Kyauk Taung "Wa" Baptist Church, Lashio

Kyauk Taung "Wa" Baptist Church, Lashio အသင်းတော်သည် ကမ္ဘာကြီး၏ မျော်လင်ခြင်း

ဦးအိုက်တန်း၏ ဇနီး၊ ဆရာမ ယေ့ကား ၏မိခင် ဒေါ်အုပ်ဆင်း (ခေါ်) ဒေါ်အုပ်စေး ၁၃.၇.၂၀၂၆ အချိန် ၄း၁၅ အချိန်တွင် ခရစ်တော်၌ အိပ်ပျ...
13/07/2026

ဦးအိုက်တန်း၏ ဇနီး၊ ဆရာမ ယေ့ကား ၏မိခင် ဒေါ်အုပ်ဆင်း (ခေါ်) ဒေါ်အုပ်စေး ၁၃.၇.၂၀၂၆ အချိန် ၄း၁၅ အချိန်တွင် ခရစ်တော်၌ အိပ်ပျော်ပြီဖြစ်ကြောင်း

ညစဥ် ၆ နာရီ နှစ်သိမ့်ဝတ်ရှိပါသည်။

#ကျောက်တောင် ဝ အသင်းတော်

🛕⛪📅 Date : 12 JULY 2026, Judson's Day, KWBC LASHIO,  SUNDAY WORSHIP SERVICES✝ Dawn Prayer⏰ Time 6:00Am✝ Church School⏰Ti...
11/07/2026

🛕⛪📅 Date : 12 JULY 2026, Judson's Day, KWBC LASHIO, SUNDAY WORSHIP SERVICES

✝ Dawn Prayer
⏰ Time 6:00Am

✝ Church School
⏰Time: 8:00 Am

✝ Corporate Service
⏰Time: 11:00 Am
📢 Speaker. Rev. Ai Pao Rai
📣📣 Workship Leaders- Am & At

🏠 Home Cell- U Cip Rai
⏰Time: 1:00 Pm
📢 Speaker. Tax Nyi Phu (Deacon)

တနင်္ဂနွေနေ့✝ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို

✝ အာရုဏ်ဉီးဆုတောင်း
⏰ မနက်ခင်း 6:00Am

☦ ဓမ္မပညာကျောင်း
​🔹 မနက်ခင်းပိုင်း ၈း၀၀ နာရီ

✝ စုပေါင်းဝတ်ပြုခြင်း
🔹 နေ့လည်ခင်း ၁၁း၀၀ နာရီ နှင့်

💟 အိမ်ထောင်စည်းဝေး
🔹 ညနေခင်း ၁း၀၀ နာရီ

#ကျောက်တောင်ဝအသင်းတော်
#ဝအသင်းတော်

#အားယူလျက်ရဲရင့်ခြင်းရှိလော့

လားရှိုးမြို့လေး ဘေးကင်းပါစေ။Credit. original source  #ကျောက်တောင်ဝအသင်းတော် #အားယူရဲရင့်ကြပါစို့
09/07/2026

လားရှိုးမြို့လေး ဘေးကင်းပါစေ။

Credit. original source

#ကျောက်တောင်ဝအသင်းတော်
#အားယူရဲရင့်ကြပါစို့

🛕⛪📅 Date : 5 JULY 2026, ဒေသနာခေါင်းစဉ် - စစ်မှန်သော ယုံကြည်မှု နိဒါန်းစစ်မှန်သော ယုံကြည်မှုဆိုသည်မှာ ဘဝတစ်ခုလုံးကို ဘုရာ...
07/07/2026

🛕⛪📅 Date : 5 JULY 2026, ဒေသနာခေါင်းစဉ် - စစ်မှန်သော ယုံကြည်မှု

နိဒါန်း
စစ်မှန်သော ယုံကြည်မှုဆိုသည်မှာ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ပုံအပ်ပြီး၊ ကိုယ်တိုင်ရွေးချယ်ကာ၊ စတေးမှုများဖြင့် လျှောက်လှမ်းရသော လမ်းစဉ်ဖြစ်သည်။ ထိုစစ်မှန်သော ယုံကြည်မှုတွင် မည်သည့်အချက်များ ပါဝင်သနည်းဟူမူ —

