Kyaukse Revolution Army K.R.A

Kyaukse Revolution Army K.R.A အညာသားကျောမွဲများဖြင့် စနစ်တကျ ဖွဲ့စည်းထားသော တပ်ဖြစ်သည်။
Army

01/06/2026

📢 ကျေးဇူးတင်လွှာ

Like & Share အများဆုံးပြိုင်ပွဲတွင် ကျွန်တော်တို့ တပ်ခွဲမှ ငွေကျပ် သိန်း(၂၀) ဆုကို ရရှိခဲ့ပါသည်။

ယခုလို ဆုရရှိအောင် ဝိုင်းဝန်းကူညီ၍ Like & Share များ ပြုလုပ်ပေးခဲ့ကြသော တော်လှန်ပြည်သူတစ်ဦးချင်းစီတိုင်းအား ကျွန်တော်တို့ တပ်ခွဲနှင့် Page မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ထို့အပြင် ဤအစီအစဉ်အား စီစဉ်ကျင်းပပေးခဲ့သော ဆရာမ ရွှေဂျူးနှင့် သံလွင်မြန်မာသတင်းဌာနအားလည်း လေးစားစွာဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဤဆုသည် ကျွန်တော်တို့ တပ်ခွဲတစ်ခုတည်း၏ အောင်မြင်မှုမဟုတ်ဘဲ တော်လှန်ပြည်သူများအားလုံး၏ စည်းလုံးညီညွတ်မှု၊ ယုံကြည်အားပေးမှုနှင့် ပူးပေါင်းပါဝင်မှုတို့၏ ရလဒ်တစ်ခုဖြစ်ပါသည်။

ရှေ့ဆက်၍လည်း တော်လှန်ရေးအတွက် လိုအပ်သည့်နေရာများတွင် ပြည်သူလူထု၏ ယုံကြည်မှုကို အားအဖြစ်ယူကာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

ဝိုင်းဝန်းအားပေးပေးခဲ့ကြသော တော်လှန်ပြည်သူများအားလုံးကို ထပ်မံ၍ အထူးကျေးဇူးတင်ရှိပါသည်။

အရေးတော်ပုံ အောင်ရမည်။

“✊🚩”

#ကျောက်ဆည်ခရိုင်အမှတ်၂တပ်ရင်း
#ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်
#တပ်ခွဲ၃

01/06/2026

စိတ်ညစ်စရာတွေ ခဏမေ့ထား…

“ခက်ခဲတဲ့နေ့တွေကြားက
အပြုံးလေးတစ်ပွင့်… ✌️🍀

#ကျောက်ဆည်ခရိုင်အမှတ်၂တပ်ရင်း
#ကျောက်ဆည်မြ်ို့နယ်တော်လှန်ရေးတပ်
#တပ်ခွဲ၃

31/05/2026

ပထမဆု သိန်း(၂၀)ရရှိကြောင်းလေး
ဂုဏ်ပြုVideoဖိုင်လေးရဲ့နောက်ကွယ်🥰

ကျနော်တို့ရဲဘော်တွေအပြုံးတွေက
မုသားမပါပါဘူးဗျာ🫶🥺

“အချိန်က လူကိုစစ်တယ်…
အခက်အခဲက စိတ်ဓာတ်ကိုစစ်တယ်…
ကျွန်တော်တို့ကတော့ ဆက်လျှောက်နေဆဲပဲ။”

#ကျောက်ဆည်ခရိုင်အမှတ်၂တပ်ရင်း
#ကျောက်ဆည်မြ်ို့နယ်တော်လှန်ရေးတပ်
#တပ်ခွဲ၃

30/05/2026

မနက်ဖြန်ဆိုရင် ပြိုင်ပွဲဝင်Videoလေးကနေ
ပထမဆု သိန်း(၂၀)ကျပ် တပ်ခွဲအတွက် ရရှိမှာဖြစ်ပါတယ်

🙏🙏🙏
ကျွန်တော်တို့ရဲဘော်တွေက်ိုအခုလိုဆုရအောင် တက်နိုင်တဲ့ဘက်ကနေ Like&Shareတွေနဲ့အားတက်သဘော ဝန်းရံပေးကြလို့ အတိုင်းမသိဝမ်းသာရပါတယ်ခင်ဗျာ🥺🥺🥺
တော်လှန်မိဘပြည်သူတဦးတယောက်ချင်းစီကို အထူးကျေးဇူးတင်လေးစားလျှက်ပါ🙏🙏🙏

