Ka Nyut Kwin City

Ka Nyut Kwin City ကညွတ်​ကွင်းမြို့သတင်း

ဖြူးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ===============ဖြူးမြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရှိ...
08/06/2023

ဖြူးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ
===============
ဖြူးမြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဖြူးမြို့ ဖြစ်သည်။

ဖြူးမြို့သည် ရန်ကုန်မြို့၏မြောက်ဘက် ကားလမ်းအားဖြင့်မိုင် ၁၄၀ အကွာ နှင့် မီးရထားလမ်းအားဖြင့် ၁၃၄ မိုင်အကွာတွင် တည်ရှိသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ် နှင့် အနောက်ဘက်တွင် ပဲခူးရိုးမတို့က ဝန်းရံထားသည်။ ရန်ကုန်မှ ဖြူးသို့ ကားလမ်းခရီး ၁၄၂ မိုင်၊ မီးရထားလမ်းဖြင့် ၁၃၄.၂၅ မိုင် ကွာဝေးသည်။ စီးပွားရေး၊ ကျန်းမာရေးအထူးကောင်းမွန်ကြပြီး စပါး၊ ပဲ စသည့်စိုက်ပျိုးရေးလုပ်ငန်းတို့မှာ ဒေသထွက်ကုန်များဖြစ်သည်။

မြို့ရာဇဝင်
တောင်ငူရာဇဝင်အရ ဖြူးမြို့၏ မူလအမည်မှာ "ပျူရွာ"ဖြစ်သည်။ ပျူလူမျိုးများ နေထိုင်ခဲ့ဖူးရာ ရွာကြီးတစ်ရွာ ဖြစ်သည်။ ခရစ်နှစ် (၁၃)ရာစုအစောပိုင်းကာလက သဝန်လက်ျာနေထိုင်ရာ ကမ္ဘားမြင့်ရွာသို့ မုတ္တမဘုရင် စာခူရီမင်း လာရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်က သဝန်လက်ျာ၏မိသားစုကို ပျူရွာ၌ ထိန်းသိမ်းထားခဲ့ဖူးသည်။

ခရစ်နှစ် ၁၂၇၈ ခုနှစ်နောက်ပိုင်းတွင် ပျူရွာ၌ အကျယ်ချုပ်နေထိုင်ရသူ သဝန်လက်ျာ ကွယ်လွန်ခဲ့သည်။ ပျူရွာမှာ နောင်နှစ်ကာလကြာရှည်သောအခါ ဖြူးမြို့ဖြစ်လာခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ဖြူးမြို့၌ လူဦးရေ ၁၀၄၄၃ ဦး နေထိုင်ပါသည်။ မြို့၏တောင်ဘက်ရှိ မဟာပုညမုနိဘုရားမှာ ထင်ရှားသည်။

ဖြူးမြို့တွင် ကိုလိုနီခေတ်ဦးကာလက အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်ရာ အာဇာနည်ခေါင‌်းဆောင်ကြီး ဦးဘဝင်းသည် အမျိုးသားကျောင်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်ဖူးသည်။

ဒေသသမိုင်းအကျဉ်း
ပျူခေတ်အတွင်းက တောင်ငူမြို့ အထက်ဘက်၌ ကမ်းပါးမြင့်ခေါ် ဆွာမြို့၊ကြက်ခတ်ဝါးရံခေါ် ဒွါရာဝတီမြို့များမှာ ပျူမင်းများသည် မွန်များ၏ မကြာခဏ တိုက်ခိုက်ဖျက်ဆီးခြင်းခံရသဖြင့် ကြာလတ်သော် ယာယီထီးနန်းသစ်စိုက်ပြီးလျှင် ပုန်းအောင်းနေထိုင်ကြရသည်။ ထိုသို့ပျူမင်းများပုန်းအောင်းရာဒေသကို မင်းပုန်းဟု ခေါ်တွင်ခဲ့ရာ ယနေ့ခေတ်တိုင် မင်းပုန်း၊ ရေဝေ၊ လက်ပံကွင်း၊ ချင်းလယ်ဟူ၍ တောင်ပေါ်ရွာဟောင်းများအဖြစ် တည်ရှိခဲ့ပါသည်။ ထိုသို့ ပျူလူမျိုးများ နေထိုင်ရာ ဒေသမှစတင်စီးဆင်း လျှက်ရှိသော ချောင်းကိုပျူချောင်းဟု ခေါ်တွင်ခဲ့ကြောင်း သိရှိမှတ်သားရပါသည်။ ထို့အပြင် ဇေယျဝတီမြို့ဟောင်း တည်ရှိရာ အဘယမုနိဘုရားကြီး၏ မော်ကွန်းတင် သမိုင်းတွင် သက္ကရာဇ် (၉၁၂) ခုနှစ်တွင် သားတော် တပင်ရွှေထီး နတ်ရွာစံပျော် မီးငြိမ်းပြီးသည့်ကာလ ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်ကျော်ထင်သည် ရာမညတိုင်း၊ တံမ္ပဝတီတိုင်း၊ သုနာပရန္တတိုင်း၊ ကိုးတိုင်း ကိုးဌာနကို အပိုင်သိမ်းယူပြီးသည့်နောက် တောင်ငူကေတုမတီမြို့ကို နန်းစံတော်မူပြီးလျှင် ဇေယျဝတီမြို့ ကို ကေတုမတီမြို့ တောင်တံခါးမြို့ ခြေရင်းက သတိုးမင်းလှကျော်ထင်ကို အကြီးအမှူးပြု၍ ပျူချောင်းမြောက်ဘက်ကမ်းထိပ် ဟူ၍တွေ့ရှိရသည်။ ဇေယျဝတီမြို့ဟောင်းအနီးတွင် ဖြတ်သန်းစီးဆင်းလျှက်ရှိသော ယခုဖြူးချောင်းဟု ခေါ်တွင်သည့်ချောင်းမှာ ယခင်က ပျူချောင်းဟု ခေါ်တွင်ခဲ့ကြောင်းထင်ရှားပါသည်။

ဇေယျဝတီမြို့ဟောင်းတည်ထားသည့်နေရာ၏ အနောက်ဘက် (၃)မိုင်ခန့်အကွာ ပျူချောင်းဘေးတွင် ရွာကြီး(၁)ရွာရှိခဲ့ရာ ထိုရွာကို ပျူရွာဟု ခေါ်တွင်ခဲ့ ကြ
ကြောင်းသိရှိရပါသည်။ ထို့အပြင် မြန်မာသက္ကရာဇ် (၆၆၁)ခုနှစ်တွင် တောင်ငူမြို့ကို တည်ထောင်သော သဝန်ကြီး၊ သဝန်ငယ်တို့၏ဖခင် ဖြစ်သူ သဝန်လက်ယာ အား ကမ်းပါးမြင့်ခေါ် ဆွာမြို့၌ မင်းပြုလျှက်စိုးစံနေတော်မူစဉ် မွန်ဘုရင်ဝါရီရှု့သည် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ရာ အောင်မြင်သည်နှင့် သဝန်လက်ရာနှင့် မိဘုရားကြီး သားသမီးများအား ခေါ်ဆောင်ပြီးလျှင် ပျူရွာတွင်အကျယ်ချုပ် ထားရှိကြောင်း ထိုပျူရွာအား ယခုအခါ ဖြူးမြို့ပင်ဖြစ်ကြောင်းတောင်ငူသမိုင်းအရသိရှိရပါသည်။ ခရစ်သက္ကရာဇ် (၁၈၉၀)ခုနှစ်ခန့်က ရန်ကုန်မြို့ မှတောင်ငူမြို့သို့ မီးရထားလမ်း ဖောက်လုပ်သောအခါ မီးရထားဘူတာ၏ အမည်ကို ပျူဘူတာဟု မှည့်ခေါ်လာ
ခဲ့ရာမှ ကာလကြာမြင့်သောအခါ ဖြူးအမည်သို့ ရွေ့လျားပြောင်းလဲလာကြောင်း သိရှိရပါသည်။

