Interim Magway Federal Unit Government

Website

Interim Magway Federal Unit Government ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ (IMFUG) သည် မကွေးဖက်ဒရယ်ယူနစ်၏ ကြားကာလ အုပ်ချုပ်ရေး အတွက် တာဝန်ရှိသော အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ကြားကာလဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်း၍  Mi-17 စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်ဖျက်ဆီးနို...
20/09/2026

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ကြားကာလဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်း၍ Mi-17 စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးအား ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူရွာသို့ လာရောက်သော အကြမ်းဖက်စစ်တပ်၏ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးအား ဂုဏ်ပြုဆုငွေ(သိန်း ၁ သောင်းကျပ်)နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပါသည်။

အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အမှူးပြုသော အစိုးရ တာဝန်ရှိသူများ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်နှင့် တာဝန်ရှိသူများ၊ ဆုလက်ခံရရှိသူ ပကဖ ဒရုန်းတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုခံ ရဲဘော်များက တဦးခြင်း မိတ်ဆက်ခြင်း၊ ဒရုန်းစစ်ဆင်ရေးအကြောင်း ကို အဖွဲ့ခေါင်းဆောင် ရဲဘော်ကိုချမ်းက ရှင်းလင်းတင်ပြခြင်း၊ ဂုဏ်ပြုဆုငွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ချီးမြှင့်ခြင်း၊ ဂုဏ်ပြုလက်မှတ်ကို ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်က ချီးမြှင့်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဂုဏ်ပြုစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုစကားပြောကြားခြင်း၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က ဂုဏ်ပြုစကားပြောကြားခြင်း၊ ဂုဏ်ပြုခံ ရဲဘော်များ ကိုယ်စား ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော် နက္ခက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က နိဂုံးချုပ် စကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ် စကားပြောကြားခြင်း၊ အခမ်းအနား ပြီးမြောက်ကြောင်း ကြေညာခြင်း တို့ ပြုလုပ်ခဲ့ကြပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်များ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ တခြားသော တော်လှန်ရေးအဖွဲ့များ စုပေါင်းညီညွတ်မှု စွမ်းအားဖြင့် ရန်သူ့ Mi-17 စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်စစ်တပ်၏ စစ်ဘက်ဗဟိုချက်မ နေရာများကို အရှိန်အဟုန်ဖြင့် ဆက်လက် ထိုးစစ်ဆင် ချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။



#ဖက်ဒရယ်ယူနစ်

18/09/2026

၂၀၂၆ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော် က အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားခဲ့သည်။




⁨❝ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝင်များနှ...
16/09/2026

⁨❝ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝင်များနှင့် ပေါက်နှင့်မြိုင်မြို့နယ် အုပ်ချုပ်ရေးတာဝန်ခံများ၊ လူစာနာတာဝန်ခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံပွဲ❞
༺═────────────────═༻

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝင်များတို့ ပူးပေါင်း၍ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် ရှိ အုပ်ချုပ်ရေးတာဝန်ခံများ၊ လူစာနာ တာဝန်ခံများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသတွင်းလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးသည့် တွေ့ဆုံပွဲ အခမ်းအနားတရပ်ကို ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ တာဝန်ခံ၊ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးဝန်ကြီးဌာန တာဝန်ခံ ဇာတ်လိုက်ကြီးနှင့် ပေါက်မြို့နယ်၊ မြိုင်မြို့နယ်တို့မှ အုပ်ချုပ်ရေးတာဝန်ခံများ၊ လူစာနာတာဝန်ခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံများက မိမိတို့ဒေသအလိုက် ဆောင်ရွက်နေသည့် CSR လူမှုစီးပွားအကျိုးပြု လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသူများက ဒေသတွင်း လူသားစာနာမှုလုပ်ငန်းများ အကူအညီပေးရေး ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် တစ်မြို့နယ်လျှင် ငွေကျပ် သိန်း (၅၀၀) စီ (စုစုပေါင်း ငွေကျပ်သိန်း ၁၀၀၀) ပေးအပ်လှူဒါန်းသွားရန် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပါသည်။ အခမ်းအနားမှူးက ညနေ (၃) နာရီ တိတိတွင် အစည်းအဝေးကို အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာ၍ အခမ်းအနားပြီးဆုံးခဲ့ပါသည်။

