ကော့သောင်းမြို့ သူမြို့ သားများဆုံဆည်းရာနေရာ

  • Home
  • Myanmar
  • Kawthaung
  • ကော့သောင်းမြို့ သူမြို့ သားများဆုံဆည်းရာနေရာ

ကော့သောင်းမြို့ သူမြို့ သားများဆုံဆည်းရာနေရာ "တည်နေရာ"
Latitude: 9•59' 55.6"
Longitude: 98•32' 47.38"

10/04/2018
***** နှစ်ပေါင်း ၁၂၅ နှစ်တိုင် တိုင်ခဲ့ပြီဖြစ်သော ကော့သောင်းသမိုင်း *****ပထမ အဂ်လိပ်~မြန်မာ စစ်ပွဲကာလ ၁၈၂၃~၁၈၂၆ ခုနှစ်နေ...
15/10/2016

***** နှစ်ပေါင်း ၁၂၅ နှစ်တိုင် တိုင်ခဲ့ပြီဖြစ်သော ကော့သောင်းသမိုင်း *****

ပထမ အဂ်လိပ်~မြန်မာ စစ်ပွဲကာလ ၁၈၂၃~၁၈၂၆ ခုနှစ်နောက်ပိုင်း ၌ ရခိုင် နှင့် တနသ်ာရီ ဒေသများသို့ ဗြိတိသျှအစိုးရသည် ၎င်း၏စည်းမျဉ်းစည်းကမ်း နည်းဥပဒေများကို ပြန့်ကျက်သတ်မှတ်ခဲ့ပြီး လိုက်နာကျင့်သုံးစေခိုင်းခဲ့သည်။

၁၈၅၉ ခုနှစ်မှာ ကော့သောင်းမြို့ မြောက်အရပ်၌ရှိသော မလိဝမ်း ဟုခေါ် များစွာလှသောရေအိုင်၊ ရေကန်များ နှင့် ပန်းပင်ကြီးများရှိသည့် (မလိဝမ်း)ခေါ် ဒေသ၌ တရုတ်လူမျိုးတစု နှင့် ရှမ်းလူမျိုးတစု တို့ အခြေကျနေထိုင်ခဲ့ကြသည်။

၁၈၆၅ ခုနှစ်တွင် Arab-Malay (ပသျူး)ခေါ် လူမျိုးတစုကို Nayuda Ahmed ဆိုသူက ဦးဆောင်၍ မြိတ်ကျွန်းစု ပင်လယ်အော် တလျှောက်၌ ပင်လယ်အတွင်းမှအစားအသောက်များရှာဖွေစားသောက်နေထိုင်ကျက်စားရင်း ခရီးလှည့်လည်သွားလာရင်း နဲ့ ဝိတိုရိယအငူအနီးအနားတွင်နေထိုင်ကျက်စားနေခဲ့လေသည်။

၁၈၇၂ ခုနှစ်၌ ဗြိတိသျှစစ်အစိုးရ မြိတ်ခရိုင် မြို့တော်ဝန် Sir. Ashly Din က ပထမဆုံးသော မလိဝမ်း ရဲအရာရှိဝန်ထမ်းတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၈၉၁ ခုနှစ်မှာ မလိဝမ်း၌ အခြေစိုက်ထားသော ရုံးများကို ကော့သောင်း သို့ ရွေ့ပြောင်းစေခိုင်းခဲ့ကြသည်။ ဘာလို့လဲဆိုတော့ မလိဝမ်းမှာ သေးငယ်ကျဉ်းမြောင်းသော မြစ်တစ်စင်း နှင့် မလိဝမ်းချောင်းဦးတို သာရှိသောကြောင့် သဘော်ကြီးများ ကမ်းကပ်ဖို့အတွက် ဒီရေ အတက်အကျစောင့်ရခြင်း၊ သဘော်ကြီးများကမ်းကပ်ရန်ဖို့ အဆင်မပြေမှုများကြောင့်သာဖြစ်ရသည်။ ဒါလိုနဲ့ ကော့သောင်းမြို့ အဖြစ် မားမားမတ်မတ် တည်ရှိလာပေတော့သည်။

