Ayethidar Nursing Home

Ayethidar Nursing Home ဘိုးဘွားဘ၀ အေးချမ်းပါစေ

ဘိုးဘွားဘ၀ အေးချမ်းပါစေ💐💐💐💐💐💐💐💐💐အဘိုး အဘွားဟူသည် မိခင် ဖခင်များ၏ အမေ အဖေ နေရာကို ရယူခဲ့ကြသော ကျေးဇူးရှင်များပင် ဖြစ်ပါသည...
31/05/2018

ဘိုးဘွားဘ၀ အေးချမ်းပါစေ
💐💐💐💐💐💐💐💐💐

အဘိုး အဘွားဟူသည် မိခင် ဖခင်များ၏ အမေ အဖေ နေရာကို
ရယူခဲ့ကြသော ကျေးဇူးရှင်များပင် ဖြစ်ပါသည်။

ယခုလက်ရှိအနေအထားအရ ဘိုးဘွားရိပ်သာတွင် ရောက်ရှိနေကြသည့်
အဘိုးအဘွား တစ်ဦးချင်းစီသည်
အကြောင်းကြောင်းကြောင့် မိသားစု၏ အပယ်ခံထား နေရခြင်း
(သို့)
မိသားစုမှ ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိတော့သည့် အခြေအနေကြောင့်
မိသားစုနှင့် ပျော်ရွှင်စွာ နေထိုင်ခွင့် မရှိတော့သည့် အားကိုးရာမဲ့နေသော
အဘိုးအဘွားများအား စောင့်ရှောက်ပေးနေသည့်
ဘိုးဘွားရိပ်သာများကိုလည်း မိမိစွမ်းဆောင်နိုင်သမျှ
ကူညီစောင့်ရှောက် လှူဒါန်းပေးခြင်းဖြင့်
ဘိုးဘွားများအတွက် ဘဝခရီး၏ နောက်ဆုံးအချိန်လေးကို
အေးချမ်းစွာ ဖြတ်သန်းနိုင်စေဖို့ ကုသိုလ်ပြုနိုင်ကြစေရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရေနံချောင်းမြို့ အေးသီတာ ဘိုးဘွားရိပ်သာ***********************************************(ပြန်လည်မျှေ၀ Share ပေးခြင်း / လှူ...
07/03/2017

ရေနံချောင်းမြို့ အေးသီတာ ဘိုးဘွားရိပ်သာ
***********************************************
(ပြန်လည်မျှေ၀ Share ပေးခြင်း / လှူဒါန်းလိုသည့် အလှူရှင်များ သိစေခြင်းဖြင့် ဘိုးဘွားများအတွက် ကုသိုလ်ရယူနိုင်ကြပါစေ)

ရေနံချောင်း ဘိုးဘွားရိပ်သာ

ရေနံချောင်းမြို့တွင် အေးသီတာ ဘိုးဘွားရိပ်သာအား ဦးသန်းလေး-ဒေါ်သန်းရင် ၊ ဦးဘရှင်-ဒေါ်ဖွားမှီ နှစ်ဖက် မိဘများ အမှူးထား၍ ဦးကြည်သိန်း-ဒေါ်မြင်မြင့်ကြည် သမီး မေသက်ထားကြည်တို့မှ (၁၉၉၇) ခုနှစ်တွင် စတည် တည်ထောင်သည်ဟု သိရှိခဲ့ရပြီး ယခုနှစ်(၂၀၁၇) ခုနှစ်အထိဆိုပါလျှင် တည်ထောင်သက်တမ်း နှစ်(၂၀)ဝန်းကျင်ခန့် ရှိပြီဖြစ်ပါသည်။

** အေးသီတာ ဘိုးဘွားရိပ်သာသည် ရေနံချောင်းမြို့ ရွှေဘုံသာရပ်တွင် တည်ရှိပြီး တိတ်ဆိတ်အေးချမ်းသော ပတ်ဝန်းကျင်နှင့်အတူ ရိပ်သာအတွင်း အဘိုးဆောင်/အဘွားဆောင် - ရိပ်သာဓမ္မာရုံ စသည့်ဖြင့် အဆောက်အဦများအားလုံး သစ်ပင်ကြီးများ၏ အရိပ်အောက်တွင် အေးချမ်းစွာတည်ရှိနေပါသည်။

