People Administration Organization, Kyangin

People Administration Organization, Kyangin ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊
ကြံခင်းမြို့နယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
28/09/2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ (၂၇) ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၁၂/၂၀၂၃)

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မူလစတင်တည်ထောင်စဉ်ကပင် အခြေခံလူ့အခွင့်အရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေးတို့ကို ဦးတည်ချက်များထား၍ ရပ်တည်ဆောင်ရွက်ရန်နှင့် ပြည်သူလူထုကို ဖိနှိပ်မည့်အာဏာ ရှင်ဆန်သော နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ ပေါ်ပေါက်ခြင်းမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန် တည်ထောင်ခဲ့သော ပါတီဖြစ်ပါသည်။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် ပြည်သူလူထု ဆန္ဒကိုသာ အလေးအနက်ထား အကောင်အထည်ဖော်မှုတို့ကြောင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါသည်။

၃။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရသည့် ထုံးစံရှိသော်လည်း ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း ၊ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဥပဒေများရှိခြင်းတို့ကြောင့် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တည်ခဲ့သလို ယနေ့အချိန်တွင်လည်း ဥပဒေမဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းထားသည့် စစ်ကောင်စီက ကျင်းပရန်ကြံစည်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိ အမှတ်မပြု ဆန့်ကျင်ရပ်တည်သွားမည်ဖြစ်သည်။

၄။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ အာဏာသိမ်းပြီးနောက် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နယ်မြေဒေသအသီးသီးမှ တက်ကြွလှုပ်ရှားသူများ ၊ အရပ်သားပြည်သူ များကို ယနေ့တိုင် ဖမ်းဆီးထိန်းသိမ်း‌ အကျဉ်းချထားလျက်ရှိရာ အရပ်သားပြည်သူပေါင်း (၁၅,၈၃၈) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ‌အဖွဲ့ဝင်(၁,၇၆၉) ဦး ပါဝင်ကာ ဥပဒေမဲ့ မတရား ဖမ်းဆီးနှိပ်စက်အသတ်ခံရသည့် အရပ်သားပြည်သူ (၄,၀၁၁)ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၉၇) ဦး ပါဝင်ခဲ့ပါသည်။

၅။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ (၆၈၈) ဦး၏ ပိုင်ဆိုင်မှုပစ္စည်းများအား ဥပဒေမဲ့ ချိပ်ပိတ် သိမ်းဆည်းခဲ့မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၃၇၃) ဦးတို့၏ ပိုင်ဆိုင်မှုများ ပါဝင်ခဲ့သည်။ ထို့အပြင် ဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း ၊ ‌ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ် (၁၆၀) ပြုလုပ်ခဲ့သည်။

၆။ စစ်ဖက်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆင့်ဆင့်သော ပါတီရုံးခန်း များတွင် ရုံးလုပ်ငန်းများကို မဆောင်ရွက်နိုင်သော်လည်း အွန်လိုင်းဒစ်ဂျစ်တယ်ပလက်ဖောင်းကို အသုံးပြု၍ အဖွဲ့ချုပ် အဖွဲ့ဝင်အင်အားများကို စုစည်းကာ ဆွေးနွေးညှိနှိုင်းတိုင်ပင်လျက် နွေဦးတော်လှန်ရေးကြီး အောင်မြင် စေရန် ကြိုးပမ်းလှုပ်ရှားလျက်ရှိပြီး ပါတီဗဟိုကော်မတီအစည်းအဝေးကိုလည်း ၃ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။

၇။ ထို့ပြင် တိုင်းနှင့်ပြည်နယ်အလိုက် ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ကာ ဒေသအလိုက် တော်လှန်ရေးအင်အားစုများအပြင် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် နိုင်ငံရေးပါတီများနှင့်လည်း ရင်းနှီးစွာ ထိတွေ့ဆက်ဆံလျက် ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကြီးအောင်မြင်စေရေး နည်းလမ်းများကို အတူပူးပေါင်း ရှာဖွေလျက်ရှိပြီး၊ မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေးကိုလည်း လက်တွေ့ကျသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လျက်ရှိပါသည်။

၈။ မြန်မာ့အကြပ်အတည်းမှသည် ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင်စေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် မရှိမဖြစ် အရေးပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ စစ်ဘေး ဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများရရှိရေး၊ အရပ်သားများအား ပစ်မှတ် ထားတိုက်ခိုက်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် အားဖြည့်ကူညီပေးကြပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းမေတ္တာ ရပ်ခံအပ်ပါသည်။

၉။ ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေဖြင့်လည်း မြန်မာပြည်သူများ ရွေးချယ်တင်မြှောက် ထားသော အရပ်သားအစိုးရအဖွဲ့ လက်ထက်ကခန့်အပ်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ်ပြုပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

"အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား"၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်“မ...
26/09/2023

"အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား"

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်

“မိမိတို့ မဟာမိတ်တွေရဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးအလုပ်တွေကို စတင်လုပ်ဆောင်နိုင်လာတာ တွေ့ရပါတယ်။ ဒါဟာ တော်လှန်ရေးနဲ့ အုပ်ချုပ်ရေးကို ပူးတွဲလုပ်ဆောင်နေနိုင်ပြီဆိုတာကို ထင်ထင်ရှားရှား ပြသနေတာပါ။”

အစိုးရအဖွဲ့အစည်းအဝေးမိန့်ခွန်း ကောက်နုတ်ချက်
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်

National Unity Government of Myanmar
Telegram Link - https://t.me/nugmyanmar

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြ...
20/09/2023

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၁၈ ရက်

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်း အဝေး (၁၈/၂၀၂၃)ကို ယနေ့ မနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ (၁၇/၂၀၂၃) ၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်​အုပ်ချုပ်​ရေး ​ဆောင်ရွက်​နေမှုများ၊ ကြုံ​တွေ့​နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်မှ
ဦး‌‌ဆောင်ကာ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးအား (၁၁:၅၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်"လူထုရဲ့ သဘောထ...
20/09/2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်

