Say Yoe

Say Yoe M.Sc Geology
B.Sc Hons Geology ဆေးရိုး၊ဆင်ဖြူကျွန်း

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကျော်လှိုင်ဦး( ဆင်ဖြူကျွန်း ) ရဲ့ မိခင်ကြီး အသက်ရာပြည့်အကြိုစာအုပ်ထဲရေးထားတဲ့ ကဗျာလေးပါဒင်...
04/01/2026

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကျော်လှိုင်ဦး
( ဆင်ဖြူကျွန်း ) ရဲ့
မိခင်ကြီး အသက်ရာပြည့်အကြိုစာအုပ်ထဲ

ရေးထားတဲ့ ကဗျာလေးပါ

ဒင်္ဂါးစစ်တဲ့မြို့
---------------------
ရာဇဝင် သမိုင်းဆက်နဲ့
တိုင်းကနက် ရဲ့ အောင်မြေမှန် ၊
ဆင်ဖြူတော် ပေါ်ထွန်းသည့်
ဘူမိနက်သန် ။
ရမ်းဖိုကုန်းက သက်သေခံ
မှတ်စေရန် ကြည်တော်စု ၊
ရှေးဘုရင် ရေတပ်က
သည်ရပ်မှာပြု ။

ညောင်ရမ်းခေတ် လှေပဲ့နင်း
ဘွဲနှင်းတဲ့ မင်းရဲကျော်ခေါင် ၊
ဘကြီးတော် စစ်ကိုင်းမင်းစံတော့
မင်းပျံချီ သူရက
ယူပြဘွဲ့ဆောင် ။
မင်းတုန်းမင်း လက်ထက်ဆောင်
ရဲလှရဲခေါင်က လှေပဲ့နင်း၊
ခေတ်အဆက်ဆက်ရယ်က
မြစ်အထက်မှာ လှေတပ်တော်နဲ့
ရွှေအရပ်ပေါ် နေရပ်ဖွဲ့တဲ့
ရေတပ်ရဲ့ကင်း ။

ပါတော်မူ ဘုရင်ခေတ်
ရင်နင့်လို့အသဲနာ ၊
ဓါးဆွဲယူ သူပုန်ထ
အုံကြွတော့တာ။
ဗိုလ်ဗျိုင်းကြီးနဲ့ ဗျိုင်းလေးပါ
သမိုင်းရေးရာမှာ ဓါးကထက် ၊
ငါဆို့နယ် ဆင်ဖြူကျွန်းက
ပေါ်ထွန်းလို့ထွက် ။

နွယ်သာကီ ဆင်ဖြူကျွန်း
ထွန်းပလို့ ရာဇဝင်တည် ၊
ဗိုလ်ဥတ္တမ ဇာနည်သွေးမို့
စွေးစွေးနီနီ ။
သမိုင်းဆက်နဲ့ တိုင်းကနက်မဟီ
အရိုင်းဖက်သည်ကို မနှစ်မြို့ ၊
ပြောင်လို့သာပ
အရောင်မချို့ပါ ဒင်္ဂါးအစစ်တွေမို့
မျဥ်းတားစနစ် မဟုတ်မမှန် က
ငုံ့မခံ သမိုင်းဆက်တွေနဲ့
တိုင်းကနက်မယ် အသရေထွန်းတဲ့
ရွှေကျွန်းတဲ့ဗျို့ ။

စောဦး ( ရဒေး )