ဖြူးမြို့နေရာတွင် မူလကရွာမျှသာရှိခဲ့သော်လည်း တဖြည်းဖြည်း လူနေစည်ကားလာရာ (၁၉၀၄)ခုနှစ်တွင် ဖြူး - ထန်းကုန်း-အုတ်ဖြတ် လမ်းဖောက်လုပ်ခဲ့ပြီး ပိုမိုစည်ကားလာပါသည်။ သို့ဖြစ်၍ (၁၉၀၅)ခုနှစ်တွင် မြို့ကွက်ဖော်ကာ (၁၉၀၆)ခုနှစ်တွင် ယခုရဲတပ်ဖွဲ့စခန်းနေရာ၌ မြို့ပိုင်ရုံးစိုက်ပြီးမြေ(၁)ကွက်လျှင် (၁၂၅)ကျပ်နှုန်း သတ်မှတ်ကာ ဂရံမြေကွက်များ ချထားခဲ့ပြီး ယင်းနှစ်အတွင်းမှာပင် ပဲခူးလမ်းမကြီးကို ဖြူးမြို့အတွင်းမှဖြတ်ပြီး ဖောက်လုပ်ခဲ့ရာ ယင်းလမ်းမကြီးဘေး တစ်ဘက်တစ်ချက်တွင် ပိုမိုစည်ကားလာပါသည်။ (၁၉၁၀)ခုနှစ်တွင် သက်ကယ်မိုး စာသင်ကျောင်းတစ်ဆောင်ကို ယခု အထက ကျောင်းဝန်းအတွင်း ဆောက်လုပ်ပြီး (၁၉၂၀) ပြည့်နှစ်တွင် အမျိုးသားအထက်တန်းကျောင်းကို ဆောက်လုပ်ခဲ့ပါသည်။

(၁၉၇၂)ခုနှစ်၊ မတ်လ(၁၅)ရက်နေ့စွဲပါ တော်လှန်ရေးကောင်စီ၏ ကြေညာချက်အမှတ်(၉၇)အရ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ခဲ့ရာ ပြည်ထဲရေးနှင့်သာသနာရေး
ဝန်ကြီးဌာနဟု ပူးပေါင်းဖွဲ့စည်းခဲ့ပါသည်။

(၁၉၇၄)ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းပြီးနောက် ခရိုင်အဆင့်ကို ဖျက်သိမ်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်ကို ပြည်သူ့ကောင်စီ ရုံးလုပ်ငန်းများ ပူးတွဲတာဝန်ယူဆောင်ရွက်စေခဲ့ပါသည်။

(၁၉၉၄)ခုနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကိုဖွဲ့စည်းခဲ့သဖြင့်ယင်းတို့အားလွှဲပြောင်းပေးပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရုံးချုပ်၊ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ကျေးရွာအုပ်စုဝန်ထမ်းအင်အားပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

တည်နေရာနှင့်အကျယ်အဝန်း
ဖြူးမြို့နယ်သည် မြောက်လတ္တီတွဒ်(၁၈) ဒီဂရီ (၂၄) မိနစ်နှင့် (၁၈) ဒီဂရီ (၃၀) မိနစ်အကြား အရှေ့လောင်ဂျီတွဒ် (၉၆) ဒီဂရီ (၂၇)မိနစ်နှင့် (၉၆)ဒီဂရီ (၃၀) မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၂၅)မိုင်နှင့် တောင်မှ မြောက်သို့(၁၉)မိုင်ရှည်လျားပါသည်။ ဖြူးမြို့နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း (၈၉၆.၇၀၆)မိုင် ကျယ်ဝန်းပါသည်။

နယ်နမိတ်
ဖြူးမြို့နယ်၏အရှေ့ဘက်တွင် ထန်းတပင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်၊ တောင်ဘက်တွင် ကျောက်တံခါးမြို့နယ်၊ အနောက်ဘက်တွင် နတ္တလင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်၊ မြောက်ဘက်တွင် အုတ်တွင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်
ဖြူးမြို့နယ်သည် အနောက်ဘက်(၄)မိုင်အကွာတွင် ပဲခူးရိုးမနှင့် အရှေ့ဘက် (၁၁)မိုင်အကွာတွင် စစ်တောင်းမြစ်တို့အကြား မြေပြန့်လွင်ပြင်ဖြစ်ပါသည်။ ဖြူးမြို့နယ်၏ အရှေ့တောင်ဘက်တွင် အင်းအိုင်ချိုင့်ဝှမ်းအဖြစ် ရေနက်ကွင်း ဧရိယာ အနည်းငယ်ရှိသည်မှအပ စိုက်ပျိုးမြေအဖြစ်အသုံးပြုနိုင်သည့်မြေပြန့် ဖြစ်ပါသည်။

ရေဆင်း
ဖြူးမြို့နယ်အတွင်း ပဲခူးရိုးမကိုအခြေခံ၍ အနောက်ဘက်မှ အရှေ့ဘက်သို့ စီးဆင်းသည့် အဓိကချောင်းကြီး(၆)ခုရှိပါသည်။ ၎င်းတို့မှာကြို့ကိုင်းချောင်း (ကျောက်ကြီးချောင်း)၊ ဖြူးချောင်း၊ နတ်စင်ချောင်း၊ ဇဟားချောင်း၊ သစ်ပတ်ချောင်းနှင့် ကွန်းချောင်းတို့ ဖြစ်ပါသည်။ ဖြူးချောင်းမှာ (၁)နာရီလျှင် (၁.၃၄၆)မိုင်နှုန်း၊ ကွင်းချောင်းမှာ (၁)နာရီလျှင် (၂.၄၀၃)မိုင်နှုန်း စီးဆင်းလျှက်ရှိပါသည်။ ယခုအခါ ဖြူးချောင်း ရေလှောင်တမံစီမံကိန်းနှင့် ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်လျှက်ရှိပြီး ရေသောက်ဧရိယာများ ဖော်ထုတ်လျှက်ရှိပါသည်။ ဖြူးမြို့နယ်၏ အနောက်ဘက်ခြမ်းတွင်ရှိ၍ စိုးရိမ်ရေမှတ်မှာ (၈၈၈) စင်တီမီတာဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
ဖြူးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (၁၅၆)ပေ အထက်တွင် တည်ရှိပါသည်။

ရာသီဥတု
ဖြူးမြို့နယ်သည် အပူအအေးမျှတသောရာသီဥတုရှိပြီး၊ အမြင့်ဆုံး အပူချိန်(၈၅C) နှင့်အနိမ့်ဆုံးအပူချိန်မှာ (၈၃ C) ဖြစ်ပါသည်။ နှစ်စဉ်မိုးရေချိန်အများဆုံး (၁၀၈) လက်မမှ မိုးရေချိန်အနည်းဆုံး (၈၀) လက်မခန့် ရွာသွန်းပါသည်။

