ငါ့ဘဝ အတွက် ငါ့ရှိတယ်

ငါ့ဘဝ အတွက် ငါ့ရှိတယ် လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
စာပေများဖတ်ချင်ရင်
ကျွန်တော်(page)ထဲကို
လာလည်ဖို့ဖိတ်ခေါ်ပါတယ်

တရားဓမ္မပုံလေးတွေနဲ့စာကို ပြန်လည်စုစည်းမျှဝေပေးလိုက်ပါတယ် 🙏မမြင်ရသေးသူများအတွက် တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ပါပြီ။အကျိုး...
29/08/2026

တရားဓမ္မပုံလေးတွေနဲ့စာကို ပြန်လည်စုစည်းမျှဝေပေးလိုက်ပါတယ် 🙏
မမြင်ရသေးသူများအတွက် တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ပါပြီ။
အကျိုးရှိရင် မျှဝေပေးခဲ့ပါနော် 🍀
တရားအနှစ်သာရလေးများကို ဖတ်ရှုနားယူနိုင်ကြပါစေ။ 🙏

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်။

#စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻
♡︎🌾🌻
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
‎ ‎

တချို့လူတွေနဲ့ စကားမပြောဖြစ်တော့ဘူးပြောစရာ စကားမရှိတော့လို့ မဟုတ်ဘူးကိုယ်ပြောတဲ့စကားတွေအတွက် သူတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆို...
29/08/2026

တချို့လူတွေနဲ့ စကားမပြောဖြစ်တော့ဘူး
ပြောစရာ စကားမရှိတော့လို့ မဟုတ်ဘူး
ကိုယ်ပြောတဲ့စကားတွေအတွက်
သူတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို
မနှစ်သက်လို့....

တချို့လူတွေနဲ့ မတွေ့ဖြစ်တော့ဘူး
တွေ့စရာအကြောင်း မရှိတော့လို့ မဟုတ်ဘူး
သူတို့နဲ့ တွေ့ဆုံခြင်းအပြီးမှာ
ကိုယ့်အတွက် အဆိပ်သက်သက်ပဲ
ကျန်ခဲ့တတ်လို့....

တချို့လူတွေကို သည်းမခံတော့ဘူး
သည်းခံစိတ် ကုန်ဆုံးသွားလို့ မဟုတ်ဘူး
ကိုယ့်သည်းခံခြင်းအတိုင်းအတာရဲ့
စိုးရိမ်ရေမှတ်ကို သူတို့
ကျော်ဖြတ်သွားခဲ့တာ ကြာပြီဖြစ်လို့....

တချို့လူတွေကို မမှတ်မိတော့ဘူး
မေ့လျော့တတ်တဲ့ စိတ်ကြောင့် မဟုတ်ဘူး
ကိုယ့်အတွက် အခွံ့သက်သက်
အနှစ်သာရတွေကို သူတို့ မျက်လုံးတွေထဲမှာ
ဖတ်တတ် သွားလို့....

ကိုယ့်ပေါ်ကို လေးနက်မှုမရှိရင်
ကိုယ့်ကလည်း အလေးမထားတော့ပါဘူး။


အပေါ်ယံလူတစ်ချို့ကြောင့်တဖြည်းဖြည်း သံယောဇဉ်နည်းတတ်ခဲ့ပြီလိုအပ်မှ ခင်မင်ပြတဲ့လူတစ်ချို့ကြောင့်တစ်ယောက်တည်းနေရတာ အသားကျလာ...
26/08/2026

အပေါ်ယံလူတစ်ချို့ကြောင့်
တဖြည်းဖြည်း
သံယောဇဉ်နည်းတတ်ခဲ့ပြီ

လိုအပ်မှ ခင်မင်ပြတဲ့လူတစ်ချို့ကြောင့်
တစ်ယောက်တည်းနေရတာ
အသားကျလာခဲ့ပြီ

မုသားတွေနဲ့
လိမ်ညာတတ်တဲ့လူတစ်ချို့ကြောင့်
ယုံကြည်မှုတွေ အေးစက်လာခဲ့ပြီ

အသုံးချခံတာ များလာတော့လည်း
လူတိုင်းအပေါ် စေတနာတွေ
လျော့နည်းလာခဲ့ပြီ.

ကိုယ့်အပေါ် ဘာမဟုတ်တဲ့လူတွေအတွက်
အချိန်မဖြုန်းသင့်ဘူးဆိုတာ
သိလာခဲ့ပြီ

စေတနာတွေ ယုံကြည်မှုတွေ ကိုယ့်ရဲ့အချိန်တွေ
အဆုံးရှုံးခံဖို့မလိုတော့ဘူးဆိုတာ
နားလည်ခဲ့ပြီ

ဘာမှမတန်တဲ့ လူတွေအတွက်
ဘာမှ မပေးချင်တော့တဲ့
ကိုယ့်ဆုံးဖြတ်ချက်ဟာ

သူတို့အတွက်တန်ရာဆိုတာ
သိလာခဲ့ပါပြီ....