Kawthaung
ကော့သောင်း
၁၈၂၄ နှင့်၁၉၄၈ခုနှစ်မှာ ဗြိတိသျှစစ်အစိုးရ မြန်မာပြည်တွင်အုပ်စိုးစဉ်က ဝိတိုရိယအငူ (Victoria Point) အမည်အနေနဲ့သာ ခေါ်ဝေါ်သိရှိခဲ့ကြသည်။
နောက်ပိုင်းမှ เกาะสอง (ထိုင်း) ကော့ဆွန် (ကျွန်းနှစ်ကျွန်း)
ကော့သောင်း (မြန်မာ)
Pulodua, ڤولودوا (မလေး)
Kawthaung (အဂ်လိပ်)အဖြစ်ခေါ်ဝေါ်လာကြတယ်။

06/10/2016
The Kra Canal or the Thai Canal refers to a proposal for a canal to cut through the southern isthmus of Thailand, connec...
06/10/2016

The Kra Canal or the Thai Canal refers to a proposal for a canal to cut through the southern isthmus of Thailand, connecting the Gulf of Thailand with the Andaman Sea. It would provide an alternative to transit through the Strait of Malacca and shorten transit for shipments of oil to East Asian countries like Japan and China by 1,200 km, saving much time. China refers to it as part of its 21st century maritime Silk Road.

သူဌေးကျွန်း ဂေါက်ကွင်း
03/10/2016

သူဌေးကျွန်း ဂေါက်ကွင်း

ကော့သောင်း လေဟာပြင်ဈေး
03/10/2016

ကော့သောင်း လေဟာပြင်ဈေး

၁၉၉၁ ခုနှစ်-------------"သားကြီး ကျောင်းသွားတော့မှာလား""ဟုတ်ကဲ့ဖေဖေ""စာကြိုးစားတဲ့ သားကြီးကို မုန့်ဖိုးအများကြီး ပေးရမှာ...
28/09/2016