သဘာဝပေါက်ပင်များ
ဖြူးမြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကညင်၊ ကြက်ရိုး၊ ကြောင်လျှာ၊ ဇင်ပြွန်း၊ ဇောင်းပလွေ၊ ထောက်ကြံ့၊ သရက်၊ ဒီဒူး၊ နှော၊ တက်တူ၊ ဘန့်ဘွေး၊ လယ်စတော၊ ယမနေ၊ သင်္ဃန်း၊ ကြို့၊ သစ်စိမ့်၊ သစ်မကျီး၊ ဝါး စသည်တို့ ပေါက်ရောက်ကြပြီး၊ မြေပြန့်တွင် ကုက္ကိုလ်၊ ပေါက်၊ နဘဲ၊ ပိုးမဲဇာ၊ ပျဉ်းမ၊ ဇီးဖြူ၊ ဇီး၊ ထန်း၊ လက်ပံ၊ ဒီဒူး၊ သပြေ၊ သဖန်းစသည်တို့ပေါက်ရောက်ကြပါသည်။

တောရိုင်းတိရစ္ဆာန်များ
ဖြူးမြို့နယ်အတွင်းရှိ တောရိုင်းတိရိစ္ဆာန်များမှာ ဂျီ၊ ဒရယ်၊ တောဝက်၊ တောကြောင်၊ မျောက်၊ ယုန်နှင့် တောကြက်တို့ကို တွေ့ရှိရပြီး၊ တောနက်ရာ သစ်တောများအတွင်း ဆင်ရိုင်း၊ ပြောင်၊ စိုင်၊ ဆတ်၊ ကျား၊ ကျားသစ်၊ မျောက်ဝံ စသည့်တောကောင်ကြီးများတို့ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ
ဖြူးမြို့နယ်၏ လက်ရှိသဘာဝပတ်ဝန်းကျင် အခြေအနေမှာ သစ်တောဖုံးလွမ်းမှု (၆၆.၂၀%)ရှိပါသည်။ ၎င်းအနက်မှ ကြိုးဝိုင်းသစ်တောဖုံးလွှမ်းမှုမှာ(၄၃.၇၄%) ဖြစ်ပြီး ကြိုးပြင်ကာကွယ်တောဖုံးလွှမ်းမှုမှာ (၂၆.၆၉%)ရှိပါသည်။

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
ဖြူးမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတွင် တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်
ဆောင်ရွက်ကြပါသည်။ ထို့အပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။ဖြူးမြို့နယ်သည် ရန်ကုန် မန္တလေး၊ နေပြည်တော် ဒေသများသို့ ကုန်းလမ်းဖြင့် သွားလာနိုင်ပြီးလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏အဓိကထွက်ကုန်များမှာ ဆန်စပါး၊ ပဲမျိုးစုံဖြစ်ပြီး အထက်မြန်မာပြည် ဒေသများသို့ အများဆုံး တင်ပို့ရောင်းချပါသည်။

အထင်ကရပုဂ္ဂိုလ်
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဉာဏ (ကျောက်တိုင်တောင်ရွာ)
ဒေါက်‌တာ မောင်ဖြူး (ခ) ဦးဂွမ်လျောင်
ရဲဘော်မြ
တက္ကသိုလ် ရှင်သီရိ
ဦးမြင့်ဆွေ (ဖြူး)
ဦးအေးဖေ (တိုင်းရင်းမေ)

လူဦးရေ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ
ဖြူးမြို့နယ်တွင် ၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း (၂၅၇၂၇၃)ဦး အမျိုးသား (၁၂၁၁၂၃)ဦး အမျိုးသမီး (၁၃၆၁၅၀)ဦးရှိကာ ရပ်ကွက် (၁၈)ရပ်ကွက် ကျေးရွာအုပ်စု (၅၈)အုပ်စု ကျေးရွာ (၃၅၁)ရွာဖြင့် ဖွဲ့စည်းထားပါသည်။

ရပ်ကွက်
၁။သိမ်ကုန်းရပ်ကွက်
၂။အုတ်ဖြတ်ရပ်ကွက်
၃။ထန်းကုန်းရပ်ကွက်
၄။ဘူတာ(မြောက်)ရပ်ကွက်
၅။ဘူတာ(တောင်)ရပ်ကွက်
၆။ဈေးရပ်ကွက်
၇။မြို့မ(အရှေ့)ရပ်ကွက်၊
၈။မြို့မ(အနောက်)ရပ်ကွက်
၉။ရုံးရပ်ကွက်
၁၀။ဆေးရုံရပ်ကွက်
၁၁။ကညွတ်ကွင်းအရှေ့ (၁)ရပ်ကွက်
၁၂။ကညွတ်ကွင်းအရှေ့ (၂)ရပ်ကွက်
၁၃။ကညွတ်ကွင်းအနောက်(၁)ရပ်ကွက်
၁၄။ကညွတ်ကွင်းအနောက်(၂)ရပ်ကွက်
၁၅။အမှတ် (၁)ရပ်ကွက်
၁၆။အမှတ် (၂)ရပ်ကွက်
၁၇။အမှတ် (၃)ရပ်ကွက်
၁၈။အမှတ် (၄)ရပ်ကွက်

ကျေးရွာအုပ်စု
၁။ဂျေပူ
၂။သာဓုကန်
၃။လယ်ပြင်ကြီး
၄။ပြောင်သေ
၅။ပတ်တာ
၆။ကြက်ပေါင်ချောင်း
၇။ရေလျှံကြီး
၈။မင်းကံရိုး
၉။လိပ်သေ
၁၀။အုတ်ဖြတ်
၁၁။ငါးခေါင်းအင်း
၁၂။ဇီးခုန်
၁၃။ဝဲကြီး
၁၄။ကျားသောင်
၁၅။ကြူအင်း
၁၆။ကြာအင်း
၁၇။သစ်ချောက်ခင်
၁၈။အမဲခေါင်
၁၉။လှသင်းမောင်
၂၀။တံခွန်တိုင်
၂၁။လိပ်ပေါ
၂၂။ကျော်လှ
၂၃။အကြပ်အင်း
၂၄။ဘန်းလောင်
၂၅။သာယာကုန်း
၂၆။ဖြူးအရှေ့
၂၇။ညောင်ကားယား
၂၈။ရွာတန်းရှည်
၂၉။ချောင်းကောက်
၃၀။ဇဟား
၃၁။စိုက်တန်းခင်
၃၂။သစ်ပါတ်
၃၃။ညောင်ပင်သာ
၃၄။ခင်တန်းကြီး
၃၅။ချင်းခင်
၃၆။ကျီးရိုး
၃၇။ပေါက်ဇလုပ်
၃၈။အင်ပင်သာ
၃၉။ကညင်ဒိုင်း
၄၀။မြင်ပင်
၄၁။သမင်ကွင်း
၄၂။ဘုရားလဟာ
၄၃။သပြေလဟာ
၄၄။ငါးမြစ်ချင်း
၄၅။ခင်ကြီး
၄၆။မင်းလမ်းကူး
၄၇။သရက်ကုန်း
၄၈။ရေပြာ
၄၉။ကျွန်းကုန်း
၅၀။ဆိုးပုံကွင်း
၅၁။ကင်မွန်းခြုံ
၅၂။ငတိုးခင်
၅၃။လှေဒုံး
၅၄။လက်တက်ကြီး
၅၅။ဇလုပ်
၅၆။မိဿလင်
၅၇။မြပဲခူး
၅၈။ကျီးမနိုး

ဖြူးမြို့နယ်ရှိ ရွာများ (အက္ခရာစဉ်)