"လူထုရဲ့ သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့အသံကို အမြဲတမ်းနား‌ထောင်နေဖို့ အထူးအရေးကြီးပါတယ်။ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ ကျွန်တော်တို့အားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အတူဝိုင်းဝန်းကြိုးစားသွားကြဖို့ တိုက်တွန်းချင်ပါတယ်။"

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချု...
17/09/2023

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၁၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၃၁/၂၀၂၃)ကို ယနေ့ မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏနှင့် သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး‌၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီးအစည်းအဝေး ကို (၁၁:၁၅) နာရီအချိန်တွင် ရပ်နားခဲ့သည်။

ယခုနှစ် နိုင်ငံတကာ ဒီမိုကရေစီနေ့ရဲ့ ဆောင်ပုဒ်က ''Empowering the next generation '' ပါ။မျိုးဆက်သစ်တွေကို စွမ်းရည်မြှင့်တင...
17/09/2023

ယခုနှစ် နိုင်ငံတကာ ဒီမိုကရေစီနေ့ရဲ့ ဆောင်ပုဒ်က ''Empowering the next generation '' ပါ။မျိုးဆက်သစ်တွေကို စွမ်းရည်မြှင့်တင်ပေးဖို့ လို့ ဆိုရပါမယ်။ကျနော်တို့ နိုင်ငံမှာတော့ မျိုးဆက်သစ်လူငယ်တွေဟာ အကြမ်းဖက်လုယက်ခံလိုက်ရတဲ့ ဒီမိုကရေစီကို ပြန်လည်ရယူနိုင်ရေးအတွက် အိပ်မက်တွေ ဘဝတွေ အသက်တွေ စတေးပြီး ရှေ့တန်းကနေ စွန့်လွှတ်ကြိုးစားနေကြပါတယ်။ဒါဟာ အင်မတန်ကို လေးစားဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။

မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွ...
17/09/2023

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်​ရေး နှင့် ကြားကာလ ဒေသန္တရအုပ်ချုပ်မှုဖော်ဆောင်နိုင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လှူဒါန်းပေးသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အလေအလွင့်မရှိအကျိုးရှိအောင် အသုံးပြုဆောင်ရွက်ပါမည့်အ​ကြောင်း ကတိပြုပါသည်။

ပအဖ - ကြံခင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်“တော်လှန်ရေးကာ...
12/09/2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်

“တော်လှန်ရေးကာလအတွင်းမှာ ပြဿနာ ကြီးကြီးမားမားတွေလည်း ပေါ်လာသလို ပြဿနာ အသေးအမွှားတွေလည်း ပေါ်ပေါက်လာပါတယ်။ သာမန်ညောင်ည အသေးအမွှား ပြဿနာတွေနဲ့ ဝဲလည်လိုက်ပြီး လမ်းဆုံးမသွားကြဖို့က အထူးအရေးကြီးပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ် ◼️နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်...
12/09/2023

