KyonPyaw News

KyonPyaw News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KyonPyaw News, Government Organization, Kyonpyaw.

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ် ၂၀၂၆ အောက် ၁၈ ၁၀၀၀ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ညွှန်ကြားမှု...
18/10/2026

ကျုံပျော်ခရိုင်
ကျုံပျော်မြို့နယ်
၂၀၂၆ အောက် ၁၈ ၁၀၀၀ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ညွှန်ကြားမှု၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲ(အောင်ပွဲ) အခမ်းအနားအား ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစောထွန်းဝင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစောနှင့် ဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်နမ့်သီတာချိုစင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဆွေဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် မြို့မိမြို့ဖ ဧည့်သည်တော်များ တက်ရောက်ခဲ့၊ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရမှ အနုမောဒနာဂါထာရွတ်ဆိုပူဇော်ခြင်း၊ အောင်ဇမ္ဗူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လာစာရထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်များနှင့် သီလရှင်ဆရာကြီးများအား နဝကမ္မဝတ္ထုငွေလှူဒါန်းခြင်းနှင့် လှူဒါန်းမှု အစုစုတို့ကို ရေစက်ချတရားနာယူကြည်ညိုခြင်း၊ မှော်သေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘနမှ ဖိတ်ကြားထားသော နတ်ဗြဟ္မာများအား ပြန်ပို့ရန်ဂါထာရွတ်ဆိုပူဇော်ခြင်း၊ ကြွရောက်လာကြသည့် ဆရာတော်များနှင့် သီလရှင် ဆရာကြီးများမှ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခြင်းအား ဆောင်ရွက်ခဲ့၊ ဆက်လက်၍ ပင့်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖ ဧည့်သည်တော်များအား နေ့လည်စာဖြင့် ဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ် ၂၀၂၆ အောက် ၁၅ ၁၂၀၀ နာရီအချိန်တွင် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဒိုက်ပျက်ကျေးရွာ အ...
18/10/2026

ကျုံပျော်ခရိုင်
ကျုံပျော်မြို့နယ်
၂၀၂၆ အောက် ၁၅ ၁၂၀၀ နာရီအချိန်တွင် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဒိုက်ပျက်ကျေးရွာ အုပ်စု၊ ဒုတ်ရိုက်ကျေးရွာ အုပ်စု၊(၁၄၀၀)နာရီအချိန်တွင် ကျုံပျော်မြို့နယ် သင်တောဂရက်ကျေးရွာ အုပ်စု၊ ဒိုးတန်းငူကျေးရွာအုပ်စု၊(၁၆၀၀)နာရီအချိန်တွင် ကျုံပျော်မြို့နယ်၊ ဇရပ်လှကျေးရွာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြင့်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလှိုင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးဟန်ဝင်းဇော်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် ကျေးရွာများရှိ တောင်သူများနှင့်‌ တွေ့ဆုံ၍ လေးမျက်နှာမြို့နယ်၌ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်သဖြင့် မိုးစပါးစိုက်ဧကများပျက်စီးဆုံးရှုံးမှု အပေါ် မိုးစပါးဧကများပြည့်မီရေး အချိန်မီပြန်လည်စိုက်နိုင်ရေးကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြင့်ထွန်းမှ စပါးအစားထိုးစိုက်ဧကများအား အချိန်မီထွန်ယက်စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ ပြန်လည်မစိုက်ပျိုးနိုင်သည့်နေရာများတွင် စပါးအစား သက်တမ်းတို ပဲမျိုးစုံ သီးနှံများအား အစားထိုးစိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ နေကြာသီးနှံအား သတ်မှတ်စီမံကိန်းလျာထားဧကအလိုက် ပြည့်မီအောင် စုပေါင်းစိုက်ပျိုး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အယ်နီညို ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာအုပ်စုအလိုက် အပူရှောင်စခန်းများ ဆောင်ရွက်ထားရှိရန်လိုအပ်ပြီး အပူရှောင် စခန်းများတွင် လိုအပ်သည့် ရေသန့်၊ ဓါတ်ဆားထုတ်၊ ဆေးဝါးနှင့် အရန်ဓါတ်ဆီ၊ဒီဇယ်ဆီများ စသည့်ပစွည်းများ စုဆောင်းထားရှိလိုအပ်ပါကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် ရေရှားပါးပြတ်လပ်မှုဖြစ်ပေါ်နိုင်သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ရှင်းလင်းပြောကြားသည့် သီးနှံနည်းစနစ်များအတိုင်း သာစိုက်ပျိုးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးဝင်းလှိုင်မှ အယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ သက်တမ်းတို စပါး၊ ပဲမျိုးစုံအားစိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပဲမျိုးစုံစိုက်ပျိုးဆောင်ရွက်ရာတွင် ဆေးဖြန်းဆောင်ရွက်သည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားထားသည့်အတိုင်း အကာအကွယ်ပစ္စည်းများ အပြည့်အဝအသုံးချ လိုက်နာစိုက်ပျိုးဆောင်ရွက်ရန်နှင့် သီးနှံများတွင် ပိုးသတ်ဆေးဖြန်း ဆောင်ရွက်ရာတွင် ဓါတုဗေဒဓါတ်ကြွင်းများမရှိစေရေး သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးဟန်ဝင်းဇော်မှ ဆွေးနွေးရာတွင် မိုးစပါးသီးနှံပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်‌ ရေးအတွက် လယ်သမားများအား စက်သုံးဆီဒီဇယ် (၃)ဂါလံနှုန်းဖြင့်ထုတ်ပေးဆောင်ရွက်ထားပါကြောင်း၊ ပဲမျိုးစုံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက်စိုက်ပျိုးလိုပါက စက်မှုလယ်ယာဦးစီးဌာနနှင့် အမြန်ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိုးစပါးရေကြီးနစ်မြုပ်၍ ပဲပြန်လည်စိုက်ပျိုးမည့် ဧရိယာများအတွက် ထောက်ပံ့ဒီဇယ်ဆီများ ရရှိပါက အမြန်ထုတ်ပေးထောက်ပံ့မည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါ‌ကြောင်းနှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်ကျေးလက် လမ်းဦးစီးဌာနပိုင် နတ်စင်ငူ-ရေနောက်ချောင်းကူးတံတား ၈၀ ပေ အခန်းအား ယာယီဘေလီတံတားဆောင်ရွက်နိုင်ရန်အတွက် မူလကွန်ကရစ်တံတား ၈၀ ပေ အခန်းအား ဖျက်သိမ်းခြင်း အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ် ၂၀၂၆ အောက် ၁၄ ၁၂၀၀ နာရီအချိန်တွင် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတ...
16/10/2026

