Kyunhla Township

Kyunhla Township Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyunhla Township, Sagaing Division, Kyunhla.

တစ်နိုင်ငံလုံး သိပ္ပံရော ဝိဇ္ဇာပါကျွန်းလှသွေး သား/သမီးများပထမရရှိသွားကြောင်းဂုဏ်ယူစွာမှတ်တမ်းတင်ပါသည်။
11/06/2024

တစ်နိုင်ငံလုံး သိပ္ပံရော ဝိဇ္ဇာပါကျွန်းလှသွေး သား/သမီးများပထမရရှိသွားကြောင်းဂုဏ်ယူစွာမှတ်တမ်းတင်ပါသည်။

  မူးမြစ်====အရှေ့ဧရာဝတီမြစ်နှင့် အနောက် ချင်းတွင်းမြစ်၏ အကြားမှာ  မထင်မရှား မြစ်တစ်စင်းပါ   ကသာခရိုင် ၊ ဗန်းမောက်မြို့န...
12/03/2024



မူးမြစ်
====
အရှေ့ဧရာဝတီမြစ်နှင့် အနောက် ချင်းတွင်းမြစ်၏ အကြားမှာ မထင်မရှား မြစ်တစ်စင်းပါ

ကသာခရိုင် ၊ ဗန်းမောက်မြို့နယ်၊ ရွှေကျောင်းကျေးရွာမှ စတင်၍....

ရွှေဘိုခရိုင်
ကျွန်းလှမြို့နယ်
ကန့်ဘလူမြို့နယ်
ခင်ဦးမြို့နယ်
ရေဦးမြို့နယ်
ရွှေဘိုမြို့နယ်
ဒီပဲယင်းမြို့နယ်
ဝက်လက်မြို့နယ်
မုံရွာခရိုင် အရာတော်မြို့နယ်
စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ်
မြင်းမူမြို့နယ် များကိုဖြတ်ကျော်ပီး
ရွာပေါင်း ၃၀၀ ကျော် ခြံရံလျှက်
၂၈၅ မိုင်ခန့် ကွေ့ကောက်စီးဆင်းကာ
မြစ်ဧရာအတွင်း စီးဝင်ခဲ့ပါတယ်။

မမြင်ဘူး မူးမြစ်ထင် ရယ်လို့
အထင်သေး အမြင်သေးစေသော
သက်ရောက်မှုပုံခိုင်း ရှိခဲ့ပေမဲ့
မူးမြစ်ဖြတ်သန်းစီးဆင်းရာ ဒေသတွေမှာ
မြေပဲ၊မတ်ပဲ၊စားတော်ပဲ စသည့် ပဲမျိုးစုံတင်မက
ဂျုံ၊ပြောင်း၊နှမ်း၊စပါး မူးမြစ်ဝဲ/ယာ မြေနုကျွန်းများမှ ထွက်ရှိတာမို့
နိုင်ငံရဲ့ဝမ်းဗိုက် အထိုက်အလျှောက်
ဖြည့်ဆည်းပေးနေတာ မူးမြစ်ပါ။

မူးမြစ်ဆိုသည်မှာ နယ်တစ်ခုနှင့် တစ်ခုအကြားစည်းတစ်ခုလို သက်မှတ်နေမိတာ ဟိုး ့ ့ ့ ့ ငယ်စဉ်အချိန်ကပါ
အခုဆိုလျှင်

၁ ။ ပင်လယ်ဘူး-ဗန်းမောက် ဆက်သွယ်ပေးထားသော တမော့သာတံတား

၂ ။ ပင်လည်ဘူးအနောက်ဖက် ကျေးလက်များသို့ ဆက်သွယ်ပေးထားသော
ပေ 660 ရှိ ပင်လည်ဘူး တံတား

၃ ။ သဖန်းဆိပ် ယင်းတိုက် ပေ 540 ရှိ
သဖန်းဆိပ် အမှတ်(2) တံတား

၄ ။ သဖန်းဆိပ်ဆည်အနီးရှိ ကျွန်းလှအနောက်ဖက် ကျေးလက်လမ်းပေါ်မှ
သဖန်းဆိပ် အမှတ် (1) တံတား

၅ ။ တန့်ဆည် ကာဘိုး ကန့်ဘလူ ဆက်သွယ်ထားသော ပေ 1260 ရှိ ကာဘိုးတံတား

၆ ။ ရေဦး ခင်ဦး ဆက်သွယ်ထားသော
ပေ 2125 ရှိ ရထားလမ်းအပါ ရေဦး တံတား

၇ ။ ဒီပဲယင်း ရွှေဘို နယ်အတွင်းမှ ပေ 840 ရှိ
ရွှေဘို မုံရွာ လမ်းမှ မူးကမ်းကြီးတံတား
(ကိုယ်ထူကိုယ်ထတံတား)

၈ ။ ဝက်လက် အရာတော် မုံရွာ လမ်းပေါ်မှ
ပေ 720 ရှိ သမရိုး တံတား

၉ ။ အရာတော်နယ်မှ ပေ 585 ရှိ သလဲဘား
တံတား

၁၀ ။ စစ်ကိုင်း မြင်းမူ လမ်းပေါ်မှ ညောင်ပင်ဝင်း
ကျေးရွာအနီး ပေ 600 ရှိ ညောင်ပင်ဝင်း တံတား

၁၁ ။ စစ်ကိုင်း မြင်းမူ ဆက်သွယ်ရေး ရထားလမ်း သီသန့် ညောင်ပင်ဝန်းကျေးရွာအနီးမှ တံတား

စုစုပေါင်း တံတားကြီး ၁၁ ခုဖြင့် အစည်းအတားမရှိ လွယ်ကူစွာ သွားလာနိုင်ခဲ့ပါပြီ

ယာယီတံတားပေါင်း ၄၀ ကျော်နှင့်အတူ
ကျေးရွာပေါင်း ၃၀၀ ကျော် ခြံရံ၍
ကွေ့ကောက်စီးဆင်းနေသော
မူးမြစ်၏အလှမှာ တစ်နေရာနှင့်တစ်နေရာ
မရိုးနိုင်အောင် လှပဆန်းပြားမှု့တွေနဲ့
တင့်တယ်လွန်းလှပါတယ်

ဗန်းမောက်မြို့နယ်၊ရွှေကျောင်းကျေးရွာမှ စတင်၍
၁ ။ ရွှေကျောင်းချောင်း
၂ ။ နန်းမာချောင်း
၃ ။ ဟော်ယောချောင်း
၄ ။ လိပ်စောချောင်း
၅ ။ မကျည်းကုန်းချောင်း
၆ ။ မူးသာချောင်း
၇ ။ လည်ပတုန်းချောင်း
၈ ။ ပစ်ဆိပ်ချောင်း
၉ ။ တောပုန်းချောင်း
၁၀ ။ ဝါးပိုးချောင်း
၁၁ ။ နွားပေးချောင်း
၁၂ ။ သာယာကုန်းချောင်း
၁၃ ။ ပိန်းတောချောင်း
၁၄ ။ နောင်ပူအင်းချောင်း
၁၅ ။ ရေရှင်ချောင်း
၁၆ ။ ပန်းကူချောင်း
၁၇ ။ မလိမ်းတုန်းချောင်း
၁၈ ။ မကျည်းပင်ချောင်း
၁၉ ။ မှော်ခွင်ချောင်း
၂၀ ။ ဆယ်ကြီးချောင်း
၂၁ ။ ဥသျှစ်ပင်ချောင်း
၂၂ ။ ကာမဲချောင်း
၂၃ ။ ရန်မလင်းချောင်း
၂၄ ။ တောင်မော်ချောင်း
၂၅ ။ ပန်းညိုချောင်း
၂၆ ။ ကမ်းဝဲချောင်း
၂၇ ။ မံစီချောင်း
၂၈ ။ နမော်ချောင်း
၂၉ ။ နောင်မလင်းချောင်း
၃၀ ။ ကိုင်းပြန့်ချောင်း
၃၁ ။ သဒွတ်ချောင်း
၃၂ ။ ရွာသစ်ချောင်း
၃၃ ။ ငပေါက်ကျင်းချောင်း
၃၄ ။ ခံစားချောင်း
၃၅ ။ ခွေးဟောင်ချောင်း
၃၆ ။ ဒေါ်စီချောင်း
၃၇ ။ ခတက်ချောင်း
၃၈ ။ နန်းထဟောက်ချောင်း
၃၉ ။ ပေကုန်းချောင်း
၄၀ ။ သံချောင်း
၄၁ ။ ဝန်ကြီးချောင်း
၄၂ ။ ဒေါင်းမြူးချောင်း
၄၃ ။ ချောင်းစောက်ချောင်း
၄၄ ။ နန်းကြီးသာချောင်း
၄၅ ။ သိုက်တောချောင်း
၄၆ ။ မက်တောင်ချောင်း
၄၇ ။ နောင်ကောက်ချောင်း
၄၈ ။ စရိပ်သာချောင်း
၄၉ ။ ဆားတွင်းချောင်း
၅၀ ။ မိုင်းဝန်းချောင်း
၅၁ ။ ပြောင်သွယ်ချောင်း
၅၂ ။ ပုံမာချောင်း
၅၃ ။ ပယင်းချောင်း
၅၄ ။ ရေယိမ်းချောင်း
၅၅ ။ စိမ်းနမ်းချောင်း ချောင်းပေါင်း ၅၅ ချောင်း
မှ ရေများ စုပေါင်း၍ တသွင်သွင်စီးဆင်းနေသော
မူမြစ်ကြီးမှာဖြင့် စုပေါင်းသွေးစည်းချင်းသည်
ခိုင်မာသေားခွန်အားဖြစ်စေသည့်ဟု
ပြောပြနေသည်အလား ထင်မိစေပါတယ်

