18/08/2026
ထုတ်ပြန်ချက်အမှတ် (၂/၂၀၂၆)
၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်
(၂၀၂၆ခုနှစ်၊ သြဂုတ်လ ၁၈ ရက်)
တိုင်ကြားစာဌာန ဖွဲ့စည်းပြီးစီးကြောင်း ပြည်သူသို့ အသိပေးကြေညာချက်
၁။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရသည် ယူနစ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အစိုးရ ဝန်ထမ်းများ၏ ကျင့်ဝတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို မြှင့်တင်နိုင်ရေး အတွက်လည်းကောင်း၊ ပြည်သူများ ကြုံတွေ့နေရသည့် အာဏာအလွဲသုံးစားပြုမှု၊ အဂတိလိုက်စားမှု၊ မတရား ဆောင်ရွက်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ နစ်နာမှုများအပေါ် ထိရောက်စွာ စိစစ်အရေးယူ ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း “တိုင်ကြားစာဌာန”ကို ဝန်ကြီးချုပ်ရုံးအောက်တွင် စနစ်တကျ ဖွဲ့စည်းပြီးဖြစ်ကြောင်း ပြည်သူများသို့ အသိပေးကြေညာအပ်ပါသည်။
၂။ တိုင်ကြားသူများ၊ သက်သေများနှင့် တိုင်ကြားချက်တွင် ပါဝင်သည့် ကိုယ်ရေး အချက်အလက်များကို လုံခြုံရေးစည်းမျဉ်းများနှင့်အညီ အတတ်နိုင်ဆုံး လျှို့ဝှက် ထိန်းသိမ်း ကာကွယ်ပေးသွားမည် ဖြစ်ပါသည်။
၃။ တိုင်ကြားချက်များကို အချက်အလက်မှန်ကန်ပြည့်စုံမှု၊ သက်သေအထောက်အထားနှင့် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မမှန်မကန် တိုင်ကြားမှုများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
တိုင်ကြားနိုင်သည့် ကိစ္စရပ်များ
(က) ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ အာဏာအလွဲသုံးစားပြုမှု၊ အဂတိလိုက်စားမှုနှင့် တာဝန်ပျက်ကွက်မှုများ။
(ခ) ပြည်သူ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ မလျော်ကန်သော ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် တိုင်ကြားချက်များ၊ အယူခံတင်ပြချက်များ။
(ဂ) ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ၏ မူဝါဒ၊ စီမံကိန်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာသည့် နစ်နာမှုများ၊ အကြံပြုချက်များနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တင်ပြချက်များ။
တိုင်ကြားစာတွင် ပါဝင်ရမည့် အချက်များ
- တိုင်ကြားသူ၏ အမည်၊ သို့မဟုတ် လျှို့ဝှက်အမည်နှင့် ဆက်သွယ်ရန်လိပ်စာ။
- အတိုင်ခံရသူ၏ အမည်၊ တာဝန်နှင့် သက်ဆိုင်ရာဌာန သို့မဟုတ် အဖွဲ့အစည်းအမည်။
- ဖြစ်စဉ်ဖြစ်ပွားသည့် ရက်စွဲ၊ နေရာ၊ အခြေအနေနှင့် အကြောင်းအရာအသေးစိတ်။
- ရရှိနိုင်သည့် သက်သေခံအထောက်အထားများဖြစ်သော ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်းနှင့် အခြားဆက်စပ်အထောက်အထားများ။
ဆက်သွယ်တိုင်ကြားနိုင်သည့် လမ်းကြောင်းများ
Signal / Telegram/ Viber/ Phone Number _ +66646483799
Email address - [email protected]
Signal Username - pcdimfug.08
Telegram Username -
ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရ