15/09/2017
စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်လူကုန်ကူးမှု ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
ဘားအံ စက်တင်ဘာ ၇
================================================
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားကပ်စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ် ဆေးဝါးအန္တရာယ်အသိပညာပေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါ ကျောင်း ပညာညီလာခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီအေးက အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက ကျောင်းသား/သူများ စာဖတ်ခြင်း အလေ့အထရှိလာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားပြီး စာပေ ဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအား အကျယ်တ၀င့်ဆွေးနွေးဟောပြောကာ မူးယစ်တစ်ဖွဲ့စု(၃၁)မှ ဒုတိယ ရဲမှူးထွန်းထွန်းဦးက မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ရင် ဆိုင်ကြုံတွေ့ရသည့် လူမှုဒုက္ခများ၊ ပစ်မှုနှင့်ပစ်ဒဏ်များ အစရှိသည့် မူးယစ်ဆေးဝါးဆိုးကျိုးနှင့်အန္တရာယ်များကို Power Point အသုံးပြု၍ အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှရဲအုပ်အောင်ကိုကိုဝင်းက ကျောင်းသား/သူများ စက်ဘီး၊ မော်တော်ဆိုင် ကယ်၊ မော်တော်ကား စသည့်ယာဉ်အမျိုးမျိုး မောင်းနှင်စီးနှင်းရာတွင် လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ရှောင်ရန်များနှင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား Power Point အသုံးပြု၍ အသိပညာပေး ဆွေးနွေးဟောပြောပြီး ဘားအံ အမှတ်(၈) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်စောအောင်သောင်းက လူကုန်ကူးမှုအမျိုးအစား၊ လူကုန်ကူးသူများအသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခံရသူများ၏လူနေမှုအဆင့်အတန်း၊ လူကုန်ကူးခံရသူများ၏ ဆိုးကျိုး လက္ခဏာများ၊ လူကုန်ကူးပစ်မှုပစ်ဒဏ်များ အစရှိသည့် လူကုန်းမှုဆိုင်ရာ အသိပညာ ပေးဆွေးနွေးဟောပြောခဲ့ကာ ဟောပြောပွဲသို့တက်ရောက်လာသော ဆရာ/မ ၁၅ ဦးနှင့် ကျောင်းသား/သူ ငါးရာခန့်က ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ နှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှု့လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။ စောမျိုးမင်းသိန်း(ပြန်/ဆက်)