၁၉၉၁ ခုနှစ်
-------------
"သားကြီး ကျောင်းသွားတော့မှာလား"
"ဟုတ်ကဲ့ဖေဖေ"
"စာကြိုးစားတဲ့ သားကြီးကို မုန့်ဖိုးအများကြီး ပေးရမှာပေါ့ကွ"
"အဖေကြီး...ရှင့်သားကို ကျွန်မ-မုန့်ဖိုးပေးပြီးသားလေ တော်ရဲ့"
"ဟာ...မင်းပေးသလို ငါလည်း ပေးမှာပေါ့ကွ၊ ငါ့သားကြီးက စာတော်တဲ့သားကွ"
"ရော့...သားကြီးအတွက် မုန့်ဖိုး။ ဒါက ဖေဖေပေးတာနော်"
x
၂၀၀၂ ခုနှစ်
------------
"သားကြီးရေ၊ သားကြီး"
"မင်းအတွက် စဖို့ရှပ်လေး ဖေဖေ ဝယ်လာတယ်"
"သားကြိုက်တဲ့ အပြာနုရောင်လေးပဲ။ လိုက်၊မလိုက် ဝတ်ကြည့်စမ်းပါဦးကွ"
"ငါ့သားကြီးက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်ပြီဆိုတော့
အကျီ င်္ကောင်းကောင်းလေးတွေ လိုမှာပေါ့။ ဖေဖေနောက်လည်း ဝယ်လာခဲ့မယ်"
"အဖေကြီး...ရှင့်ပုဆိုးက တော်တော်စုတ်နေပြီလေ"
"သားကြီးမှာက အကျီ င်္ကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်"
"ရှင့်အတွက် ပုဆိုးကို ဝယ်မလာဘဲ ဘာလို့ သူ့အတွက် ဝယ်လာရတာလဲ ရှင်"
"ငါ့ ပုဆိုးက လှည့်ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး"
"မင်းသိလား....ငါ့သားကြီး ပညာတတ်ဘွဲ့ရ၊ အလုပ်ကောင်းကောင်းရတဲ့အခါ
ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။ အဲ့ဒီ့တော့မှ မင်း ငါ့ကို ငေးကြည့်ရမယ်"
"အေးပါတော်...။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့"
x
၂၀၁၂ ခုနှစ်
------------
"မိန်းမရေ...ငါ့သား ချစ်သူက အချောလေးပါလားကွ"
"ပိုက်ဆံလည်း ချမ်းသာတယ်ဆိုတော့ ငါတို့ဘက်ကလည်း တစ်ခုခုတော့
လုပ်ပေးဖို့လိုတာပေါ့။ မဟုတ်ရင် ငါ့သားကြီးခမျာ မျက်နှာငယ်ရရှာမှာ"
ငါတို့နေတဲ့ မြေက...တို့အဘိုးအဘွားကြီး နှစ်ယောက်အတွက် ကြီးမနေဘူးလားကွ"
"ပေ ၄၀ ထဲက ပေ ၂၀ ကို ထုတ်ရောင်းပြီး သားကြီး မင်္ဂလာဆောင်အတွက်
သုံးပေးလိုက်ရင် ကောင်းမယ်နော် မိန်းမ။ သူလည်း တော်တော် ပျော်ရှာမှာ"
"ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီးအတွက်ဆိုရင် ကျွန်မကိုပါ
ရောင်းစားပေးမလား မသိပါဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော"
x
၂၀၁၄ ခုနှစ်
-------------
(က)
"ဟလို...သားကြီးလား...ဖေဖေပါ"
"ဖေဖေ အသုံးစရိတ်ပြတ်နေလို့
ဖေဖေ့ကို ငွေနည်းနည်းလောက် ပေးပါလား သားကြီးရယ်"
"ဟာ...ဖေဖေကလည်းဗျာ"
"ပြီးခဲ့တဲ့ လ,တုန်းကပဲ
ကျွန်တော် ဖေဖေ့ကို ငွေ သုံးသောင်း ပေးထားသေးတယ်မလား"
ဟုတ်တယ် သားကြီးရဲ့...
ဖေဖေ ဆေးဝယ်သောက်နေရလို့ ငွေက သိပ်အသုံးမခံဘူးကွယ်"
"မင်းမေမေ မရှိကတည်းက
ဖေဖေ့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး သားကြီးရယ်"
(ခ)
"သားကြီးတို့ လင်မယားပါလား...ဘယ်က လှည့်လာတာလဲ"
"ကျွန်တော်...
ဟိုဘက် ရပ်ကွက်ထဲမှာ ကိစ္စတစ်ခုနဲ့လာရင်း လမ်းကြုံလို့ ဝင်လာတာ ဖေဖေ"
"ဒါဆို...သားကို ပြောစရာ ရှိတာနဲ့အတော်ပဲ"
"သားမလာရင် သားဆီကို ဖုန်းဆက်ပြီး ပြောမလို့"
"သားကြီး...ဖေဖေ့ မျက်မှန်က သိပ်ကြည့်လို့ မကောင်းတော့ဘူး"
"ဖေဖေ ပါဝါတိုးရမလားမသိဘူး"
"သားကြီး အဆင်ပြေရင်
ဖေဖေကို မျက်စိဆေးခန်း ခေါ်သွားပေးပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်"
"ဖေဖေကလည်း...မျက်မှန်က အကောင်းကြီး ရှိသေးတာပဲကို"
"ကျွန်တော်လည်း အခုက မအားသေးဘူး"
"ဖေဖေ့မြေးက ဖာလူဒါသောက်ချင်တယ်ဆိုလို့ သွားတိုက်ရဦးမှာ"
"ဒီလိုလုပ်လေ...ကျွန်တော် အားတဲ့တစ်နေ့ ဖေဖေ့ကို လာခေါ်မယ်လေ"
(ဂ)
"သားကြီးရေ"
"ဖေဖေ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူးကွယ်"
"နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမောလည်း ခဏခဏဖောက်နေတယ်"
"သားကြီး အဆင်ပြေရင် သားကြီးအိမ်မှာ ဖေဖေ့ကို ခေါ်ထားပါလား"
"သားကြီးအိမ်မှာ ဖေဖေလိုက်နေရမယ်ဆိုရင်
မြေးလေးမျက်နှာကို ကြည့်ရရုံနဲ့တင် ဖေဖေ့ကျန်းမာရေး တစ်ဝက်သက်သာပါပြီ"
"ဟာ...ဖေဖေ အဲ့ဒါတော့ အဆင်မပြေဘူးဗျ"
"ကျွန်တော့် မိန်းမက အိမ်မှာ အသက်ကြီးရွယ်အိုတွေ နေတာ သဘောမကျဘူး"
"အဲ့ဒါကြောင့် သူ့အဖေ၊ အမေကိုတောင် ခေါ်မထားဘူး"
"ကျွန်တော် လုံးဝ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့်ကိုနားလည်ပေးပါ"
x
၂၀၁၅ ခုနှစ်။
-------------
လူဆိုတဲ့ သတ္တဝါဟာ
ကိုယ်စိုက်ခဲ့တဲ့ အသီးကို မစားရရင်တောင် အရိပ်ကလေးတော့ ခိုချင်ကြတာ
သဘာဝပါ သားကြီးရယ်။ သားကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့
ဖေဖေ့ ဆန္ဒနဲ့ ဖေဖေကိုယ်တိုင် ဆုံးဖြတ်ပြီး ဘိုးဘွားရိပ်သာမှာပဲ သွားနေဖို့
အသင့်ဖြစ်ပါပြီ။ သားကြီးတို့ မိသားစုဘဝလေး အေးချမ်းသာယာပါစေ။
ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဖေဖေ ဆုတောင်းခဲ့ပါတယ် သားကြီးရယ်။
x
၂၀၁၆ ခုနှစ်
------------
ဘိုးဘွားရိပ်သာတစ်ခု၏ ကုတင်နံပါတ် (၁၃)ရှိ အဘိုးအိုတစ်ဦး၏ မျက်ဝန်းမှ
မျက်ရည်တို့ တသွင်သွင် စီးကျနေသည်ကို စာဖတ်သူတို့ မြင်တွေ့ရပါလိမ့်မည်။
ထိုအဘိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြွေးနေရှာသလဲ ဆိုသည်ကိုလည်း စာဖတ်သူတို့ နားလည် သဘောပေါက်ကြမည်ကို ကျွန်တော် အသေအချာသိပါသည်။