က
ကင်မလင်းကုန်း (တောင်)ရွာ၊ ဖြူးမြို့နယ်
ကင်မလင်းကုန်း (မြောက်)ရွာ၊ ဖြူးမြို့နယ်
ကင်မွန်းခြုံရွာ၊ ဖြူးမြို့နယ်
ကင်မွန်းခြုံရွာ၊ ရွာတန်းရှည်
ကင်မွန်းခြုံရွာ၊ လှသင်းမောင်
ကင်မွန်းခြုံရွာ၊ သစ်ချောက်ခင်
ကဇွန်းအင်းရွာ၊ ဖြူးမြို့နယ်
ကညင်ဒိုင်းရွာ၊ ဖြူးမြို့နယ်
ကညင်မြှောင်ရွာ၊ ဖြူးမြို့နယ်
ကညွတ်ကွင်း (အနောက်)ရွာ၊ ဖြူးမြို့နယ်
ကညွတ်ကွင်း (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ကန်းနားခေါင်ရွာ၊ ဖြူးမြို့နယ်
ကမ္ဘားနီရွာ၊ ဖြူးမြို့နယ်
ကမ်းနားတဲရွာ၊ ဖြူးမြို့နယ်
ကာစီပူရွာ၊ ဖြူးမြို့နယ်
ကာရီဝါကွတ်ရွာ၊ ဖြူးမြို့နယ်
ကိုင်းတဲစုရွာ၊ ဖြူးမြို့နယ်
ကီလား (အနောက်)ရွာ၊ ဖြူးမြို့နယ်
ကီးလား (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ကီးလား (အလယ်)ရွာ၊ ဖြူးမြို့နယ်
ကုန်းအင်း (တောင်)ရွာ၊ ဖြူးမြို့နယ်
ကုန်းအင်း (အနောက်)ရွာ၊ ဖြူးမြို့နယ်
ကုန်းအင်း (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ကုရင်ရွာ၊ ဇီးခုန်
ကုရင်ရွာ၊ ဖြူးမြို့နယ်
ကူရမီတိုလာရွာ၊ ဖြူးမြို့နယ်
ကံကလေးရွာ၊ ဖြူးမြို့နယ်
ကံကြီးခင်ရွာ၊ ဖြူးမြို့နယ်
ကျားသောင်ရွာ၊ ဖြူးမြို့နယ်
ကျီးပင်ပေါက်ရွာ၊ ဖြူးမြို့နယ်
ကျီးမနိုး (အောက်)ရွာ၊ ဖြူးမြို့နယ်
ကျီးမနိုးရွာ၊ ဖြူးမြို့နယ်
ကျီးရိုးရွာ၊ ဖြူးမြို့နယ်
ကျောက်ခဲကွင်းရွာ၊ ဖြူးမြို့နယ်
ကျောက်စောင်းရွာ၊ ဖြူးမြို့နယ်
ကျောက်တိုင် (ကုလား)ရွာ၊ ဖြူးမြို့နယ်
ကျောက်တိုင် (တောင်)ရွာ၊ ဖြူးမြို့နယ်
ကျောက်တိုင်ရွာ၊ ဖြူးမြို့နယ်
ကျောက်ဖြာရွာ၊ ဖြူးမြို့နယ်
ကျောင်းစုကုလားရွာ၊ ဖြူးမြို့နယ်
ကျောင်းစုရွာ၊ ဇေယျဝတီ
ကျောင်းစုရွာ၊ ပြောင်သေ
ကျောင်းစုရွာ၊ ဖြူးမြို့နယ်
ကျောင်းတော်ရာရွာ၊ ဖြူးမြို့နယ်
ကျော်လှစုရွာ၊ ဖြူးမြို့နယ်
ကျော်လှရွာ၊ ဖြူးမြို့နယ်
ကျွန်းကုန်းရွာ၊ ဖြူးမြို့နယ်
ကျွန်းကုန်းရွာ၊ လိပ်သေ
ကျွန်းကုန်းရွာ၊ လှသင်းမောင်
ကျွန်းခင်ရွာ၊ ဖြူးမြို့နယ်
ကျွန်းပေါ် (အနောက်)ရွာ၊ ဖြူးမြို့နယ်
ကျွန်းပေါ် (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ကျွဲနွယ်ဂုတ်ရွာ၊ ဖြူးမြို့နယ်
ကျွဲမကူးရွာ၊ ဖြူးမြို့နယ်
ကြက်ပေါင်ချောင်းရွာ၊ ဖြူးမြို့နယ်
ကြပ်ကွင်းရွာ၊ ဖြူးမြို့နယ်
ကြာအင်း (အထက်)ရွာ၊ ဖြူးမြို့နယ်
ကြာအင်း (အောက်)ရွာ၊ ဖြူးမြို့နယ်
ကြာအင်းစုရွာ၊ ဖြူးမြို့နယ်
ကြို့ကိုင်းရွာ၊ ဖြူးမြို့နယ်
ကြို့ပင်သာရွာ၊ ဖြူးမြို့နယ်
ကြို့ပင်သာရွာ၊ အင်ပင်သာ
ကြူအင်း (အနောက်)ရွာ၊ ဖြူးမြို့နယ်
ကြူအင်း (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ကြူအင်းဆားဂွန်းရွာ၊ ဖြူးမြို့နယ်
ကွင်းဝိုင်းရွာ၊ ဖြူးမြို့နယ်
ကွာရီ (အနောက်)ရွာ၊ ဖြူးမြို့နယ်
ကွာရီ (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ကွာရီကုလားရွာ၊ ဖြူးမြို့နယ်
ကွေ့တန်းရှည်ရွာ၊ ဖြူးမြို့နယ်

ခင်ကြီးရွာ၊ ဖြူးမြို့နယ်
ခင်တန်းကြီးရွာ၊ ဖြူးမြို့နယ်
ခင်တန်းရွာ၊ ဖြူးမြို့နယ်
ခင်တန်းလေးရွာ၊ ဖြူးမြို့နယ်
ခင်ရှေ့ရွာ၊ ဖြူးမြို့နယ်
ခင်ဝိုင်းရွာ၊ ပြောင်သေ
ခင်ဝိုင်းရွာ၊ ဖြူးမြို့နယ်
ခရမ်းရွာ၊ ဖြူးမြို့နယ်
ခရုချောင်းရွာ၊ ဖြူးမြို့နယ်
ခလရ (၅) တပ်မြေရွာ၊ ဖြူးမြို့နယ်
ခုံ (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ခေတ်နောက်မီးရွာ၊ ဖြူးမြို့နယ်
ချင်းခင်ရွာ၊ ဖြူးမြို့နယ်
ချင်းလယ်ကြီးရွာ၊ ဖြူးမြို့နယ်
ချာရီတာဘန်းရွာ၊ ဖြူးမြို့နယ်
ချောင်းကောက်ရွာ၊ ဖြူးမြို့နယ်
ချောင်းနားစုရွာ၊ ဖြူးမြို့နယ်
ခြောက်အိမ်စုရွာ၊ ဖြူးမြို့နယ်
ခြံကြီးမြိုင်ရွာ၊ ဖြူးမြို့နယ်
ခွေးပြာရွာ၊ ဖြူးမြို့နယ်