24/12/2025

“We Lived Happily During the War”
By Ilya Kaminsky
(Source: Poetry Foundation)
And when they bombed other people’s houses, we
Protested
but not enough, we opposed them but not
enough. I was
in my bed, around my bed America
was falling: invisible house by invisible house by invisible house.
I took a chair outside and watched the sun.
In the sixth month
of a disastrous reign in the house of money
in the street of money in the city of money in the country of money,
our great country of money, we (forgive us)
lived happily during the war............................
“စစ်တွင်းကာလ ငါတို့ ပျော်ပျော်နေတယ်”
ကဗျာစာဆို - အီလ်ယ ကာမင်စကီ
တခြားသူတွေအိမ် သူတို့ ဗုံးကျဲတော့၊ ငါတို့
ဆန္ဒပြတယ်
အဲဒါ မလုံလောက်၊ ငါတို့ ဆန့်ကျင်တယ်၊ သို့သော်
မလုံလောက်။ ငါက
ငါ့အိပ်ယာထဲမှာ၊ ငါ့ကုတင်ပတ်လည်မှာ အမေရိက
ကျနေပြီ၊ ကိုယ်ပျောက်အိမ် တလုံးပြီး တလုံး နောက်တလုံး။
ကုလားထိုင်တလုံးကို အိမ်ပြင် ငါ ထုတ်တယ်၊ နေကို ကြည့်တယ်။
ဆဌမမြောက်လ
ဘဏ္ဍာအိမ် လာဘ်တိတ်တဲ့လ
ဘဏ္ဍာလမ်းမှာ ဘဏ္ဍာမြို့မှာ ဘဏ္ဍာတိုင်းပြည်မှာ၊
ငါတို့ရဲ့ မဟာဘဏ္ဍာနိုင်ငံတော်ကြိး၊ ငါတို့ (ငါတို့ကို ခွင့်လွှတ်ပါ)
စစ်တွင်းကာလ ပျော်ပျော် နေတယ်။.....................................
အီလ်ယ ကာမင်စကီ၊ အမေရိကန်နိုင်ငံသား အပျော်တမ်း ကဗျာဆရာ။ သူ့ကဗျာက ရိုးသားတယ်၊ လှတယ်။ သူများတိုင်းပြည်တွေမှာ စစ်တွေဖြစ်၊ ဗုံးတွေကြဲ။ အောက်ခြေသုံးစကား မတရားဘူး ဘာဘူး ဒီလိုပဲ ပြောကြ ရေးကြတာပါပဲ။ စိုးရိမ်မိတယ် ဘာညာကျတော့ အမြင့်၊ အပေါ်သုံး စကား။ မလုံလောက်မှန်း သိတယ်။ လူကဖြင့် အိပ်ယာထဲက မထဘူး။ အိမ်တွေက ကိုယ်ပျောက်အိမ်တွေ ဖြစ်နေပြီ။ ဘာပြောချင်သည် မသိ။ သူတို့လည်း သူတို့အပူနဲ့သူ။ ငွေပူနောက် အကုန် တသီကြီး လိုက်နေကြရပုံ၊ နောက်ဆုံး အမေရိကန်ကို မဟာဘဏ္ဍာနိုင်ငံတော်ကြီးလို့ လုပ်ထားတယ်။ ငွေ ငွေ ငွေ ပါပဲ။ သူများတိုင်းပြည်တွေမှာ စစ်တွင်းကာလ ဒုက္ခရောက်နေချိန် သူတို့ ပျော်ပျော်နေတာကို ခွင့်လွှတ်ပါလို့ တောင်းပန်တယ်။.......................

19/12/2025

လူတွေနဲ့အဆင်‌ပြေဖို့
ပေါင်းရတာလွယ်ပါတယ်။
တစ်ခုပဲ
စိတ်ထဲရှိတဲ့အတိုင်း
မဆက်ဆံမိဖို့ဘဲ ။
ဆေးရိုး

07/12/2025

. စကမ UEC က ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတဲ့ မြို့နယ် ၂၀၂ မြို့နယ် ( အပိုင်း၁ ၁၀၂+ အပိုင်း၂ ၁၀၀ ) ထဲကမှ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၂၉၃၁ ) စာရင်းထုတ်ပြန်လိုက်ပါတယ်၊ ဘယ်မြို့တွေပါလဲ အသေအချာ မသိရပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အမည်ပဲ တပ်ထားပါတယ် -