** အေးသီတာ ဘိုးဘွားရိပ်သာတွင် (၂၀၁၇ - မတ်လအထိ) အဘိုး (၃)ဦး /အဘွား (၁၈)ဦး - စုစုပေါင်း ဘိုးဘွား (၂၁)ဦး နေထိုင်လျှက်ရှိပြီး အဘိုးအဘွားများအနေဖြင့် ရိပ်သာ၏ တစ်နေ့တာ လုပ်ဆောင်ရန်ကိစ္စများနှင့် ရိပ်သာမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာ၍ စိတ်အေးချမ်းသာစွာ နေထိုင်လျှက်ရှိနေကြောင်း တွေ့ရှိခဲ့ရပါသည်၊ ရိပ်သာအတွက် ဝန်ထမ်း (၄)ဦးမှ ရိပ်သာ၏လုပ်ငန်းများအပြင် အဘိုးအဘွားများ၏ တာဝန်များကိုလည်း မိသာစုဝင်များပမာ လုပ်ကိုင်ပေးနေသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

** ရိပ်သာအတွက် ကမ္ဘာတည် ငွေပဒေသာပင် ကုသိုလ်အလှူရှင်များ၏ စာရင်းကို မြင်တွေ့ခဲ့ရပြီး ရပ်နီး-ရပ်ဝေးမှ ကုသိုလ်အလှူရှင်များ၏ ပစ္စည်းအလှူဒါန+တစ်နေ့တာ အဟာရ ကုသိုလ်များကိုလည်း လှူဒါန်းနေကြောင်း ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်ခဲ့ရပါသည်။

** အဘိုးအဘွားများအတွက် ရပ်နီး-ရပ်ဝေးမှ အလှူရှင်များအနေဖြင့် မိမိတတ်စွမ်းနိုင်သမျှ တစ်နေ့တာ (နံနက်-နေ့လည်-ညနေ) အာဟာရ ကုသိုလ်နှင့် ဘိုးဘွားများအတွက် အသုံးအဆောင်များ/ဆေးဝါးပစ္စည်းများကိုလည်း လှူဒါန်းနိုင်သည့်အပြင် ဘိုးဘွားများနေထိုင်သည့် အဆောက်အဦနှင့်ခြံဝန်းအတွင်း အစဉ်အမြဲ သန့်ရှင်းလှပနိုင်ရန် ပြုပြင်ထိမ်းသိမ်းခြင်းကိစ္စများအား လုပ်အား ကုသိုလ်အဖြစ် မိမိတစ်ဦးတစ်ယောက် / အစုအဖွဲ့များမှ အားလပ်ရက်များတွင် တစ်နိုင်တစ်ပိုင် သန့်ရှင်းရေး ကုသိုလ်အလှူဒါနများကိုလည်း ပြုလုပ်နိုင်ပါရန် ကုသိုလ်ယူ အကြံပြုတင်ပြလိုက်ရပါသည်။

** အေးသီတာ ဘိုးဘွားရပ်သာအား ပြည်တွင်း-ပြည်ပ မှ အလှူဒါန ပြုလုပ်လိုသည့် အလှူရှင်များအနေဖြင့် ရိပ်သာ၏ ဂေဟာမှူး - ဒေါ်တင်တင်ညို
(ရိပ်သာဖုန်း - 060-21550) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း။

(ဦးဇော်+ဒေါ်မြမြသိုက် မိသားစုမှ ရိပ်သာ၏ သတင်းအချက်အလက်နှင့် ဓာတ်ပုံများကို ပြုစုမျှဝေခြင်းဖြင့် ဘိုးဘွားများအတွက် ကုသိုလ်ယူလိုက်ရပါသည်)

Address

Shwebonethar
Magway
060

Telephone

060-21550

Website

Alerts

Be the first to know and let us send you an email when Ayethidar Nursing Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category