(မှတ်ချက်)
မူးမြစ်ရေဝင်ချောင်းပေါင်း ၉၉ ချောင်းရှိသည်ဟု
အဆိုရှိပါသည် ၅၅ ချောင်းမှာ ထင်ရှားသည်ချောင်းများဖြစ်ပါသည်

သဖန်းဆိပ်ရေလောင်တမံ
ကာဘိုး ဆည်
ကင်းတပ်ဆည်
ထိုဆည်ကြီးသုံးခုမှာ မူးမြစ်ရေများကို ပိတ်ဆို့
စိုက်ပျိုးရေးတင်မက လျှပ်စစ်စွမ်းအင်ပါရရှိတာမို့
နိုင်ငံအတွက် အသက်သွေးကြောငယ်တစ်ခုဆိုရင်လဲ မမှားပါဘူး

သစ် ဝါ ရွှေ ရေနံ အဖိုးတန်ရတနာများ
မူးမြစ်အဖျားမှာ ထွက်ရှိ တကယ်တန်ဖိုးရှိတဲ့
မြစ်တစ်စင်းဆိုရင်လဲ မမှားပါဘူး

မူးမြစ်ဆိုသည်မှာ
တကယ်တော့ တန်ဖိုးမဲ့နေသယောင်နှင့်
တန်ဖိုးရှိစွာ သူတာဝန်သူ ကျေပွန်အောင်ဆောင်ရွက်နေတဲ့
မူးမြစ်ဆိုတာ မြန်မာပြည်ရဲ့ အဖိုးမဖြတ်နိုင်တဲ့
မြစ်တစ်စင်းပါ



မူရင်းတင်သူ Link
https://m.facebook.com/story.php?story_fbid=350745675389608&id=100013625353507
https://m.facebook.com/story.php?story_fbid=407749739563079&id=100009841688090

မှတ်ချက်/ အချို့ data များမှာ update မဖြစ်၍ လိုအပ်ချက်များရှိနိုင်ပါသည်။

ကျွန်းလှနယ်သို့ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ဖူးသော ကျွန်းလှမြို့နှင့် အနီးနားဝန်းကျင်ရွာများမှ အသုံးအနှုံးများကို ရေးမယ်က...
21/11/2023

ကျွန်းလှနယ်သို့

ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ဖူးသော ကျွန်းလှမြို့နှင့် အနီးနားဝန်းကျင်ရွာများမှ အသုံးအနှုံးများကို ရေးမယ်ကြံစည်ထားသော်လည်း အကြောင်းကြောင်းကြောင့်မရေးဖြစ်ခဲ့သေး။
လွန်ခဲ့တဲ့ရက်က ဦး Than Lwin တင်ထားတဲ့ ကျွန်းလှမြို့က စကားအသုံးနှုံးနဲ့ပတ်သက်တဲ့ post လေးကိုမြင်တော့မှ ရေးဖြစ်တော့တယ်။
ဒီမြို့လေးအကြောင်းမသိသေးတဲ့ တခြားမြို့က ကျနော့်မိတ်ဆွေတွေအတွက် ဗဟုသုတတိုးစေဖို့ပါ 🙂
ဒီစကားအသုံးတွေနဲ့ပတ်သက်ပြီး ကျနော့်ဘက်ကနားလည်ထားတာ လွဲမှားနေတာများရှိခဲ့ရင် ကျွန်းလှမြို့နယ်သားများအနေဖြင့် ထောက်ပြ တည့်မတ်ပေးနိုင်ပါတယ်။

တရွာနဲ့တရွာ စကားအသုံး လေယူလေသိမ်းအနည်းငယ်ကွာခြားကြပါတယ်။ သို့သော်လည်း အရိုးခံစိတ်ထားများနဲ့ ဟန်ဆောင်မှုကင်းတဲ့ ဖြူစင်ခြင်းတွေက အတူတူပင်။( ဒါ ဖားတာ 😂)

မအုံမအော=ပွင့်လင်းမှုမရှိ၊ မထုံတတ်တေး၊နားလည်ရခက်တဲ့သဘောမျိုး
(အဲ့ကောင် မေးလိုက်ရင် ပြန်မဖြေပဲ မကြားသလို ကြားသလိုလုပ်နေတာ မအုံမအောနဲ့ကွာ ဆိုတာမျိုး)

ဇပ်ပြာခပ်=ပြာယာခပ်

ဟန်လုပ်=အလှပြင်ခြင်း၊ရှိုးထုတ်ခြင်း💅

ပါးစပ်ကောင်းတယ်=စွာတယ်၊ဆတ်ဆတ်ထိ မခံ

မျက်နှာပေးကောင်း=မျက်နှာချို၊မျက်နှာရွှင်😊

ကိန်းကြီး=မာနကြီး

ဖိုးချို၊မချို၊ပုချို၊ဖိုးတွတ်၊မိတွတ်=ငယ်သောသူများကို ချစ်စနိုးခေါ်ခြင်း၊ အမည်မသိသောလူငယ်များအား ခေါ်ဝေါ်ခြင်း👶

အိုအို=ဖွားဖွား👵

အိုလေး=ဝမ်းကွဲအဖွားကိုခေါ်ဝေါ်ခြင်း

လေးလေး=ကိုယ့်အမေအရွယ်ထက်ငယ်သောအမျိုးသမီးများအားခေါ်ဝေါ်သည်

ခရန်း=ခင်ဗျား
(ခရန်းတို့မိသားစုနေကောင်းကြရဲ့လား...
စသဖြင့်)

သေဘာထား=သတိထား
(ဆိုင်ကယ်စီးရင် သဘောထားနော် လမ်းရှုပ်တယ်)

မသိတတ်=မသိဘူး

မသိတတ်ချေလား=သိမှမသိပဲလေ

ခေါင်းအုံးတုံး၊ဖက်တုံး=ခေါင်းအုံး၊ဖက်လုံး

လွယ်အိတ်ထောင်=လွယ်အိတ်

ပတ်ထလီအိုး=ဘတ္ထရီအိုး

မှန်ပြင်=TV📺

မှန်ထောင်= Flat TV

ဇဘိန်း=စက်ဘီး

ရေအို၊ဗုတ်ရေ=ဝက်စာအဖြစ် သောက်ရေအိုးဟောင်းများဖြင့် ထည့်ထားသော စားကြွင်းစားကျန်များ

အငေါက်=သစ်သီးဝလံအညွန့်
(ဘူးငေါက်၊ ဖရုံငေါက်)

အသီးကောက်၊ပန်းကောက်=အသီးခူး၊ပန်းခူး

ချွေးခံ=အမျိုးသမီးအတွင်းဝတ်အင်္ကျီ👙

မှော်စာ=ခြေအိတ်

ဝါ=ညာ
(နင်မဝါစမ်းပါနဲ့ဆိုတာ နင်မညာစမ်းပါနဲ့)

တို့=စခြင်း နောက်
ခြင်း
(စိတ်မဆိုးပါနဲ့ သူတို့ကနင့်ကိုခင်လို့ တို့တာ...စသဖြင့်)

ဒလဘုံ၊ဒလဂျမ်း၊အလဂျမ်း=အများကြီး၊
(ဇီးသီးစားချင်လာယူ၊ တို့အိမ်မှာ ဒလကြမ်းပဲ)

ပေါက်တတ်ကန=အများကြီး၊စုံလို့။
(သူတို့ဆိုင်မှာပစ္စည်းတွေကို ပေါက်တတ်ကနပဲ ကြိုက်တာဝယ်လို့ရတယ်..စသဖြင့်)

