Spiritual Food of God's Word . နှူတ်ကပတ်တော်ဝိညာဉ်အစာ . Pasian Kammal Kha An

  • Home
  • Myanmar
  • Insein
  • Spiritual Food of God's Word . နှူတ်ကပတ်တော်ဝိညာဉ်အစာ . Pasian Kammal Kha An

Spiritual Food of God's Word . နှူတ်ကပတ်တော်ဝိညာဉ်အစာ . Pasian Kammal Kha An Devotion, Resfreshing!
ဆင်ခြင်နှလုံးသွင်းဆက်ကပ်ြ? Daily Text & Devotional!

29/06/2026

Colossians 1:13-14; ကောလောသဲ; Colosse-te
13For he has rescued us from the dominion of darkness and brought us into the kingdom of the Son he loves, 14in whom we have redemption, the forgiveness of sins.
13 Ahang in, amah in khuamial ukna gam pan eite hong hukhia in, a it a Tapa gam sung hong tun zo a, 14 eite in ama sungah tatkhiatna e le mawhnate maisakna i ngah hi.
13မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။- 14ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။

28/06/2026

သခင်ဘုရားနေ့ (Lord’s Day)
ဇွန်လ၊ ၂၈ ရက်၊ ၂၀၂၆
ထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်သောအမှုကို ပြုတော်မူ၏။ ဤအမှုကို မြေကြီးတစ်ပြင်လုံးသိစေကြလော့။ (ဟေရှာယ၊ ၁၂း၅ (စံမီ))
ဟေရှာယ (ကျမ်း)သည် အံ့ဖွယ်နှင့် ဝမ်းမြောက်ဖွယ်တို့နှင့်ပြည့်သည် - ကျွန်ုပ်တို့၏ကိုယ်တော့်ကို ချီးမွမ်းခြင်းသည် တစ်လောကလုံးထံသို့ရောက်သွားရလောက်သည်အထိ ဘုရားသခင်သည် အလွန်ဘုန်းရှိသောကြီးမြတ်သောအမှုကို ပြုတော်မူခဲ့ပြီ။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏အကြီးမြတ်ဆုံးသောလုပ်ဆောင်မှုဖြစ်ပါသည်။ ကိုယ်တော်အားဖြင့်၊ ထာဝရဘုရားသည် အမြင့်မြတ်ဆုံးသော ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ပြီးစီးခဲ့ပြီ၊ လက်ဝါးကပ်တိုင်နှင့် လွတ်နေသောသင်းချိုင်းဂူ။ ယေရှုသည် ကျွန်ုပ်တို့အပြစ်များကို ထမ်းရွက်ခဲ့ပြီး၊ သေခြင်းတရားအပေါ်အောင်မြင်ခဲ့ပြီဖြစ်၍ ယခုတွင် ယုံကြည်သူအားလုံးအား ထာဝရအသက်ကို ပေးပါသည်။ မည်သည့်အမှုသည် သာ၍ကြီးမြတ်နိုင်မည်နည်း။ ထာဝရဘုရားသခင်အား သီဆိုချီးမွမ်းကြရန် ခေါ်ဖိတ်ခြင်းသည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ငြိမ်းချမ်းရေးယူ‌ဆောင်လာပေးသော ရှင်ပြန်ထမြောက်သည့်ကယ်တင်ရှင်ကို ချီးမွမ်းကြရန် ဖိတ်ခေါ်ခြင်းပင် ဖြစ်ပါသည်။ ပြီးနောက် ၎င်းကို ကျွန်ုပ်တို့သည် လူသိရှင်ကြား လုပ်ရပါမည်။ ဟေရှာယ ပြေသည်မှာ ဤအမှုကို မြေကြီးတစ်ပြင်လုံးသိစေကြလော့ဟု ပြောသည်။ ‌ယေရှုသည် သခင်ဖြစ်သည့်အကြောင်းနှင့် ကိုယ်တော် ဆောင်ရွက်ခဲ့သည့်အမှုအတွက် ချီးမွမ်းခြင်းအားလုံးနှင့် ထိုက်တန်ခြင်းအကြောင်းတို့ကို ကျွန်ုပ်တို့ ဖော်ပြကြသသည်တွင် ကျွန်ုပ်တို့၏ကိုးကွယ်ခြင်းသည် ကိုယ်တိုင်ကိုယ်ကျနှင့် လူသိရှင်ကြားဖြစ်ကြပါစေ။

28/06/2026

T**a’ Ni (Lord’s Day)
Gam Kha (June) 28, 2026

T**A in leitung ah na hoih tampi sem ahih manin, Ama tungah la sa un. Leitung khempeuh ah hih thu kitheisak un.
(Isaiah 12:5)