၁။ စစ်မှန်သောယုံကြည်မှုသည် "ပြတ်သားသော ရွေးချယ်မှု" ရှိသည်။
ယောရှု ၂၄း၁၅ "ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ယောရှုသည် ဣသရေလလူမျိုးများရှေ့တွင် ဝေဝါးမနေဘဲ မိမိနှင့် မိမိမိသားစုအတွက် ပြတ်သားသော ဆုံးဖြတ်ချက်ကို ချပြခဲ့သည်။ စစ်မှန်သောယုံကြည်မှုသည် လောကနှင့် ဘုရားသခင်ကြား ခြေနှစ်ဖက်ခွခပ်၍ မရပါ။ မိမိတစ်ဦးတည်းတင်မကဘဲ မိမိ၏ အိမ်ထောင်စုတစ်ခုလုံးကို ဘုရားသခင်ဝတ်၌ မွေ့လျော်ရန် ဦးဆောင်ရမည်။ပတ်ဝန်းကျင်က မည်သို့ပင်ဆိုစေ၊ မိမိဘဝအတွက် ထာဝရဘုရားတစ်ပါးတည်းကိုသာ ကိုးကွယ်ကိုးစားရန် ပြတ်သားစွာ ရွေးချယ်ရမည်။

၂။ စစ်မှန်သောယုံကြည်မှုသည် "ကိုယ်ကိုငြင်းပယ်ခြင်းနှင့် စတေးခြင်း" ရှိသည်။ လုကာ ၉း၂၃ "အကြင်သူသည် ငါ့နောက်သို့ လိုက်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုငြင်းပယ်၍ မိမိလက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်းလျက် ငါ့နောက်သို့ လိုက်စေ။" သခင်ယေရှုနောက်သို့ လိုက်ခြင်းသည် သက်တောင့်သက်သာရှိသော လမ်းမဟုတ်ပါ။ "ကိုယ်ကိုငြင်းပယ်ခြင်း" ဆိုသည်မှာ မိမိ၏ အတ္တ၊ အလိုဆန္ဒနှင့် လောကီအကြိုက်များကို စွန့်လွှတ်ခြင်း ဖြစ်သည်။ "နေ့တိုင်း" မိမိလက်ဝါးကပ်တိုင်ကို ထမ်းခြင်းဖြင့် ယုံကြည်ခြင်းခရီးတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှု၊ ကဲ့ရဲ့မှုနှင့် ဆင်းရဲဒုက္ခများကို လိုလိုလားလား ရင်ဆိုင်ရမည်။ စစ်မှန်သော ယုံကြည်သူသည် မိမိအလိုထက် ဘုရားသခင်၏ အလိုတော်ကို အမြဲဦးစားပေးသည်။
၃။ စစ်မှန်သောယုံကြည်မှုသည် "ဘုရားသခင်၌ အမြဲတည်ခြင်း" ဖြစ်သည်။
ယောဟန် ၁၅း၅ "ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်အလက်ဖြစ်ကြ၏... ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အရာကိုမျှ မတတ်နိုင်ကြပါ။ စစ်မှန်သော ယုံကြည်သူသည် မိမိကိုယ်ကိုယ် အစွမ်းအစရှိသည်ဟု မထင်မှတ်ဘဲ၊ စပျစ်ကိုင်းသည် စပျစ်နွယ်ပင်ကို မှီခိုရသကဲ့သို့ ဘုရားသခင်ကို အကြွင်းမဲ့ မျှော်ကြည့်ကိုးစားသည်။ ဘုရားသခင်နှင့် ကွာရှင်းသောဘဝသည် အသက်မဲ့ပြီး အသီးမသီးနိုင်ပါ။
လောကီစီးပွား၊ ရာထူး၊ အောင်မြင်မှုများထက် ဘုရားသခင်နှင့် မိမိကြားရှိသော ဆက်ဆံရေး (ယုံကြည်ခြင်း၌ တည်နေခြင်း) ကို ပိုမိုဦးစားပေး ရွေးချယ်ရမည်။ နေ့ရက်စဉ်တိုင်း ဘုရားသခင်၌ တည်နေခြင်းအားဖြင့် ဘဝတွင် အဓိပ္ပာယ်ရှိသော ဝိညာဉ်ရေးရာအသီးအပွင့်များ သီးပွင့်လာပြီး၊ ထိုလမ်းစဉ်သည်ပင်လျှင် ထာဝရအသက်လမ်းသို့ လျှောက်လှမ်းခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် ကွာလျှင် အဘယ်အရာကိုမျှ မတတ်နိုင်ပါ။ ထို့ကြောင့် လောကအရာများကို ရွေးချယ်မည့်အစား စပျစ်နွယ်ပင်ဖြစ်သော သခင်ယေရှု၌ အမြဲမိတ္တဟာရဖွဲ့ တည်နေကြပါစို့။ ထိုသို့တည်နေခြင်းကသာ ကျွန်ုပ်တို့ကို အသီးသီးစေပြီး ထာဝရအသက်ပိုင်ဆိုင်ခြင်း အာမခံချက်ကို ပေးပါလိမ့်မည်။ ပုံပြင်တစ်ပုဒ်နဲ့့ အဆုံးသတ်ပါရစေ။