ဟောင်းနေပေမယ့် ခဏခဏ ပြန်ဖတ်ဖြစ်တဲ့စာစုကောင်းလေးများ ကြိုက်လွန်းလို့…. ခဏခဏပြန်ဖတ်နေမိတယ်ဖတ်ချင်ရင်ပုံထောက်ဖတ်နော်…. ခုမဖ...
26/08/2026

ဟောင်းနေပေမယ့် ခဏခဏ ပြန်ဖတ်ဖြစ်တဲ့
စာစုကောင်းလေးများ

ကြိုက်လွန်းလို့….
ခဏခဏပြန်ဖတ်နေမိတယ်

ဖတ်ချင်ရင်ပုံထောက်ဖတ်နော်….
ခုမဖတ်အားသေးလဲရှယ်ထား အားတဲ့အချိန်
အေးအေးဆေးဆေးဖတ်လို့ရတယ်။ ❤️

စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻
♡︎🌾🌻
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

အိပ်တော့မယ်ဆိုပြီ ဖုန်းလေးပိတ် မီးလေးမှိတ်အခန်းလေးထဲမှာ ..နဖူးပေါ်လက်တင်ပြီး "ဒီကနေ့အတွက်တော့ ..အဆင်ပြေသွားပေမယ့် .,မနက်...
21/08/2026

အိပ်တော့မယ်ဆိုပြီ
ဖုန်းလေးပိတ် မီးလေးမှိတ်
အခန်းလေးထဲမှာ ..
နဖူးပေါ်လက်တင်ပြီး "

ဒီကနေ့အတွက်တော့ ..
အဆင်ပြေသွားပေမယ့် .,
မနက်ဖြန်ရောက်ရင် "ဆိုတဲ့ အတွေးက "
အတော်ကို နှိပ်စက် တယ် ။

မနက်ရောက်မှာကိုတောင်
စိုးရိမ်တကြီး ကြီးနဲ့ ..
တောင်တွေး မြောက်တွေးနဲ့
အတွေးပေါင်းမျိုးစုံ
ကြိုးခုန်လို့နေပါတယ် ။

ဒီလိုနဲ့ပဲ ..
အဆင်ပြေသွားမှာပါဆိုတဲ့
အတွေးနဲ့ ကြိတ်မှိတ် ပြီး
အိပ်ပျော်အောင် မနည်းကြိုးစားခဲ့ရတဲ့နေ့တွေ
ညတိုင်းလိုလို အတွေးထဲမှာ
လူလွန်ရင် "

Goodnight ပါကလေးရေ "
ကိုယ်အဆင်မပြေရင်တောင်
ဒီစာကို ဖတ်တဲ့ ချစ်ရတဲ့မင်းကိုအဆင်ပြေချင်ပါတယ်။

ပန်းပျိုးလက် NSM
PANNPHYOLATT
Jun 28

အန္တရာယ်ကင်း *ပရိတ်ကြီး( ၁၁ )သုတ်*  လိုအပ်၍ဖြစ်စေ မလိုအပ်၍ဖြစ်စေ Save ယူနိင်ကြပါသည်။ #တရားစကား  #တရား  စာလေးတွေဖတ်ပြီး စ...
30/07/2026

အန္တရာယ်ကင်း *ပရိတ်ကြီး( ၁၁ )သုတ်* လိုအပ်၍ဖြစ်စေ မလိုအပ်၍ဖြစ်စေ Save ယူနိင်ကြပါသည်။

#တရားစကား #တရား

စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻
♡︎🌾🌻
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

နေနိုင်လိုက်တာတဲ့...လားမနေနိုင်လို့ တွယ်ကပ်ခဲ့တုန်းကရောဂရုစိုက်မှုတွေ ရခဲ့လို့လား...အေးစက်သွားတယ်...တဲ့လားဝေးရမှာကြောက်လ...
29/07/2026

နေနိုင်လိုက်တာတဲ့...လား
မနေနိုင်လို့ တွယ်ကပ်ခဲ့တုန်းကရော
ဂရုစိုက်မှုတွေ ရခဲ့လို့လား...

အေးစက်သွားတယ်...တဲ့လား
ဝေးရမှာကြောက်လို့ ဖက်တွယ်ထားခဲ့တုန်းကရော
သတိတရ ရှိပေးခဲ့လို့လား...