~အဲဒါကို သေသေချာချာ သဘောပေါက်ဖို့ လိုတယ်နော်။တချို့လူဟာ ကိုယ့်ကိုယ်ကို ငါ ဘယ်လိုလူလဲ ဆိုတာကို တိတိကျကျ မစဉ်းစားဘူး။ငါ့ကိ...
26/09/2016

~အဲဒါကို သေသေချာချာ သဘောပေါက်ဖို့ လိုတယ်နော်။
တချို့လူဟာ ကိုယ့်ကိုယ်ကို ငါ ဘယ်လိုလူလဲ ဆိုတာကို တိတိကျကျ မစဉ်းစားဘူး။
ငါ့ကို လူတွေ ဘယ်လိုထင်သလဲ ဆိုတာပဲ စဉ်းစားတယ်။
ငါ့ကို လူတွေ အထင်ကြီးအောင်ငါ ဘယ်လိုနေရမလဲ ဆိုတာကို စဉ်းစားလေ့ရှိတယ်။
စဉ်းစားပြီးတော့ လူအထင်ကြီးအောင် လုပ်တယ်၊ နေတယ်၊၊
သူများအထင်ကြီးအောင် သူများကျေနပ်အောင် လိုက်ပြီးတော့နေပေးတဲ့အခါမှာ သူများရဲ့ အထင်ကြီးမှု ကိုတော့ ရချင်ရမယ်၊ ဒါပေမဲ့ အဲဒါဟာ ကိုယ့်ရဲ့ ပင်ကိုယ်မဟုတ်တဲ့ အတွက်ကြောင့် ကိုယ်တကယ် လုပ်ချင်တဲ့အလုပ်မဟုတ်တဲ့ အတွက်ကြောင့် စိတ်ထဲမှာတော့ ကျေနပ်မှု တကယ် မရနိုင်ဘူး။
ဂုဏ်ပကာသန ဆိုတာတွေဟာ ဘေးက လူတွေရဲ့ အထင်ကြီးမှု သက်သက်ကို ရဖို့ လုပ်တာပဲ။
ကိုယ့်ကို သူများ အထင်ကြီးတယ်ဆိုတာသူ့စိတ်ထဲမှာ ဖြစ်လိုက်တဲ့အတွေးလေးတခုပါ။
ဘာမှ လေးနက်မှု မရှိဘူး။

~ ၃နိုင်ငံနယ်စပ် နေရာ (ရွှေတြိဂုံနယ်မြေ)တာချီလိတ် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်ထွက်ပေါက်International Point of Entry and Exi...
14/09/2016

~ ၃နိုင်ငံနယ်စပ် နေရာ (ရွှေတြိဂုံနယ်မြေ)
တာချီလိတ် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်ထွက်ပေါက်
International Point of Entry and Exit Border Pass

မြန်မာနိုင်ငံတွင် International Point of Entry and Exit Border Pass ၄ ပေါက်ကိုခွင့် ၂၀၁၃ခုနှစ် ကစတင်ခွင့်ပြုထား
(You can pass with valid Passport and valid Visa these Border Pass)