အမျိုးသားညီညွတ်ရေးအစိုးရ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်
◼️နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးဘူးလို့ ယာယီသမ္မတပြောကြား
◼️အတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်သလို နိုင်ငံတကာကိုလည်း အသိပေးရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
စက်တင်ဘာ ၁၂ ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “လက်ရှိ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်ခုခံတော်လှန်စစ်နဲ့ လူထုနိုင်ငံရေးတိုက်ပွဲကို မျဉ်းပြိုင်သဖွယ် ဆုပ်ကိုင်ပြီး ချီတက်နေကြတယ်ဆိုတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ထင်သာမြင်သာရှိတဲ့ ရုပ်ပိုင်း ဆိုင်ရာ တော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါ့အပြင် စနစ်ကို ဖြိုချတိုက်ဖျက်ရတဲ့ နာမ်ပိုင်းဆိုင်ရာ တော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါဟာ hardware ပိုင်းနဲ့ software ပိုင်းလို ခွဲခြားပြီး ကြည့်မြင်နိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ hardware ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ လူထုနိုင်ငံရေးတိုက်ပွဲကတော့ နွေဦးတော်လှန်ရေးရဲ့ software ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မိမိတို့ ဦးဆောင်လျှောက်လှမ်းနေတဲ့ လမ်းခရီးရဲ့ အနေအထားကို သေချာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားဖို့ လိုပါတယ်။ ဒါမှသာလျှင် ဘေးထွက်ဆိုးကျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ရှောင်ရှားနိုင်ပြီး၊ လက်တွေ့အကျိုးရလဒ်တွေ များများထွက်ပေါ်အောင် လုပ်နိုင်ပါလိမ့်မယ်။ အခုနွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးပါဘူး။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်ထပ်ပြောချင်တဲ့ကိစ္စကတော့ ကျွန်တော်တို့ အားလုံး သတိချပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါကတော့ တော်လှန်ရေးသက်တမ်း အချိန်အတိုင်းအတာတစ်ခု ရောက်လာတာနဲ့အမျှ လူထုရဲ့ စိတ်နေသဘော အလှုပ်အရမ်းတွေကို ပိုပြီး တွေ့မြင်လာရပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာ နယ်ပယ်ကဏ္ဍအသီးသီးကနေ ပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စိတ်နေသဘော တိမ်းညွှတ်ချက်တွေဟာ အလှုပ်အရမ်းဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေဟာ တော်လှန်ရေးထဲမှာ တွေ့ရလေ့ရှိတဲ့ political behavior တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ တွေ့ရလေ့ရှိတဲ့ နိုင်ငံရေးဓလေ့နဲ့ တော်လှန်ရေးအတွေးအခေါ် သဘာဝတွေကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ တော်လှန်ရေးလှိုင်းဟာ အမြဲတမ်း တက်နေတာတော့ မဟုတ်ပါဘူး။ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက် ဖြစ်တတ်တာ သဘာဝဖြစ်ပါတယ်။ နိုင်ငံရေး သဘော သဘာဝကလည်း အချိန်နဲ့ အမျှ တိမ်းညွှတ်ချက်တွေ အပြောင်းအလဲဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေဟာ နိုင်ငံရေးဝဲဩဃတွေကြားထဲမှာ တော်လှန်ရေးကြီးကို ပဲ့ထိန်းနေရတဲ့ မာလိန်မှူးတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် လှိုင်းရဲ့ သဘာဝနဲ့ မုန်တိုင်းရဲ့ သဘောကို နားလည်သဘောပေါက်ပြီး တော်လှန်ရေး ဦးတည်ချက် မပျက်မယွင်းစေဘဲ ပဲ့ကိုင်နိုင်ကြဖို့ အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေနဲ့ လူထုက တွန်းတင်လိုက်လို့ ခေါင်းဆောင်တာဝန်တွေကို ယူကြရတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။ လူဆိုတာ အလုံးစုံ ပြည့်စုံတဲ့သူ မရှိပေမယ့်၊ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လူထုကို အထိနာစေတဲ့ အမှားအယွင်းတွေ မရှိအောင် အထူး သတိထားရပါလိမ့်မယ်။ သာမန် လူတစ်ယောက်ရဲ့ အားနည်းချက်က တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု မကြီးမားပေမယ့်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကတော့ တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။ ဒါ့ကြောင့် အသေးအဖွဲကိစ္စ ဖြစ်နေပါစေ သတိလက်လွတ် ပေါ့လျော့တာမျိုး မဖြစ်စေဖို့၊ ကျွန်တော့်အနေနဲ့ အထူး သတိပေးတိုက်တွန်းလိုပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးကြီးထဲ ဖြတ်သန်းနေရတဲ့ ကာလမှာ နိုင်ငံရေးဝဲဂယက်တွေထဲ မြုပ်မသွားဖို့ အထူးဂရုစိုက်ဖို့ လိုကြောင်း၊ တော်လှန်ရေးခရီးကြမ်းကြီးကို သုညကနေ စတင်လိုက်တာဟာ အခုဆိုရင် အတော်ကြီး ခရီးပေါက်နေပြီ ဖြစ်ကြောင်း၊ ထက်ထက်သန်သန်နဲ့ ပန်းတိုင်ရောက်တဲ့အထိ အတူ ကြိုးစားချီတက်ကြဖို့အတွက် ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအရ အောင်ပွဲ တွေကတော့ အားရကျေနပ်စရာကောင်းတာကို တွေ့မြင်ရပြီး စစ်ကောင်စီအနေနဲ့ တပ်မတွေ ဖွဲ့စည်းပုံပျက်တဲ့အထိ အင်အားချိနဲ့လာတာကိုလည်း တွေ့ရပါတယ်။ One Year Plan မှာ ချမှတ်ခဲ့တဲ့ အစီအမံတွေအရ အဘက်ဘက်က ထိုးစစ်တွေ အကောင်အထည်ဖော်နေမှုတွေကြောင့် စစ်ကောင်စီ အနေနဲ့ စစ်ရေးမျက်နှာစာ၊ ဘဏ္ဍာရေးမျက်နှာစာ၊ အုပ်ချုပ်ရေးမျက်နှာစာနဲ့ နိုင်ငံခြားရေး မျက်နှာစာ ကဏ္ဍစုံကနေ ဖိအားတွေ ဖြစ်ပေါ်နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဖိအားပေးနိုင်ရုံ အခြေအနေကနေ အဆုံးသတ်တိုက်ပွဲထိ တွန်းတွန်းတိုက်တိုက် ဆက်လက် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်စရာရှိတဲ့ ကဏ္ဍတွေကို ရှုထောင့်စုံကနေ မလစ်ဟင်းအောင် ဂရုတစိုက် လုပ်ဆောင်ကြရင်း တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေကြရမှာ ဖြစ်ပါတယ်။ စောင့်ကြည့်လေ့လာရင်း သူလှမ်းမယ့် ခြေလှမ်းတွေကို ကြိုမြင်နေမှသာ ပြင်ဆင်သင့်တာတွေကိုလည်း ပြင်ဆင်နိုင်ကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စစ်ကောင်စီရဲ့ ဆက်ဆံရေးအခြေအနေ၊ လှမ်းနေတဲ့ ခြေလှမ်းတွေ စောင့်ကြည့်ကြဖို့ လိုပါတယ်။နောက်တစ်ခုကတော့ စစ်ကောင်စီက ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲ အခြေအနေပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့တုန်းကလည်း အကြမ်းဖက် စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၄ မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်း လုပ်ငန်းစဉ်တွေ ပြီးဆုံးရင် ရွေးကောက်ပွဲ လုပ်မယ် ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ သူတို့ရဲ့ ထွက်ပေါက်လို့ ထင်နေတာကြောင့် မဖြစ်မနေ ကြိုးစားပြီး အားထုတ်လာမယ့် အနေအထားမျိုး တွေ့ရတာမို့ မိမိတို့ကလည်း ဒီအတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်သလို နိုင်ငံတကာကိုလည်း ဒီရွေးကောက်ပွဲဟာ အာဏာလု အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လုပ်ခွင့်ကို မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေ တိတိကျကျ ပြောပြထားနိုင်ဖို့ လိုအပ်ပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ဒီနေရာမှာလည်း ပြီးခဲ့တဲ့ အပတ်က ကျွန်တော် ပြောခဲ့သလို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ သံတမန်တွေဆီကို တော်လှန်ရေးရဲ့ အခြေအနေမှန်၊ တော်လှန်ရေးအင်အားစုတွေရဲ့ စီမံဆောင်ရွက် နေမှုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ခြေလှမ်းတွေကို မှန်မှန်ကန်ကန် သတင်းစကားပါးနိုင်ဖို့ ကိစ္စကလည်း အရေးကြီးပါတယ်။ ဒါတွေကို ပိုမိုသိရှိနိုင်အောင် ကျွန်တော်တို့ ဝန်ကြီးဌာနအသီးသီး အနေနဲ့ ဘက်ပေါင်းစုံက စဉ်းစား အားဖြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ် ၊ ပုံဖော် ဆင်နွှဲနိုင်ရေးစီမံချက်ရဲ့ action plan အား တင်ပြတာ ၊ အထွေထွေလူထုအုံကြွမှုပေါင်းစပ်ညှိနှိုင်းရေး ဗဟိုအဖွဲ့ ဖွဲစည်းကြောင်းတင်ပြတာ ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ ကြေညာချက်ထုတ်ပြန်မှုနဲ့ ဗဟိုအဖွဲ့ ဖွဲ့စည်းရန် ကိစ္စတင်ပြတာ၊ မြဝတီဘဏ်၊ အင်းဝဘဏ် ဒါရိုက်တာအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာတာ ၊ စစ်ကောင်စီဗဟိုဘဏ်အဖွဲ့ကို အကြမ်းဖက်သမားများအဖြစ် ကြေညာတာ၊ နယ်စပ်ဖြတ်ကျော် အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းစဉ် တင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက NUCC မှာ အတည်ပြုပြီး ဖြစ်တဲ့ လူသားချင်းစာနာအကူအညီပေးခြင်းဆိုင်ရာ မူဝါဒကို တင်ပြတာ နဲ့ စက်တင်ဘာမှာ ပြုလုပ်မယ့် အားလုံးအကျုံးဝင်တဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကိစ္စတင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ပြည်သူ့နွေဦးတော်လှန်ရေးသည် အာဏာသိမ်းအက...
08/09/2023

ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာ
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့

ပြည်သူ့နွေဦးတော်လှန်ရေးသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်မဲ့ ပြည်သူလူထု အပေါ် လက်နက်ဖြင့် အကြမ်းဖက်သတ်ဖြတ်အနိုင်ကျင့်ကာ လူသားလုံခြုံရေး (Human Security)ကို ခြိမ်းခြောက်လာသည့် လုပ်ရပ်များကြောင့် လက်နက်ကိုင်တော်လှန်ရေး အဆင့်သို့ ကူးပြောင်းရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနစ်၊ စက်တင်ဘာ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီ သမ္မတ ဒူဝါလရှီးလက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် “မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ” ဟု စတင်တိုက်တွန်းခဲ့သည်။

ယနေ့ ၂၀၂၃ ခုနစ်၊ စက်တင်ဘာ (၇) ရက်နေ့တွင် ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာခြင်း (၂) နှစ် တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ ပြည်သူ့ခုခံတွန်းလှန်စစ်အောင်မြင်စေရန် စစ်ရေးပိုင်း တွင် အဓိက တာဝန်ယူရသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် (၂) နှစ်တာ ကာလအတွင်း ကြိုးပမ်းဆောင်ရွက်ချက်များကို အစီရင်ခံတင်ပြအပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။အမျိုးသားညီညွတ်ရေးအစိုးရ"ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့်ယာယီသမ္မတ ဒူဝါလ...
08/09/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။အမျိုးသားညီညွတ်ရေးအစိုးရ
"ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့်ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း"