တိတ်ဆိတ်သွားတယ်...တဲ့လား
ချစ်တဲ့စိတ်တစ်ခုထဲနဲ့. အရောတဝင်
နေပေးခဲ့တုန်းကရော
တန်ဖိုးထားရမှန်း သိခဲ့လို့လား...

ကိုယ်နဲ့မတော်တဲ့
ဖိနပ်ကို စီးမိတဲ့အခါ...

ကိုယ်နဲ့ မလိုက်တဲ့
အဝတ်ကို ဝတ်မိတဲ့အခါ...

ကိုယ့်ကို မလိုလားတဲ့
အရပ်မှာ နေမိတဲ့အခါ...

နာကျင်ခြင်း မွန်းကျပ်ခြင်းနဲ့
ပူလောင်ခြင်းတွေသာ ရရှိခဲ့တာပါပဲ

တစ်ဖက်ထဲချည်တဲ့ ကြိုးမှန်သမျှ
တစ်ချိန်ချိန်မှာ ပြတ်တောက်ရမှာပါပဲ

ကိုယ့်ဘက်က တွယ်ကပ်နေလဲ
တစ်ချိန်ချိန်မှာ စွန့်ပစ်ခံရမှာပါပဲ

ကိုယ်ကတွဲမှ မြဲမယ့်လက်တွေဆိုရင်
ကိုယ်ကဦးအောင် လွှတ်ချလိုက်တာ
အကောင်းဆုံးပဲ

တစ်ချို့သော
နာကျင်ခြင်းတွေက
စွန်လွှတ်လိုက်မှ ပေါ့ပါးသွားတတ်တာမျိုး !

နေခြည် (ဧရာမြေ)
28.11.2022

“ #ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့’’အကြောင်း သိကောင်းစရာ”ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြ...
28/07/2026

“ #ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့’’

အကြောင်း သိကောင်းစရာ”

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။

(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ

(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။

( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့သည် ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

Credit - Shwe Nyar Thar

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။

***********************************

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ

ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်

ဝါဆိုလပြည့်နေ့ရာဇ၀င်

ဟိုးရှေးရှေးတုန်းက… မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။ အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။

ဝါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်များအားဝါဆိုသင်္ကန်းဆိုပြီး ကျွန်မတို့ ဗုဒ္ဓဘာသာ၀င်များမှ လှူဒါန်းကြပါသည်။

ပြန်လည်ကူးယူ ဒါနပြုခြင်းဖြစ်ပါသည်။

Credit: 🙏🙏🙏

ဘုရားရှိခိုးမေ့နေသူများအတွက်🙏🙏ဦးသုံးကြိမ်ပဲချမနေပဲနဲ့ saveပီးသေချာရှိခိုးနိုင်ကြပါစေ။ #ဘုရားရှိခိုးနည်း  #တရားတော်များ  ...
28/07/2026

ဘုရားရှိခိုးမေ့နေသူများအတွက်🙏🙏ဦးသုံးကြိမ်ပဲချမနေပဲနဲ့ saveပီးသေချာရှိခိုးနိုင်ကြပါစေ။

#ဘုရားရှိခိုးနည်း
#တရားတော်များ
#ဘုရားဂုဏ်တော်

စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻
♡︎🌾🌻
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

🌼လှပခြင်းထက်    ဖြူ စင်ခြင်းကို သဘောကျတယ်၊🌼ခင်မင်ခြင်ထက်    ရိုးသားခြင်းကို သဘောကျတယ်၊🌼သံယောဇဉ်ရှိခြင်းထက်    နားလည်ပေးခ...
28/07/2026

🌼လှပခြင်းထက်
ဖြူ စင်ခြင်းကို သဘောကျတယ်၊

🌼ခင်မင်ခြင်ထက်
ရိုးသားခြင်းကို သဘောကျတယ်၊

🌼သံယောဇဉ်ရှိခြင်းထက်
နားလည်ပေးခြင်းကို သဘောကျတယ်၊

🌼မုန်းခြင်းထက်
မေ့ပစ်ခြင်းကို သဘောကျတယ်၊

🌼အလိုလိုက်ခြင်းထက်
ဂရုစိုက်ခြင်းကို သဘောကျတယ်၊

🌼ချစ်ခြင်းထက်
မေတ္တာထားခြင်းကို သဘောကျတယ်၊

🌼အပြောကောင်းခြင်းထက်
အမှန်ပြောခြင်းကို သဘောကျတယ်၊

🌼ရပ်တည်ပေးခြင်းထက်
ခွင့်လွတ်ပေးခြင်းကို သဘောကျတယ်၊

မေတ္တာများစွာဖြင့် ☘️

ပန်းပျိုးလက် ( ရသစာပေ )

Address

Magway

Alerts

Be the first to know and let us send you an email when ငါ့ဘဝ အတွက် ငါ့ရှိတယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share