆရာမင်းလူ ရဲ့ ငှက်ကလေးကိုပဲ မှီငြမ်းထားတယ်လို့ ကိုယ်ထင်တယ်) ကို သတိရမိတယ်...

"အဖေ့မှာ ပြန်စရာအိမ်ရှိတယ်
အမေ့မှာ ပြန်စရာအိမ်ရှိတယ်
ငါ့မှာ ပြန်စရာအိမ်မရှိဘူး"တဲ့

ဟုတ်ပါတယ်
ကျွန်တော် အဖေ့အိမ်လည်းမပြန်ချင်ဘူး
အမေ့အိမ်လည်း မပြန်ချင်ဘူး
အဖေတို့ အမေတို့ ကျွန်တော်တို့အတူနေမယ့်
ကျွန်တော်တို့ အိမ်ကိုပဲ ပြန်ချင်တယ်။

အနေဝေးမှမဟုတ်ပါဘူး
စိတ်ချင်းမနီးရင် ကျောချင်းကပ် ပိုဝေးပါတယ်။
ဖတ်နေရင်း စာမျက်နှာတွေဟာ မှန်ချပ်တွေဖြစ်သွားပြီး
ကိုယ့်မျက်နှာကိုယ်ပြန်မြင်တယ်
ကိုယ့်ငယ်ဘဝ ကိုယ်ပြန်မြင်တယ်။

ခင်ဗျားတို့လည်း တိုက်ဆိုင်တဲ့အခါ
ခင်ဗျားတို့ကို စကားလုံးတွေတိတ်ပြီး
ရင်ထဲ ထိတ်အောင် ငှက်ကလေးက ခေါ်ဆောင် ပျံသန်းပြပါလိမ့်မယ်။

ဆရာမင်းလူ ရဲ့ ငှက်ကလေး ပဲဖြစ်ပါတယ်။



10/02/2020

Weekly Activity!!!!!!

ကျွန်တော်တို့Conversation Clubအနေနဲ့ယခုအပတ် Activity မှာတော့စကားဝိုင်းလေးပြုလုပ်သွားမှာပါ။

ကျွန်တော်တို့မြန်မာပြည်ဟာအကောင်းဘက်ကနေထက်အဆိုးဘက်ကနေရာတိုင်းမှာပိုများနေတတ်ကြပါတယ်။
လမ်းဘေးမှာပစ်ချလိုက်တဲ့အမှိုက်တွေ
ကားပေါ်ကထွေးချလိုက်တဲ့ကွမ်းတံတွေးတွေအပြင်
မှုခင်းပိုင်းဆိုင်ရာတွေမှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့မူးယစ်ဆေးမှုတွေကိုကျူးလွန်လာကြတာကိုပါတွေ့ကြရပါတယ်။

ကျွန်တော်တို့အနေနဲ့ ယခုလိုဖြစ်ရပ်မျိုးတွေဖြစ်လာကြတာဟာ လူငယ်တွေကို ငယ်စဉ်ကတည်းကပြုစုပြိုးထောင်မှုနဲ့ဆိုင်တယ်လို့ယူဆကြပါတယ်
ဒါကြောင့်ကလေးငယ်တွေကိုပြုစုပြိုးထောင်ဖို့မသင့်တော်တဲ့ဆယ်နိုင်ငံစာရင်းမှာပါဝင်နေတဲ့မြန်မာနိုင်ငံမှာ *ကလေးငယ်တွေကိုလမ်းမှားမရောက်အောက်ဘယ်လိုပြုစုပြိုးထောင်ကြမလဲ*ဆိုတာကိုယနေ့(10.2.2020)ညနေ 3:50 ကျောင်း၏အပေါ်ဆုံးအထပ်မှာပြုလုပ်ကြမှာဖစ်ပါတယ်ခင်ဗျာ မည်သူမဆိုပါဝင်ဆွေးနွေးနိုင်ပါကြောင်းအသိပေးဖိတ်ကြားအပ်ပါသည်ခင်ဗျ