ဂနက်စီရွာ၊ ဖြူးမြို့နယ်
ဂရမ်မတီးရွာ၊ ဖြူးမြို့နယ်
ဂိုပါလဂန်ရွာ၊ ဖြူးမြို့နယ်
ဂုံမင်းကွင်းရွာ၊ ဖြူးမြို့နယ်
ဂုံးတဲ (တောင်)ရွာ၊ ဖြူးမြို့နယ်
ဂုံးတဲရွာ၊ ညောင်ပင်သာ
ဂုံးတဲရွာ၊ ဖြူးမြို့နယ်
ဂေါ်သူးကော်ရွာ၊ ဖြူးမြို့နယ်
ဂျေပူ (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ဂျေပူရွာ၊ ဖြူးမြို့နယ်
ဂျေရမ်ပူရွာ၊ ဖြူးမြို့နယ်
ဂွေးကုန်းရွာ၊ ဖြူးမြို့နယ်
ဂွေးပင်မြှောင်ရွာ၊ ဖြူးမြို့နယ်

ငတိုးခင် (ကရင်)ရွာ၊ ဖြူးမြို့နယ်
ငတိုးခင် (မြန်မာ)ရွာ၊ ဖြူးမြို့နယ်
ငနုသန်းရွာ၊ ဖြူးမြို့နယ်
ငနုသန်းရွာ၊ သမင်ကွင်း
ငဘတ်အိုင်ရွာ၊ ဖြူးမြို့နယ်
ငါးခေါင်းအင်း (တောင်)ရွာ၊ ဖြူးမြို့နယ်
ငါးခေါင်းအင်း (မြောက်)ရွာ၊ ဖြူးမြို့နယ်
ငါးနုသန်းရွာ၊ ဖြူးမြို့နယ်
ငါးမြစ်ချင်းရွာ၊ ဖြူးမြို့နယ်
ငှက်ကြီးသိုက်ရွာ၊ ဖြူးမြို့နယ်
ငှက်ပျောတောရွာ၊ ဖြူးမြို့နယ်

စက်ကုန်းရွာ၊ ဖြူးမြို့နယ်
စက်တောင်ရွာ၊ ဖြူးမြို့နယ်
စက်ဝန်းရွာ၊ ဖြူးမြို့နယ်
စမ်းချောင်းရွာ၊ ဖြူးမြို့နယ်
စားဂွန်းစုရွာ၊ ဖြူးမြို့နယ်
စိမ့်ကြီးရွာ၊ ဖြူးမြို့နယ်
စိုက်တန်းခင်ရွာ၊ ဖြူးမြို့နယ်
စီပူရွာ၊ ဖြူးမြို့နယ်
စီအိုဆာကားရွာ၊ ဖြူးမြို့နယ်
စွန်သိုက်ရွာ၊ ဖြူးမြို့နယ်

ဆင်ဆိပ်ကြီးရွာ၊ ဖြူးမြို့နယ်
ဆင်တဲကုန်းရွာ၊ ဖြူးမြို့နယ်
ဆင်မော့တော့ရွာ၊ ဖြူးမြို့နယ်
ဆင်မော့တော့ရွာ၊ လယ်ပြင်ကြီး
ဆာဒီးယိုးနဂါးရွာ၊ ဖြူးမြို့နယ်
ဆားဂွန်းရွာ၊ ဖြူးမြို့နယ်
ဆိပ်ဖူးခင်ရွာ၊ ဖြူးမြို့နယ်
ဆိုးပုံကွင်းရွာ၊ ဖြူးမြို့နယ်
ဆေးရိုးကုန်းရွာ၊ ဖြူးမြို့နယ်
ဆေးရုံစုရွာ၊ ဖြူးမြို့နယ်

ဇလုပ်ရွာ၊ ဖြူးမြို့နယ်
ဇဟား (အနောက်)ရွာ၊ ဖြူးမြို့နယ်
ဇဟား (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ဇဟား (အလယ်)ရွာ၊ ဖြူးမြို့နယ်
ဇဟားရွာ၊ ကျီးရိုး
ဇဟားရွာ၊ ဖြူးမြို့နယ်
ဇီးခင်ရွာ၊ ဖြူးမြို့နယ်
ဇီးခုန်ရွာ၊ ဖြူးမြို့နယ်
ဇီးခုန်ရွာ၊ မိဿလင်
ဇီးတန်းရွာ၊ ဖြူးမြို့နယ်
ဇီးဖြူကုန်းရွာ၊ ဖြူးမြို့နယ်
ဇီးဖြူခင်ရွာ၊ ဖြူးမြို့နယ်
ဇေယျဝတီရွာ၊ ဖြူးမြို့နယ်
ဇေယျာသီရိရွာ၊ ဖြူးမြို့နယ်
ဇောင်းလျားခုံရွာ၊ ဖြူးမြို့နယ်

ညောင်ကားယားရွာ၊ ဖြူးမြို့နယ်
ညောင်ခြေထောက်ရွာ၊ ဖြူးမြို့နယ်
ညောင်ပင်သာ (ကုလား)ရွာ၊ ဖြူးမြို့နယ်
ညောင်ပင်သာ (မြန်မာ)ရွာ၊ ဖြူးမြို့နယ်
ညောင်ပင်သာရွာ၊ ဖြူးမြို့နယ်
ညောင်ပင်သာရွာ၊ ရွာတန်းရှည်
ညောင်အိုင်ရွာ၊ ဖြူးမြို့နယ်

တင်းကုတ်ကုန်းရွာ၊ ဖြူးမြို့နယ်
တင်းနဝါးရွာ၊ ဖြူးမြို့နယ်
တပ်ကြီးရွာ၊ ဖြူးမြို့နယ်
တာခြားရွာ၊ ဖြူးမြို့နယ်
တာမဲရွာ၊ ဖြူးမြို့နယ်
တိုင်းလုံးခင်ရွာ၊ ဖြူးမြို့နယ်
တေဝါရီချောက်ရွာ၊ ဖြူးမြို့နယ်
တောင်ကုန်းရွာ၊ ဖြူးမြို့နယ်
တောင်တောရွာ၊ ဖြူးမြို့နယ်
တံခွန်တိုင်ရွာ၊ ဖြူးမြို့နယ်
တံတားဦးရွာ၊ ဖြူးမြို့နယ်

ထန်းကုန်းရွာ၊ ချောင်းကောက်
ထန်းကုန်းရွာ၊ ဖြူးမြို့နယ်
ထန်းပင်ကုန်းရွာ၊ ဖြူးမြို့နယ်
ထန်းလက်ကုန်းရွာ၊ ဖြူးမြို့နယ်
ထောက်ကြံ့ကွင်းရွာ၊ ဖြူးမြို့နယ်

ဒိုင်းတရာ (တောင်)ရွာ၊ ဖြူးမြို့နယ်
ဒိုင်းတရာ (မြန်မာ)ရွာ၊ ဖြူးမြို့နယ်
ဒိုင်းတရာ (မြောက်)ရွာ၊ ဖြူးမြို့နယ်
ဒေါမကွင်းရွာ၊ ဖြူးမြို့နယ်
ဒေးအိုးကုန်းရွာ၊ ဖြူးမြို့နယ်

နတ်ရေကန်ရွာ၊ ဖြူးမြို့နယ်
နတ်လောင်းရွာ၊ ဖြူးမြို့နယ်
နန္ဒမိတ်ရွာ၊ ဖြူးမြို့နယ်
နရာရမ်ပူရွာ၊ ဖြူးမြို့နယ်
နဝါနဂါး (နောက်)ရွာ၊ ဖြူးမြို့နယ်
နဝါနဂါး (အရှေ့)ရွာ၊ ဖြူးမြို့နယ်
နောင်ဘို့ရွာ၊ ဖြူးမြို့နယ်
နှောခင်ရွာ၊ ဖြူးမြို့နယ်