ရှစပေါက်စ=ပေါက်ပေါက်ရှာရှာ

တီး=အိမ်ဘေး၊ ရှေ့ များကိုအဖီချထား၊ ဇွယ်ချထားခြင်း

ဒုန်းတုတ်= ကွပ်ပျစ်၊ သစ်ပင်ကိုအမှီပြုရိုက်ထားသောကုတင်

မဟုတ်ကောင်း=မဟုတ်လောက်ပါဘူးကွာ

ဟုတ်နေမှာမောင့်=မဟုတ်ပါဘူးဆို
( အရွယ်တူသူအချင်းချင်း(သို့) လူကြီးများမှ ငယ်ရွယ်သူများကိုပြောတတ်သည်)

ဟုတ်နေမှာညန့်= မဟုတ်ပါဘူးဆိုဗျာ/ရှင် (လူငယ်များမှ ကြီးသောသူကိုပြောတတ်သည်)

အေးလား=ဟုတ်လား

ဒယ်ပိုင်း=ဒယ်အိုး

နားတောင်း=နားကပ်

နွှေး=အခွံနွှာခြင်း၊ အခွံခွာခြင်း
(ကျွန်းလှရောက်စက ဖြိးဖြိုးရေ သင်္ဘောသီးလေးနွှေးခဲ့ပါဟေ့ ဆိုတော့ အသီးကို မီးဖိုပေါ်တင်ရမလိုလို အူကြောင်ကြောင်နဲ့ ဖြစ်ဖူးတယ်)

ခေါစီ၊ ကောက်ညင်း=ခေါပုပ်

ပေါင်းသင်း=ကောက်ညင်းကျည်တောက်

ဗူလူသီး=ဗုံလုံသီး

ခွံစိမ်း=သီးမွှေးငှက်ပျောသီး🍌

ငါးတင်းဗူး=ငါးသေတ္တာဗူး

ပဲငပိ=ပဲပုပ်

ပဲငပိခြောက်=ပဲပုပ်ခြောက်

ရေစိမ်=ရှမ်းခေါက်ဆွဲ🍝

အရည်ဖျော်=မုန့်ဟင်းခါး🍜

အကွင်းကြော်=ဗယာကြော်

အလုံးကြော်=ကုလားဗယာကြော်

သင်္ဘောနံနံ= ရှမ်းနံနံ

ဇတ်သီးချက်= ငပိအနည်းငယ်ဖြင့် လွယ်ကူလျင်မြန်စွာချက်သောဟင်းရံ
( မုန်ညင်းရွက်ဇတ်သီးချက် ဆိုလျှင် ငပိအနည်းငယ် ဆီအနည်းငယ် ရေစပ်စပ်ကလေးဖြင့် စားခါနီးအလိုလောက်မှ ချက်သောမုန်ညင်းဟင်း)🍲

ဆေးလုံး=သောက်ဆေး💊
(နေမကောင်းရင် ဆေးလုံးသောက်လေဟု ပြောလေ့ရှိ။ တိုင်းရင်းဆေး၊အင်္ဂလိပ်ဆေးမခွဲခြား)

ရဲဖောက်=ရဲတောက်၊ အနီရင့်
(ခရမ်းချဉ်သီးတွေကို ရဲဖောက်နေတာပဲ)

ရိုက်ဖောက်လိုက်မယ်၊
လုပ်စုတ်လိုက်မယ်၊
လုပ်သတ်လိုက်မယ်=ရိုက်လိုက်မယ်

နမ်းဗွတ်/ပွတ်၊ နမ်းဖောက်=နမ်း😘
(ကလေးလေး ချစ်စရာလေး နမ်းဗွတ်ပစ်လိုက်မယ်)

လုပ်ခွဲ၊လုပ်ဖြဲ= အလုပ်တခုကို စိတ်အားထက်သန်စွာ ၊ သွက်လက်စွာ လုပ်ခြင်း၊
(အဲ့လူငယ်လေးက အလုပ်မရွေးဘူး၊ ဘာဖြစ်ဖြစ် လုပ်ခွဲ လုပ်ဖြဲတာပဲ)

အခန့်=အကြောင်း၊အလုပ်
(မြို့သွားမလို့ဆို၊ ဘာအခန့်ရှိလို့လည်း)

ကိစ္စ=အသုဘ၊နာရေး

တရယ်နာ(တရားနာ)=နာရေးမှာနာသောတရား

ပရိတ်နာ=သာရေးမှာ နာသောတရား

အခန်းချ=နာရေးသို့ ငွေကူခြင်း

အသင်း၊ တသင်းကြီး= ဆွေမျိုးများ၊ အစုလိုက် အဖွဲ့လိုက်👪်

အဲအဲရုံး=လူစုလူဝေး
(အလှူ၊ မင်္ဂလာများတွင် ဝိုင်းဝန်းကူလုပ်ကြချိန်ကဲ့သို့ )

ညောင်ရေအိုး=ဘုရားပန်းအိုး

လူပျို= ချစ်သူရည်းစား ကောင်လေး👦

အပျို= ချစ်သူရည်းစားမိန်းကလေး👧
( ဒါ ငါ့အပျိုဆိုရင် ဒါငါ့ရည်းစားမိန်းကလေးဟုဆိုလို)

ညား=တွေ့
(ဆေးခန်းလာတိုင်း ဆရာဝန်နှင့်မတွေ့ရသဖြင့် ဒီဆရာနဲ့ငါ ဘယ်တော့မှညားပါ့မလည်းတော် ဟုအဖွားအိုတယောက်ပြောတုန်းက ရယ်လိုက်ရတာ တံတွေးတောင်သီးဖူးတယ်)

ရေဖော=ရေကူး🏊

အအ၊ အအာ= အသားဟင်း🍖🍗
(ကလေးသူငယ်များသုံးနှုံးသောစကား၊
သားလေး ဘာဟင်းနဲ့စားသလည်းမေးရင် အအနဲ့စားတယ်လို့ပြန်ဖြေတတ်ကြတယ်)

ပေါ်=သတိရ

မပေါ်=သတိမရ
(ဟိုရွာကအလှူဖိတ်ထားတာ၊ မပေါ်လို့မသွားလိုက်ရဘူး)

ရေကော်=ရေခပ်

ရေဂျောင်=ရေပုံး

လက်စွပ်ခုတ်၊
လက်ကောက်ခုတ်=လက်စွပ်လုပ်၊လက်ကောက်လုပ်၊ဝယ်ယူခြင်း

ကင်းမျှင်=ပင့်ကူမျှင်

ကင်းကောင်=လက်တံရှည်ပင့်ကူ

Skynetမှာပြေတီဦးကျနေတယ်=Skynet မှာ ပြေတီဦးကားလာနေတယ်ပြောတာ

ကေ= အမျိုးသမီးများ ဆံပင် ဘိုကေကဲ့သို့အတိုထားလျှင် ကေကြီးနဲ့ ဟုပြောလေ့ရှိ

ဝဲကားနေတာပဲ= လန်ထွက်နေတာပဲ၊ လန်းနေတာပဲ
💃
Credit မူရင်း

ခုတော့ဖြင့် သတိရယုံသာ

"မရဏာနုဿတိ"သေမယ့်အရေး နေ့တိုင်းတွေး၊ ထိုတွေးကြွယ်သင့်သည်။ငါသေရမည်၊ ငါသေမည်၊ လီလီတွေးသင့်သည်။မသေသူက ဒီလောက ဘယ်မှမရှိပြီ။လ...
15/03/2022

"မရဏာနုဿတိ"

သေမယ့်အရေး နေ့တိုင်းတွေး၊
ထိုတွေးကြွယ်သင့်သည်။

ငါသေရမည်၊ ငါသေမည်၊
လီလီတွေးသင့်သည်။

မသေသူက ဒီလောက
ဘယ်မှမရှိပြီ။

လူတိုင်းပင်လျှင် တစ်နေ့တွင်
မှန်ပင်သေရမည်။

တစ်နေ့ထက်တစ်နေ့၊
သေမယ့်နေ့၊ နီး၍လာနေပြီ။

မသေခင်လေး ကုသိုလ်ရေး
မနှေးပြုသင့်သည်။

သေပြီးနောက်ခါ
ကိုယ့်နောက်မှာ ဘယ်ဟာမပါပြီ။

သံသရာမှာကိုယ့်ကံသာ
ကပ်ကာလိုက်ပါသည်။

မသေသေးခင် ချင်းချင်းတွင်၊
ကြင်ကြင်နာနာရှိရသည်။

မသေသေးခင် ချင်းချင်းတွင်၊
ခင်ခင်မင်မင်ရှိရသည်။

မသေသေးခင် ချင်းချင်းတွင်၊
ကူချင်စိတ်လေး မွေးရသည်။

သတ္တဝါတိုင်းပင် ထာဝစဉ်
သက်ရှည်ချင်ကြသည်။

သက်ရှည်ချင်ကြ ဘယ်သူမှ
ဆန္ဒမပြည့်ပြီ။

မသေချင်ဘဲသာ လူတိုင်းဟာ
သေကာသွားရသည်။

သစ်ရွက်တွေက ကြွေချိန်ကျ
ကြွေကြရပါသည်။

သစ်သီးတွေက ကြွေချိန်ကျ
ကြွေကြရပါသည်။

နေမင်းသော်မှ ဝင်ချိန်ကျ၊
ဝင်ရပါပေသည်။

သတ္တဝါမှန်သမျှ သေချိန်ကျ
သေကြရပါမည်။

ကုသိုလ်လီလီ မသေမီ
သင်သည်ပြုသင့်သည်။

သံသရာမှာ ကုသိုလ်သာ
ကိုယ့်မှာကူညီမည်။

(သာမဏေကျော်)

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်
တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏ ဥပုသ်နေ့ ဖြစ်ပါသည်။
ဥပုသ်သီလ ဆောက်တည်နိုင်ကြပါစေ...
ကုသိုလ်ကောင်းမှု အထူးပြုနိုင်ကြပါစေ...
ချမ်းသာကိုယ်စိတ် မြဲပါစေ ...
ဥပါဒ် ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ...
ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေ...