⁨ ⁨❝အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒုတိယ ဝန်ကြီးအချို့နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ဝင်များ မြေပြင်ရှိ လူမှုစီးပ...
15/09/2026

⁨ ⁨❝အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒုတိယ ဝန်ကြီးအချို့နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ဝင်များ မြေပြင်ရှိ လူမှုစီးပွားတာဝန်ယူမှု လုပ်ငန်းများ (CSR) ကောင်းမွန်စွာ လည်ပတ်နိုင်ရန် သွားရောက်ကူညီပံ့ပိုး❞
༺═────────────────═༻
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

မကွေးဖက်ဒရယ်ယူနစ်အတွင်း အတည်ပြု ဆောင်ရွက်လျက်ရှိသော လူမှုစီးပွား တာဝန်ယူမှုလုပ်ငန်းများ (CSR) ပိုမိုကောင်းမွန်ထိရောက်စွာ လည်ပတ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ ဒုတိယ ဝန်ကြီးများနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝင်များသည် မြေပြင်သို့ သွားရောက်ကာ လိုအပ်သည့် အကူအညီနှင့် ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါခရီးစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်း(ဥက္ကဋ္ဌ၊ပြည်ထောင်စု CSR ကော်မတီ)နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ခွန်စောဖူး (ဒုတိယ ဥက္ကဋ္ဌ၊ပြည်ထောင်စု CSR ကော်မတီ)တို့ ပါဝင်ခဲ့ကြသည်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရဘက်မှလည်း ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော် ကာကွယ်ရေးဝန်ကြီး ဦးလက်ယာ၊ စီမံကိန်း၊ဘဏ္ဍာရေး၊သယံဇာတနှင့်စွမ်းအင်ဝန်ကြီး ဦးယောလေး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မိုးမင်းနှင့် ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးဝန်ကြီးဌာန တာဝန်ခံ ဦးဇာတ်လိုက်ကြီးတို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

၎င်းပူး‌ပေါင်း အဖွဲ့သည် မြေပြင်တွင် ဆောင်ရွက်လျက်ရှိသော CSR လုပ်ငန်းများ၏ အခြေအနေကို လေ့လာခဲ့ကြပြီး၊ လိုအပ်သည့်နေရာများအတွက် ငွေသားအကူအညီများ ပံ့ပိုးပေးခဲ့ကြသည်။ ထို့ပြင် လက်ရှိလိုအပ်ချက်များ၊ ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့နောက် မြေပြင်အခက်အခဲများကြားမှ ပြည်သူလူထုအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့က အားပေးစကားများ ပြောကြားခဲ့ကြသည်။ ယင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မကွေးဖက်ဒရယ်ယူနစ်အတွင်း CSR လုပ်ငန်းများကို ပိုမိုစနစ်တကျနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အခြေခံကောင်းများ တည်ဆောက်နိုင်ခဲ့သည်။

❝နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ❞༺═────────────────═༻ရက်စွဲ။    ။ ၂၀၂၆ ခုနှစ်၊ စက်...
15/09/2026

❝နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ❞
༺═────────────────═༻

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။

၁။ ယနေ့ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကျွန်ုပ်တို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့်အတူ မကွေးဖက်ဒရယ်ယူနစ် အတွင်းရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လှိုက်လှဲဝမ်းမြောက်စွာ ဂုဏ်ပြု နှုတ်ခွန်းဆက်သအပ်ပါသည်။