Conversation Club
Activity
Activity

"ဤအရပ်တွင်မိုးရွာခဲ့သည်"ကျွန်တော်တို့မွေးသည်ကနေသေသည်အထိ စကားလုံးလေး သုံးလုံးနှင့်အရာတစ်ခုကကျွန်တော်ဘဝကို သက်ရောက်နေတက်သည...
09/02/2020

"ဤအရပ်တွင်မိုးရွာခဲ့သည်"

ကျွန်တော်တို့မွေးသည်ကနေသေသည်အထိ စကားလုံးလေး သုံးလုံးနှင့်အရာတစ်ခုကကျွန်တော်ဘဝကို သက်ရောက်နေတက်သည်
ထိုအရာသည်ကျွန်တော်တို့ကိုအောက်သို့ဆွဲချခဲ့ကြသည်
အထက်သို့လည်းတွန်းတင်ပေးတက်သည်
တစ်ခါတစ်လေထိုအရာကြောင့်လူအချို့သည်လူ့လောကကိုလက်ပြနှုက်ဆက်ခဲ့ကြရသည်
ထိုစကားလုံးလေးတွေက …ပတ်ဝန်းကျင် တဲ့
ဒီစာအုပ်လေးမှာ မိမိပတ်ဝန်းကျင်ကိုဂရုမစိုက်တဲ့ကောင်မလေးတစ်ယောက်
ဘာကြောင့်မှန်းမသိဘဲရုတ်တရက်ပြောင်းလဲသွားတဲ့ကောင်မလေးတစ်ယောက်
တောင်ပေါ်မြို့လေးကဆိုင်ကယ်စီးတဲ့တစ်ဦတည်းသောကောင်မလေးတစ်ယောက်
ထိုကောင်မလေးကိုချစ်မိသွားတဲ့ကောင်လေးနဲ့နောက်ဆက်တွဲကြေကွဲဖွယ်ဇာက်လမ်းတွေ
နဲ့လူဆိုတာဘယ်သူ့ကိုမှယုံကြည်လို့မရဘူးဆိုတာကိုပါဖော်ပြသွားပါတယ်

ဒီစာအုပ်လေးကဂန္ဘီရဆန်သလိုလိုဇာတ်ကြောင်းလေးနဲ့နောက်သိမ်းပိုင်းအထိမြုပ်ကွက်တွေကိုနိုင်နိုင်နင်းနင်းထိန်းသွားနိုင်တာမို့လက်က မချချင်ဖစ်ခဲ့ရပါတယ်
တကယ်လို့မိမိဟာပြင်ဆင်လို့မရတဲ့လူ ပျက်စီးနေပါ၏ဆိုတဲ့ကျောင်းသားများအနေဖြင့်အဓိကဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ဘဲဖစ်ပါတယ်

"ထိုနေ့ ညနေပိုင်းက ဤဒေသတွင်မိုးများသည်းထန်စွာရွာသွန်းခဲ့သည်" တဲ့ ဘာကြောင့်ရွှာသွန်းခဲ့သလဲဆိုတာကတော့ကိုယ်တိုင်ဘဲဖတ်ကြည့်ကြပါတော့ဗျာ ။

Conversation Club
Book Review

ဝေး ကဗျာချစ်သူတို့ရေ သင်တို့ရဲ့ရင်ထဲက ခံစားချက်လေးတွေကို စာရွက်ဖြူဖြူလေးပေါ် ရေးချ ပီး ကဗျာ စပ်ဖူးကြတယ်မဟုတ်လား။အဲ့အရာတွ...
06/02/2020