#ကျောက်ဆည်ခရိုင်အမှတ်၂တပ်ရင်း
#ကျောက်ဆည်မြ်ို့နယ်တော်လှန်ရေးတပ်
#တပ်ခွဲ၃ #ပြိုင်ပွဲပထမဆုရ

24/05/2026

👇

“Pageမှာ Like & Share လုပ်ပေးရုံနဲ့ တော်လှန်ရေးကို အကူညီဖြစ်မလား” လို့ ထင်နေသူတွေရှိမယ်…

ဒါပေမယ့်
အဲ့ဒီ Share တစ်ချက်ကြောင့်ပဲ
ကျွန်တော်တို့တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ
ထောက်ပို့ပြည်သူတွေဆီ တိုက်ရိုက်ရောက်ရှိခဲ့ပါတယ်။ ⚔️🔥

အဲ့ဒီယုံကြည်မှုတွေကြောင့်ပဲ
Page Messenger မှာ အားတက်သရော လာရောက်ထောက်ပို့ပေးနေကြတဲ့
တော်လှန်မိဘပြည်သူအားလုံးကို လေးစားစွာ ကျေးဇူးတင်ပါတယ်။ ❤️✊

ရဲဘော်သူရရဲ့ "တော်လှန်ကဗျာ"လေးကို
နားထောင်ပြီး ဝမ်းနည်းမှူတွေဖြစ်သွားခဲ့ရင်လည်း တောင်းပန်ပါတယ်ခင်ဗျာ🥺🥺

#ကျောက်ဆည်ခရိုင်အမှတ်၂တပ်ရင်း
#ကျောက်ဆည်မြ်ို့နယ်တော်လှန်ရေးတပ်
#တပ်ခွဲ၃

22/05/2026

⚔️🩺 KRA ရဲဘော်များ၏ လူသားချင်းစာနာမှုလုပ်ငန်း 🩺⚔️

စစ်ဘေးရှောင်ရတဲ့ဘဝဟာ
စားဝတ်နေရေးခက်ခဲရုံတင်မက
ဖျားနာမှုတွေ၊ ဆေးဝါးလိုအပ်မှုတွေနဲ့ပါ
ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ထိုသို့ခက်ခဲနေသော ပြည်သူများအတွက်
KRA တပ်မှ ဆေးမှူးဆရာဘုန်းနိုင်ဦးစီးကာ
(၁၅) ရက်အတွင်း စစ်ဘေးရှောင်ပြည်သူ (၇၀) ကျော်အား
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများကို
အနီးကပ် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ 💊

တိုက်ပွဲဝင်နေသလိုပဲ
ပြည်သူအသက်ကို ကာကွယ်ပေးခြင်းကိုလည်း
KRA ရဲဘော်များက တာဝန်တစ်ခုအဖြစ် ခံယူထားပါသည်။ ✊🔥

ပြည်သူနဲ့အတူ ရပ်တည်မယ်
ပြည်သူကို ကာကွယ်မယ်
ပြည်သူအတွက် ဆက်လက်တိုက်ပွဲဝင်မယ်။

#ကျောက်ဆည်ခရိုင်အမှတ်၂တပ်ရင်း
#ကျောက်ဆည်မြ်ို့နယ်တော်လှန်ရေးတပ်
#တပ်ခွဲ၃ #စစ်ဘေးရှောင် #ကျမ်းမာရေး

21/05/2026

ရဲဘော်ဆိုတာ…
သေနတ်ကိုင်တတ်ရုံနဲ့ မဟုတ်ဘူး။

စိတ်ဓာတ်မာရမယ်။
အချင်းချင်းယုံကြည်ရမယ်။
ပြည်သူကိုကာကွယ်နိုင်ရမယ်။ ⚔️🔥

A comrade is not just someone who knows how to carry a gun.