တစ်ခါက သူဌေးကြီးတစ်ဦးထံမှာ သစ္စာရှိရှိနဲ့ ခေါင်းမဖော်တမ်း အလုပ်အကျွေးပြုနေတဲ့ အလုပ်သမားတစ်ယောက် ရှိခဲ့တယ်။ သူဟာ တစ်သက်လုံး ငွေနောက်ကိုပဲ လိုက်ခဲ့ပြီး စည်းစိမ်ဥစ္စာ စုဆောင်းရတာကို အရူးအမူး ဝါသနာပါသူပေါ့။
တစ်နေ့မှာတော့ ဘုရားသခင်က သူ့ထံ ကိုယ်ထင်ပြပြီး—
“ဒီနေ့ညမှာ မင်းရဲ့ အသက်ဝိညာဉ်ကို ငါသိမ်းဆည်းတော့မယ်” လို့ မိန့်တော်မူလိုက်တယ်။
အလုပ်သမားလည်း ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းပဲ သူဌေးကြီးဆီ ပြေးသွားတော့တယ်။
“သခင်ကြီး… ကျွန်တော်မျိုး ဒီနေ့ည သေရတော့မယ်။ ဒါကြောင့် ကျွန်တော် တစ်သက်လုံး စုဆောင်းထားခဲ့တဲ့ ရွှေတွေ၊ ငွေတွေကို ထုတ်ပိုးပြီး တစ်ပါတည်း ယူဆောင်သွားခွင့်ပြုပါ။ နောင်တမလွန်ဘဝ ရောက်တဲ့အခါ သုံးစရာရှိအောင်လို့ပါ” လို့ တောင်းပန်ခွင့်ပြုချက်ယူပြီး၊ ရွှေတုံး ရွှေခဲတွေကို အိတ်ကြီးအိတ်ငယ်တွေထဲ အပြည့်အသိပ် ထည့်၊ ကျောမှာပိုးလို့ သေခြင်းတရားကို ရင်ဆိုင်လိုက်ပါတော့တယ်။
တကယ်ပဲ ည ရောက်တဲ့အခါ သူ သေဆုံးသွားခဲ့တယ်။
သူဟာ ရွှေအိတ်ကြီးကို အသည်းအသန်ပိုးပြီး ကောင်းကင်နိုင်ငံရဲ့ တံခါးဝကို ရောက်သွားတဲ့အခါ တံခါးစောင့်ဖြစ်တဲ့ ရှင်ပေတရု နဲ့ လမ်းမှာ ဆုံကြတာပေါ့။
ရှင်ပေတရုက မောဟိုက်နေတဲ့ သူ့ကိုကြည့်ပြီး—
“အို… လူသား၊ မင်း ကောင်းကင်နိုင်ငံကို လာတာတောင် ဘာတွေ အသည်းအသန် လေးလံပိုးမက္မလာတာလဲ” လို့ မေးလိုက်တယ်။
ထိုလူကလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့—
“ဒါက ကျွန်တော် နောင်တမလွန်မှာ သုံးဖို့ ကမ္ဘာမြေကနေ ခက်ခက်ခဲခဲ သယ်လာတဲ့ အဖိုးတန် ရွှေတွေ၊ ငွေတွေပါ ဘုရား” လို့ ပြောပြီး အိတ်ကို ဖွင့်ပြလိုက်တယ်။
ရှင်ပေတရုက အိတ်ထဲကို ငုံ့ကြည့်ပြီး အံ့သြတုန်လှုပ်ဟန်နဲ့ အော်လိုက်တာက—
“ဟင်… မင်းက ကောင်းကင်နိုင်ငံမှာ လမ်းခင်းတဲ့ 'ကတ္တရာစေး' တွေကို ဘာလို့ ဒီလောက်အပင်ပန်းခံပြီး အလေးကြီး သယ်လာရတာလဲ”
ကောင်းကင်နိုင်ငံမှာတော့ သူတို့ အသက်ထက်မြတ်နိုးတဲ့ ရွှေတွေဟာ ခြေနင်းတဲ့ လမ်းမတွေသာ ဖြစ်နေလို့ပါပဲ။ ထိုလူဟာ ကမ္ဘာမြေမှာ ဘာတန်ဖိုးမှမရှိတဲ့ ကတ္တရာစေး (ရွှေ) အတွက်နဲ့ တစ်သက်လုံး ရုန်းကန်ခဲ့ရ၊ သေခါနီးအထိ အလေးကြီး သယ်ပိုးခဲ့ရတာကို သိသွားတဲ့အခါကျမှပဲ အကြီးအကျယ် နောင်တရသွားပါတော့တယ်။
သင်ခန်းစာ။ ။ လောကီစည်းစိမ်ဆိုတာ သေခြင်းတရားရဲ့ တစ်ဖက်ကမ်းမှာ ဘာတန်ဖိုးမှ မရှိပါလား။ ဉာဏ်ပညာရှိသူတို့သည် မြေကြီးပေါ်၌ ဘဏ္ဍာကိုမစုဆောင်းဘဲ ကောင်းကင်ဘုံ၌သာ ဝိညာဉ်ရေးရာဘဏ္ဍာကို စုဆောင်းကြကုန်၏။