Nisim simding: Nehemiah 1

Isaiah (sung) pen lamdangsakna le lungdamna tawh kidim hi – Pasian in Amah i phatnate pen leitung mun khempeuh ah a kizel ding zah dongin a minthang mahmah na hong semkhin zo hi. T**a Zeisu Khazih pen a Pasian nasep a minthang penpen ahi hi. Ama tungtawnin, T**A in hotkhiatna nasep lianpen mansiang khin hi: singlamteh le a hawm hankhuk. Zeisu in i mawhnate pua a, sihna tungah gualzo in, le tuin a um khempeuh tungah nuntak tawntungna hong lui ta hi. Bangdang a minthang zaw om ding ahi hiam? T**A tunga lasak ding sapna pen eite Pasian tawh kikal kilemna hong puak a thokik Honpa phat dinga sapna ahi hi. Tuateh eite in mipi muhtheih dingin i sep ding ahi hi. Isaiah in a genna ah, leitung khempeuh ah hih thu kitheisak un na ci hi. Zeisu pen T**a ahihna le Ama sepsa na hangin phatna khempeuh ngah ding akilawmna i pulakkhiatna ah tuni-a i biakpiakna pen mimal khatciat ii biakna hihen la mipi mai ah hita hen.

19/04/2026

ဟေဗြဲဩဝါဒစာ ၁၃း၁၅
"ထိုသခင်အားဖြင့် ချီးမွမ်းခြင်းတည်းဟူသော ယဇ်ကို ဘုရားသခင်ရှေ့တော်၌ အစဉ်မပြတ် ပူဇော်ကြကုန်အံ့။ ထိုယဇ်မူကား၊ နာမတော်ကို ဝန်ခံသော နှုတ်ခမ်းအသီးဖြစ်သတည်း။"

ငါတို့၏ ချီးမွမ်းခြင်းအလုံးစုံသည် ယေရှုနှင့်စတင်၍ ယေရှုနှင့်ပင် အဆုံးသတ်ပါ၏။ ကိုယ်တော်မရှိလျှင် ဘုရားသခင်ကို နှစ်သက်စေမည့်အရာကို ပူဇော်ဖို့နေနေသာသာ၊ ဘုရားသခင်ထံတော်သို့ ငါတို့အစကတည်းက ချဉ်းကပ်နိုင်ကြမည်ပင် မဟုတ်ပါ။ သို့သော် ယေရှုသည် မိမိကိုယ်ကို စုံလင်သောယဇ်အဖြစ် ပူဇော်ခဲ့သောကြောင့် ယခုအခါ ဘုရားသခင်ထံသို့ တိုးဝင်ရာလမ်း ပွင့်သွားပြီဖြစ်သည်။

ကိုယ်တော်အားဖြင့် ငါတို့သည် တိရစ္ဆာန်များ သို့မဟုတ် ထုံးတမ်းစဉ်လာများမဟုတ်ဘဲ၊ ကျေးဇူးသိတတ်သောနှလုံးသားနှင့် ချီးမွမ်းသောနှုတ်ခမ်းများတည်းဟူသော ပူဇော်သက္ကာအသစ်ကို ယူဆောင်လာရန် ဖိတ်ခေါ်ခြင်းခံရသည်။ ဤချီးမွမ်းခြင်းယဇ်သည် ကျေးဇူးတော်ထိတွေ့သောနှလုံးသားများမှ နေ့စဉ်စီးဆင်းသင့်သည့်အပြင်၊ အထူးသဖြင့် ငါတို့အား ပေးထားသော ပညတ်တော်အတိုင်း တစ်ပတ်လျှင်တစ်ကြိမ် ပေါင်မုန့်ဖဲ့၍ သခင်ဘုရားကို အောက်မေ့ရန် စုဝေးကြသောအခါမျိုးတွင် ပို၍ပင် စီးဆင်းသင့်သည်။

ကိုယ်တော်၏နာမတော်ကို မေတ္တာဖြင့်မြွက်ဆိုခြင်း၊ ကိုယ်တော်၏ကောင်းမြတ်ခြင်းကို သက်သေခံခြင်း၊ သို့မဟုတ် ကိုးကွယ်ခြင်းသီချင်းဆိုခြင်းတို့ ပြုသောအခါ ငါတို့သည် ဘုရားသခင်နှစ်သက်တော်မူသော အသီးအနှံကို ပူဇော်နေခြင်းဖြစ်သည်။ ယေရှုပြုခဲ့သမျှကို ထောက်ရှု၍ ငါတို့သည် မည်သို့ ဆိုင်းတွန့်နေနိုင်ပါမည်နည်း။ ယနေ့ ငါတို့၏စကားများသည် ယေရှုကို ဂုဏ်ပြုခြင်း၊ နာမတော်ကို ချီးမြှောက်ခြင်းနှင့် ကိုယ်တော်၏ဘုရားသခင်နှင့် ခမည်းတော်ရှေ့၌ ကိုယ်တော်၏ထိုက်တန်မှုကို ကြေညာခြင်းတည်းဟူသော ပူဇော်သက္ကာတစ်ခု ဖြစ်ပါစေသတည်း။

18/04/2026

Nino Ni (Saturday)
Dopi Kha (April) 18, 2026

Ahih hangin tua a lian mahmah vangliatna in kote aa hilo in Pasian aa ahihlam a kilat nadingin leibel tawh a kibang kote pumpi sungah a manpha mahmah tua vangliatna ka nei uh hi.
(2 Corinth 4:7)

