Custom House Keng Tung

Custom House Keng Tung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Custom House Keng Tung, Government Organization, Kengtung.

✅
27/08/2025

အခွန်ကောက်ရာတွင် အဂတိကင်းရန် လိုအပ် -------------------ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ လျော့နည်းမှု မရှိအောင် ကောက်ခံရာမှာ အဂ...
19/08/2025

အခွန်ကောက်ရာတွင် အဂတိကင်းရန် လိုအပ်
-------------------
ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ လျော့နည်းမှု မရှိအောင် ကောက်ခံရာမှာ အဂတိတရား ကင်းရှင်းစွာနဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောပါတယ်၊၊

ဩဂုတ် ၁၈ ရက် မနက်ပိုင်းက နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ ကျင်းပတဲ့ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာ နှစ် အခွန်အရပ်ရပ် လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး အစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊

သက်ဆိုင်ရာ အခွန်ဥပဒေတွေအရ နိုင်ငံတော်ကို ပေးဆောင်သင့်၊ ပေးဆောင်ထိုက်တဲ့ အခွန်တွေကို ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေအတွက် ပိုမိုသုံးစွဲနိုင်ဖို့ အခွန်ထမ်း ပြည်သူတွေ သိရှိနားလည် သဘောပေါက်လာအောင် အခွန်ပညာပေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားပေးဖို့ လိုအပ်ပြီး ရသင့်ရထိုက်တဲ့ အခွန် ငွေတွေ လျော့နည်းမှုမရှိအောင် ကောက်ခံရာမှာ အဂတိတရား ကင်းရှင်းစွာနဲ့ ဆောင်ရွက်ကြဖို့ လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်၊၊

ဒါမှသာ အခွန်ပေးဆောင်သူ ပြည်သူတွေက မိမိတို့ ပေးဆောင်လိုက်တဲ့ အခွန်ငွေတွေဟာ ပြည်သူ့အကျိုးပြု လုပ် ငန်းတွေမှာ အဓိက ထားသုံးစွဲနေကြောင်း နားလည်လက်ခံလာမှာဖြစ်ပြီး အခွန်ရုံးတွေအပေါ် ပိုမိုယုံကြည်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ဒါ့ကြောင့် သက်ဆိုင်ရာ အခွန်မှူးတွေအနေနဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ကောက်ခံဖို့ လျာထားတဲ့ အခွန်အရပ်ရပ် လျာထားချက်တွေ ပြည့်မီကျော်လွန်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကြိုးပမ်း ကောက်ခံပေးကြဖို့ လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မှာကြားခဲ့ပါတယ်။

17.8.2025
17/08/2025

17.8.2025

လက်တလော ခွင့်မပြုထားသည့် ကန်သက်ပစ္စည်းများ
13/08/2025

လက်တလော ခွင့်မပြုထားသည့် ကန်သက်ပစ္စည်းများ

ဆိပ်ကမ်းအားလုံးအကျုံးဝင်သည့်အတွက်ပို့ကုန် သွင်းကုန်လိုင်စင်ရှိပီးမှသာ ဆက်လက်လုပ်ဆောင်စေချင်ပါတယ်
09/08/2025

ဆိပ်ကမ်းအားလုံးအကျုံးဝင်သည့်အတွက်
ပို့ကုန် သွင်းကုန်လိုင်စင်ရှိပီးမှသာ ဆက်လက်လုပ်ဆောင်စေချင်ပါတယ်

ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့နှင့် (၂) ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် (၂) ဘီလီယံကျော်...
08/08/2025

ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့နှင့် (၂) ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် (၂) ဘီလီယံကျော် တန်ဖိုးရှိသည့် တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လ (၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ (၇၂) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ငွေကျပ် (၂,၅၇၅,၁၇၇,၉၃၂) တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် သြဂုတ် (၂) ရက်ကလည်း ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ ငွေကျပ် (၂၇၁,၁၈၄) တန်ဖိုးရှိ တရားမဝင်မီးသွေး (၂၈.၈၀၀) တန်နှင့် အခြားသစ် (၁.၅၂၅) တန်တို့ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ကော်မတီမှ ထုတ်ပြန်ထားသည်။