ကျုံပျော်ခရိုင်
ကျုံပျော်မြို့နယ်
၂၀၂၆ အောက် ၁၄ ၁၂၀၀ နာရီအချိန်တွင် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးစောထွန်းဝင်းဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချိုနိုင်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိဦးမောင်မောင်နိုင်၊ မြို့နယ် မီးသတ် ဦးစီးမှူးဦးအောင်စိန်ဘွင့်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲကိုကိုဦး တို့ပါဝင်သော အဖွဲ့သည် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မီးလောင်မှု၊ မီးလှန့်မှုမဖြစ်ပွားစေရေး၊ ရေရရှိရေး လုပ်ငန်းများဆောင်ရွက်ထားရှိခြင်း၊ မီးသတ်ဆေးဗူးများစစ်ဆေးခြင်း၊ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းစစ်ဆေးခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ် ၂၀၂၆ အောက် ၁၄ ၀၅၀၀ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ညွှန်ကြားမှု...
16/10/2026

ကျုံပျော်ခရိုင်
ကျုံပျော်မြို့နယ်
၂၀၂၆ အောက် ၁၄ ၀၅၀၀ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ညွှန်ကြားမှု၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစောထွန်းဝင်းနှင့် ဇနီး ဒေါ်နမ့်သီတာချိုစင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစော၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်ထွန်းနှင့် ဇနီးဒေါ်ဆွေဆွေ၊ မစအ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့၊ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ မှော်သေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘနမှ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ခြင်း၊ အသောကရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရာစာရထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ စတုဘုမ္မိကကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိသာရမှ နတ်ဗြဟ္မာများ ဖိတ်ကြားခြင်း၊ မဏိရတနာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသမှ ပဌာန်းတရားရွတ်ဖတ်ရန် တိုက်တွန်း နှိုးဆော်လွှာရွတ်ဖတ်ခြင်း၊ ကြွရောက်လာကြသည့် ဆရာတော်များမှ ဟေတုပစ္စယောစသော ပဌာန်း ၂၄ ပစ္စည်းသုံးခေါက် ပြိုင်တူရွတ်ပူဇော်၍ အလှည့်ကျသော ပဌာန ဘာဏက သံဃာတော်မှ ရွတ်ဖတ်ပူဇော်ခြင်းများဆောင်ရွက်ခဲ့၊ ဆက်လက်၍ ပင့်သံဃာအပါး(၅၀)အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဆရာတော် သံဃာတော်များမှ ပဌာန်းတရားဒေသနာတော်အား ဆက်လက်ရွတ်ဖတ်ပူဇော်လျှက်ရှိကြောင်း သိရှိရသည်။