အားလုံး အပေါ်မှာ ဘုရားကောင်းကြီး ပေးပါစေ။

#ကျောက်တောင်ဝအသင်းတော်
#အားယူရဲရင့်ခြင်းရှိလော့

03/07/2026

🛕⛪📅 Date : 5 JULY 2026, Communion Day, KWBC LASHIO, SUNDAY WORSHIP SERVICES

✝ Dawn Prayer
⏰ Time 6:00Am

✝ Church School
⏰Time: 8:00 Am

✝ Corporate Service
⏰Time: 11:00 Am
📢 Speaker. Sramax Yex Ka
📣📣 Workship Leaders- Am & At

🏠 Home Cell-
⏰Time: 1:00 Pm
📢 Speaker. Rev. Ai Paung Rai

တနင်္ဂနွေနေ့✝ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို

✝ အာရုဏ်ဉီးဆုတောင်း
⏰ မနက်ခင်း 6:30Am

☦ ဓမ္မပညာကျောင်း
​🔹 မနက်ခင်းပိုင်း ၈း၀၀ နာရီ

✝ စုပေါင်းဝတ်ပြုခြင်း
🔹 နေ့လည်ခင်း ၁၁း၀၀ နာရီ နှင့်

💟 အိမ်ထောင်စည်းဝေး
🔹 ညနေခင်း ၁း၀၀ နာရီ

#ကျောက်တောင်ဝအသင်းတော်
#ဝအသင်းတော်

#အားယူလျက်ရဲရင့်ခြင်းရှိလော့

🛕⛪📅 Date : 28 June 2026, Happy U Naw's Day, KWBC LASHIO,  SUNDAY WORSHIP SERVICESခေါင်းစဉ်ခေါင်းစဉ် - ခရစ်တော်၌ အသက်ရှင်...
30/06/2026

🛕⛪📅 Date : 28 June 2026, Happy U Naw's Day, KWBC LASHIO, SUNDAY WORSHIP SERVICES

ခေါင်းစဉ်ခေါင်းစဉ် - ခရစ်တော်၌ အသက်ရှင်စို့

အခြေပြုကျမ်း - မဿဲ ၅း၃၊ ၈၊ ရောမ ၅း၁၇-၁၈

၁။ နိဒါန်း
မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ (အထူးသဖြင့် နှစ်ခြင်းအသင်းတော်များ) သည် မြန်မာလူမျိုးထဲမှ ပထမဆုံး သက်ဝင်ယုံကြည်သူဖြစ်သော ဦးနော၏ သက်ဦးဆံပိုင်ခေတ် ဖိအားများကြားမှ ရဲရင့်သော ယုံကြည်ခြင်းကို ဂုဏ်ပြုသောအားဖြင့် ၎င်းဗတ္တိဇံခံယူခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကို "ဦးနောနေ့" (U Naw Day) အဖြစ် သတ်မှတ်ခဲ့ကြသည်။ နှစ်ခြင်းသာသနာနှင့် ပထမဦးဆုံးအသီးအပွင့် ဦးနောဖြစ်သည်။ ထိုကြောင့်လက်ရှိတွင် မြန်မာနိုင်ငံနှစ်ခြင်းသာသနာတော်သည် သက်တမ်းအားဖြင့် (၂၀၇) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ယနေ့တွင် ဦးနော၏ အသက်တာကို စံနမူနာယူပြီး ခရစ်တော်၌ မည်သို့အသက်ရှင်ရမည်ကို ဆင်ခြင်ကြရန်။

၂။ ဦးနော၏ အသက်တာကို ကြည့်လျှင် ရိုးသားခြင်း၊ နှိမ့်ချခြင်း၊ ဖြောင့်မတ်ခြင်းနှင့် အထူးသဖြင့် နှလုံးသားဖြူစင်ခြင်းဝိသေသလက္ခဏာများကို တွေ့ရသည်။ ခရစ်တော်၌ အသက်ရှင်သူသည် ဤသို့သော နှလုံးသားရှိရမည်။
"စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။" (မဿဲ ၅း၃)
"စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။" (မဿဲ ၅း၈)