ထိုသို့ နှစ်ရက်အတွင်း ဖမ်းဆီးရမိမှု အမှုတွဲစုစုပေါင်း (၄) မှုမှ ငွေကျပ် (၂,၅၇၅,၄၄၉,၁၁၆) တန်ဖိုးရှိ တရားမဝင်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းသည် လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာ ဆိုးကျိုး သက်ရောက်လျက် ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမို၍ တားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၂၉) ရက်မှ ဩဂုတ်လ (၁) ရက်အထိ (၄) ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၅)ခုမှ ငွေကျပ် (၄.၂၃၂) ဘီလီယံကျော်တန်ဖိုးရှိ စက်သုံးဆီများ၊ ကျောက်စိမ်းများအပါဝင် တရားမဝင်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးလွင်ဦးနှင့်ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ************************************...
07/08/2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးလွင်ဦးနှင့်
ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ
********************************************************
နေပြည်တော်၊ ဩဂုတ် ၇ ရက်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးလွင်ဦး နှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်အနေဖြင့် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း ဟူသည့် လုပ်ငန်းစဉ် (၃) ရပ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အရည်အသွေးမြင့်မားနေစေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရန် လိုကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ရုံးလုပ်ငန်းများဖြစ်စေ၊ လူမှုရေးကိစ္စဖြစ်စေ အခက်အခဲများရှိပါက ပွင့်လင်းစွာ သတင်းပို့ တင်ပြနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ ဝန်ထမ်းများက အခက်အခဲများကို တင်ပြကြပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

🎯အခွန်စာရင်းစစ်ဆေးသည့်နှစ်အား တိုးချဲ့စစ်ဆေးခြင်း🎯အခွန်စာရင်းစစ်ဆေးကြတဲ့အခါ အခွန်စာရင်းစစ်ျအဖွဲ့များမှ အခွန်စာရင်းစစ်ဆေး...
02/08/2025

🎯အခွန်စာရင်းစစ်ဆေးသည့်နှစ်အား တိုးချဲ့စစ်ဆေးခြင်း🎯

အခွန်စာရင်းစစ်ဆေးကြတဲ့အခါ အခွန်စာရင်းစစ်ျအဖွဲ့များမှ အခွန်စာရင်းစစ်ဆေးနေစဉ်အတွင်း အခွန်ထမ်းတင်ပြထားတဲ့ စာရင်းဇယား၊ အချက်အလက်အထောက်အထားတွေဟာ အခွန်ဆုံးရှုံးနိုင်ချေရှိပြီး ကပ်လျက်နှစ်တွေမှာပါ အခွန်ဆုံးရှုံးနိုင်ပါကြောင်း စစ်ဆေးတွေ့ရှိရပါက အဆိုပါနှစ်တွေကိုပါ တိုးချဲ့စစ်ဆေးကြမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီလို တိုးချဲ့ စစ်ဆေးခြင်းအတွက် ပေးပို့မယ့် အကြောင်းကြားစာ ပုံစံအား မျှဝေလိုက်ပါတယ်။

#အခွန်စာရင်းစစ်ဆေးခြင်း #စာရင်းစစ် #ပုံစံ #ဝင်ငွေခွန် #မှတ်ပုံတင်ခြင်း -Registation #ကုန်သွယ်လုပ်ငန်းခွန် #အခွန်ဆောင်ခြင်း #အခွန် #အခွန်နှုန်း #ဥပဒေ #နည်းဥပဒေ #စည်းမျဉ်းများ #အခွန်ကြေညာလွှာ Deduction Exemption #အခွန်ပြန်အမ်းငွေ #ကိုယ်စာလှယ်လွှဲစာ #အခွန်ထမ်း

02/08/2025

✍လက်ရှိ Update Information အရ Non Automatic License, Automatic License and Public Customs Warehouse HS Code လိုင်းများ.....
02/08/2025

✍လက်ရှိ Update Information အရ Non Automatic License, Automatic License and Public Customs Warehouse HS Code လိုင်းများ..