12/03/2022
25/08/2021
ကျက်သရေမင်္ဂလာအပေါင်းးနဲ့ပြည့်စုံသော”တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”🙏🙏🙏ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည...
28/11/2020

ကျက်သရေမင်္ဂလာအပေါင်းးနဲ့ပြည့်စုံသော”တန်ဆောင်မုန်းလပြည့်
သာမညဖလအခါတော်နေ့”🙏🙏🙏

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။ “သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည်

-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ္ပါယ်ရပါသည်။

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုနိုင်ပါသည်။

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ “ဝိဇိတာဝီ” မည်သော ပစ္စေကဗုဒ္ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။

Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များ-နှာ၁၇၅-မှ

ရဟန်းဝတ်ရသော အကျိုး (၁၃)မျိုး
_________________________

ရဟန်းဝတ်ရခြင်းအကျိုးတရားကို
သိချင်လို့ တောင်းဆိုထားတဲ့အတွက်
သာမညဖလသုတ်တော်မှာ လာသော ရဟန်းဝတ်ရခြင်း
အကျိုးတရား ၁၃ မျိုးကို အကျဉ်းမျှ ဖော်ပြပေးလိုက်ပါတယ်။

မေးသူ -- အဇာတသတ်မင်းကြီး
ဖြေသူ-- မြတ်စွာဘုရား
နေရာ -- ရာဇဂြို ဟ်ပြည်၊ ဇီဝက၏ သရက်ဥယျာဉ်
အကြောင်းအရာ-- ရဟန်းဝတ်ရခြင်း၏ အကျိုး
ဟောကြားသည့်နေ့--တန်ဆောင်မုန်းလပြည့်နေ့ ည
ဟောကြားသည့်သုတ်--သာမညဖလသုတ်

၁။ မင်းခစား/အမှုလုပ်အဖြစ်မှာ လွတ်ငြိမ်းခွင့်ရခြင်း

အဇာတသက်မင်းကြီးအမေး…
'' အရှင်ဘုရား ဆင်းသူရဲများ/မြင်းစီးသူရဲများ/ရထားစီးသူရဲများ/
ဆတ္တာသည်များ/စဖိုသည်များ/ပန်းကုံးသူများ/ယက်ကန်းသည်များ/အိုးထိမ်းသည်များ/သင်္ချာဂဏန်တတ်သူများ ထိုမှတစ်ပါး
များလှစွာသော အတတ်သည်တို့သည် မျက်မှောက်ဘဝ၌ပင်
ထိုအတတ်ဖြင့် အသက်မွေးကုန်ကြပါကုန်၏။

ထိုအတတ်တို့နှင့်တူစွာ မျက်မှောက်ဘဝ၌ပင် ရဟန်းဖြစ်ရကျိုး
(ရဟန်းဝတ်ရသောအကျိုး )ကို ပြခြင်းငှာ တတ်နိုင်ပါသလော
အရှင်ဘုရား''

ဘုရားရှင်အဖြေ…
'' မင်းကြီး တတ်နိုင်ပါ၏။''

'' သင်မင်းမြတ် သင်မင်းမြတ်၏ အမှုလုပ် ကျွန်ယောင်္ကျားသည်
ဆံမုတ်ဆိတ်တို့ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍
လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါ၏၊ ထိုသူသည် ထိုသို့
ဝင်ရောက်ပြီး ကိုယ်ဖြင့်စောင့်စည်းလျှက်နေ၏၊ နူတ်ဖြင့်စောင့်စည်းလျှက်နေ၏၊ စိတ်ဖြင့်စောင့်စည်းလျှက်နေ၏၊ ဟု မင်းကြီးအား
ကြား၏။ ထိုသို့ မင်းကြီးအား ကြားလျှင် မင်းကြီးသည်…

''အချင်းတို့ ထိုယောင်္ကျားသည် ငါ့ထံသို့ပြန်လာစေလော့
ရှေ့ဦးစွာထလေ့ရှိသော နောက်မှအိပ်လေ့ရှိသော အဘယ်ကိုပြုရ
အံ့နည်း ဟု နာခံလေ့ရှိသော နှစ်ကြိုက်ဖွယ်ကိုဖြစ်စေတတ်သော
ချစ်ခင်ဖွယ်ကိုဆိုလေ့ရှိသော မျက်နှာရိပ်ကိုကြည့်လေ့ရှိသော
အမူလုပ်ကျွန်ပင် တစ်ဖန်ဖြစ်စေလော့''ဟု ဆိုမည်လော့…''

''အရှင်ဘုရား ဤသို့ မဆိုပါ။''

'' စင်စစ်သော်ကား အကျွန်ုပ်တို့ကပင် ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊
ထိုင်ရန်နေရာခင်ပေးခြင်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏
အထောက်အပံဖြစ်သော ဆေးတို့ကို အလှုခံရန်ဖိတ်ခြင်း၊
လုံခြုံမှုပေးခြင်းတို့ကိုသာ ပေးရဦးမှာ ဖြစ်ပါတယ် ဘုရား။''

'' မင်းကြီး ဤသို့ဖြစ်ခဲ့သော ကိုယ်တိုင်းမြင်ရ သိရသော ရဟန်း
ဝတ်ခြင်း အကျိုးပင် မဟုတ်လော့…''
___________________________________________

၂။ အခွန်မှ လွှတ်ခြင်းအကျိုး

'' မင်းမြတ် အခွန့်ကို ထမ်းဆောင်ကုန်သော ဥစ္စာအစုကို
တိုးပွားစေတတ်သော အိမ်ရှင်လယ်သမားယောင်္ကျားသည်
ဆံမုတ်ဆိတ်တို့ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို
ဝတ်၍ လူဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်၏၊ ထိုသူသည်
ထိုသို့ ဝင်ရောက်ပြီးသော် ကိုယ်/နူတ်/စိတ် တို့ကို စောင့်စည်း
ုလျှက်နေ၏။ဟု မင်းကြီးအား ကြား၏။ ထိုသို့ ကြားသော သင်
မင်းကြီးသည်…

'' အချင်းတို့ ထိုယောင်္ကျားသည် ငါ့အထံသို့ပြန်လာစေလော့
အခွန်ကိုထမ်းဆောင်သော ဥစ္စာအစုကိုတိုးပွားစေတတ်သော
အိမ်ရှင်လယ်သမားပင် တဖန်ဖြစ်စေလော့''ဟု ဆိုမည်လော့…''

'' အရှင်ဘုရား ဤသို့ မဆိုပါ။''

'' စင်စစ်သော်ကား အကျွန်ုပ်တို့ကပင် ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊
ထိုင်ရန်နေရာခင်ပေးခြင်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏
အထောက်အပံဖြစ်သော ဆေးတို့ကို အလှုခံရန်ဖိတ်ခြင်း၊
လုံခြုံမှုပေးခြင်းတို့ကိုသာ ပေးရဦးမှာ ဖြစ်ပါတယ် ဘုရား။''

''မင်းကြီး ဤသို့ဖြစ်ခဲ့သော ကိုယ်တိုင်းမြင်ရ သိရသော ရဟန်း
ဝတ်ခြင်း အကျိုးပင် မဟုတ်လော့…''
___________________________________________

၃။ အကျင့်တရားနှင့်ပြည့်စုံခြင်း အကျိုး

'' ထိုသူသည် ရဟန်းဘဝသို့ ဝင်ရောက်ပြီးသော်
' ပါတိမောက္ခသံဝရသီလ' ကို စောင့်ထိန်းလျှက်နေ၏။
(ဝိနည်းစည်းကမ်း ၂၂၇သွယ်ကို ဆိုလိုသည်)

% အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊
% သိက္ခာပုဒ်၌ ကောင်းစွာဆောက်တည်၍ ကျင့်၏၊ ကောင်းသော
ကံယကံ ဝစီကံနှင့်ပြည့်စုံသည်ဖြစ်၍ စင်ကြယ်သော
အသက်မွေးမှု ရှိ၏၊
% သီလနှင့်ပြည့်စုံ၏၊
% ဣနြေ္ဒတို့၌ ပိတ်ထားသာတံခါးရှိ၏၊
% စားဖွယ်၌ အတိုင်းအရှည်ကို သိ၏၊
% အောက်မေ့ခြင်း သတိနှင့်ပြည့်စုံ၏၊
% ဆင်ခြင်ခြင်း ''သမ္ပဇဉ်''နှင့်ပြည့်စုံ၏၊ ရောင်ရဲလွယ်၏။''

____________________________________________

၎။ စူဠသီလနှင့် ပြည့်စုံခြင်း အကျိုး

'' မင်းကြီး ဤလောက၌ ရဟန်းသည်
> အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ
ရှောင်ကြဉ်၏၊
> တုတ်ကို ချထားပြီး ဖြစ်၏၊
> လက်နက်ကို ချထားပြီး ဖြစ်၏၊
> ရှက်ခြင်း ရှိ၏၊
> သနားတတ်၏၊
> ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက်နေ၏၊
ဤသည်ကား ထိုရဟန်းတို့၏ သီလပေတည်း။

* မပေးသည်ကို ယူခြင်းမှပယ်၍ မပေးသည်ကို ယူခြင်းမှ
ရှောင်ကြဉ်၏၊
* ပေးသည်ကိုသာ ယူ၏၊
* ပေးသည်ကိုသာ အလိုရှိ၏၊
* မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့်နေ၏၊
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

~ မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊
~ ယုတ်မာသောအကျင့်ကို ကျင့်လေ့မရှိ၊
~ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊
ဤသည်လည်း ထိုရဟန်းတို့၏ သီလပေတည်း။

-> မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊
-> အမှန်ကိုသာ ဆိုလေ့ရှိ၏၊
-> မှန်သော စကားခြင်း ဆက်စပ် စေ၏၊
-> တည်သော စကားရှိ၏၊
-> ယုံကြည်ထိုက်သော စကားရှိ၏၊
-> လောကကို လှည့်စားတတ်သူ မဟုတ်၊
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

* ဂုံးစကားကို ပယ်၍ ဂုံးစကားမှ ရှောင်ကြဉ်၏၊
* ဤသူတို့အထံမှ နားထောင်၍ (ထိုသူတို့နှင့်)ဤသူတို့
ကွဲပြားစေခြင်းငှါ ထိုသူတို့အထံ၌ မပြောတတ်၊
* ထိုသူတို့ အထံမှ နားထောင်၍(ဤသူတို့နှင့်)ထိုသူတို့ ကွဲပြား
စေခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊
* ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊
* ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊
* ညီညွတ်ခြင်း၌ မွေ့လျော်၏၊
* ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊
* ညီညွတ်ခြင်းကို နှစ်သက်၏၊
* ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏၊
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

- ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်၏၊
- အကြင်စကားသည် အပြစ်ကင်း၏၊
- နားချမ်းသာ၏၊
- နှစ်လိုဖွယ်ရှိ၏။
- နှလုံးသို့ သက်၏၊
- ယဉ်ကျေး၏၊
- လူအများ နှစ်သက်၏၊
- လူအများ နှစ်ကြိုက်၏ ထိုသို့သဘောရှိသော စကားကိုသာ
ဆို၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

> ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ
ရှောင်ကြဉ်၏၊
> သင့်သော အခါ၌သာ ဆိုလေ့ရှိ၏၊
> ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊
> အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊
> တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊
> အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊
> သင့်သောအခါ၌ အကြောင်းနှင့် တကွသော အပိုင်းအခြား
ရှိသော အစီးအပွားနှင့်စပ်သော မှတ်သားလောက်သော
စကားကိုသာ ဆိုလေ့ရှိ၏၊
ဤသည်လည်း ထိုရဟန်းတို့၏ သီလပေတည်း။

~ မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှရှောင်ကြဉ်၏
~ ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊
~ ညစား စားခြင်းမှ ရှောင်ကြဉ်၏၊
~ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏၊
~ ကခြင်း.တီးခြင်း.တီးမှုတ်ခြင်း.သူတော်ကောင်းတရား၏
ဆူးငြောင့်ဖြစ်သော ပွဲလမ်းသဘင် ကြည့်ခြင်းမှ ရှောင်ကြဉ်၏၊
~ ပန်းပန်ခြင်း.နံသာခြယ်ခြင်း.နံသာလိမ်းခြင်း.မှ ရှောင်ကြဉ်၏၊
~ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏၊
~ ရွှေ. ငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ ကောက်စိမ်း(စပါးအစိမ်း)ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ မိန်းမအို.မိန်းမပျို ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
(နဂိုခေတ်က ကျွန်မိန်းမ.ကျွန်ယောင်္ကျား တို့ကို လက်ဆောင်
အဖြစ်ဖြစ်စေ၊သဘောကျလို ဖြစ်စေ ပေးလှု လေ့ရှိသည်)
~ ဆိတ်နှင့် သိုးတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ ကြက်.ဝတ်ကို ခံယူုခြင်းမှ ရှောင်ကြဉ်၏၊
~ ဆင်.နွား.မြင်း.မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ လယ်နှင့် ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
~ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏
~ ဝယ်မှု ရောင်မှုမှ ရှောင်ကြဉ်၏၊
~ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်တား စဉ်းလဲခြင်းမှ
ရှောင်ကြဉ်၏၊
~ တံစိုးယူခြင်း.လှည့်ဖြားခြင်း.အတုပြု၍ လိမ်းခြင်း တည်းဟူ
သော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
~ ဖြတ်ခြင်း.သတ်ခြင်း.နှောင်ဖွဲခြင်း.လုယက်ခြင်း.ဖျက်ဆီးခြင်း.
ဓားမြတိုက်ခြင်းမှ ရှောင်ကြဉ်၏၊
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်။ စူဠသီလပြီး၏။''

_____________________________________________

၅။ မဇ္ဈိမ သီလနှင့်ပြည့်စုံရသော အကျိုး

(က) ပစ္စည်းဥစ္စာ သိုးမှီခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ခ) ပွဲလမ်းသဘင် သွားခြင်း ကြည့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဂ) အလောင်းကစား ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဃ) တိရစ္ဆာန်/သားရဲအရေ/အမွေးဖြင့်ပြုလုပ်ထားသော
နေရာ. အခင်တို့ကို အသုံးပြု ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(င) အလှပြင်ခြင်း.နံသာလိမ်းခြင်းဖြင့် ကိုယ်ကို လှပအောင်
တန်ဆာဆင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(စ) နိဗ္ဗာန်၏ ဆန့်ကျင်ဘက်ဖြစ်သော စကား၊ ဓမ္မနဲ့ ဆန့်ကျင်
သောစကား၊ အကျိုးမဲ့သော စကားတို့ကို ပြောဆိုခြင်းမှ
ရှောင်ကြဉ်ခြင်း၊
(ဆ) ငြင်းခုန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဇ) အခစား.တမန်.အစေအပါး ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဈ) မြှောက်ပင် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
ဤသည်လည်း ထိုရဟန်းတို့၏ သီလပေတည်း။ မဇ္ဈိမသီလပြီး၏။''
_____________________________________________

၆။ မဟာသီလနှင့် ပြည့်စုံရသော အကျိုး

--> နိဗ္ဗာန်နှင့် ဆန့်ကျင့်သော မှားသော အယူဖြစ်သော
ယဇ်ပူဇော်ခြင်း၊ အင်္ဂကျမ်း၊ နိမိတ်ကျမ်း၊ ဘုတ်တစ္ဆေအတတ်၊
တို့ကို ရှောင်ကြဉ်ခြင်း၊
--> လက္ခဏာအတတ်တို့ကို သင်ယူခြင်း. ဟောပြောခြင်းမှ
ရှောင်ကြဉ်ခြင်း၊
--> နက္ခတ် တာရာအတတ်၊ နေ လတို့ကိုကြည်၍ ရှေ့ဖြစ်
ဟောခြင်းအတတ်တို့မှာ ရှောင်ကြဉ်ခြင်း၊
--> သူနှစ်ဦးတို့ကို အောင်သွယ်ပေးခြင်း၊ စေ့စပ်ပေးခြင်း၊
ကြောင်လမ်းပေးခြင်း၊ နတ်မေးပေးခြင်း၊ ယဇ်ပူဇော်ပေးခြင်း၊
တို့ကို ရှောင်ကြဉ်ခြင်း၊
--> အောက်လမ်းအတတ်၊ ဆုန်အတတ်၊ ကဝေအတတ်
တိုမှ ရှောင်ကြဉ်ခြင်း၊ ဤသည်လည်း ထိုရဟန်း၏
သီလပေတည်း။ မဟာသီလပြီး၏။''