၃။ ခရစ်တော်အားဖြင့် သေခြင်းကိုကျော်လွှား၍ စိုးစံအသက်ရှင်ခြင်း
လောကတွင် ခရစ်တော်မပါဘဲ အသက်ရှင်ရန် ကြိုးစားပါက ဘဝခရီးသည် အလွန်ခက်ခဲပင်ပန်းလှသည်။ ခရစ်တော်၌ အသက်ရှင်ခြင်းကသာ လွတ်မြောက်ခြင်းနှင့် စိုးစံခြင်းကို ပေးနိုင်သည်။
လူတစ်ယောက် (အာဒံ) ၏ ပြစ်မှားခြင်းကြောင့် လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရပြီး သေခြင်းတရား၏ အစိုးရခြင်းကို ခံခဲ့ရသည်။ (ရောမ ၅း၁၇က၊ ၁၈က)
"ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြတ္တံ့။" (ရောမ ၅း၁၇ခ)
ယေရှုခရစ်တော်တစ်ပါးတည်း၏ ဖြောင့်မတ်ခြင်းအမှုကြောင့် ကျွန်ုပ်တို့သည် အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ရှိခွင့် ရခဲ့ကြသည်။ (ရောမ ၅း၁၈ခ)
ခရစ်တော်အတွက် အသက်မရှင်ဘဲ မိမိအလိုအတိုင်း ရှင်သန်နေမည်ဆိုပါက ဘဝသည် ခက်ခဲပင်ပန်းနေမည် ဖြစ်သော်လည်း၊ ခရစ်တော်၌ ရှင်သန်ပါက ကျေးဇူးတော်ကြောင့် ဘဝကို အောင်မြင်စွာ စိုးစံနိုင်မည်ဖြစ်သည်။

၄။ နိဂုံး
ပထမဦးဆုံးသော ယုံကြည်သူ ဦးနောကဲ့သို့ ရိုးသားဖြောင့်မတ်ပြီး ဖြူစင်နှိမ့်ချသော နှလုံးသားဖြင့် ဘုရားသခင်ကို ရှာဖွေကြပါစို့။
အပြစ်နှင့် သေခြင်းတရားအောက်မှာ အရှုံးပေးမည့်အစား ယေရှုခရစ်တော်ပေးသော ကျေးဇူးတော်ကို ကိုင်စွဲကာ"ခရစ်တော်၌ သာ၍ အသက်ရှင်စိုးစံ" သွားကြပါစို့။

God bless you all

By Sramax Yex Ka
#ကျောက်တောင်ဝအသင်းတော်
#အားယူလျက်ရဲရင့်ခြင်းရှိလော့

၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းကို 1. ဦးဂျစ်ရိုင်း၏သမီး မအီးဆင်းရိုင်း (ကျောက်တောင်)2. ဦးအိုက်ယွန်းခွန်း၏သား မောင်ဆမ...
27/06/2026

၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းကို
1. ဦးဂျစ်ရိုင်း၏သမီး မအီးဆင်းရိုင်း (ကျောက်တောင်)
2. ဦးအိုက်ယွန်းခွန်း၏သား မောင်ဆမ်းချင်း (ဗျူဟာလမ်း)
3. ဦးအိုက်မွန်းခွက်၏သမီးများ(အမွှာ) အီးခရောင်းမွန်း (မိုင်းမောလမ်း)
4. ဦးအိုက်မွန်းခွက်၏သမီး (အမွှာ) အမ်းဖောမ်းမွန်း (မိုင်းမောလမ်း)
5. ဦးအိုက်ဆင်း၏သား အိုက်ကတ်ဆင်း (မန်ပျဥ်)
6. ဦးအိုက်ပေါင်းကပ်၏သမီး ယေ့ခရီးပေါင်း (ဗျူဟာလမ်း)
7. ဦးဆမ်မိန်း၏သား ညီနပ်မိန်း (ဟိုပန်)
8. မအီမွန်း (မက်မန်း)
9. အိုက်မွန်း (ဟိုပန်ရုံးကုန်း)
10. ယေ့ကတ်
11. ယေ့ယွန်းကတ်
13. အီတောင်းကတ်
14. အမ်းနွယ်
15. မမာထား (နမ္မဗောဒ)
16. ဦး​ဆေးမတ်၏သမီး မနန်ဧကရီဆေးမတ် (ဟိုပန်)