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့

လေးစားချစ်ခင်ရပါသော တိုင်းသူပြည်သားများခင်ဗျား
နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ (၂) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးဟာ နိုင်ငံရေး၊ စစ်ရေး၊ ပြည်သူပါဝင်ရေး စတဲ့ ကဏ္ဍ အသီးသီးမှာ အောင်မြင်မှုတွေ ရရှိနေပြီဆိုတာလည်း တိုင်းသူပြည်သားအားလုံးကို အသိပေးချင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်တပ်က လူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်သတ်ဖြတ်မှု များကြောင့် ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်တဲ့အဆင့်ကို ကူးပြောင်းလာတာဖြစ်ပါတယ်။ ကိုယ့်ဒေသ ကျေးရွာ ကာကွယ်ရေးအတွက် လက်လုပ် တူမီးသေနတ်များဖြင့် စတင်ခဲ့ပေမယ့် အခုချိန်မှာတော့ မဟာဗျူဟာ ကျကျ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ စနစ်တကျဖွဲ့စည်းထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ မောင်းပြန်သေနတ်ကိုင်ပြီး အကြမ်းဖက်စစ်တပ်ကို တွန်းလှန် တိုက်ခိုက်လာ နိုင်ပြီဖြစ်ပါတယ်။
ထို့အတူ Generation – Z လို့ခေါ်တဲ့ လူငယ်များ၊ နည်းပညာရှင်များရဲ့ ဆန်းသစ်တီထွင်မှုများကြောင့် နည်းပညာမြင့် ဒရုန်းများကို အသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်နေပြီဖြစ်ပါတယ်။
စစ်ဒေသ (၃) ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းပေါင်း (၃၀၀) ကျော် ဖွဲ့စည်းထားနိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး မဟာမိတ်အင်အားစုများနဲ့ အတူလက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိပါတယ်။ မိမိတို့ စိုးမိုးနယ်မြေတွေ မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုဝန်ဆောင်မှု စတဲ့ကဏ္ဍတွေကိုလည်း စနစ်တကျ ဆောင်ရွက်လာနိုင်ပြီဖြစ်ပါတယ်။
တဘက်မှာ စစ်ပွဲရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် လက်နက်ခဲယမ်းများ ကိုယ်တိုင် ထုတ်လုပ်လာနိုင်တာကလည်း တော်လှန်ရေးအတွက် အရေးပါတဲ့ အလှည့်အပြောင်းတခု ဖြစ်ပါတယ်။ စစ်ရေးအရ အောင်မြင်မှုတွေ တစထက်တစ ပိုမိုရရှိလာနေတာကိုလည်း အနီးစပ်ဆုံးအချိန်က တိုက်ပွဲများရဲ့ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်မှာဖြစ်ပါတယ်။ ရန်သူစစ်အုပ်စုအတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင်လျှင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေး ရဲဘော်တွေက စွမ်းဆောင်ပြနိုင်နေပြီဖြစ်ပါတယ်။ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးစတဲ့ ကဏ္ဍစုံမှာ အဘက်ဘက်က ပြိုလဲကျရှုံးနေပြီဆိုတာ အားလုံးမြင်တွေ့မှာ ဖြစ်ပါတယ်။
တိုင်းသူပြည်သားများခင်ဗျား
ဒီအောင်မြင်မှုတွေဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို အခြေတည်ပြီး ကျွန်တော်တို့ ပြည်သူလူထုရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ အနစ်နာခံမှု၊ မဟာမိတ် တိုင်းရင်းသားအင်အားစုများရဲ့ လက်တွဲပူးပေါင်းပါဝင်မှု၊ ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်များရဲ့ ရဲဝံ့စွာ စွန့်လွှတ်အနစ်နာခံမှု၊ နွေဦးတော်လှန်ရေးမှာ ကျရာ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီးရဲ့ ကြိုးစားအားထုတ်မှု တွေကြောင့် ဖြစ်ပါတယ်။ ခုခံတွန်းလှန်စစ် ၂ နှစ်တာကာလအတွင်း ဂုဏ်ရောင် ပြောင်မြောက်စွာ အသက်ပေး စွန့်လွှတ်ခဲ့ ကြသူများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ထားကြသူများ၊ စစ်အုပ်စုရဲ့ အကျဥ်းထောင်အသီးသီးမှာ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းနေကြသူများ၊ စစ်ကောင်စီကို ဆန့်ကျင် အာဏာဖီဆန်ခဲ့သော CDM ဝန်ထမ်းများ အစရှိတဲ့ သူရဲကောင်းများကိုလည်း ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဥ်မှာ အမြဲအမှတ်ရ ဂုဏ်ပြု ဦးညွှတ်နေမှာဖြစ်ပါတယ်။
ရန်ပုံငွေရှာဖွေမှု၊ ဘဏ္ဍာငွေ စနစ်တကျ သုံးစွဲနိုင်မှုတွေကလည်း တော်လှန်ရေးရဲ့ အရေးပါတဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးနေတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂိုလ်အသီးသီးနဲ့ ရန်ပုံငွေ ထည့်ဝင်ပေးနေကြသူတွေ အားလုံးဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ကဏ္ဍမှာရှိပါတယ်။ ဒီ့အတွက်လည်း အထူးကျေးဇူးတင်ပြီး အလေးအနက်ထား မှတ်တမ်းတင်ရပါကြောင်းပြောလိုပါတယ်။
ကျွန်တော်တို့ရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ပြည်တွင်းမှာ အရှိန်အဟုန်မြင့်နေသလိုပဲ ပြည်သူကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာလည်း အရေးပါတဲ့ တရားဝင်မှုတွေကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြည်သူတွေရဲ့ အသံကို ဆက်လက် ထုတ်ဖော် ပြောကြားလျက်ရှိပါတယ်။ အကြမ်းဖက် စစ်ကောင်စီ ကို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုဘဲ ဆက်လက် ဖယ်ကျဉ်ထားဆဲဖြစ်ပါ တယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အရှေ့တီမောနိုင်ငံရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်က လည်း မြန်မာလူထုအနေဖြင့် သမိုင်းမှတ်တမ်းတင်ထားရမယ့် ရပ်တည်ချက်ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အင်အားစုများနဲ့ အမျိုးသားညီညွတ်ရေး အစိုးရကြားမှာ စစ်ရေး နိုင်ငံရေးအရ လက်တွဲ ပူးပေါင်း ဆောင်ရွက်မှု၊ ဘဏ္ဏာငွေ မျှဝေသုံးစွဲမှု စသဖြင့် စုစည်းညီညွတ်မှု၊ နားလည်ယုံကြည်မှုတွေနဲ့ လက်တွဲဆောင်ရွက်မှုတွေ အရှိန်ရနေပါပြီ။ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တော်လှန်ရေးအင်အားစုများအကြား အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကြေကြေလည်လည် ဆွေးနွေးနေကြပြီဖြစ်ပါတယ်။