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ် ၂၀၂၆ အောက် ၁၄ ၁၀၀၀ နာရီအချိန် ကျုံပျော်မြို့၊ တေဇရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦး...
16/10/2026

ကျုံပျော်ခရိုင်
ကျုံပျော်မြို့နယ်
၂၀၂၆ အောက် ၁၄ ၁၀၀၀ နာရီအချိန် ကျုံပျော်မြို့၊ တေဇရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျုံပျော်မြို့နယ် အခြေစိုက် ကျန်းမာရေးမှူး(၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်နှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့၊ အခမ်းအနားတွင် ခစအ ဥက္ကဌ ဦးစောထွန်းဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်မှ ကျန်းမာရေးမှူး(၄)သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့်စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ်၂၀၂၆ အောက် ၁၂ ၁၆၄၅ အချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင...
16/10/2026

ကျုံပျော်ခရိုင်

ကျုံပျော်မြို့နယ်

၂၀၂၆ အောက် ၁၂ ၁၆၄၅ အချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးမောင်မောင်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်သန်းဝင်းတို့သည့် ကျုံပျော်မြို့၊ မြဝတီ ရပ်ကွက်၊ မြို့မဈေးတွင် ဈေးသွားဈေးလာများအနေဖြင့် ပြောင်းလဲလာသော အယ်လ်နီညိုရာသီဥတုကြောင့် အပူရှိန်မြင့်မားမှုဒဏ်ခံနိုင်ရန် ဈေးရှေ့လျှောက်လမ်း အလျား(၁၀၀)ပေ၊ အနံ (၂၄)ပေနှင့် ဈေးအတွင်း လျှောက်လမ်း အလျား (၁၀၀)ပေ၊ အနံ(၁၂)ပေဇာစိမ်းများ ပြုလုပ် တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ်၂၀၂၆ အောက် ၁၀ ၁၄:၀၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန...
11/10/2026

ကျုံပျော်ခရိုင်
ကျုံပျော်မြို့နယ်
၂၀၂၆ အောက် ၁၀ ၁၄:၀၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး မန်းသိန်းကျော်၊တိုင်းကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး မန်းဆန်းဝင်း၊ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီ အထွေထွေ အတွင်းရေးမှူး မန်းသန်းဝင်းဦး၊မြောင်းမြမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုဥက္ကဌ မန်းနေသူရိန်ပါ(၅)ဦး၊ ခစအ ဥက္ကဌ ဦးစောထွန်းဝင်းတို့သည် အင်းရဲကျွန်းကျေးရွာအုပ်စု၊စာဖြူစုကျေးရွာရှိ မူကြိုကလေးထိန်းကျောင်းတွင် ကရင်ရိုးရာဂျပ်ခုတ်(လက်ယက္ကန်း) လုပ်ငန်းအား ကြည့်ရှု
စစ်ဆေးခြင်းနှင့်ကရင်နှစ်သစ်ကူးကျင်းပရေးဗဟိုကော်မတီ ပြက္ခဒိန်ထုတ်လုပ်ရန်အတွက်မှတ်တမ်းဓါတ်ပုံများရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပြီး ဆက်လက်၍ အထက စာဖြူစုကျောင်းသို့ဝင်ရောက်၍ ဆရာ/ဆရာမ များနှင့်တွေ့ဆုံနှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ် ၂၀၂၆ အောက် ၁၀ ၀၉၀၀ နာရီအချိန်တွင် ကျုံပျော်မြို့၊ တေဇရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံအစည်...
11/10/2026