__________________________________________

၇။ ဣနြေ္ဒ ၆ ပါးကို အကုသိုလ်မဖြစ်အောင် စောင့်စည်း
နိုင်ခြင်း အကျိုး

'' မင်းကြီး ဤလောက၌ ရဟန်းသည်…
--> မျက်စိဖြင့် အဆင်း
'' ရူပါရုံ'' ကို မြင်သော် မိန်းမ/ယောင်္ကျား စသော သဏ္ဌာန်
နိမိတ်ကို စွဲယူလေ့မရှိ၊ လက်ခြေစသော အင်္ဂါ.ပြုံးဟန် ရယ်ဟန်
စသော အမူအရာ အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊

အကယ်၍ စက္ခု နြေ္ဒကို မစောင့်စည်းပဲ နေလျှင် ယင်း စက္ခုနြေ္ဒ
ဟူသော အကြောင်းကြောင့် မက်မောခြင်း '' အဘိဇ္ဈာ''
နှလုံးမသာယာခြင်း''ဒေါမနဿ ''ဟူသော ယုတ်မာသော
အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍
နှိပ်စက်ကုန်၏၊ ထိုကြောင့် ရဟန်းသည် ထိုစက္ခုနြေ္ဒကို စောင့်
စည်းခြင်းငှါ ကျင့်၏၊ စောင့်စည်း၏။''

နားဖြင့် - အသံ '' သဒ္ဒါရုံ''ကို ကြားသော်……။ပ။…
နှာခေါင်းဖြင့် - အနံ့"ဂန္ဓာရုံ''ကို နမ်းသော်……။ပ။…
လျှာဖြင့် -အရသာ''ရသာရုံ''ကို လျက်သော်…။ပ။…
ကိုယ်ဖြင့် -အတွေ့အထိ'' ဖောဋ္ဌဗ္ဗာရုံ''ကို တွေ့ထိသော်…။ပ။…
(အပေါ်က ရူပါရုံ လို နည်းတူ မှတ်ပါ)

ထိုရဟန်းသည် ဤမြတ်သော ဣနြေ္ဒကို စောင့်စည်းခြင်းနှင့်
ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ ကိလေသာနှင့် မရောသော
ချမ်းသာခြင်းကို ခံစား၏၊ ''

___________________________________________

၈/၉။ သတိ/သမ္ပဇဉ်နှင့် ပြည့်စုံရသော အကျိုး

'' မင်းကြီးရဟန်းသည် အဘယ်သို့ အောက်မေ့ခြင်း''သတိ''
ဆင်ခြင်ခြင်း ''သမ္ပဇဉ်''နှင့် ပြည့်စုံသနည်းဟူမူ…

'' မင်းကြီး ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့တတ်ရာ
နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်လျက် ပြု လေ့ရှိ၏၊

- တူရှုကြည့်ရာ(ရှေ့တည်တည်ကြည်ရာ) တစောင်းကြည့်ရာ၌
ဆင်ခြင်လျက် ပြု လေ့ရှိ၏၊

- ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက်ပြု လေ့ရှိ၏၊

- ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက်ပြု လေ့ရှိ၏၊

- စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက်ပြု လေ့ရှိ၏၊

- သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ
ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြု လေ့ရှိ၏၊

မင်းကြီး ရဟန်းသည် ဤသို့လျှင် အောက်မေ့ခြင်း''သတိ''
ဆင်ခြင်ခြင်း''သမ္ပဇဉ်''နှင့် ပြည့်စုံပေ၏။''
_____________________________________________

၁၀။ ရောင့်ရဲလွယ်ခြင်း အကျိုး

'' မင်းကြီး ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ကို
မျှတနိုင်စေရုံ သင်္ကန်းဖြင့်၊ ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့်
ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ ကိုယ်နှင့်အတူ
ပါမြဲ ပရိက္ခရာ ၈ပါး မျှသာ ရှိသဖြင့် တစ်ပါတည်း ယူပြီးဖြစ်၍
သာလျှင် သွား၏၊ မင်းကြီး အတောင်ရှိသော ငှက်သည် ပျံလေ
ရာရာသို့ မိမိအတောင်သာ ဝန်ရှိသည်ဖြစ်၍ ပျံသွားသကဲ့သို့
မင်းကြီး ဤအတူ ရဟန်းသည် ကိုယ်ကို မျှတစေနိုင်သော
သင်္ကန်းဖြင့်၊ ဝမ်းကို မျှတစေနိုင်သော ဆွမ်းဖြင့် ရောင့်ရဲ၏။''

____________________________________________

၁၁။ နီဝရဏတရား ငါးပါးကင်းခြင်းအကျိုး

'' ထိုရဟန်းသည် လောက၌ ->

(က) မက်မောခြင်း''အဘိဇ္ဈာ''ကိုပယ်၍-> မက်မောခြင်း
'အဘိဇ္ဈာ'ကင်းသော စိတ်ဖြင့် နေ၏။''

(ခ) ပျက်စီးစေလိုသော ''ဒေါသ''ကို ပယ်၍-> မပျက်စီးစေလို
သော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏
အစီးအပွားကို လိုလားလျက် နေ၏၊

(ဂ) လေးလံထိုင်းမှိုင်းခြင်း ''ထိနမိဒ္ဓ''ကို ပယ်၍-> လေးလံထိုင်း
မှိုင်းခြင်း ''ထိနမိဒ္ဓ''မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်
လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏။

(ဃ) ပျံ့လွင့်ခြင်း ''ဥဒ္ဓစ္စ''၊ နောင်တ တဖန်ပူပန်ခြင်း''ကုက္ကုစ္စ''ကို
ပယ်၍-> မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍
မပျံ့လွင့်သည်ဖြစ်၍ နေ၏၊

(င) ယုံမှားခြင်း''ဝိစိကိစ္ဆာ''ကို ပယ်၍-> ယုံမှားခြင်း''ဝိစိကိစ္ဆာ''ကို
လွန်မြောက်သည် ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော
သို့လော မရှိသည်ဖြစ်၍ နေ၏။

မင်းကြီး ဥပမာသော်ကား………
* အကြွေးယူထားသော အကြွေးသမားသည် အကြွေးပြန်ဆပ်
နိုင်သောအခါ ဝမ်းမြောက်သကဲ့သို့………

* ပြင်းစွာ နိပ်စက်အပ်သော အနာရောဂါရှိသော သူသည်
ထိုအနာရောဂါမှ လွတ်မြောက်၍ ဝမ်းမြောက်သကဲ့သို့…

* နောင်အိမ်.အကျဉ်းချထားခြင်း ခံရသော သူသည်
ထိုနောင်အိမ်. အကျဉ်းမှ လွတ်မြောက်၍ ဝမ်းမြောက်ရာ
သကဲ့သို့…

* ကျွန်သည် မိမိ၏ ကျွန်ဘဝအဖြစ်မှ လွတ်မြောက်၍
ဝမ်းမြောက်ရာ သကဲ့သို့…

* ဘေးရန်ရှိသော ရှည်သောခရီးကို ဥစ္စာနှင့်တကွ သွား၍
ပြီးမြောက်ကား ဝမ်းမြောက်သကဲ့သို့…

''မင်းကြီး ဤအတူ အကြွေးကင်းခြင်းကဲ့သို့၊ အနာရောဂါကင်းခြင်း
ကဲ့သို့၊ နှောင်အိမ်အကျဉ်းမှ လွတ်ခြင်းကဲ့သို့၊ ကျွန်ဖြစ်မှလွတ်၍
လွတ်လပ်သူ ဖြစ်ခြင်းကဲ့သို့၊ ဘေးရှိသော ရှည်သောခရီးမှ
ငြိမ်းချမ်းရာ အရပ်သို့ ရောက်ခြင်းကဲ့သို့ မင်းကြီး ဤအတူ
ရဟန်းသည် မိမိ၌ ဤအပိတ်အပင် ''နီဝရဏ''တရားငါးပါးတို့ကို
ပယ်ပြီး ဖြစ်သည်ကို ကောင်းစွာ မြင်၏။''

'' မိမိ၌ ဤအပိတ်ပင်''နီဝရဏ''တရားငါးပါး ပယ်ပြီ ဖြစ်သည်ကို
ကောင်းစွာမြင်သော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည်
ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်ခြင်း''ပီတိ''သည်
ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည်ငြိမ်း၏၊
ငြိမ်းသောကိုယ်ရှိသော ရဟန်းသည် ချမ်းသာကို ခံစား၏၊
ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။''
_____________________________________________

၁၂။ ဈာန်တရားများ ရရှိခြင်းအကျိုး

အခြေခံဖြစ်သော
ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊
စသော ဈာန်တရားများ ရရှိခြင်း။
(အကျယ် မဖော်ပြတော့ပါ)

