03/08/2026
3/8/2026
လားရှိုးမြို့၊ Flower group မန်ဘာဝင်များ သိရှိရန်။
၁။မန်ဘာဝင်များ ၏ လက်ကျန်အရင်း အချိုးအတိုင်း အဖွဲ့လိုက် ရရှိထားသော မြေကွက် (၄၇)ကွက်နှင့် အဆောက်အဦး(၃)လုံး တို့ကိုရောင်းချပြီး ငွေဖော်ခွဲယူကြရန် အဆင့်ရောက်နေပါပြီ။
၂။မြေကွက်(၄၂)ကွက်သာ ဂရန်လျှောက်ထားဆဲဖြစ်ပါသည်။ဤကိစ္စလည်း မူလရောင်းချသူ ရှိုင်းနင်းမြန်မာ ကုမ္ပဏီက မြေဂရန် အမြန်ရရှိနိုင်ရေး ဆောင်ရွက်နေပါသည်။ထွေအုပ်သို့ ဒုတိယအကြိမ်ပြန်လည် လျှောက်ထားရခြင်းဖြစ်သည်။
၃။မိမိအဖွဲ့လိုက်ရရှိထားသောမြေကွက်များ ကို အဖွဲ့လိုက် ကျေနပ်သောဈေးနှုန်းဖြင့် EC နှင့် ပူးပေါင်း၍ မန်ဘာဝင်များ ကိုယ်တိုင် ဝိုင်းဝန်း ရောင်းချကြပါရန် နိုးဆော် အပ်ပါသည်။
၄။ ကျန်ရှိနေသေးသော မြေဂရန် များရရှိရေးကိုလည်း ရှိုင်းနင်းမြန်မာ ကုမ္ပဏီက တာဝန်ယူမည်ဖြစ်ပြီး ၊ဝယ်သူ အမည်ပေါက် လိုအပ်သော စာချုပ်စာတမ်းကို EC နှင့် ပါဝါ ရရှိထားသော ရှေ့နေတို့က စီစဉ်ဆောင်ရွက်ပေးပါမည်။
၅။မြေကွက် (၄၇)ကွက် အဆောက်အဦး အကြမ်း(၆)လုံး နှင့် အဆောက်အဦး (၃) လုံးပါမြေကွက် (၃) ကွက်၊စုစုပေါင်းမြေကွက်(၅၀)နှင့်အဆောက်အဦးတို့ကို လည်း အပြတ် ဝယ်ယူလိုပါက EC နှင့်ဆက်သွယ်ဆောင်ရွက် ကြပါရန် သိစေအပ်ပါသည်။
မှတ်ချက်။။ ယုတ်ရင်း ရိုင်းပျစွာ (comment)ကွန်မန့်ပြုလျှင်( burn )ဘမ်းမည်။