ဝေး ကဗျာချစ်သူတို့ရေ သင်တို့ရဲ့ရင်ထဲက ခံစားချက်လေးတွေကို စာရွက်ဖြူဖြူလေးပေါ် ရေးချ ပီး ကဗျာ စပ်ဖူးကြတယ်မဟုတ်လား။
အဲ့အရာတွေကို အခုတော့ ကိုယ်တယောက်တည်း မခံစားပဲ ကိုယ်ချစ်ခင် ရသူတွေ ပါမျှဝေခံစား ဖို့ အခွင့်အရေးရှိလာပါပြီခင်ဗျာ။
သင်တို့ရဲ့ ကလောင်စွမ်းတွေကို ထုတ်ဖော်ပြ သ ဖို့ နဲ့ သင်တို့ရဲ့ ခံစားချက်တွေကို မှတ်ကျောက်တင်ဖို့ အခွင့်အရေးရှိလာပါပြီခင်ဗျာ။
ကျွန်တော်တို့ရဲ့ Conversation Club အနေနဲ့ မကြာခင်မှာ ကဗျာ စာအုပ်လေး ထုတ်ဝေဖို့အစီအစဉ်ရှိပါတယ်။
ကဗျာချစ်သူတို့ရဲ့ နူးညံ့သိမ်မွေ့တဲ့ကဗျာလေးတွေကို မှတ်ကျောက်တင်ပေးပါရစေ။
ကဗျာချစ်သူတွေအနေနဲ့ ကဗျာလေးတွေ ပေးပို့ချင် တယ်ဆိုရင် တော့ Conversation Club page ရဲ့ Chat Box ကနေ ပေးပို့နိုင်ပါတယ်ခင်ဗျာ။
ကျွန်တော် တို့ conversation club မှနွေးထွေးစွာကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ။
Hpa-an Conversation Club
#ကဗျာလမ်းဖွင့်ခြင်း

"သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့"ထောင်က ထွက်လာတာ မကြာသေးတဲ့ ထူးထူးဆန်းဆန်း လူတစ်ယောက်..။ထောင်က ထွက်လာပြီးနောက် ပတ်ဝန်းကျင်နဲ...
02/02/2020

"သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့"

ထောင်က ထွက်လာတာ မကြာသေးတဲ့ ထူးထူးဆန်းဆန်း လူတစ်ယောက်..။

ထောင်က ထွက်လာပြီးနောက် ပတ်ဝန်းကျင်နဲ့ အသားကျအောင် မနေတတ်တော့တဲ့ သူ့ရဲ့ခံစားချက် အချို့....။

ထိုသူရဲ့ ဆယ်ကျော်သက် အရွယ်က ချစ်ခဲ့ရတဲ့ ဘယ်သောအခါမှ မေ့မရမယ့်် အစ်မကြီး တစ်ဦး...။

နှင်းဆီပန်းကလေးများတွေ့လျှင် ပလတ်စတစ်အိတ်ထဲ တယုတယ ထည့်သွင်းထားတတ်သည်အထိ.....။

(-၅)စာသုံးစောင်၏ ရှေ့ရေး

"သူ့နာမည်က မခင်လေးခင်တဲ့"

မိန်းကလေးတွေ သနားတာ အလိုမရှိဟု ကြွေးကြော်ခဲ့သော ကျွန်တော်သည် သူ့ထံသို့ အသနားခံစာတစ်စောင် ရေးသားတင်သွင်းရန် အဘယ်ကြောင့် ထပ်မံ ကြိုးစားခဲ့ ပြန်သနည်း။

(- -၄) စကားဝှက် 'နှင်းဆီ '

"ကျွန်တော့်ကို လက်ခံတယ်ဆိုတဲ့ အထိမ်းအမှတ်လေးနဲ့ မမခေါင်းမှာပန်ထားတဲ့ နှင်းဆီပွင့်ကလေး ပေးပါလားဟင်"

နှင်းဆီတွေ ကို အဓိက ဇာတ်လိုက်လို့ တင်စားလို့ရနိုင်မယ့်...

မောင်ပေါ်ဦးဆိုတဲ့ တစ်ဇွတ်ထိုးဆန်ပြီး ထင်ရာလုပ်တတ်တဲ့ ဆယ်ကျော်သက်လူငယ်လေး...

