08/01/2026
Unbroken Dreams Campaign
တက္ကသိုလ်ဝင်တန်းပြီးဆုံးသွားပေမယ့် တက္ကသိုလ်ဆီရောက်ဖို့ ရှေ့ဆက်ရမယ့်လမ်း ဝေဝါးနေဆဲ ကျောင်းသား၊ ကျောင်းသူများအတွက် တထောင့်တနေရာက အထောက်အပံ့ဖြစ်စေမယ့် အစီအစဉ်တခုအနေနဲ့ Unbroken Dreams Campaignကိုကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်ကနေ ပြုလုပ်ချင်ပါတယ်။
စစ်ကြောင်းထိုးတဲ့ကြားက၊ အိမ်တွေမီးရှို့ခံနေရတဲ့ကြားက၊ လေကြောင်းရန်တွေကြားကနေ အထက်တန်းပြီးမြောက်သည်အထိ ကြိုးကြိုးစားစား သင်ယူခဲ့ကြတဲ့ ကျောင်းသားတွေအတွက် တကယ့် တက္ကသိုလ်ပရဝုဏ်ထဲမှာ တက်ရောက်နိုင်မယ့် အခွင့်အရေးပေးချင်ပါတယ်။
အညာဒေသမှာရှိတဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူ ဆယ်ဦးကို ကချင်ပြည်နယ်ပညာရပ်စုံသင်တက္ကသိုလ် မှာ သွားရောက်သင်ကြားဖို့ ပညာတော်သင်စေလွှတ်မှာပါ။
ဒီလို ကျောင်းသား၊ ကျောင်းသူတွေကို Scholarship ပေးနိုင်ဖို့အတွက် ဒီ Unbroken Dreams Campaign ကို ပြုလုပ်တာ ဖြစ်ပါတယ်။ Campaign ကိုတော့ သိန်း သုံးရာ ရည်မှန်းထားပါတယ်။ Campaignကိုတော့ တလတိတိ ပြုလုပ်သွားမှာပါ။
စနစ်ဆိုး၊ အခြေအနေဆိုးအောက်ကနေ လွတ်ဖို့ကိုယ်တိုင်ပါဝင်နေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ပိုပြီး အထောက်အပံ့၊ တွန်းအားတွေပေးနိုင်ဖို့အတွက် အားလုံးရဲ့အကူအညီလိုအပ်ပါတယ်။ မိဘပြည်သူများအနေနဲ့ ဒီcampaignမှာ ပါဝင်ပေးကြဖို့ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဖိတ်ခေါ်အပ်ပါတယ်။