________________________________________

၁၃။ ဥာဏ်စဉ် (၈)ပါး နှင့် ပြည့်စုံလာရခြင်း အကျိုး

၁။ ဝိပဿ နာဥာဏ်
၂။ မနောမယိဒ္ဓိဥာဏ်
၃။ဣဒ္ဓိဝိဓဥာဏ်
၎။ ဒိဗ္ဗသောတဥာဏ်
၅။ စေတောပရိယဥာဏ်
၆။ ပုဗ္ဗေနိဝါသနုဿ တိဥာဏ်
၇။ စုတူပပါတာဥာဏ်
၈။ အာသဝက္ခယဥာဏ်
( အကျယ် မဖော်ပြတော့ပါ ရှည်လွန်လို့)

''မင်းကြီး ဤသည်လည်း ရှေ့ဖြစ်ကုန်သော ကိုယ်တိုင်သိမြင်
ရသော ရဟန်းဖြစ်(ရဟန်းဝတ်)ကျိုးတို့ထက် သာ၍ နှစ်သက်
ဖွယ်သည်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော
ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

ရဟန်းဝတ်ရခြင်း အကျိုး ၁၃ ပါး ပြီး၏။

မှတ်ချက်
______
သာမညဖလသုတ်ကို လိုရင်းလေးတွေကိုသာ ထုတ်နူတ်၍
တင်ပြထားခြင်းဖြစ်ပါသည် အပြည့်အစုံကို သီလက္ခန်ပါဠိတော်
မြန်မာပြန် ၊ သာမညဖလသုတ်မှာ ဖတ်ရှုနိုင်ပါတယ်။

Credit,မူရင်း🙏🙏🙏

✳️🙏အဘိဓမ္မာအခါတော်နေ့အကြောင်း🙏✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️သီတင်းကျွတ်လပြည့်နေ့သည်ဗုဒ္ဓဘာသာဝင်တို့အတွက်နေ့ ထူးနေ့မြ...
31/10/2020

✳️🙏အဘိဓမ္မာအခါတော်နေ့အကြောင်း🙏✳️

✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

သီတင်းကျွတ်လပြည့်နေ့သည်ဗုဒ္ဓဘာသာဝင်တို့အတွက်နေ့
ထူးနေ့မြတ်ကြီးဖြစ်ပါသည်။သီတင်းကျွတ်လပြည့်နေ့သည်
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး တာဝတိံသာနတ်
ပြည်မှသင်္ကသနဂိုရ်ပြည်သို့ကြွမြန်းဆင်းသက်တော်မူလာ
သည်နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ်အသိအမှတ်ပြု
ကြသည်။မြတ်စွာဘုရားဆင်းသက်ကြွမြန်းလာသည်ကိုရည်
၍ဘုရားသခင်အားပူဇော်သည့်အနေဖြင့်ထိုနေ့တွင်မီးထွန်း
ပွဲများဆင်ယင်ကျင်းပကြပါသည်။
မြတ်စွာဘုရားသည် (၆) ဝါအလွန် (၇) ဝါအရောက်
မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင်တာဝတိံသာနတ်ပြည်ပင်လယ်
ကသစ်ပင်ရင်းပဏ္ဍုကမ္ဗလာကျောက်နေရာထက်၌မယ်တော်
ဖြစ်ဘူးသောသန္တုဿိတနတ်သားကိုကျေးဇူးဆပ်လိုသောအား
ဖြင့်အဘိဓမ္မာ တရားတော်ကိုနတ်ဗြဟ္မာအပေါင်းတို့အားဟော
ကြားတော်မူခဲ့ပါသည်။တရားတော်ကိုဟောကြားတော်မူရာ
တွင် ဝါတွင်းသုံးလ ရက်ပေါင်း (၉၀) ကြာအောင်ဟောကြား
တော်မူပါသည်။မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားတော်
ကိုလူပြည်၌မဟောကြားဘဲ နတ်ပြည်၌သာဟောကြားရခြင်း
မှာ ရှည်လျားသောဒေသနာစဉ်ဖြစ်သဖြင့် တရက်အတွင်း၌
စ၊ လယ်၊ ဆုံး အပြည့်အစုံပြီးဆုံးအောင်ဟောကြား၍မဖြစ်
ခြင်း၊ ဣရိယာပုတ်တစ်ခုတည်းဖြင့်ကြာရှည်စွာနာယူနိုင်စွမ်း
မရှိခြင်း၊ လူတို့အချိန်ဝါတွင်း ၃ လသည်တာဝတိံသာ၌အချိန်
ကာလတစ်ခဏမျှသာဖြစ်ခြင်းတို့ကြောင့်ဖြစ်ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါယဏာ
ပြု၍လူ့ပြည်သို့သက်ဆင်းတော်မူသည်ကိုအကြောင်းပြု
လျက်ထိုနေ့ကိုအဘိဓမ္မာနေ့ဟူ၍ သမုတ်ကာအဘိဓမ္မာ
ပူဇော်ပွဲကျင်းပကြလေသည်။
တစ်နည်းအားဖြင့်သီတင်းကျွတ်လပြည့်နေ့ကိုဘု
ရားဆုပန်နေ့ဟုလည်းခေါ်နိုင်လေသည်။အဘယ်ကြောင့်ဆို
သော်မြတ်စွာဘုရားသည်တာဝတိံသာနတ်ပြည်မှဆင်းသက်
လာသောအခါကိုယ်တော်တိုင်ပတ္တမြားစောင်းတန်းဖြင့်ဆင်း
၍လင်္ကျာဘက်ရွှေစောင်းတန်းဖြင့်နတ်တို့ခြံရံလိုက်ပါကာလက်
ဝဲဘက်ငွေစောင်းတန်းဖြင့်ဗြဟ္မာမင်းတို့ခြံရံလိုက်ပါလာလေ
သည်။ထိုသို့နတ်ဗြဟ္မာမင်းတို့ခြံရံလိုက်ပါလာ၍သက်ဆင်း
တော်မူလာသည့်မြတ်စွာဘုရား၏တင့်တယ်သောအသရေ
တော်ကိုဖူးမြင်ကြရသည့်အခါ ၃၆ ယူဇနာအတွင်း၌ရှိသော
ပရိသတ်အားလုံးပင် ဘုရားဆုကိုတောင်းကြသည်။ တ
ယောက်သောသူမျှဘုရားဆုကိုမတောင်းသူဟူ၍မရှိချေ။ဤ
သည်ကိုရည်၍ဘုရားဆုပန်နေ့ဟုခေါ်ထိုက်ခြင်းဖြစ်လေသည်။
မြတ်စွာဘုရားဆင်းသက်တော်မူသည်ကိုဖူးမျှော်ရန်
စောင့်နေကြသောလူအပေါင်းတို့တောင်းပန်သဖြင့်ရှင်မဟာ
မောဂ္ဂလာန်ကဘုရားသခင်အား မည်သည့်အခါမည်သည့်အ
ချိန်၌လူ့ပြည်သို့ဆင်းသက်မည်ကိုလျှောက်ထားသောအခါ
ဘုရားသခင်က ငါဘုရားကိုဖူးမျှော်လိုသူတို့သည်ရွာဦးကျောင်း
သို့ဥပုဒ်သည်များတရားနာသွားသကဲ့သို့လာခဲ့ကြရမည်ဟုမိန့်
ကြားတော်မူသည်ကိုရည်၍ထိုနေ့ထိုရက်၌ဥပုဒ်သီတင်း
ဆောက်တည်ကြခြင်းဖြစ်လေသည်။
မြတ်စွာဘုရားသည်လူ့ပြည်သို့မဆင်းမီတာဝတိံသာ
နတ်ပြည်၌ရေအစုံမီးအစုံတန်ခိုးပြာဋိဟာပြတော်မူသည်။
မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့်စကြာဝဠာတစ်ခုလုံး
ဟင်းလင်းပြင်ဖြစ်သွားလေသည်။ရှင်တော်ဘုရား၏လောက
ဝိဝရဏ တန်ခိုးတော်အားဖြင့်လူနတ်ဗြဟ္မာငရဲသားအားလုံး
တို့သည်တစ်ဦးကိုတစ်ဦးထင်ရှားစွာတွေ့မြင်ရလေသည်။
သီတင်းကျွတ်လပြည့်နေ့သည်ဝါတွင်းသုံးလ၏
နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သောသံဃာ
တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာသီတင်းသုံး
နိုင်သောအခွင့်အရေးကိုရရှိကြလေသည်။လောကီလူတို့၏
ထုံးစံအရလည်းအိမ်ယာထူထောင်ခြင်းပြုနိုင်ကြသဖြင့်အချုပ်
အချယ်တို့မှလွတ်ကျွတ်စေသောနေ့ဟုဆိုရပေမည်။
အချုပ်အားဖြင့်ဆိုသော်သီတင်းကျွတ်လပြည့်နေ့
သည်ရဟန်းတော်များဝါမှထသောနေ့၊ပဝါရဏာပြုကြသော
နေ့၊ မြတ်စွာဘုရားသခင်သည်တာဝတိံသာနတ်ပြည်မှာအ
ဘိဓမ္မာတရားတော်ကိုဝါတွင်းသုံးလပတ်လုံးဟောကြား
တော်မူသည်မှာအောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိ
ဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက်တာဝတိံ
သာမှသင်္ကဏနဂိုရ်ပြည်သို့ဆင်းသက်တော်မူသောနေ့၊ ဗြ
ဟ္မာနတ်လူ သုံးဘုံသူတို့ မြတ်စွာဘုရားအားအတူတကွ
ကြည်ညိုဖူးမျှော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်
ခိုးတော်ကြောင့် စကြာဝဠာတဝှန်းလုံးကိုတိုးယိုပေါက်မြင်
ကြရသောနေ့စသောဂုဏ်ထူးဝိသေသအထူးထူးနှင့်ပြည့်
စုံသောနေ့ဖြစ်သည်။