(၁) အမျိုးသားညီညွတ်ရေးအစိုးရအတွင်း တာဝန်ထမ်းဆောင်နေသော တော်လှန်ရေး ရဲဘော်များခင်ဗျား
ပြည်သူကပေးအပ်ထားတဲ့ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနဲ့ ဝန်ထမ်းအဆင့်ဆင့်ကိုလည်း တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်ဖို့ ရဲရင့်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာကို ကျွန်တော့်အနေနဲ့ အထူး ကျေးဇူးတင် မှတ်ကျောက်တင်လိုပါတယ်။ အစိုးရဆိုတာ လူထုကို ဝန်ဆောင်မှု ပေးရတာဖြစ်တဲ့အတွက် လူထုကို အလေးထား မျက်နှာမူပြီး လူထုအသံကို အမြဲမပြတ် နားထောင်နေရမှာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကလည်း ပိုပြီး စနစ်တကျရှိဖို့ အရေးကြီးပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တရားရေးကဏ္ဍပိုင်းမှာ တာဝန်ယူ လုပ်ဆောင်နေကြတဲ့ ရဲဘော်များကို တိုက်တွန်းချင်တာက ရဲဘော်တို့အနေနဲ့ လူထုအသံကို အနီးကပ်ဆုံး နားထောင်ကြပါ။
ပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ အုပ်ချုပ်မှုယန္တရားကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြပါ။ ကျွန်တော်တို့ဟာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရတဲ့ ပြည်သူ့ဝန်ထမ်းများ ဖြစ်တယ်ဆိုတာကို အမြဲသတိချပ်ပြီး ပြည်သူများအပေါ် ဝန်ပိ၊ ဝန်လေးစေမယ့် လုပ်ရပ်တွေကို မလုပ်မိ ကြဖို့၊ ပြည်သူလူထုကို ထိခိုက်နစ်နာအောင် မလုပ်ကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များနဲ့ ဒေသကာကွယ်ရေး (LPDF) ရဲဘော်များခင်ဗျား
စစ်အာဏာရှင်ဖြုတ်ချရေးအတွက် မည်သည့်အခက်အခဲမျိုးကိုမဆို အံတုပြီး ရှေ့တန်းကနေ မားမားမတ်မတ် ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့မှုတွေကို အထူး ဂုဏ်ပြု ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်။ တုတ်/ဓား/ တူမီး ရရာလက်နက်ကိုင်စွဲပြီး မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း အစပြုခဲ့တဲ့ ကျွန်တော်တို့ တော်လှန်ရေးဟာ ၂ နှစ်ကျော်ကာလ အတွင်းမှာ တပ်ရင်းပေါင်းများစွာကို လက်နက်များ တပ်ဆင်လာနိုင်ပါပြီ။ နယ်မြေစိုးမိုးမှု များစွာ ချဲ့ထွင် လာနိုင်ပါပြီ။ ဒီအောင်မြင်မှုတွေဟာ ရဲဘော်တို့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုနဲ့ ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုတွေကြောင့်ဖြစ်တယ်ဆိုတာ အလေးအနက်ထား ပြောလိုပါတယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့လည်း လက်နက်ခဲယမ်းများ ထပ်မံဖြည့်ဆည်းနိုင်အောင် အမြဲဦးစားပေး ဆောင်ရွက်နေတယ် ဆိုတာ ထပ်မံအသိပေးလိုပါတယ်။ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး ဆက်လက် အားဖြည့် ထောက်ပံ့နေမှာ ဖြစ်ပါတယ်။
တဆက်တည်းဆိုသလိုပဲ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကျွန်တော့်အနေနဲ့ အထူး မေတ္တာရပ်ခံလို တာက ကျွန်တော်တို့ PDF များနဲ့အတူ မဟာမိတ်များက “ထုအင်အား” တည်ဆောက်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှု အကောင်အထည်ဖေါ်တဲ့အပိုင်းမှာ ပူးပေါင်းပါဝင်ကြပါ။ စစ်ကောင်စီကို အဆုံးသတ်တိုက်ထုတ်ဖို့ရာ ကျွန်တော်တို့အနေနဲ့ စုစည်းညီညွတ်မှု ရှိဖို့လိုသလို စစ်ရေးမှာ စနစ်တကျ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) ရှိဖို့ဟာ အသက်တမျှ အရေးကြီးပါတယ်။ ဒါကြောင့် Chain of Command တခုတည်းအောက်မှာ အားလုံး စုစည်းညီညွတ်စွာ တော်လှန်ရေး အောင်ပွဲပန်းတိုင်ကို အရယူကြဖို့ ကျွန်တော် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်မြေပြင်မှာ စစ်ဖက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများ (code of conduct) ကို အမြဲဦးပန်လျက် လိုက်နာစောင့်ထိန်းကြဖို့ ထပ်မံအလေးအနက်ထား သတိပေးလိုပါတယ်။
တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းရွက်နေကြသူတွေကို ကျွန်တော့်အနေနဲ့ အထူးသတိပေး လိုတာက စစ်အာဏာရှင်ကို ဆန့်ကျင်နေပါလျက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလို စစ်အာဏာရှင်ရဲ့ အမှုအကျင့်တွေ၊ အတွေးအခေါ်တွေ ရှိလာရင်လည်း ခြေမ မကောင်း ခြေမ လက်မ မကောင်း လက်မ၊ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဆက်လက်လျှောက်လှမ်းရမယ့် တော်လှန်ရေးခရီးမှာ ခက်ခဲကြမ်းတမ်းမှုတွေ၊ စိန်ခေါ်မှု တွေ အများကြီး ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ ဒါတွေကို ပြည်သူတွေရဲ့ အား၊ ကျွန်တော်တို့ရဲ့ စုစည်း ညီညွတ်မှုအား၊ တော်လှန်ရေးအပေါ်ထားတဲ့ မြဲမြံခိုင်မာသော ယုံကြည်ချက်တွေနဲ့ ကျော်ဖြတ်ပြီး မျှော်ရည်ထားတဲ့ အန္တိမပန်းတိုင်ဆီ အရောက်သွားရမှာ ဖြစ်ပါတယ်။