၂။ ဒီမိုကရေစီစနစ်သည် “ပြည်သူ့အာဏာ ပြည်သူ့ထံ၌သာရှိရမည်” ဟူသော အခြေခံမူဖြင့် လူသားတို့၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးသည့် စနစ်ဖြစ်ပါသည်။ လက်ရှိ နွေဦးတော်လှန်ရေးကာလတွင်လည်း မြန်မာနိုင်ငံတစ်ဝန်း၌ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူ အားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည့် အချိန်အခါလည်း ဖြစ်ပါသည်။

၃။ ကျွန်ုပ်တို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအနေဖြင့် တော်လှန်ရေး တာဝန်နှင့် အစိုးရ၏ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည်သူ့အသံကို နားစွင့်ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အလေးထား ဆောင်ရွက်လျက် ရှိပါသည်။

၄။ ဤကဲ့သို့ ထူးမြတ်လှသော နိုင်ငံတကာဒီမိုကရေစီနေ့တွင် မကွေး ဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူလူထုနှင့်အတူ တစ်ပြည်လုံးရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး အနေဖြင့် အာဏာရှင်စနစ် မှန်သမျှကို အမြစ်ပြတ်တွန်းလှန်ကာ မိမိတို့ မျှော်ရည်သော စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်သို့ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ သတ္တိတို့ဖြင့် စည်းလုံး ညီညွတ်စွာ လက်တွဲချီတက်ကြပါစို့ဟု တိုက်တွန်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ

❝ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ထုတ်ပြန်ခြင်း ❞༺═────────────────═༻၂၀...
12/09/2026

❝ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ထုတ်ပြန်ခြင်း ❞
༺═────────────────═༻
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်

ကြားကာလ မကွေး ဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်မှာ ယနေ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်တွင် ခြောက်လတိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ပြည်သူလူထုထံ တင်ပြ ထုတ်ပြန်အပ်ပါသည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ အနေဖြင့် ပြည်သူကိုဗဟိုပြုသည့် အုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေရေး၊ ပြည်သူ့ဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီစေရေးနှင့် မကွေးဖက်ဒရယ်ယူနစ်လွတ်မြောက်ရေးမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးပန်းတိုင်သို့ ဆက်လက်ကြိုးပမ်းချီတက်သွားမည် ဖြစ်ပါသည်။

​

❝ကြားကာလ မ​ကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ,CSR ဒုဥက္ကဌ ခွန်​စောဖူးတို့ ​မြေပြင်ကွင်းဆင်းစစ်​ဆေ...
11/09/2026

❝ကြားကာလ မ​ကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ,CSR ဒုဥက္ကဌ ခွန်​စောဖူးတို့ ​မြေပြင်ကွင်းဆင်းစစ်​ဆေး❞
༺═────────────────═༻

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ၊ (၁၁)ရက်

မ​ကွေးဖက်ဒရယ်ယူနစ်၊ ထီးလင်းမြို့နယ်အတွင်း
အတည်ပြုထား​သော CSR လုပ်ငန်းများကို ကြားကာလ
မ​ကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၏ စီမံကိန်း၊ ဘဏ္ဍာရေး၊သယံဇာတနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦး​​​ယော​လေး၊ ပြည်ထဲ​ရေးဝန်ကြီး ဦး​ကျော်​ကျော်ထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ CSRကော်မတီ ဒုဥက္ကဋ္ဌ၊ သယံဇာတဝန်ကြီးဌာန ဒုဝန်ကြီး ခွန်​​စောဖူးတို့ ​မြေပြင်တွင် အတူတကွ သွား​ရောက်၍ ကွင်းဆင်းစစ်​ဆေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းစဥ်အတွင်း လိုအပ်​သောကိစ္စရပ်များ ​ဆောင်ရွက်ရန်ကိစ္စရပ်များကို သက်ဆိုင်ရာ ​ကော်မတီများသို့ စနစ်တကျလုပ်​ဆောင်နိုင်ရန် မှာကြားခဲ့ပါသည်။

❝ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ၊ လူ့အခွင့်အရေးဌာနနှင့် မကွေး ဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ်လူ့အခွင့်အ‌ရေး တာဝန်ခံများ...
10/09/2026