ကိုးကား- (မြန်မာစွယ်စုံကျမ်း)

3️⃣1️⃣1️⃣0️⃣2️⃣0️⃣2️⃣0️⃣

နယုန်လပြည့်..(မဟာသမယနေ့)🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸မြတ်စွာဘုရားရှင်သည် နယုန်လပြည့်နေ့ နံနက်စောစောမဟာဂရုဏာသခင် ဘုရားရှင်တို့၏ ထုံးတမ်...
04/06/2020

နယုန်လပြည့်..(မဟာသမယနေ့)

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
မြတ်စွာဘုရားရှင်သည် နယုန်လပြည့်နေ့ နံနက်စောစော
မဟာဂရုဏာသခင် ဘုရားရှင်တို့၏ ထုံးတမ်းစဉ်လာအရ
ဒီနေ့ အဘယ်ဝေနေယျတို့အား ခြွေချွတ်ရပါအံနည်းဟု
သဗ္ဗညုတရွှေဥာဏ်တော်ကွန်ယက် ဖြန့်ကျက်ကြည့်ရှု
တော်မူတဲ့အခါ နယုန်လပြည့်နေ့ နံနက်ပိုင်းမှာဘဲ
ရောဟိနီမြစ်ကမ်းသောင်ယံမှာ ကောလိယနှင့်ကပ္ပိလ
နှစ်ပြည်ထောင်သား ဆွေမျိုးများတို့ စစ်ပွဲကြီး ဆင်နွှဲတိုက်
ခိုက်ကြကာ အသက်များစွာသေကြေပျက်စီးအချည်းအနှီး
ဖြစ်ကြတော့မှာကို မြင်တော်မူလို့ ရောဟိနီမြစ်ကမ်းဆီကို
ကောင်းကင်ခရီးဖြင့် ကြွတော်မူပါတယ်။

စစ်ပွဲကြီး ငြိမ်းချမ်းရေးရဖို့အတွက် မူဝါဒခြောက်ချက်
ဥပမာ..ဥပမေယျံနောက် သာဓကတွေနဲ့ ဟောပြခဲ့လို့
နှစ်ပြည်ထောင်စစ်ပွဲကြီး ငြိမ်းစဲကာ ငြိမ်းချမ်းရေးရခဲ့
လေ၏။

နှစ်ပြည်ထောင်ဘက်က စစ်သည် ၅၀၀တို့က ရဟန်းပြု၍
မြတ်စွာဘုရားနှင့်အတူ လိုက်ပါလာခဲ့ကြလို့ ဟိမဝန္တာက
ကုဏ္ဍာလရေအိုင်ကြီးနားမှာနေရင်း တရားနာကြရကာ
ဒီစစ်သည်၅၀၀တို့သည် ရဟန္တာဖြစ်ခဲ့ကြရလေ၏။

မြတ်စွာဘုရားသည် စစ်သည်ကဖြစ်လာတဲ့ ရဟန္တာ၅၀၀
နှင့်အတူ ကုဏ္ဍာလရေအိုင်ကနေ မဟာဝနလို့အမည်ရတဲ့
တောမြိုင်ထဲကို ခရီးဆက်ခဲ့ပြန်လေ၏။

မဟာဝုန်တောကြီးရဲ့ သာယာကြည်နူးဖွယ် နားနေဖို့
အလွန်ကောင်းတဲ့ နေရာတစ်နေရာမှာ မြတ်ဗုဒ္ဓစခန်းချ
နားနေတော်မူတဲ့အခါ နေလုံးကြီးကလည်း ဝင်ပြီးစ
လဝန်းကြီးကလည်း အရှေ့ဘက်က ပြည့်ပြည့်ဝဝကြီး
ထွက်ပေါ်လာတဲ့အချိန်ပေါ့။ဒီအချိန်မှာ မရေမတွက်နိုင်
အောင် များပြားလှတဲ့ နတ်​ဗြဟ္မာတွေ အစုလိုက်အဖွဲ့က
ရောက်လာကြပြီး မြတ်စွာဘုရားနဲ့ရဟန္တာတွေကို
ဖူးမဝဖြစ်ခဲ့ကြရလေ၏။

နတ်္ဗြဟ္မာတွေက တစ်လှည့်စီ တစ်လှည့်စီ ဘုရားရှင်ကို အနီးကပ်ဖူးတဲ့အခါ အဲဒီနတ်္ဗြဟ္မာတွေ
ကို စစ်သည်ရဟန္တာ ၅၀၀တို့နှင့် မိတ်ဆက်ပေးသလို
ချစ်သားတို့..ဟောဒီနတ် ဟောဒီ္ဗြဟ္မာတွေကတော့
ဘယ်ဘုံမှာနေတယ်၊ ဘယ်လိုတန်ခိုးဣဒ္ဓိပါဒ်တွေရှိတယ်
အခြံအရံတွေကလည်း ဘယ်လောက်များတယ်၊
နာမည်ကတော့ ဘယ်လိုခေါ်တယ် စသဖြင့် ထုတ်ဖော်
ပြောခဲ့လို့ မဟာသမယသုတ်တော်ဆိုတာ ပေါ်ပေါက်ခဲ့ရ
လေ၏။

ဒီမဟာသမယသုတ်တော်သည် နတ်္ဗြဟ္မာ အလွန်ချစ်
ခင် ကြည်ညိုတဲ့ သုတ်တော်ဖြစ်လို့ နတ်ချစ်ဆေးဟုပင်
တင်စားခေါ်ဝေါ်ကြပါတယ်။

နောက်တစ်ခါရောက်လာတဲ့္ဗြဟ္မာတွေကို သံသရာမှ
လွတ်မြောက်စေနိုင်တဲ့ စရိုက်ခြောက်ပါးတရားတော်တွေ
ကို ဟောကြားတော်မူခဲ့တာလည်း နယုန်လပြည့်နေ့ပါ။

စရိုက်ခြောက်ပါးတရားတော်တွေ ဟောတော်မူတဲ့အခါ
နတ်္ဗြဟ္မာတွေ လွယ်လွယ်ကူကူနဲ့ နားလည်နိုင်အောင်
နိမ္မိတရုပ်ပွားတော်တစ်ဆူ ဖန်ဆင်းတော်မူခဲ့တာလည်း
နယုန်လပြည့်နေ့ပါ။

အဖိုးမတန်တဲ့ ဘာမဟုတ်တဲ့ သက်မဲ့ဖြစ်သော ရေကို
စပါးစိုက်တောင်သူများမှ အဖိုးမဖြတ်နိုင်သော
အသိဉာဏ်ရှိတဲ့ လူတွေရဲ့အသက်နဲ့ စတေးကြဖို့ စစ်ခင်းဖို့
နှစ်ပြည်ထောင်ဆွေမျိုးများအား စစ်ပွဲကြီးဆင်နွှဲဘို့ကို
တရားတည်းဟူသော ဓမ္မဖြင့် ဆုံးမတော်မူခဲ့သော
မဟာဂရုဏာရှင် မြတ်စွာဘုရားအား နယုန်လပြည့်နေ့
ရောက်တိုင်း ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့်
မှန်းဆကာ ရှိခိုးကော်ရော် ပူဇော်လိုက်ရပါပေ၏
မြတ်စွာဘုရား........။

🔸Crd-ကိုအောင်သန်းကျော်🔸

🙏ဓမ္မဒါနဖြင့်ပြန်လည်မျှဝေကုသိုလ်ပြုပါသည်။🙏

💦Aye_Aye_Cho💦

Address

Sagaing Division
Kyunhla

Alerts

Be the first to know and let us send you an email when Kyunhla Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kyunhla Township:

Share