(၂) မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများခင်ဗျား
ကျွန်တော်တို့ရဲ့ ပြည်သူ့ခုခံတွန်းလှန်မှု ခိုင်ခိုင်မာမာနဲ့ ရှင်သန်နေပြီး အောင်မြင်မှုတွေ ရယူနိုင်တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်ကနေ လက်တွဲကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ အတွေ့အကြုံနဲ့စွမ်းရည်များ ပံ့ပိုး ဝေမျှပေးမှုတွေက အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒီကနေ့အချိန်မှာ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေ မဟာဗျူဟာကျကျ ရင်ဆိုင် တိုက်ခိုက်နေနိုင်တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စစ်ရေးလေ့ကျင့်ပေးမှု၊ လက်နက်တပ်ဆင်ပေးမှု တွေကနေရရှိလာတဲ့ တန်ဖိုးတွေဖြစ်ပါတယ်။
ဒီလို ခမ်းနားလှတဲ့ တန်ဖိုးတွေကို ကျွန်တော်တို့ လေးနက်စွာ အသိအမှတ်ပြုပြီး အမြဲတမ်း ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးရဲ့ပန်းတိုင်ဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ဟူသမျှကို အပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဖြစ်ပါတယ်။ ဒီပန်းတိုင်ကိုရောက်ဖို့ရာ ကျွန်တော်တို့အားလုံး ကျောချင်းကပ်ပြီး အတူတကွ တိုက်ပွဲဝင်သွားကြဖို့ လေးနက်စွာ တိုက်တွန်း တောင်းဆိုပါတယ်။ ညီညွတ်မှုများဖြင့် ကျွန်တော်တို့အတူတကွ လက်တွဲ တိုက်ပွဲဝင်ကြမယ်ဆိုရင် ယိုင်နဲ့နေတဲ့ စစ်အာဏာရှင်စနစ်ဟာ မကြာခင်မှာပဲ အဆုံးသတ် ပြိုလဲသွားမှာြဖစ်ပါတယ်။
(၃) နိုင်ငံတကာ မိတ်ဆွေများခင်ဗျား
ကျွန်တော်တို့ ပြည်သူလူထုဟာ အသက်တွေ၊ ဘ၀တွေ ပေးဆပ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တွန်းလှန်နေကြတယ်ဆိုတာ နိုင်ငံတကာအစိုးရများကို အလေးအနက်ထား ပြောလိုပါတယ်။ ရရှိထားတဲ့ အချက်အလက်များအရ ယခုနှစ် ဩဂုတ်လကုန်အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ပေါင်း (၄,၀၂၃) ဦး သေဆုံးထားရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားကျေးရွာ၊ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် (၁,၄၀၀) ကျော် ကျူးလွန်တိုက်ခိုက်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိပါတယ်။ ဒီကျူးလွန်မှုတွေအတွက် အရေးယူ အပြစ်ပေးခံရခြင်းကနေ ကင်းလွတ်ခွင့် မရသင့်တော့ပါဘူး။ မြန်မာပြည်သူလူထုကို အမှန်တကယ် ကူညီချင်တယ်ဆိုရင် နွေဦးတော်လှန်ရေး အမြန်အောင်မြင်ဖို့သာ ထောက်ကူပါလို့ အလေးအနက် တောင်းဆိုပါတယ်။ နိုင်ငံတကာက ထိရောက်စွာကူညီရင် လူထုထိခိုက်မှုနည်းပြီး အောင်ပွဲ အမြန်ရရှိမှာဖြစ်ပါတယ်။
တဘက်မှာ စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုအားလုံးကို ဖြတ်တောက်ပြီး လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီဝယ်ယူမှုတွေကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ကန့်သတ်ဖို့ တောင်းဆိုတိုက်တွန်းပါတယ်။ နိုင်ငံတကာအစိုးရများအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဆက်လက်ဖယ်ကျဉ် ထားပြီး ဒီကနေ့ကမ္ဘာကြီးမှာ စစ်အာဏာရှင်တွေအတွက် နေရာမရှိဘူးဆိုတာကို သက်သေပြရမှာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက စစ်ဘက် အရပ်ဘက် ခွဲခြားမှုမရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွန့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာပြည်သူတွေ၊ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေ ဒီလူတွေအားလုံးအတွက် လူသားစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ နိုင်ငံတကာအကူအညီတွေဟာ ပေးကားပေး၏ မရဆိုသလို အဓိက လိုအပ်နေတဲ့ ပြည်သူတွေထံ မရောက်ရှိပါဘူး။ မြေပြင်မှာ ထိရောက်မှုမရှိနိုင်တဲ့ အကြမ်းဖက်စစ်အုပ်စု ကတဆင့် ကူညီထောက်ပံ့မှုများကို ရပ်တန့်ပြီး လက်တွေ့မြေပြင်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေထံ တိုက်ရိုက် ကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းများကို ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်မှုများကို ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ တဘက်မှာလည်း စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လုံး၀ လိုက်နာဆောင်ရွက်ခြင်းမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်ထည်ဖေါ်ရာမှာလည်း တိကျတဲ့ အချိန်ကာလသတ်မှတ်ပြီး ထိရောက်တဲ့ အကောင်အထည်ဖေါ်မှုတွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးအပေါ် အမေရိကန်အစိုးရက အလေးအနက်ထားပြီး Burma Act ကို ပြဌန်းခဲ့တာအတွက် ကျေးဇူးအထူးတင်ရပါတယ်။ Burma Act မှာ ပါဝင်တဲ့ လူသားခြင်းစာနာမှု အကူအညီတွေနဲ့ Non-lethal Assistance အကူအညီတွေကို အမြန်ဆုံး အကောင်ထည်ဖေါ်လုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။
(၄) တိုင်းသူပြည်သားများခင်ဗျား
စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေကြပါ တယ်။ ကျွန်တော်တို့တော်လှန်ရေးဟာ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မှုတခုတည်း မဟုတ်ပါဘူး။ စစ်အုပ်စုကို နိုင်ငံရေး စီပွားရေးအရ ဆန့်ကျင်အံတုမှုတွေကလည်း အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ရန်သူစစ်အုပ်စု စိုးမိုးနိုင်နေသေးတဲ့ မြို့ပြကြီးတွေမှာ အခက်အခဲ အန္တရာယ်မျိုးစုံကို အမှုမထားဘဲ ဆန္ဒပြပွဲတွေ ဖော်ဆောင်တာ၊ မြို့ပြပြောက်ကြားတိုက်ပွဲတွေ ဆင်နွှဲတာ စတဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း ကျွန်တော့်အနေနဲ့ အထူးအားရမိပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုကို တော်လှန်ရေးနဲ့ ဝေးကွာသွားဖို့ သူတို့ချုပ်ကိုင်နိုင်နေသေးတဲ့ မြို့ပြတွေမှာ ပျော်ပွဲရွှင်ပွဲတွေလုပ်တာ၊ သူတို့မီဒီယာတွေကို အသုံးချပြီး ဖျော်ဖြေရေးတွေနဲ့ အာရုံလှည့် စားတာတွေ လုပ်နေပါတယ်။ ဒါတွေဟာ တော်လှန်ရေးအပေါ် ပြည်သူလူထုရဲ့ စူးစိုက်မှုကို အာရုံလွှဲဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုတာ သတိပြု ဆင်ခြင်မိဖို့လိုပါတယ်။ ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရဲ့ သွေးဆောင်ဖျားယောင်းမှုနောက် လိုက်ပါမသွားဘဲ တော်လှန်ရေးနဲ့ တသားတည်းရှိနေကြဖို့ အထူး တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ပြည်သူများဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်မတန် မိုက်မဲတဲ့ အဆင်ခြင်မဲ့လုပ်ရပ်တွေကြောင့် ကုန်စျေးနူန်းကြီးမြင့်မှု၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်ဆိုတာကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ကောင်းစွာ သတိပြုမိပြီး အလေးအနက်ထားစောင့်ကြည့်လျက်ရှိပါတယ်။ ဒီအခြေအနေကနေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ လည်း အစွမ်းကုန် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြည်သူများကို အသိပေးလိုပါတယ်။ ဒီလို ခက်ခဲကျပ်တည်းမှုတွေကို ဖြေရှင်းကုစားနိုင်ဖို့ဆိုတာ အဓိက လက်သည်တရားခံဖြစ်တဲ့ အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး ဖြုတ်ချပြီး တော်လှန်ရေးအောင်ပွဲကို ရယူခြင်းကသာလျှင် တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရယူနိုင်ဖို့အတွက် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ တတ်စွမ်းသမျှ ပါဝင်ကြပါ။ ငွေကြေးတတ်နိုင်သူ ငွေကြေး၊ ငွေကြေးမတတ်နိုင်သူတွေအနေနဲ့လည်း သတင်း အချက်အလက်များ ပေးပြီး ပံ့ပိုးကူညီတာ၊ စစ်တပ်ပိုင်စီးပွားရေးတွေကို ဆန့်ကျင်တာ၊ စစ်တပ် ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုတာ စတဲ့ ကိုယ်တတ်နိုင်တဲ့နည်းလမ်းများဖြင့် တော်လှန်ရေးကို ပံ့ပိုးကူညီနေကြဖို့ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ အဆုံးသတ်ရပါလိမ့်မယ်၊ ပြည်သူ့ဓါးနဲ့ အမြစ်ဖြတ်ရပါလိမ့်မယ်။ “လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်” ပြည်သူအားလုံး တသံတည်းညီ၊ တချီတည်း ရုန်းချိန် တန်ပါပြီ။
မင်းအောင်လှိုင်နဲ့တကွ အပေါင်းအပါ အကြမ်းဖက်စစ်အုပ်စုကို ပြောလိုတာက ပြည်သူတွေ ကျွေးတာ စား၊ ပြည်သူ့ဘဏ္ဍာသုံးပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပါ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါလူတစုရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ဖျက်ဆီးနေကြတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အဖြစ်မခံဘဲ အခြေအနေအမှန်ကို လက်တွေ့ကျကျ ရှုမြင်ကာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွါကြပါ။ ပြည်သူ့ထံမှာ အလင်းဝင်ပြီး အမှန်တရားဘက်မှာ ဂုဏ်သိက္ခာရှိစွာရပ်တည်ကြပါ။ တိုင်းပြည်ရဲ့ အာဏာဟာ ပြည်သူ့ထံကသာ ဆင်းသက်တာဖြစ်တယ်၊ ပြည်သူ့အာဏာကို ပြည်သူ မလိုလားတဲ့ မင်းအောင်လှိုင် ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။
နိဂုံးချုပ်အားဖြင့် ပြောလိုတာက ကျွန်တော်တို့တော်လှန်ရေးဟာ စုစည်းညီညွတ်မှုအားနဲ့ ပြည်သူ့အား ကို မြဲမြံစွာ ဆုပ်ကိုင်ထားရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖို့ဆိုရင် ကျွန်တော်တို့ကြားမှာ ကွဲလွဲတဲ့ သဘောထားအမြင်တွေ ရှိလာရင်လည်း အသိအမှတ်ပြုပြီး စုစည်း ညီညွတ်တဲ့အင်အားကို လက်တွဲ တည်ဆောက်ရပါလိမ့်မယ်၊ ဘုံရန်သူကို ရှင်းလင်းပြတ်သားစွာ ကြည့်မြင်ရပါလိမ့်မယ်။ ဒီတော်လှန်ရေးဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တော်လှန်ရေး ဖြစ်တာ ကြောင့် ကျွန်တော်တို့တော်လှန်ရေးဟာ ပြည်သူလူထုနဲ့ ဝေးကွာမသွားစေရေး အမြဲမပြတ် နှလုံးသွင်း ထားကြဖို့ လိုအပ်ပါတယ်။
"ပြည်သူ့အားပေါ် အခြေတည်၊ စုစည်းညီညွတ်မှုသည် အောင်ပွဲအရင်းခံ" ဖြစ်တယ်ဆိုတာ ပြောကြား ရင်း နိဂုံးချုပ်လိုက်ပါတယ်။
အရေးတော်ပုံမုချအောင်ရမည်...

Address

Kyangin

Website

Alerts

Be the first to know and let us send you an email when People Administration Organization, Kyangin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to People Administration Organization, Kyangin:

Share