ပတ္တာရွာ၊ ညောင်ပင်သာ
ပတ္တာရွာ၊ ဖြူးမြို့နယ်
ပဒတ်ခင် (ကုလား)ရွာ၊ ဖြူးမြို့နယ်
ပဒပ်ခင်ရွာ၊ ဖြူးမြို့နယ်
ပန့်ကွေရီတိုလာရွာ၊ ဖြူးမြို့နယ်
ပိန်းနှဲခုံရွာ၊ ဖြူးမြို့နယ်
ပုဇွန်မြောင်းရွာ၊ ဖြူးမြို့နယ်
ပေါက်ဇလုပ်ရွာ၊ ဖြူးမြို့နယ်
ပျဉ်းမပင်ရွာ၊ ကင်မွန်းခြုံ
ပျဉ်းမပင်ရွာ၊ ဖြူးမြို့နယ်
ပြောင်သေ (မြန်မာ+ကုလား)ရွာ၊ ဖြူးမြို့နယ်
ပြောင်သေရွာ၊ ဖြူးမြို့နယ်

ဖိုးကတုံးရွာ၊ ဖြူးမြို့နယ်
ဖောင်ကွင်းရွာ၊ ဖြူးမြို့နယ်
ဖြူလေးရွာ၊ ဖြူးမြို့နယ်


ဗောဓိကျွန်းစုရွာ၊ ဖြူးမြို့နယ်

ဘန်ဆပ်ပသီးရွာ၊ ဖြူးမြို့နယ်
ဘန်းလောင်ချောင်းရွာ၊ ဖြူးမြို့နယ်
ဘန်းလောင်ရွာ၊ ဖြူးမြို့နယ်
ဘန်းလောင်ဥတုရွာ၊ ဖြူးမြို့နယ်
ဘရိုက်တိုလာရွာ၊ ဖြူးမြို့နယ်
ဘရိုက်တိုလာရွာ၊ လယ်ပြင်ကြီး
ဘာလာတိတိုလာရွာ၊ ဖြူးမြို့နယ်
ဘာလာတိုလာရွာ၊ ဖြူးမြို့နယ်
ဘုတ်စုခင်ရွာ၊ ဖြူးမြို့နယ်
ဘုရားကုန်းရွာ၊ ဖြူးမြို့နယ်
ဘုရားကုန်းရွာ၊ သပြေလဟာ
ဘုရားလဟာရွာ၊ ဖြူးမြို့နယ်

မကျီးကုန်း (တောင်)ရွာ၊ ဖြူးမြို့နယ်
မကျီးကုန်း (မြောက်)ရွာ၊ ဖြူးမြို့နယ်
မင်းကံရိုးရွာ၊ ဖြူးမြို့နယ်
မင်းလမ်း (ကုလား)ရွာ၊ ဖြူးမြို့နယ်
မင်းလမ်းကူး (မြန်မာ)ရွာ၊ ဖြူးမြို့နယ်
မင်းလမ်းကူး (ရှမ်း)ရွာ၊ ဖြူးမြို့နယ်
မင်းလမ်းရွာ၊ ဖြူးမြို့နယ်
မစ္စဝါလီးယားရွာ၊ ဖြူးမြို့နယ်
မအူပင်ရွာ၊ ဖြူးမြို့နယ်
မာဒိယာတိုလာရွာ၊ ဖြူးမြို့နယ်
မိတ္ထီလာစုရွာ၊ ဖြူးမြို့နယ်
မိဿလင်ရွာ၊ ဖြူးမြို့နယ်
မုန်တိုင်တဲစုရွာ၊ ဖြူးမြို့နယ်
မြက်နီကွင်းရွာ၊ ဖြူးမြို့နယ်
မြင်ပင်ရွာ၊ ဖြူးမြို့နယ်
မြပဂိုး (ကရင်)ရွာ၊ ဖြူးမြို့နယ်
မြပဂိုး (မြန်မာ)ရွာ၊ ဖြူးမြို့နယ်
မြဖိုးတဲရွာ၊ ဖြူးမြို့နယ်
မြို့ချောင်းရွာ၊ ဖြူးမြို့နယ်
မြောက်ဂုံးတဲရွာ၊ ဖြူးမြို့နယ်
မြောင်းဝလေးရွာ၊ ဖြူးမြို့နယ်

ရင်းတိုက်စိန် (တောင်)ရွာ၊ ဖြူးမြို့နယ်
ရင်းတိုက်စိန် (မြောက်)ရွာ၊ ဖြူးမြို့နယ်
ရင်းတိုက်စိန်ရွာ၊ ဖြူးမြို့နယ်
ရမ်ပူ (အနောက်)ရွာ၊ ဖြူးမြို့နယ်
ရမ်ပူ (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ရမ်ပူရွာ၊ ဖြူးမြို့နယ်
ရမ်းဂဟန်းတိုလာရွာ၊ ဖြူးမြို့နယ်
ရမ်းနဂါး (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ရမ်းနဂါးရွာ၊ ဖြူးမြို့နယ်
ရုဆာကားရွာ၊ ဖြူးမြို့နယ်
ရေကျော်ကုန်းရွာ၊ ဖြူးမြို့နယ်
ရေတွင်းကုန်းရွာ၊ ကျီးရိုး
ရေတွင်းကုန်းရွာ၊ ဖြူးမြို့နယ်
ရေပုတ်ရွာ၊ ဖြူးမြို့နယ်
ရေရှံတောင်ရွာ၊ ဖြူးမြို့နယ်
ရေရှံလေးရွာ၊ ဖြူးမြို့နယ်
ရေလဲရွာ၊ ဖြူးမြို့နယ်
ရေသျှံကုလားရွာ၊ ဖြူးမြို့နယ်
ရေသျှံကြီးရွာ၊ ဖြူးမြို့နယ်
ရေအိုးစင်ရွာ၊ ဖြူးမြို့နယ်
ရေဦးရွာ၊ ဖြူးမြို့နယ်
ရဲဘော်စုရွာ၊ ဖြူးမြို့နယ်
ရွာကန့်လန့်ရွာ၊ ဖြူးမြို့နယ်
ရွာတန်းရှည်ရွာ၊ ဖြူးမြို့နယ်
ရွာမကြီးရွာ၊ ဖြူးမြို့နယ်
ရွာသစ်ရွာ၊ ကျီးရိုး
ရွာသစ်ရွာ၊ ဇလုပ်
ရွာသစ်ရွာ၊ ဖြူးမြို့နယ်
ရွာသာယာရွာ၊ ဖြူးမြို့နယ်
ရွှေတိုက်ခင်ရွာ၊ ဖြူးမြို့နယ်
ရွှေတောင်ရွာ၊ ဖြူးမြို့နယ်
ရှားပင်ရှောင်ရွာ၊ ဖြူးမြို့နယ်