တို့ ထူးချွန်စွာအောင်မြင်ကြောင်းကြားသိဂုဏ်ယူပါပါသည်

#ကျောက်တောင်ဝအသင်းတော်
#အားယူလျက်ရဲရင့်ခြင်းရှိလော့

🛕⛪📅 Date : 28 June 2026, Happy U Naw's Day, KWBC LASHIO,  SUNDAY WORSHIP SERVICES✝ Church School⏰Time: 8:00 Am✝ Corporat...
26/06/2026

🛕⛪📅 Date : 28 June 2026, Happy U Naw's Day, KWBC LASHIO, SUNDAY WORSHIP SERVICES

✝ Church School
⏰Time: 8:00 Am

✝ Corporate Service
⏰Time: 11:00 Am
📢 Speaker. Sramax Yex Ka
📣📣 Workship Leaders- Am & At

🏠 Home Cell- Yax Yex Khawt
⏰Time: 1:00 Pm
📢 Speaker. Rev. Ai Paung Rai

တနင်္ဂနွေနေ့✝ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို
☦ ဓမ္မပညာကျောင်း
​🔹 မနက်ခင်းပိုင်း ၈း၀၀ နာရီ

✝ စုပေါင်းဝတ်ပြုခြင်း
🔹 နေ့လည်ခင်း ၁၁း၀၀ နာရီ နှင့်

💟 အိမ်ထောင်စည်းဝေး
🔹 ညနေခင်း ၁း၀၀ နာရီ

#ကျောက်တောင်ဝအသင်းတော်
#ဝအသင်းတော်

#အားယူလျက်ရဲရင့်ခြင်းရှိလော့

Rev. ငို့ဆိုက်ရုန်း၏ ဇနီး၊ ဆရာအိုက်မွန်းဆိုက်၊ ညီနပ်ဆိုက်၊ ဆမ်းလေးဆိုက်၊ စိုင်းပေါင်းဆိုက်၊ ငိုရုန်းဆိုက်၏ မိခင် ဆရာမ ဒေ...
23/06/2026

Rev. ငို့ဆိုက်ရုန်း၏ ဇနီး၊ ဆရာအိုက်မွန်းဆိုက်၊ ညီနပ်ဆိုက်၊ ဆမ်းလေးဆိုက်၊ စိုင်းပေါင်းဆိုက်၊ ငိုရုန်းဆိုက်၏ မိခင် ဆရာမ ဒေါ် အမ်းနပ် အသက် (၅၉)နှစ် ခရစ်တော်၌ အိပ်ပျော်ပြီဖြစ်ကြောင်း ညိုးငယ်စွာ အကြောင်းကြားအပ်ပါသည်။

Edit,

Rev. ငို့ဆိုက်ရုန်းနေအိမ်
ပါရမီလမ်းသွယ် (၁၁)၊ လားရှိုးမြို့
ဧည့်ခံချိန် - ၉နာရီ - ၁၁နာရီ
ဝတ်ပြုချိန် - ၁၂ နာရီ
ပို့ဆောင်ချိန် - ၁ နာရီ
နေ့ရက် - ၂၅.၆.၂၀၂၆

ဆရာမအမ်းနပ်
#ကျောက်တောင်ဝအသင်းတော်
#အားယူလျက်ရဲရင့်ခြင်းရှိလော့

🛕⛪📅 Date : 21 June 2026, Happy Father's Day, တရားဒေသနာ​ပြန်လည်ပြောပြခြင်းခေါင်းစဉ် - သင်မည်ကဲ့သို့သော ဖခင်မျိုးလဲ/သင်မည်...
21/06/2026

🛕⛪📅 Date : 21 June 2026, Happy Father's Day, တရားဒေသနာ​ပြန်လည်ပြောပြခြင်းခေါင်းစဉ် - သင်မည်ကဲ့သို့သော ဖခင်မျိုးလဲ/သင်မည်ကဲ့သို့သောသားသမီးဖြစ်ပါသလဲ?

၁ကော ၁၅း၅၈
"ထိုကြောင့် ငါချစ်သော ညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။"

နိဒါန်း
ယနေ့ခေတ်ကာလတွင် မိသားစုတစ်ခုကို ဦးဆောင်ရသော ဖခင်များ၏ ပခုံးထက်က ဝန်ထုပ်ဝန်ပိုးများသည် ယခင်ကထက် ပိုမိုလေးလံလာပြီး၊ ပိုမိုပင်ပန်းနွမ်းနယ်ကြရပါသည်။ သို့သော်လည်း မိသားစုကို ဦးဆောင်ခြင်းနှင့် သားသမီးများကို ဘုရားသခင်၏ လမ်းစဉ်အတိုင်း ပျိုးထောင်ခြင်းသည် ဘုရားသခင်ပေးအပ်ထားသော ကြီးမြတ်လှသည့် "တာဝန်နှင့် ကောင်းချီး" ဖြစ်သည်။ ထို့ကြောင့် မိမိတို့သည် မည်သို့သော ဖခင်မျိုးဖြစ်နေသလဲဆိုသည်ကို သမ္မာကျမ်းစာလာ ဖခင်များ၏ အသက်တာနှင့် နှိုင်းယှဉ်ကာ ဆန်းစစ်ကြည့်ကြပါစို့။