ခေတ် တစ်ခေတ်ရဲ့ ပတ်ဝန်းကျင်နဲ့အခြေနေ တစ်ချို့ကို စာဖတ်သူ ရိပ်စားမိအောင် ခပ်ပါးပါးထည့်သွင်းထားပြီး မောင်ပေါ်ဦးနှင့် မမ မခင်လေးခင် တို့ကြားက အတွေးအ ခေါ် မညီမျှမှု တစ်ချို့နဲ့ ပုံဖော် ရေးဖွဲ့ထားတဲ့ အချစ်ဝတ္ထုလို့ အမည်တပ်ချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်။

ဆယ့်ခုနစ်နှစ်အရွယ် လူငယ်တစ်ဦးနှင့် နှစ်ဆယ်ကျော် ရွယ် အမျိုးသမီးတစ်ဦး သူတို့ နှစ်ဦး အကြားမှ အချစ်၊ စည်းကမ်းချက်တွေ နဲ့ အထင်လွဲမှားမှုက စတဲ့ နာကျည်းမှုခြင်း လွမ်းဆွေးခြင်းတွေနဲ့ သူတို့ချစ်ခြင်းရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ ဆိုတာ ဖတ်ကြည့်ကြဖို့..။
Romnantic ဆန်တာကို သဘောကျတဲ့ စာဖတ်သူတွေ လုံးဝ အကြိုက်တွေ့မယ့် စာအုပ်တစ်အုပ် ဖြစ်ကြောင်း..။

Conversation Club
book review
Naw Htun Aung

ဒီအပတ်ရဲ့ Lucky draw စာအုပ် ကံထူးရှင်ကတော့{No.5} Khant Min Ko ဖြစ်ပါတယ်
28/01/2020

ဒီအပတ်ရဲ့ Lucky draw စာအုပ် ကံထူးရှင်ကတော့
{No.5} Khant Min Ko ဖြစ်ပါတယ်


"ရေသေအိုင်"  📣 စာအုပ်ကို review မရေးခင် ကျွန်တော်တစ်ခုလောက် ဝန်ခံပါရစေ။ ကျွန်တော်က မကြားဖူးတဲ့ စာရေးဆရာတွေရဲ့ စာအုပ်ကို ...
26/01/2020

"ရေသေအိုင်"

📣 စာအုပ်ကို review မရေးခင် ကျွန်တော်တစ်ခုလောက် ဝန်ခံပါရစေ။ ကျွန်တော်က မကြားဖူးတဲ့ စာရေးဆရာတွေရဲ့ စာအုပ်ကို ဖတ်လေ့မရှိပါဘူး။ စာရေးဆရာအစွဲ ရှိတယ်ဆိုပါတော့။ Facebook ပေါ်က review တွေကိုဖတ်ပြီးမှ စာအုပ်တွေကို ဝယ်ဖတ်လေ့ရှိပါတယ်။ တလော ကမှ ထွက်တဲ့ စာရေးဆရာ ကိုစိုးထိုက်(ဖဒို)ရေးတဲ့ "မြေစာပင်" စာအုပ်ကို ဖတ်ချင်လို့ We Distributionရဲ့ webကို ဝင်ကြည့်မိတဲ့ အချိန်ကျမှ စာရေးဆရာ လင်းခါးရေးတဲ့ ရေသေအိုင်ဆိုတဲ့ စာအုပ်ကို ပထမဆုံးအကြိမ် တွေ့မိတယ်။ တွေ့တွေ့ချင်ပဲ အဲ့စာအုပ်ကို လိုချင်မိသွားတယ်။ ဘာလို့လဲဆိုတော့ "ရေသေအိုင်" ဆိုတဲ့ စာအုပ်ရဲ့နာမည်ကိုကြိုက်လို့။ အဲ့မှာ တစ်ခါတည်း ‌ဆရာကိုစိုးထိုက်ရဲ့ "မြေစာပင်" စာအုပ်နဲ့အတူ ဆရာလင်းခါးရဲ့ "ရေသေအိုင်" ဆိုတဲ့ စာအုပ်ကို မှာဖြစ်ခဲ့တယ်။
စာအုပ်ဖတ်ဖတ်ချင်း ဇာတ်သိမ်းကို သိရတာက ဒီစာအုပ်ရဲ့ထူးခြားချက်ပါပဲ။ စာအုပ်မဖတ်ခင် ဇာတ်သိမ်းကို သိချင်တဲ့သူတွေအတွက်ကတော့ အိုကေ စိုပြေပေါ့။ ဇာတ်သိမ်းကိုသိလိုက်ပေမဲ့ ဒီစာအုပ်ကို ဖတ်နေတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်က လုံးဝ ပေါ့သွားမှာမဟုတ်ဘူးဆိုတာကို ကြိုပြောပါရစေ။ ဒီစာအုပ်မှာဆိုရင် စာရေးဆရာက သူနဲ့သူရဲ့ သူငယ်ချင်းသုံးယောက်အကြောင်း စာဖတ်သူကို ပြောတဲ့ပုံစံနဲ့ရေးထားပါတယ်။ ပြီးတော့ သူတို့သူငယ်ချင်းလေးဦး ဘယ်လို စတွေ့ကြပုံ၊ ဘယ်လိုခင်လာကြပုံ နဲ့ သူငယ်ချင်လေးဦးကြားမှာရှိတဲ့ သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေကို ခံစားဖတ်ရှုရမှာပါ။ ဒါအပြင် သူ့တို့လေးဦးရဲ့ ဘဝရုန်းကန်းလှုပ်ရှားပုံတွေကို မျက်ဝါးထင်ထင် ဖတ်ရှုရမှာဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် အောက်‌ခြေလူတန်းစားတွေရဲ့ဘဝ၊ ပညာရေးအဆင့်အတန်းတွေကို လည်း သိမြင်ရမှာဖြစ်ပါတယ်။

