08/09/2025
ဝိုင်းဝန်းအားဖြည့်ကြပါစို့👏
၂၀၂၁ - ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျရာအခန်းကဏ္ဍ အသီးသီးမှ ယနေ့တိုင် တက်ကြွစွာ ပါနေကြသော တော်လှန်ပြည်သူများအားလုံး မဂ်လာပါဗျ။
ကျွန်တော်တို့ Chin Defense Force - Kanpetlet တပ်ဖွဲ့ကို ယနေ့ထိအဖက်ဖက်မှ ဝိုင်းဝန်းထောက်ပို့ပေးခဲ့ကြလို့အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။ တော်လှန်ပြည်သူများ၏ ပံ့ပိုးကူညီခြင်းနှင့် အိမ်နီးချင်းမဟာမိတ်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုကြောင့် ကျွန်တော်တို့ CDF.Kanpetlet ၏ ထိန်းချုပ်နယ်မြေဖြစ်သော ချင်းပြည်နယ်တောင်ပိုင်းရှိကျင်ဒွေးမြို့သည် အကြမ်းဖက် SAC လက်အောက်မှ ၂၀၂၄ ခုနှစ်၊ဧပြီလ ၂၉ ရက်နေ့တွင် အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။ထို့အပြင်ကန်ပက်လက်မြို့နယ်အတွင်း နေရာယူတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း CDF.Kanpetlet မှအချိန်ပြည့် ထိုးစစ်ဆင်၊ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကန်ပက်လက်မြို့နယ်မှ အကြမ်းဖက် SAC တပ်ဖွဲ့ဝင်များအားလုံး အပြီးပိုင်ဆုတ်ခွါထွက်ပြေးခဲ့ကြ၍ ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့သည် အလုံးစုံလွတ်မြောက်နယ်မြေဖြစ်ခဲ့ပါသည်။
ယခုချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်စစ်ကော်မရှင် အဖြင့်အမည်နာမပြောင်းလဲ၍ တရားမဝင် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် လက်လွှတ်ဆုံးရှုံးသော နယ်မြေများကို တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိပြီး ကျွန်တော်တို့ CDF.Kanpetlet ထိန်းချုပ်နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရန် တဖြည်းဖြည်း ချဉ်းကပ်မှုများပြုလုပ်လာသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် Chin Defense Force - Kanpetlet အနေဖြင့် တော်လှန်ပြည်သူများ၏ ချွှေးနည်းစာ ထောက်ပို့အလှူငွေများစွာဖြင့် ပံ့ပိုးခဲ့ပြီး၊ရဲဘော်များမှ အသက်၊သွေး၊ချွှေးများစွာဖြင့် ပြန်လည်သိမ်းပိုက်ရယူခဲ့သော လွတ်မြောက်နယ်မြေများကို ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အရေးပေါ် ကျည်ဆံ အများအပြားလိုအပ်လျှက် ရှိပါသည်။
ထို့ကြောင့် ကန်ပက်လက်မြို့နယ်တာဝန်ရှိသူများနှင့် ပြည်ပရောက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ လွတ်မြောက်နယ်မြေများ အပြည့်အဝ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အရေးပေါ် ကျည်ဆံ ၂၀,၀၀၀ Campaign ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ထို့ကြောင့် တော်လှန်ပြည်သူများအနေဖြင့် အသက်၊သွေး၊ချွှေးများစွာဖြင့် ပြန်လည်ရယူထိန်းချုပ်ခဲ့ပြီးသော လွတ်မြောက်နယ်မြေများ လက်လွှတ်မဆုံးရှုံးရလေအောင် မိမိတတ်နိုင်သည့်ဖက်မှ ဆက်လက်ဝိုင်းဝန်း ထောက်ပို့ပေးကြပါရန် အထူးမေတ္တာရပ် ခံအပ်ပါသည်။
ပါဝင်အားဖြည့်ပေးလိုပါက Chin Defense Force - Kanpetlet Page ကို ဆက်သွယ်၍သော်၎င်း၊
ပုံတွင် ဖော်ပြပေးထားသော
NUG Pay
SDB နှင့် Zelle (USA) တို့ဖြင့် ပါဝင်လို့နိုင်ပါတယ်ဗျ။