ကချင်ပြည်နယ် - ၁၀၆
ကယားပြည်နယ် - ၅၁
ကရင်ပြည်နယ် - ၁၅၆
ချင်းပြည်နယ် - ၈၆
စစ်ကိုင်းတိုင်း - ၉၀၂
တနင်္သါရီတိုင်း - ၈၃
ပဲခူးတိုင်း - ၁၉၇
မကွေးတိုင်း - ၆၈၇
မန္တလေးတိုင်း - ၂၃၆
မွန်ပြည်နယ် - ၁၄၀
ရခိုင်ပြည်နယ် - ၇၁
ရန်ကုန်တိုင်း - -
ရှမ်းပြည်နယ် - ၂၁၂
ဧရာဝတီတိုင်း - ၄
_______________________
စုစုပေါင်း - ၂၉၃၁ ခု
သူတို့ ရွေးကောက်ပွဲလုပ်ဖို့ အပိုင်ချည်တုပ် ကြေညာထားပြီးကာမှ စစ်ကြောင်းထိုးလို့မပေါက် လုံခြုံရေးအခြေအနေမကောင်းတဲ့ မြို့နယ် မဲရုံတွေ အများကြီး ပြန်လျှော့လိုက်ရတာမို့ အခဲမကြေပဲ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို ရက်စက်ယုတ်မာစွာ ဗုံးကြဲတိုက်ခိုက်နေပါတယ်၊ AI Info Team ကတော့ EAR/NAD ကို ကိုးကားပြီး ဒီရက်ပိုင်း သတိပြုရမယ့်ဒေသတွေကို သတိပေးချက်တွေ ထုတ်ပြန်ပေးနေတာ ဖတ်ရှုသတိထားစေချင်ပါတယ်၊ အထူးသဖြင့် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ အပိုင်း ၁ လုပ်မယ့် မြို့နယ်ပတ်ဝန်းကျင်တွေ၊ ဇန္နဝါရီလ ၁၁ ရက် အပိုင်း ၂ လုပ်မယ့် မြို့နယ်အနီးအနား ပါတ်ဝန်းကျင် အနီးအပါးဖြစ်တဲ့ အောက်ဖော်ပြပါ မြို့အနီးအနားဒေသတွေ အခူးဂရုစိုက်ကြဖို့ ထပ်မံသတိပေးအပ်ပါတယ် -

ကချင်ပြည်နယ်
မြစ်ကြီးနား ၊ ဝိုင်းမော်၊ တနိုင်း၊ ပူတာအို၊ မိူးညှင်း၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်း။

ကယားပြည်နယ်
လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘော်လခဲ။

ကရင်ပြည်နယ်

ဖားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ သံတောင်ကြီး၊ မြဝတီ။

ချင်းပြည်နယ်
ဟားခါး၊ တီးတိန်။

စစ်ကိုင်းတိုင်းဒေသကြီး
စစ်ကိုင်း၊ မြင်းမူ၊ ရွှေဘို၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ မုံရွာ၊ ဘုတလင်၊ အရာတော်၊ ချောင်းဦး၊ ကသာ၊ ဝန်းသို၊ ကလေး၊ ကလေးဝ၊ မင်းကင်း၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်း။

တနင်္သါရီတိုင်းဒေသကြီး
ထားဝယ်၊ ရေဖြူ၊ မြိတ်၊ ကျွန်းစု၊ တနင်္သါရီ၊ ကော့သောင်း၊ ဘုတ်ပြင်း။

ပဲခူးတိုင်းဒေသကြီး
ညောင်လေးပင်၊ ဒိုက်ဦး၊ ရွှေကျင်၊ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သာယာဝတိ်၊ လက်ပံတန်း၊ မင်းလှ၊ ဇီးကုန်း၊ နတ်တလင်း၊ မိုးညို။

မကွေးတိုင်းဒေသကြီး
မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲ၊ စလင်း၊ စေတုတ္တရာ၊ သရက်၊ မင်းလှ၊ မင်းတုန်း၊ ကံမ၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါ။

မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်၊ မတ္တရာ၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ တံတားဦး၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း။

မွန်ပြည်နယ်
သံဖြူဇရပ်၊ မုဒုံ၊ ရေး၊ သထုံ၊ ပေါင်၊ ကျိုက်ထို၊ ဘီးလင်း။

ရခိုင်ပြည်နယ်
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်။

ရှမ်းပြည်နယ်
မိုးရယ်၊ တန့်ယန်း၊ မူဆယ်၊ နောင်ချို။

ဧရာဝတီတိုင်းဒေသကြီး
ကျုံပျော်၊ ကျောင်းကုန်း၊ ဟင်္သါတ၊ မြန်အောင်၊ ကြံခင်း၊ သာပေါင်း။