လက်တက်ကြီး (မြန်မာ)ရွာ၊ ဖြူးမြို့နယ်
လက်တက်ကြီးရွာ၊ ဖြူးမြို့နယ်
လက်ပံခုန်ရွာ၊ ဖြူးမြို့နယ်
လက်ပံတန်းရွာ၊ ဖြူးမြို့နယ်
လင်းယောခင်ရွာ၊ ဖြူးမြို့နယ်
လင်းယောခင်ရွာ၊ သမင်ကွင်း
လယ်ပြင်ကြီး (အရှေ့)ရွာ၊ ဖြူးမြို့နယ်
လားလဂန်ရွာ၊ ဖြူးမြို့နယ်
လိပ်ပုတ်ရွာ၊ ဖြူးမြို့နယ်
လိပ်ပေါရွာ၊ ဖြူးမြို့နယ်
လိပ်သေ (ကုလား)ရွာ၊ ဖြူးမြို့နယ်
လိပ်သေရွာ၊ ဖြူးမြို့နယ်
လိပ်ဥကွင်းရွာ၊ ဖြူးမြို့နယ်
လေးအိမ်စုရွာ၊ ဖြူးမြို့နယ်
လေးအိမ်စုရွာ၊ မြင်ပင်
လေးအိမ်စုရွာ၊ ဝဲကြီး
လွယ်ဘီးရွာ၊ ဖြူးမြို့နယ်
လှသင်းမောင်ရွာ၊ ဖြူးမြို့နယ်
လှေဒုံးရွာ၊ ဖြူးမြို့နယ်

ဝက်တူးရွာ၊ ဖြူးမြို့နယ်
ဝဒီးရွာ၊ ဖြူးမြို့နယ်
ဝန်ထောက်စုရွာ၊ ဖြူးမြို့နယ်
ဝန်အိုင်ရွာ၊ ဖြူးမြို့နယ်
ဝဲကြီး (တောင်)ရွာ၊ ဖြူးမြို့နယ်
ဝဲကြီး (အရှေ့)ရွာ၊ ဖြူးမြို့နယ်
ဝဲကြီးရွာ၊ ဖြူးမြို့နယ်
ဝဲဒေါင့် (အနောက်)ရွာ၊ ဖြူးမြို့နယ်
ဝဲဒေါင့်ခုံရွာ၊ ဖြူးမြို့နယ်
ဝဲဒေါင့်မြောက်ရွာ၊ ဖြူးမြို့နယ်
ဝဲဒေါင့်ရွာ၊ ဖြူးမြို့နယ်

သင်္ကန်းပင်ရွာ၊ ဖြူးမြို့နယ်
သင်္ဃန်းမြှောင်ရွာ၊ ဖြူးမြို့နယ်
သင်္ဘောကျွန်းရွာ၊ ဖြူးမြို့နယ်
သစ်ချဆိပ်ရွာ၊ ဖြူးမြို့နယ်
သစ်ချောက်ခင်ရွာ၊ ဖြူးမြို့နယ်
သစ်ဖြူဆိပ်ရွာ၊ ဖြူးမြို့နယ်
သနပ်ကွင်းရွာ၊ ဖြူးမြို့နယ်
သပြေခင်ရွာ၊ ဖြူးမြို့နယ်
သပြေတန်းရွာ၊ ဖြူးမြို့နယ်
သပြေတန်းရွာ၊ ရွာတန်းရှည်
သပြေလဟာရွာ၊ ဖြူးမြို့နယ်
သပြေလှရွာ၊ ဖြူးမြို့နယ်
သပြေသာရွာ၊ ဖြူးမြို့နယ်
သဖန်းခင်ရွာ၊ ဖြူးမြို့နယ်
သဖန်းတန်းရွာ၊ ဖြူးမြို့နယ်
သဖန်းပင်ရွာ၊ ဖြူးမြို့နယ်
သဘည်မြှောင်ရွာ၊ ဖြူးမြို့နယ်
သမင်ကွင်းရွာ၊ ဖြူးမြို့နယ်
သရက်ကုန်းရွာ၊ ချောင်းကောက်
သရက်ကုန်းရွာ၊ ဖြူးမြို့နယ်
သရက်တောရွာ၊ ဖြူးမြို့နယ်
သာဓုကန်ရွာ၊ ဖြူးမြို့နယ်
သာယာကုန်းရွာ၊ ဖြူးမြို့နယ်
သာယာကုန်းရွာ၊ သပြေလဟာ
သုံးဂွလေးရွာ၊ ဖြူးမြို့နယ်
သောင်ကြီးရွာ၊ ဖြူးမြို့နယ်
သောင်ပုရွာ၊ ဖြူးမြို့နယ်
သံတံတားကြီးစုရွာ၊ ဖြူးမြို့နယ်

ဟာဆနာပူရွာ၊ ဖြူးမြို့နယ်
ဟိုင်းကြီးကျွန်းရွာ၊ ဖြူးမြို့နယ်

အကြပ်အင်းရွာ၊ ဖြူးမြို့နယ်
အင်ကြင်းကုန်းရွာ၊ ဖြူးမြို့နယ်
အင်ကွင်းရွာ၊ ဖြူးမြို့နယ်
အင်ပင်ကောက်ရွာ၊ ဖြူးမြို့နယ်
အင်ပင်သာရွာ၊ ဖြူးမြို့နယ်
အင်းတော်ကန်ရွာ၊ ဖြူးမြို့နယ်
အနောက်မင်းကံရိုးရွာ၊ ဖြူးမြို့နယ်
အမဲခေါင်ရွာ၊ ဖြူးမြို့နယ်
အလယ်မြှောင်ရွာ၊ ဖြူးမြို့နယ်
အလယ်ရွာ၊ ဖြူးမြို့နယ်
အိုးဘိုကုန်းရွာ၊ ဖြူးမြို့နယ်
အိုးဘိုကုန်းရွာ၊ အုတ်ဖြတ်
အုတ်ကျင်းစုရွာ၊ ဖြူးမြို့နယ်
အုတ်ပုံရွာ၊ ဖြူးမြို့နယ်
အုတ်ဖြတ်ရွာ၊ ဖြူးမြို့နယ်
အုတ်ရှစ်ခင် (အနောက်)ရွာ၊ ဖြူးမြို့နယ်
အုတ်ရှစ်ခင် (အရှေ့)ရွာ၊ ဖြူးမြို့နယ်
အုန်းပင်စုရွာ၊ ဖြူးမြို့နယ်
အောက်ခုံရွာ၊ ဖြူးမြို့နယ်
အောက်ရွာလေးရွာ၊ ဖြူးမြို့နယ်
အောင်စည်ယွန်းရွာ၊ ဖြူးမြို့နယ်

ဦးကံတော်စုရွာ၊ ဖြူးမြို့နယ်
ဦးကြူးစုရွာ၊ ဖြူးမြို့နယ်
ဦးပုကုန်းရွာ၊ ဖြူးမြို့နယ်
ဦးရုံးစုရွာ၊ ဖြူးမြို့နယ်

ဖြူးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များ၏ တည်နေရာနှင့် ဖုန်းနံပါက်များကမ္ဘာ့ရတနာဘဏ်လီမိတက် (ဖြူးဘဏ်ခွဲ)အ...
01/03/2023

ဖြူးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များ၏ တည်နေရာနှင့် ဖုန်းနံပါက်များ

ကမ္ဘာ့ရတနာဘဏ်လီမိတက် (ဖြူးဘဏ်ခွဲ)
အမှတ် ၈၀၊ ပဲခူးလမ်းမကြီး၊ မြို့မ(အရှေ့)ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40831, 09-5670381, 09-977246148, 09-456880268

ကမ္ဘာ့ရတနာဘဏ်လီမိတက် (ဖြူးဘဏ်ခွဲ)
အမှတ် ၄၀၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မြို့မ(အရှေ့)ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40830~2, 09-5670381, 09-49331855

ကမ္ဘောဇဘဏ်လီမိတက် (ဖြူးဘဏ်ခွဲ)
အမှတ် ၄၂/က/ခ၊ ရန်ကုန်-မန္တလေးလမ်း၊ ဈေးရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40854, 054-40855~59