He must be strong in spirit.
He must trust his brothers.
He must be able to protect the people. ⚔️🔥

#ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်

20/05/2026

၅နှစ်ကျော်… 🥺🥺
အိမ်ပြန်ချင်စိတ်ကို မျိုသိပ်ရင်း
Video Callထဲကပဲ မိဘမျက်နှာမြင်ခွင့်ရတဲ့
ပြည်ပရောက် တော်လှန်မိဘပြည်သူများအတွက်… 🖤🎶
ရဲဘော်သူရရဲ့ဖျော်ဖြေမှူ🥹🫶❤️

#ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်
#ရဲဘော်သူရ #အနုပညာသူပုန်

19/05/2026

⚔️ 🔥 K.R.A Logoကိုယ်စားပြုသည့် သင်္ကေတ 🔥 ⚔️

🛡️ ဒိုင်းပုံစံသည်
ပြည်သူကို ကာကွယ်ရန် ရပ်တည်နေသော မပြိုလဲသည့် စိတ်ဓာတ်ကို ကိုယ်စားပြုသည်။

🩸 အနီရောင်သည်
တော်လှန်ရေးစိတ်ဓာတ်၊ စွန့်လွှတ်မှုများနှင့်
လွတ်မြောက်ရေးအတွက် အသက်ပေးကျဆုံးခဲ့သော ရဲဘော်များ၏ သွေးကို ကိုယ်စားပြုသည်။

🐘 ဆင်နှစ်ကောင်သည်
ကျောက်ဆည်မြို့၏ အထင်ကရသင်္ကေတဖြစ်ပြီး
အင်အား၊ ညီညွတ်မှုနှင့် မိမိမြေကို မိမိကာကွယ်မည့် စိတ်ဓာတ်ကို ဖော်ဆောင်ထားသည်။

⭐ အလယ်ရှိ ကြယ်သင်္ကေတသည်
ယုံကြည်ချက်၊ မျှော်လင့်ချက်နှင့်
မပျက်သုဉ်းသော တော်လှန်ရေးမီးကို ကိုယ်စားပြုသည်။

✊ အောက်ရှိ ရဲဘော်ပုံရိပ်သည်
“လူတစ်ယောက်တည်းမဟုတ်၊
လွတ်မြောက်ရေးအတွက် ရပ်တည်နေသော လူတိုင်း” ကို ကိုယ်စားပြုထားသည်။

🔥 K.R.A Logo သည် 🔥
စည်းကမ်း၊ စွန့်လွှတ်မှု၊ ညီညွတ်မှုနှင့်
ကျောက်ဆည်၏ တော်လှန်ရေးစိတ်ဓာတ်တို့ကိုပေါင်းစည်းထားသော အမှတ်အသားတစ်ခုဖြစ်သည်။

⚔️ 🔥 The Symbol Representing K.R.A 🔥 ⚔️

🛡️ The shield symbolizesthe unbreakable spirit that stands to protect the people.

🩸 The red color representsthe spirit of revolution, sacrifices made,and the blood of comrades who gave their lives for freedom.

🐘 The two elephants symbolizeKyaukse’s iconic identity,strength, unity, and the determination to defend our own land.

⭐ The star at the center representsbelief, hope,and the revolutionary flame that will never fade.

✊ The figure of the comrade below symbolizes“not just one person,but everyone who stands for liberation.”

🔥 The K.R.A Logo 🔥is a symbol that unitesdiscipline, sacrifice, unity,and the revolutionar.

#ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်

19/05/2026

“🎖️ ရှေ့တန်းမှာ ရဲဘော်တွေက အသက်နဲ့ရင်းပြီး လေ့ကျင့်နေကြတယ်…
🖤 နောက်ကပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ပို့ကလည်း ဒီတော်လှန်ရေးရဲ့အင်အားပါ။

🔥 နောက်မဆုတ်ဘူး… မရပ်ဘူး…
✊ တတ်နိုင်တဲ့ဘက်ကနေ ဝန်းရံပေးကြပါ။

Like&Shareတစ်ခုပေးခဲ့ရင်ကို သိန်း၂၀ထောက်ပို့ပီးသားဖြစ်ပီနော် 👇👇

https://www.facebook.com/share/v/1BeYTWR6Wa/?mibextid=wwXIfr

#ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်

Address

Kyaukse

Website

Alerts

Be the first to know and let us send you an email when Kyaukse Revolution Army K.R.A posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category