စတဲ့ မြို့အနီးတဝိုက်ဒေသတွေ လေကြောင်းရန်၊ စစ်ကြောင်းထိုးလာမည့်ရန်များ အထူးသတိထားဖို့ ထပ်မံတိုက်တွန်းအသိပေးအပ်ပါသည်။

ပြည်သူများ ဘေးရန်ကင်းဝေးကြပါစေ ။
__________

မိုးကုတ် - မိုးမိတ်ဒေသ နောက်ဆုံးအခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက် ၁၃၈၇၊ နတ်တော်လဆုတ် ၂ ရက်(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်)...
06/12/2025

မိုးကုတ် - မိုးမိတ်ဒေသ နောက်ဆုံးအခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

၁၃၈၇၊ နတ်တော်လဆုတ် ၂ ရက်
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်)

(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့် မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာဒေသတွင်းရှိ PDF များ၊ ပကဖ များကို စုစည်းစေလျက် တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှတဆင့် စစ်ဆင်ရေးကိစ္စများကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိပါသည်။

(၂) တိုက်ပွဲများမဖြစ်ပွါးမီကတည်းက အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်မှုမရှိစေရေးအတွက် ဘေးလွတ်ရာနယ်မြေများသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ နေရာချထားပေးခြင်း နှင့် လိုအပ်သော ထောက်ပံ့ကူညီမှုများကို အချိန်နှင့်တပြေးညီ ပေးအပ်နိုင်ရေးတို့ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလျင်အမြန် ဆောင်ရွက်ခဲ့ကြပါသည်။

(၃) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၊ ၁၈:၀၀ နာရီ အချိန်မှ စတင်ပြီး မိုးကုတ်မြို့နယ်အတွင်းရှိ ရန်သူခြေကုတ်ယူလာသော နယ်မြေများကို မိမိတို့ တပ်ဖွဲ့ဝင်များမှ အပြင်းအထန်
ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါသည်။

(၄) တိုက်ပွဲများစတင်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှ ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်း ဖြစ်ပွါးခဲ့ပြီး အရေးပါသော ရန်သူ့စခန်းကုန်းတခုအား မိမိတို့ဘက်မှ လက်ရသိမ်းပိုက်ထားနိုင်ပါသည်။

(၅) မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အနေဖြင့် မိုးကုတ် - မိုးမိတ်ဒေသ သို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက် စစ်အုပ်စု တပ်များကို ပြည်သူလူထုနှင့် လက်တွဲပြီး ရွပ်ရွပ်ချွံချွံဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

သတင်းထုတ်ပြန်ချက်ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲ ကျင်းပ၂၀၂၅ ခုနှစ်၊ ...
19/09/2025

သတင်းထုတ်ပြန်ချက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲ ကျင်းပ
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ် ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲကို လွတ်မြောက်ဒေသတနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းကာလအတွင်း အခြေခံစစ်ပညာဆိုင်ရာ သင်ခန်းစာများ၊ စစ်နည်းဗျူဟာရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ သင်ခန်းစာများ၊ နိုင်ငံရေးအသိပညာများနှင့် ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့သည်။

ယခု အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၊ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ အမှတ် (၅၁၃) တပ်ရင်း တို့မှ တာဝန်ရှိသူများ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့တခု ဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနှင့် ဒေသခံ ရပ်မိရပ်ဖများ ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များအား အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်အပ်သည်။
Crd

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

 #ဘေးကင်းကျန်းမာပါစေအမေ
07/09/2025

#ဘေးကင်းကျန်းမာပါစေအမေ

@အဖြူအမည်းသဲကွဲချိန်တန်ပါပြီ
07/09/2025

@အဖြူအမည်းသဲကွဲချိန်တန်ပါပြီ

Address

Magway

Website

Alerts

Be the first to know and let us send you an email when Say Yoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share