{ ဒီအပတ် Book review ပေးသူကတော့
ကိုစောရဲလင်းထွဋ်ဖြစ်ပါတယ်ခဗျ }




📣ဒီစာအုပ်လေးကို မဲဖောက်ပေးမှာဖြစ်ပါတယ်

📌စည်းကမ်းချက်လေးကတော့

🔑Conversation Club member ဖြစ်ရပါမယ်

>>ဒီ post လေးကို like and share လုပ်ထားတဲ့ screenshot လေးနဲ့အတူ 1 to 30 ထဲက နှစ်သက်ရာ Number နဲ့ conversation club member မဟုတ်တဲ့ သူငယ်ချင်း သုံးယောက်ကို comment မှာ mention ခေါ် ပေးပါနော်

🚨 Number မထပ်အောင်သတိထားပေးဖို့တောင်းဆိုပါတယ်

(28.1.2020) အင်္ဂါနေ့ ညနေ club activity မှာ
မဲဖောက်ပေးမှာဖြစ်လို့ အင်္ဂါနေ့ နေ့လည် 12 နာရီ နောက်ဆုံးထားပြီး ကံစမ်းကြဖို့တိုက်တွန်းပါတယ်နော်


ဒီနေ့ကတော့ကိုယ်ကြိုက်မိတဲ့စာအုပ်လေးတစ်အုပ်အကြောင်းကိုအခြားသူတွေနဲ့sharingလုပ်ရင်းဘာကြောင့်ကြိုက်မိခဲ့ကြရတာလဲဆိုတာကိုပါပြ...
21/01/2020

ဒီနေ့ကတော့ကိုယ်ကြိုက်မိတဲ့စာအုပ်လေးတစ်အုပ်အကြောင်းကိုအခြားသူတွေနဲ့sharingလုပ်ရင်းဘာကြောင့်ကြိုက်မိခဲ့ကြရတာလဲဆိုတာကိုပါပြောပြဖြစ်ကြတယ် နောက်ရက်တွေမှာတော့ဆရာမနိုင်နိုင်း(စနေ)ရဲ့စာအုပ်တွေထဲကကြိုက်နှက်သက်ရာစာအုပ်လေးတွေအကြောင်းကိုဆွေးနွေးကြဦးမှာပါ

Club
Activity

Address

Technological University ( Hpa-an)
Hpa-an
13011

Telephone

+959795473053

Website

Alerts

Be the first to know and let us send you an email when Conversation Club - TU Hpa An posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Conversation Club - TU Hpa An:

Share

Category