ကျုံပျော်ခရိုင်
ကျုံပျော်မြို့နယ်
၂၀၂၆ အောက် ၁၀ ၀၉၀၀ နာရီအချိန်တွင် ကျုံပျော်မြို့၊ တေဇရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဆေးရုံကြီးကြပ်ကော်မတီ အစည်းအဝေးနှင့် အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာမည့် အပူလှိုင်းသက်ရောက်မှုကို ကာကွယ်ရေးနှင့် အပူလှိုင်း သက်ရောက်မှုခံရသော လူနာများအားကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဆေးရုံကြီးကြပ်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ခစအ ဥက္ကဌ ဦးစောထွန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မစအ ဥက္ကဌ ဦးမြင့်ထွန်းမှ အမှာစကားပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်မှ ကျန်းမာရေးလွှမ်းခြုံမှုဝေးသော ကျေးရွာများသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသမည်ဖြစ်ပါကြောင်း၊ လိုအပ်သည်များအား မြို့မိမြို့ဖများမှ ကူညီဆောင်ရွက်ပေးရန်၊ အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာမည့် အပူလှိုင်းသက်ရောက်မှုကို ကာကွယ်ရေးနှင့် အပူလှိုင်း သက်ရောက်မှုခံရသော လူနာများအားကုသနိုင်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်ခြင်း၊ ထောက်ပံ့ခြင်း စသည့်ကိစ္စရပ်များအား ဆွေးနွေး ပြောကြားခြင်း၊ (၂)ထပ်ဆေးရုံပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များအား ဆေးရုံကြီးကြပ်ကော်မတီဝင်များမှ ဆွေးနွေးခြင်းနှင့် မြို့မိမြို့ဖများမှ ဆေးရုံနှင့်ပတ်သက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ်၂၀၂၆ အောက် ၀၈ ၀၈၃၀ အချိန် ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာအုပ်စု၊ ဂဠန်ညီနောင်စိုက်ပျိ...
09/10/2026

ကျုံပျော်ခရိုင်
ကျုံပျော်မြို့နယ်
၂၀၂၆ အောက် ၀၈ ၀၈၃၀ အချိန် ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာအုပ်စု၊ ဂဠန်ညီနောင်စိုက်ပျိုးရေးဆေးဆိုင်တွင်၂၀၂၆-၂၀၂၇ခုနှစ် နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်းဆီထွတ်သီးနှံ (မြေပဲ၊နှမ်းနေကြာ) မျိုးစေ့နှင့်သွင်းအားစုပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးမြင့်ထွန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့်ဝန်ထမ်းများ၊ ဝယ်ကြိတ်လုပ်ငန်းရှင်များနှင့် တောင်သူများ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောထွန်းဝင်းမှ တောင်သူများ ဆောင်းဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန်နှင့် လိုအပ်သောသွင်းအားစုများအား ဝယ်ကြိတ်လုပ်ငန်းရှင်များထံမှ ရယူဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အထွက်ကောင်းမျိုးများနှင့် ဈေးကွက်ကောင်းသော မျိုးများရွေးချယ်စိုက်ပျိုးကြရန် ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်ထိုက်မှ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်ထွန်းမှ စီမံကိန်းဝင်သီးနှံများအား အလေးထားစိုက်ပျိုးကြရန် ပြောကြားခဲ့ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) မျိုးစေ့များအားတောင်သူများသို့ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ ခင်းကျင်းပြသထားသော ဆီထွက်သီးနှံမျိုးစေ့များအား လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရှိရသည်။

ကျုံပျော်ခရိုင်ကျုံပျော်မြို့နယ်၂၀၂၆ အောက် ၀၇ ၀၈၃၀ အချိန် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ကျ...
09/10/2026

ကျုံပျော်ခရိုင်
ကျုံပျော်မြို့နယ်
၂၀၂၆ အောက် ၀၇ ၀၈၃၀ အချိန် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတွင်ပြုလုပ်သောစပါးမျိုး(၁၀) မျိုးနှိုင်းယှဉ်လေ့လာခြင်းနှင့် ကွင်းသရုပ်ပြပွဲ (Field Day) အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောထွန်းဝင်း၊ ခရိုင်မြေစာရင်းဦးစီးဌာနမှူး ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲရးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်ထွန်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမင်းညွှန့်ဇင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ်စိုက်ပျိုးရေးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျာ်ထွန်းလင်း၊ ကျုံပျော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်းအင်အား(၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးစောထွန်းဝင်းမှ တောင်သူများအား အထွက်ကောင်းမျိုးများနှင့် ဈေးကွက်ကောင်းသော မျိုးများရွေးချယ်စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်မှ (Field Day) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော တောင်သူများ မိမိတို့ရေမြေဒေသနှင့် ကိုက်ညီသောမျိုးများအား မျက်မြင်ရွေးချယ်နိုင်စေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများနှင့်အတူ ခင်းကျင်း ပြသထားသော စပါးမျိုးများ၏ ဆန်ရည်ဆန်သွေးများအား စမ်းသပ်စားသုံးကာ မျိုး(၁၀)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်သို့ ကွင်းဆင်းကြည့်ရှု့လေ့လာ ခဲ့ကြောင်း သိရှိရသည်။

Address

Kyonpyaw

Website

Alerts

Be the first to know and let us send you an email when KyonPyaw News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share