၁။ အချစ်ကိုစတေး၍ အမြတ်ဆုံးကို ရယူခဲ့သော ဖခင် (အာဗြဟံ)
ယုံကြည်ခြင်း၏ဖခင် အာဗြဟံသည် သားသမီးမရခင်အချိန်က ပတ်ဝန်းကျင်၏ ဝေဖန်ကဲ့ရဲ့မှုများကို ခံခဲ့ရသော်လည်း၊ ကတိတော်အတိုင်း သားရတနာ ဣဇာက်ကို ရရှိသောအခါ အတိုင်းမသိ ဝမ်းမြောက်ပျော်ရွှင်ခဲ့ရသည်။ သို့သော်လည်း ထိုမျှအသက်ထက်ချစ်ရသော သားကို ဘုရားသခင်က ယဇ်ပူဇော်ရန် တောင်းခံလာသည့်အခါ အာဗြဟံသည် မိမိ၏အချစ်ကို စတေးပြီး ဘုရားသခင်အပေါ် လုံးဝ (နာခံ) ခဲ့သည်။ ထိုသို့ မိမိအချစ်ဆုံးအရာထက် ဘုရားသခင်ကို ပိုမိုချစ်ပြနိုင်ခဲ့ခြင်းကြောင့် သူ၏သားသမီးများနှင့် မျိုးဆက်များအတွက် "ယုံကြည်ခြင်းအမွေအနှစ်" နှင့် "အမြတ်ဆုံးသော ကောင်းချီးကျေးဇူး" ကို ရရှိခဲ့သည်။

၂။ ကွယ်ရာက မျက်ရည်နှင့် ပလ္လင်ရှေ့က ဖခင် (ယောဘ)
ယောဘသည် မိမိ၏သားသမီးများအပေါ် အလွန်ဂရုစိုက်ပြီး စံပြဖြစ်သော ဖခင်တစ်ဦးဖြစ်သည်။ သားသမီးများ ပျော်ပွဲရွှင်ပွဲလုပ်ပြီးတိုင်း "ငါ့သားသမီးတို့သည် အပြစ်ပြု၍ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို စွန့်ပစ်ကြပြီ ခင်လိမ့်မည်" ဟု စိုးရိမ်သောစိတ်ဖြင့် ကွယ်ရာတွင် မျက်ရည်ကျကာ ဘုရားသခင်၏ ပလ္လင်တော်ရှေ့၌ သားသမီးတစ်ဦးစီအတွက် အမြဲတမ်း အပြစ်ဖြေရာယဇ်ကို ပူဇော်ပေးလေ့ရှိသည်။ သားသမီးများ၏ လောကီရုပ်ဝတ္ထု လိုအပ်ချက်ထက် ၎င်းတို့၏ ဝိညာဉ်ရေးရာ ဘုရားသခင်နှင့် ဆက်သွယ်မှုကို ပိုမိုဦးစားပေးပြီး ဆုတောင်းပေးတတ်သော ဖခင်မျိုးဖြစ်သည်။

၃။ သားသမီးကို အချစ်မှားသော ဖခင် (ယဇ်ပုရောဟိတ် ဧလိ)
ယဇ်ပုရောဟိတ် ဧလိသည် ဘုရားသခင်၏ လူတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ ဟန္နက သားရှမွေလကို လာရောက်အပ်နှံရာတွင် ကောင်းမွန်စွာ ထိန်းကျောင်းပေးခဲ့သော်လည်း၊ မိမိ၏ သားအရင်းနှစ်ယောက် (ဟောဖနိနှင့် ဖိနဟတ်) တို့ လမ်းလွဲပြီး ဘုရားသခင်ရှေ့တွင် စက်ဆုပ်ရွံရှာဖွယ် အပြစ်များကို ပြုလုပ်နေကြသည်ကို သိလျက်နှင့် ပြတ်ပြတ်သားသား ကြပ်ကြပ်တည်းတည်း မဆုံးမခဲ့ပေ။ သားသမီးကို အလိုလိုက်ကာ အချစ်မှားခဲ့ခြင်းကြောင့် ဘုရားသခင်သည် အလွန်ဝမ်းနည်းခဲ့ပြီး ဧလိ၏ အိမ်ထောင်စုတစ်ခုလုံး ပျက်စီးခြင်းသို့ ရောက်ရှိခဲ့ရသည်။