❝ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ၊ လူ့အခွင့်အရေးဌာနနှင့် မကွေး ဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ်လူ့အခွင့်အ‌ရေး တာဝန်ခံများ တွေ့ဆုံပွဲ(၂/၂၀၂၆) ကျင်းပပြုလုပ်ခဲ့ ❞
༺═────────────────═༻
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်

ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ၊ လူ့အခွင့်အရေးဌာနနှင့် မကွေး ဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ်တာဝန်ခံများ တွေ့ဆုံပွဲ (၂/၂၀၂၆)ကို ယမန်နေ့ (၉၊၉၊၂၀၂၆)ရက်၊ နံနက် (၉:၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲ၌ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ၏ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က ယခင်လအစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်မှုများနှင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် မကွေးဖက်ဒရယ်ယူနစ်အတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရမှုများအပေါ် တွေ့ရှိမှု မှတ်တမ်းများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။

ထို့နောက် လူ့အခွင့်အရေးဌာန၏ ဝာာဝန်ရှိသူများက စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြ၍ မကွေး ဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ်လူ့အခွင့်အ‌ရေး တာဝန်ခံများက သိရှိလိုသည့် ကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီး နွေးထွေးစွာ မေးမြန်း ဆွေးနွေးကြပြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်နှင့် လူ့အခွင့်အရေးဌာန၏ တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

၎င်း‌‌နောက် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်တို့က နိဂုံးချုပ် အမှတ်တရစကားပြောကြား၍ မွန်းလွဲ (၁၂:၀၀)နာရီတွင် တွေ့ဆုံပွဲကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေး ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လူ့အခွင့်အရေးဌာနမှ လူ့အခွင့်အရေးအရာရှိများနှင့် မကွေး ဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ်လူ့အခွင့်အ‌ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ


❝ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအစည်းအဝေး (၂/၂၀၂၆)မှ  အဖွဲ့ဝင်သစ်များအား အတည်ပြု❞༺═──────────────...
09/09/2026

❝ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအစည်းအဝေး (၂/၂၀၂၆)မှ အဖွဲ့ဝင်သစ်များအား အတည်ပြု❞
༺═────────────────═༻

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၈)ရက်

ယမန်နေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၅း၀၀) နာရီတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ၏ အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြရန် သဘောတူထားပြီးဖြစ်သော စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနှင့် မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEF၏ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြပြီး ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြုကာ သဘာပတိက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။


❝ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတို့ တွေ့ဆုံ၍ မိတ်ဆက် အစည်းအဝေး ကျင်းပပြုလ...
06/09/2026

❝ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတို့ တွေ့ဆုံ၍ မိတ်ဆက် အစည်းအဝေး ကျင်းပပြုလုပ် ❞
༺═────────────────═༻
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ မွန်းလွဲ (၁) နာရီတွင် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတို့ တွေ့ဆုံ၍ မိတ်ဆက်အစည်းအဝေး တစ်ရပ်ကို Zoom Platform မှတဆင့် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ၏ ဥက္ကဋ္ဌနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ဝန်ကြီးချုပ်တို့က အဖွင့်အမှာစကားပြောကြားပေးခဲ့ကြပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးတို့က နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ကြပါသည်။

ထို့နောက် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီဘက်မှ ကောင်စီ၏ ရည်မှန်းချက်များ၊ ဖွဲ့စည်းပုံနှင့်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် သူနာပြုနှင့် သားဖွား အင်အားစုများအတွက် ရှေ့ဆက် ညှိနှိုင်းဆွေးနွေးလုပ်ဆောင်သင့်သည်များ၊ IFNMC ၏ မူဝါဒများနှင့် လိုင်စင်ကိစ္စရပ်များ၊ ဒေသအတွင်း သူနာပြုနှင့် သားဖွား ပညာရေးဆိုင်ရာ ကိစ္စများအတွက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ၏ ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြား၍ တွေ့ဆုံဆွေးနွေးပွဲကို မွန်းလွဲ (၃:၅၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


Address

Magway

Alerts

Be the first to know and let us send you an email when Interim Magway Federal Unit Government posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share