Pasian’ minthanna khuavak – Khazih maitang ah akilang – pen tuin eite sungah om a, bel hoihpi sungte ah hilo, a kisia, lei pumpite sungah akipua gige ahi hi. Eite pen buan leibelte ihi hi: thanem, kitamthei le a maimai/ngeina te ihi hi. Himah taseleh eite sungah a maimai/ngeina tung peka van manpha ahi Pasian’ Kha hong teenna te ihi hi. Hih thu pen hong hehnem (lungnuamsak) le hong to thu ahi hi. Akisel meivak hong kilat khiat theih nadingin aleibelte uh akitamsak Gideon’ mite mah bangin (Thukhente 7:9-22), eite zong kitap khap ding i deih ding ahi hi – tua manin Ama khuavak eite tungtawnin hong tangkhia thei ding hi. Khazih’ gimthuakna mahmah zong Ama minthanna ma-ah hong om hi; tua mahbangin, i haksatnate pen khatveivei ciangin Ama vangliatna akitheih khiatsak nadinga kizang lampi hithei hi. Bangbang i piakhia/ suplawh kha zongin i “khuavak neu” a taankhiat ding i lunggulh hiam? A manpha na pen i thahatna hilo in, Ama thahatna hizaw hi. Ama ngimna aadingin a buppi-a ki-apna le lungkimtaka ki tapkhapna nuntaknate tungtawnin Ama minthanna kilangkhia sak ciat ni.

18/04/2026

သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည် မြေအိုးထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ၏။ (၂ ကော၊ ၄း၇)

ခရစ်တော်၏မျက်နှာတော်၌ ထင်ရှားသော ဘုရားသခင်၏ဘုန်းတော်အလင်းသည် ယခု ငါတို့အတွင်း၌ ရှိနေပြီ။ ထိုအလင်းကို ကြီးကျယ်ခမ်းနားသော အိုးများဖြင့် သယ်ဆောင်ထားခြင်းမဟုတ်ဘဲ ကျိုးပဲ့လွယ်သော မြေကြီးခန္ဓာကိုယ်များဖြင့်သာ သယ်ဆောင်ထားခြင်းဖြစ်သည်။ ငါတို့သည် မြေအိုးများနှင့် တူကြ၏။ အားနည်း၍၊ ကျိုးပဲ့လွယ်ကာ သာမန်မျှသာ ဖြစ်ကြသည်။ သို့သော် ငါတို့အတွင်း၌ ဘုရားသခင်၏ ဝိညာဉ်တော်တည်းဟူသော ထူးကဲလှသော ရတနာ ကိန်းဝပ်လျက်ရှိသည်။

ဤအချက်သည် သက်သာရာရစေသလို စိန်ခေါ်မှုလည်း ဖြစ်စေသည်။ ဝှက်ထားသောအလင်း ထွက်ပေါ်လာစေရန် မိမိတို့၏အိုးများကို ရိုက်ခွဲခဲ့ကြသော ဂိဒေါင်၏လူများကဲ့သို့ပင် (တရားသူကြီးမှတ်စာ ၇:၁၉-၂၂)၊ ကိုယ်တော်၏အလင်းသည် ငါတို့မှတစ်ဆင့် ထွန်းလင်းစေရန်အတွက်—မာနကိုနှိမ့်ချရန်နှင့် သက်တောင့်သက်သာရှိမှုကို စွန့်လွှတ်ရန်—ငါတို့သည်လည်း အကျိုးခံရန် (ရိုက်ခွဲခံရန်) အသင့်ရှိရမည်။

ခရစ်တော်သည် ဘုန်းတော်မခံစားမီ ဆင်းရဲဒုက္ခကို အရင်ခံစားခဲ့ရသည်။ ထို့အတူ ငါတို့ကြုံတွေ့ရသော စမ်းသပ်မှုများသည်လည်း ကိုယ်တော်၏တန်ခိုးတော်ကို ထင်ရှားစေသည့် နည်းလမ်းများ ဖြစ်လာတတ်သည်။ မည်မျှပင် ပေးဆပ်ရပါစေ ငါတို့၏ "အလင်းငယ်" ကို ထွန်းလင်းစေရန် ငါတို့ အသင့်ရှိကြသလား။

အစွမ်းသတ္တိဟူသည် ငါတို့ထံမှလာသော ရတနာမဟုတ်ဘဲ ကိုယ်တော်၏တန်ခိုးတော်သာ ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်၏ရည်ရွယ်ချက်အတွက် လုံးဝဆက်ကပ်အပ်နှံခြင်းနှင့် ဝမ်းမြောက်စွာ အကျိုးခံခြင်း (Brokenness) အားဖြင့် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေကြပါစို့။

Address

No. 274, Baho Road, East Ywama
Insein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00

Telephone

+959448062280

Website

Alerts

Be the first to know and let us send you an email when Spiritual Food of God's Word . နှူတ်ကပတ်တော်ဝိညာဉ်အစာ . Pasian Kammal Kha An posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Spiritual Food of God's Word . နှူတ်ကပတ်တော်ဝိညာဉ်အစာ . Pasian Kammal Kha An:

Shortcuts

Share

Category