ဇွန်လ ၁၅ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ခွင့်ပြုသွားမည့် Export Automatic License ကုန်စည် ၉၇ လိလိုင်း

ဒီမှာ Automatic License နဲ့ Non Automatic License ဘာတွေကွာလဲဆိုတာက..

Automatic License ဆိုတာက Trade Net 2.0 မှာ Product Brand and Price ကို ပထမဦးစွာ မှတ်တမ်းတင်ထားပီးနောက်ပိုင်း လိုင်စင်လျှောက်တဲ့အခါ စနစ်မှ အလိုအလျောက် ခွင့်ပြုပေးတဲ့ စနစ်ကို Automatic License လို့ခေါ်ပါတယ်..

Non Automatic License ဆိုတာကတော့ စနစ်က အလို အလျောက် ခွင့်ပြုပေးတဲ့ ပုံစံမျိုးမဟုတ်ပဲ Manual စစ်ဆေးမှု အပိုင်းကို ဆောင်ရွက်ပြီး စိစစ်မှု ပိုမိုတင်းကြပ်ပါတယ်...

မိမိရဲ့ ကုန်ပစ္စည်းဟာ Automatic Licnese and Non Automatic License လားဆိုတာက Harmonized System Code (HS Code) စည်းဝါးကိုက်ညီမှုစနစ်အရ ခွဲခြားသတ်မှတ် ထားပါတယ်...

Update Information အရ ဆိုရင်

👉 HS Code 2022 စာအုပ်အရ Total HS Code - 11849 Lines

👉Export Automatic License (HS Code - 97 Lines) till August 31,2025

Export အတွက် Automatic License ဖြင့် ခွင့်ပြုတဲ့ HS Code Line 97 လိုင်းရှိပီး ပင်လယ်ရေကြောင်းမှ တင်ပို့မှုအတွက်သာ ခွင့်ပြုပေးပါတယ်..နယ်စပ်က တင်ပို့မှုအတွက်ကတော့ Non Automatic License စနစ်ဖြင့် သာ ခွင့်ပြုပါတယ်..

👉 Import Automatic License (HS Code - 72 Lines)

Import အတွက် Automatic License ဖြင့် ခွင့်ပြုနေတာက HS Code Line 72 လိုင်း လက်ရှိခွင့်ပြုနေပါတယ်..

👉 Public Customs Warehouse (HS Code - 685 Lines)

Public Customs Bonded Warehouse ထဲထည့်ခွင့်ရှိတဲ့ HS Code - 685 Lines ရှိပါတယ်..




Myanmar Logistics Update News and Customs Clearance

အမေရိကန်ကိုတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အခွန်စည်းကြပ်မယ့် ပမာဏကို နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ ထပ်မံပြင်ဆင်ခဲ့ရာမှာ အာဆ...
01/08/2025

အမေရိကန်ကိုတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အခွန်စည်းကြပ်မယ့် ပမာဏကို နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ ထပ်မံပြင်ဆင်ခဲ့ရာမှာ အာဆီယံနိုင်ငံတွေထဲမှာ အများစုဟာ ၂၀ ရာခိုင်နှုန်းဝန်းကျင်သာ ကျသင့်တော့မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံကိုတော့ ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံမှာ ဖြစ်ပါတယ်။

အပြည့်အစုံကို ကွန်းမန့်မှာ ဖတ်ရှုနိုင်ပါတယ်။

#ထရမ့်ပ် #စည်းကြပ်ခွန် #အာဆီယံ #မြန်မာ

ယနေ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ရေကြီးနေမှု
29/07/2025

ယနေ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ရေကြီးနေမှု

Address

Kengtung

Website

Alerts

Be the first to know and let us send you an email when Custom House Keng Tung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share