သမဝါယမဘဏ်လီမိတက် (ဖြူးဘဏ်ခွဲ)
အမှတ် ၇၂/၇၃၊ ရန်ကုန်-မန္တလေးလမ်း၊ မြို့မ(အရှေ့)ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40847, 054-40852~3

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (ဖြူးဘဏ်ခွဲ)
အမှတ် ၁၂၈၊ ရန်ကုန်-မန္တလေးလမ်း၊ ဈေးရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40825, 054-40826, 054-40827, 054-40828

အင်းဝဘဏ်လီမိတက် (ဖြူးဘဏ်ခွဲ)
ရန်ကုန်-မန္တလေးလမ်း၊ တာကြားရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40481, 054-40482

ဧရာဝတီဘဏ်လီမိတက် (ဖြူးဘဏ်ခွဲ)
အမှတ် ၁၁၈၊ ပဲခူးလမ်းမကြီး၊ မြို့မ(အရှေ့)ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40489, 054-40490~2

------------------------------------------------------------
"အစိုးရဘဏ်များ"
===========
မြန်မာ့စီးပွားရေးဘဏ်
ဗိုလ်ချုပ်လမ်း၊ ဆေးရုံရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40028, 054-40820

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
(၁၆)လမ်း၊ ဘူတာ(မြောက်)ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40057

==============================
================================

ဖြူးမြို့နယ်မှ တည်းခိုရိပ်သာများ၏ တည်နေရာနှင့် ဖုန်းနံပါက်များဖြူစင်မြင့်မြတ်သူ(တည်းခိုရိပ်သာများ)အမှတ် ၈၇၊ ရန်ကုန်-မန္တ...
13/02/2023

ဖြူးမြို့နယ်မှ တည်းခိုရိပ်သာများ၏ တည်နေရာနှင့် ဖုန်းနံပါက်များ

ဖြူစင်မြင့်မြတ်သူ
(တည်းခိုရိပ်သာများ)
အမှတ် ၈၇၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မြို့မ(အရှေ့)ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40327, 09-977378337, 09-781884917, 09-448422941

မိုးမခ
(တည်းခိုရိပ်သာများ)
အမှတ် ၉၃၊ (၅)လမ်း၊ မြို့မ(အရှေ့)ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
09-979056787

မြမြင့်မိုရ်
(တည်းခိုရိပ်သာများ)
အမှတ် ၉၆၊ ရန်ကုန်-မန္တလေးလမ်း၊ (၁၁)လမ်း ထောင့်၊ မြို့မ(အရှေ့)ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
09-254425285

ရွှေပြည်
(တည်းခိုရိပ်သာများ)
ရန်ကုန်-နေပြည်တော်လမ်းမကြီး၊ ၁၁၅ မိုင် - ဖြူး၊ ခရမ်းကျေးရွာ၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40841~3, 09-5352156, 09-448043591

အဓိပတိ
(တည်းခိုရိပ်သာများ)
အမှတ် ၇၆၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မြို့မ(အရှေ့)ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
054-40250, 09-428159675

အဓိပတိ
(တည်းခိုရိပ်သာများ)
အမှတ် ၁၄၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ ဝဲဒေါင့်ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
09-260496620, 09-252832036

အိနြေ္ဒ
(တည်းခိုရိပ်သာများ)
အမှတ် ၁၅၊ ရန်ကုန်-မန္တလေးလမ်း၊ ဥတ္တရာရုံဘုန်းကြီးကျောင်း အနီး၊ ဝဲဒေါင့်ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
09-428163024, 09-401831274, 09-257822296

Royal San
(တည်းခိုရိပ်သာများ)
အမှတ် ၁၈၊ ရန်ကုန်-မန္တလေးလမ်း၊ ဝဲဒေါင့်ရပ်ကွက်၊
ဖြူး၊ပဲခူးတိုင်းဒေသကြီး
09-6307341, 054-40332, 054-4046

ကညွှတ်ကွင်းမြို့အကြောင်း======================ကညွှတ်ကွင်းမြို့သည် ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် တည်...
28/09/2022

ကညွှတ်ကွင်းမြို့အကြောင်း
======================
ကညွှတ်ကွင်းမြို့သည် ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် တည်ရှိသည်။ အနီးနားရှိ မြို့များမှာ တောကျွဲအင်းမြို့နှင့် ဖြူးမြို့တို့ ဖြစ်သည်။ ကားလမ်းနှင့် ရထားလမ်း ပေါက်ရောက်ပြီး အခြားသော မြို့နယ် ဒေသများသို့ လွယ်ကူစွာ ကူးလူးသွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့တစ်မြို့ ဖြစ်သည်။ ထင်ရှားသည့်ကညွှတ်ကွင်းမြို့သားများမှာ သခင်သန်းထွန်း၊ သူရ ရွှေမန်းတို့ ဖြစ်သည်။ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းနှင့် မီးရထားလမ်းသည် ကညွှတ်ကွင်းမြို့မှ ဖြတ်သန်းသွားသည်။ ရန်ကုန်မြို့မှ ကညွှတ်ကွင်းအထိ မီးရထားဖြင့်ဆိုပါက ၁၂၃မိုင် ကွာဝေးသည်။ ပဲခူးမြို့မှ မြောက်ဘက် မိုင် ၈၀ အကွာတွင် ရှိသည်။

ကညွှတ်ကွင်းမြို့သည် ကိုလိုနီခေတ်ဦးကာလက ကျေးရွာတစ်ရွာအဖြစ်တည်ရှိခဲ့သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကာထားလုပ်ကိုင်ကြပြီး ရန်ကုန်-မန္တလေးမီးရထားလမ်း ဖောက်လုပ်သောအခါ တစ်စတစ်စ စည်ကားလာကာ မြို့ကလေးအသွင်း ပြောင်းလဲလာခဲ့သည်။ ရန်ကုန်မြို့က ကားလမ်းအတိုင်း မိုင်တိုင် ၁၃၀ တွင်တည်ရှိသည်။

တည်နေရာ/အကျယ်အဝန်း
ကညွှတ်ကွင်းမြို့သည် မြောက်လတ္တီတွဒ် (၁၈) ဒီဂရီ (၂၁) မိနစ် (၀၀)စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် (၉၆) ဒီဂရီ (၃၀) မိနစ် (၀၀) စက္ကန့် အကြားတွင် တည်ရှိပါသည်။ ကညွှတ်ကွင်းမြို့သည် ဧရိယာစတုရန်းမိုင် (၇.၈ ) မိုင် ကျယ်ဝန်းပါသည်။

လူဦးရေ /ရပ်ကွက်
ကညွတ်ကွင်းမြို့တွင် ၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း (၁၇၉၃၀)ဦး၊ အမျိုးသား (၈၃၁၅)ဦး၊ အမျိုးသမီး (၉၆၁၅)ဦးရှိကာ ရပ်ကွက် (၄) ရပ်ကွက်ရှိပြီး
ရပ်ကွက်များမှာ

၁။ ကညွတ်ကွင်းအရှေ့ (၁) ရပ်ကွက်
၂။ ကညွတ်ကွင်းအရှေ့ (၂) ရပ်ကွက်
၃။ ကညွတ်ကွင်းအနောက် (၁) ရပ်ကွက်
၄။ ကညွတ်ကွင်းအနောက် (၂) ရပ်ကွက် တို့ဖြစ်ပါသည်။

Address

Kanyutkwin

Website

Alerts

Be the first to know and let us send you an email when Ka Nyut Kwin City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share