၄။ မျက်ရည်စိုသောဘဝခရီးမှာပုခက်လွဲသောလက်များနှင့် ကံကြမ္မာရဲ့ဒဏ်ရာကိုမိဘကျေးဇူးနဲကုစားကြသူများ (ရုသနှင့် ယောသပ်)
ရုသသည် ဖခင်တစ်ဦးမဟုတ်သော်လည်း မိမိ၏ ယောက္ခမ ​ေနာ မိအပေါ် သားသမီးကောင်းပီသစွာ၊ မိခင်အရင်းကဲ့သို့ ပြုစုလုပ်ကျွေးခဲ့သည်။ ကံကြမ္မာ၏ ဆိုးဝါးသောအခြေအနေများကို ကြံ့ကြံ့ခံရင်း ဘုရားသခင်အပေါ် ကိုးစားခဲ့ခြင်းကြောင့် နောက်ပိုင်းတွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ကြွယ်ဝစွာ ခံစားခဲ့ရသည်။ မိသားစုအပေါ် တာဝန်ကျေပွန်ခြင်း၏ စံပြဖြစ်သည်။

ယောသပ် - ယောသပ်၏ ဘဝသည်လည်း ခါးသီးသော သင်ခန်းစာများဖြင့် ပြည့်နှက်နေသည်။ မိမိ၏ ညီအစ်ကိုများ၏ ရောင်းစားခြင်းကို ခံခဲ့ရသော်လည်း အငြိုးအတေးမထားဘဲ ဘုရားသခင်၏ အလိုတော်ကို နားလည်ခဲ့သည်။ ခက်ခဲသော ကံကြမ္မာဆိုးများကြားထဲကပင် ဘုရားသခင်၏ မစခြင်းကို ရရှိကာ မိမိ၏ မိသားစု၊ ဆွေမျိုးတစ်စုလုံးကို ပြန်လည်ကယ်တင်ကျွေးမွေးနိုင်သော "အကာအကွယ်ပေးသည့် ဖခင်/ခေါင်းဆောင်" ဖြစ်လာခဲ့သည်။

နိဂုံး
အသက်ကြီးရင့်သော ဖခင်များ၏ ဘဝအတွေ့အကြုံနှင့် သက်သေခံချက်များသည် ယနေ့မျိုးဆက်သစ်များအတွက် ကြီးမားသော ခွန်အားဖြစ်သည်။ ယနေ့ခေတ်ကာ​​လပြောင်းလဲလာပေမဲ့ဖခင်တစ်ယောက်ရဲ့ပုခုံးပေါ်ကတာဝန်နဲ့စာတန်ရဲ့တိုက်ခိုက်မှုသည်လျော့မသွားဘဲ အိမ်ထောင်ဦးစီး ဖခင်များကို ပိုမို၍ စုံစမ်းနှောင့်ယှက်ခြင်းခံရ လျက်ရှိသည်။
ထို့ကြောင့် ဖခင်များအပေါင်းတို့...
သားသမီးကို အလိုလိုက်ပြီး လမ်းမှားစေခဲ့သော ဧလိကဲ့သို့သော ဖခင်မျိုး မဖြစ်ကြဘဲ၊ သားသမီးအတွက် ကွယ်ရာမှာ ဆုတောင်းမျက်ရည်ကျပေးတတ်သော ယောဘကဲ့သို့၎င်း၊ အခက်အခဲများကြားမှ မိသားစုကို ကောင်းချီးဖြစ်စေသော ရုသ၊ ယောသပ်တို့ကဲ့သို့၎င်း၊ မိမိထက် ဘုရားသခင်ကို ပိုချစ်သော အာဗြဟံကဲ့သို့၎င်း သခင်ဘုရား၏ အမှုတော် (မိသားစုတာဝန်) ၌ မရွေ့လျော့ မတိမ်းယိမ်းဘဲ တည်ကြည်စွာ အားထုတ်သော ဖခင်ကောင်းများ ဖြစ်ကြပါစို့ဟု တိုက်တွန်းရင်း နှုတ်ကပတ်တော်ကို အဆုံးသတ်အပ်ပါသည်။
ဘုရားသခင် ကောင်းချီးပေးပါစေ။

#ဆရာမနန်းနွံဝမ်း
#ကျောက်တောင်ဝအသင်းတော်
#အားယူလျက်ရဲရင့်ခြင်းရှိလော့
#ဆားနှင့်အလင်း

Address

အေးချမ်းသာယာလမ်းသွယ်(၆) ရပ်ကွက်(၁)၊
Lashio

Website

Alerts

Be the first to know and let us send you an email when Kyauk Taung "Wa" Baptist Church, Lashio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category