၎င်းတို့မှာ~

၁။ မြဝတီ ~ မဲဆောက်
၂။ တာချီလိတ် ~ မဲဆိုင်
၃။ ကော့သောင်း ~ ရနောင်း
၎။ ထီးခွီး ~ ဖူနာရွန် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်ထွက်ပေါက်တို့ဖြစ်တယ်။

#

 #သတိရှိပါပရဟိတ (သို့) အတ္တဟိတပရဟိတ လုပ်ကိုင်နေသူများသည် သူတစ်ပါး အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်ပေးနေသူများ ဖြစ်ကြသည...
11/09/2016

#သတိရှိပါ
ပရဟိတ (သို့) အတ္တဟိတ

ပရဟိတ လုပ်ကိုင်နေသူများသည် သူတစ်ပါး အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်ပေးနေသူများ ဖြစ်ကြသည်။ ပရဟိတ လုပ်ငန်း လုပ်ကိုင်သူများ ဆိုရာတွင် ရဟန်းရှင် လူ ပုဂ္ဂိုလ် အားလုံးကို အကျုံးဝင်စေသည်။

ထိုကဲ့သို့သော လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ပေးနိုင်ဖို့ရန် တော်ရုံတန်ရုံ စိတ်ဓာတ်ဖြင့် မဖြစ်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် ပရဟိတ လုပ်ငန်းလုပ်ကိုင်သူသည် ကာယကံ အားဖြင့်လည်း အပင်ပန်းခံရသည်။ ၀စီကံအားဖြင့်လည်း အနားမနေရ။ မနောကံအားဖြင့်လည်း စီစဉ်နေရသည်။ လူအားကိုလည်း ရင်းနှီးရသည်။ အချိန်အားကို စိုက်ထုတ်ရသည့်အပြင် တစ်ခါတစ်ရံ ငွေအားကိုပါ အကုန်ကျ ခံရသေးသည်။ ထို့အပြင် ပတ်ဝန်းကျင်မှ အဝေဖန်ပင် ခံရတတ်သေးသည်။

ထိုထိုသော အဆင့်များစွာကို ကျော်ဖြတ်နိုင်မှ သာလျှင် ပရဟိတ လုပ်ကိုင်နိုင်သော အဆင့်သို့ ရောက်ရှိရသည်။

မြတ်စွာဘုရားသည် ပါရမီ ဖြည့်စဉ် ဘ၀များစွာတွင်လည်း ပရဟိတ လုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့သည်။ ဘုရားဖြစ်တော်မူပြီး နောက်တွင်လည်း သတ္တ၀ါများအကျိုးအတွက် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ သတ္တ၀ါများစွာကို နိဗ္ဗာန် အထိပင် ပို့ဆောင်ပေးခဲ့ပေသည်။ ကျေးဇူးကြီးမားလှပေစွ။

အများအကျိုး ပရဟိတ လုပ်ကိုင်ရင်း မိမိ အတ္တအကျိုးအတွက် ဦးစားပေး ပြုလုပ်သွားကြသော ပုဂ္ဂိုလ်များလည်း ရှိသည်။ ပရဟိတ ဟု အမည်ခံကာ မိမိအတွက် အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင်သွားတတ် သောကြောင့် ထိုသူကို ပရဟိတ ပုဂ္ဂိုလ်ဟု ခေါ်ဆို၍ မရနိုင်ပေ။

အတ္တဟိတ ပုဂ္ဂိုလ် သာလျှင် ဖြစ်သည်။

ငါ့ နာမည်အတွက် မဖြစ်စေရ၊ အဖွဲ့နာမည်အတွက်မဖြစ်စေရ၊အာဏာရရေးအတွက်မဖြစ်စေရ၊ သာသနာ အတွက်သာ ဖြစ်ရမည်။

အတ္တဟိတကိုခိုင်မာအောင် တည်ဆောက်ကျိုးစားပြီးမှသာ ပရဟိတကိုကျိုးစားသင့် သည်ဟု မှတ်ယူရပါမည်၊၊

အတ္တဟိတ(ခေါ်)ကိုယ်တိုင်တွင်ပြည့်စုံမှုမရှိဘဲ၊ ပရဟိတကိုခြေ လှမ်းမိလျင် ထိုပရဟိတအထဲမှ ကိုယ်ကျိုးရှာမိတတ်သောကြောင့် ဖြစ်ပါသည်၊၊”

Address

No. 123
Kawthaung
85000

Telephone

09000000001

Website

Alerts

Be the first to know and let us send you an email when ကော့သောင်းမြို့ သူမြို့ သားများဆုံဆည်းရာနေရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share