Kanma Township BOE

Kanma Township BOE ကြားကာလပညာရေးအကောင်အထည်ဖော်ဆောင်ရ?

03/08/2023

"မေတ္တာရပ်ခံစာ"

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းခြင်းမဖြစ်မီ အချိန် ကာလအတွင်း ကံမမြို့နယ်တွင် ပညာရေးတာဝန်ထမ်းဆောင်ပြီး ဖေဖော်ဝါရီ(၁)ရက်နေ့အာဏာရူး(မအလ)အာဏာသိမ်းခြင်းကြောင့်CDM လှုပ်ရှားမှု၌ပါဝင်ခဲ့သော ဆရာ ဆရာမတို့ရှင့်---
ဆရာ/ဆရာမတို့နဲ့ အဆက်သွယ်ပြုလုပ်လိုပါ၍
ကျွန်မတို့ ကံမမြို့နယ် ပညာရေးဘုတ်အဖွဲ့သို့ ဆက်သွယ်ပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်ရှင့်။

29/07/2023

ကျောင်းသားလူငယ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းအား
အကြမ်းဖက်စစ်တပ်မှ တာ၀န်ခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့၊ နံနက်(၄ နာရီ ၄၅ မိနစ်) ခန့်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်၊ ညောင်ကန်ကျေးရွာရှိ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းသို့ ကျောင်းသား လူငယ်များကို သတ်ဖြတ်ရန်ကြံရွယ်၍ အကြမ်းဖက်စစ်တပ်မှ အင်အားသုံးကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ စစ်ရာဇ၀တ်မှုများကို အဆက်မပြတ် ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စုသည် ဘုတလင် မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဌ ကိုကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်) နှင့် သတင်းပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ ထို့ပြင်သက်သေများဖျောက်ဖျက်ရန် ကြံစည်၍ ရုပ်အလောင်းများကို မီးရှို့ခဲ့ ကြပြီး ကြွင်းကျန်ရစ်သောရုပ်အလောင်းများတွင် ကိုသုတနေမှာ အရှင်လတ်လတ် လျှာဖြတ်ခံရသည့် ဒဏ်ရာ၊ ရင်ညွန့်တွင် ဓားထိုးသွင်းဒဏ်ရာများဖြင့် ရက်စက်စွာ အသတ်ခံခဲ့ရသည့် အနေအထားကို တွေ့ရှိရသည်။

မတရားသတ်ဖြတ်ခံခဲ့ရသည့် အဆိုပါကျောင်းသားများသည် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် နွေဦးတော်လှန်ရေးတွင် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ကို အောင်မြင်စွာကြိုးပမ်းဖြေဆိုထားကြသော ကျောင်းသားများလည်း ဖြစ်ကြသည်။ ထိုသို့ ပြစ်မှုကင်းစင်သည့် ပညာတတ်ကျောင်းသားလူငယ်များကို အဆက်မပြတ် ရက်စက် ကြမ်းကြုတ်လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ကျူးလွန်သမျှ မတရားမှုတိုင်းအတွက် တာ၀န်ခံရမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား အသိပေးထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း ကျဆုံးသွားခဲ့သော ကျောင်းသားများဖြစ်သည့် ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်းနှင့် ကိုသုတနေ တို့အား သူရဲကောင်းများအဖြစ် အစဉ်အမြဲအောက်မေ့ကာ အပြစ်မဲ့ပြည်သူလူထုအပေါ် နှိပ်စက် ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်၏ ရာဇ၀တ်မှုများကို အတိအကျမှတ်တမ်းတင်၍ တရားမျှတမှု ရရှိ နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပြီး အရေးတော်ပုံအောင်သည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည်ဟု သန္နိဋ္ဌာန်ပြုပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

31/05/2023
29/05/2023
09/05/2023

Address

Kanma

Website

Alerts

Be the first to know and let us send you an email when Kanma Township BOE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kanma Township BOE:

Share