Taw Thu Chanel

Taw Thu Chanel သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းများ တောသဘာဝရှု့ခင်းအလှအပများ

10/09/2025

Girl super hero

၂၀၂၅ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက် .....🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️၂၀၂၅ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင...
01/07/2025

၂၀၂၅ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက် .....

🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️

၂၀၂၅ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း
---------------------------------------
၂၀၂၅ ခုနှစ်၏ မိုးလယ်ကာလသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်နေ့မှ တော်သလင်းလဆန်း ၉ ရက်နေ့) အထိ ဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ
---------------------------------
မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။

မိုးရွာသွန်းနိုင်သည့် အခြေအနေ
-----------------------------
ယခုမိုးလယ်ကာလအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မြစ်ရေ အခြေအနေ
------------------
မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့နှင့် ဆိပ်သာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၂)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည် ကလေးမြို့ တွင် (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ တွင် (၁)ကြိမ်ခန့်နှင့် မဒေါက်မြို့တွင် (၂)ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂)ကြိမ်ခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် (၂)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

#ဝိစာရ

လူသားတွေဟာ ကမ္ဘာမြေအတွက်အဆိပ်အတောက်လား?လူသားတွေဟာ ကမ္ဘာမြေအတွက် အဆိပ်အတောက်လားဆိုတာ အခုလက်ရှိအထိဖြစ်ပျက်နေတဲ့အရာလေးတွေကိ...
30/06/2025

လူသားတွေဟာ ကမ္ဘာမြေအတွက်အဆိပ်အတောက်လား?

လူသားတွေဟာ ကမ္ဘာမြေအတွက် အဆိပ်အတောက်လားဆိုတာ အခုလက်ရှိအထိဖြစ်ပျက်နေတဲ့အရာလေးတွေကိုလေ့လာပြီး ကျွန်တော် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
လူသားတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ကမ္ဘာမြေပေါ်မှာ အပြုသဘောရော၊ အဆိုးသဘောဆောင်တဲ့ သက်ရောက်မှုတွေပါ ရှိပါတယ်။

လူသားတွေရဲ့ စက်မှုလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်အသုံးပြုမှုတွေကနေ ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ရေကြီးတာ၊ မိုးခေါင်တာ၊ မုန်တိုင်းကြီးတွေ ကျရောက်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ပိုမိုပြင်းထန်လာပါတယ်။

စက်ရုံတွေက ထွက်တဲ့ အညစ်အကြေးတွေ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေနဲ့ စွန့်ပစ်ရေတွေကြောင့် လေထု၊ ရေထုနဲ့ မြေဆီလွှာတွေ ညစ်ညမ်းလာပါတယ်။ ဒါတွေက သက်ရှိသတ္တဝါတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး ဂေဟစနစ်တွေကို ပျက်စီးစေပါတယ်။

ရှေ့တစ်လောကတင် ရှမ်းပြည်နယ်၊ဝထိန်းချုပ်ရာဒေသကနေစီးဆင်းလာတဲ့ "မယ်ဆိုင်ချောင်း"ခေါ် "နမ့်ခုတ်မြစ်"မှာမြေရှားသတ္တုနဲ့ရွှေတူးဖော်မှုတွေကြောင့် ငါးတွေအနာဖြစ်လာပြီး စွန့်ပစ် ပစ္စည်းတွေနဲ့အမှိုက်တွေကြောင့်လည်းရေထုညစ်ညမ်းတာတယ်"ဆိုပြီးသိရပါတယ်။ရေအရင်းမြစ်ဟာလည်းဟေဂစနစ်အတွက်အရေးကြီးတယ်ဆိုတာသိစေချင်တယ်။
ဒီလိုသာဆက်ဖြစ်နေရင် ငါးတွေလည်းသေဆုံးပြီးအဲ့အနီးနားကဒေသခံတွေအတွက်လည်းရေချိုရှားပါးစေမှာအမှန်ပါပဲ။

သစ်တောပြုန်းတီးမှု၊ မြို့ပြချဲ့ထွင်မှု၊ ညစ်ညမ်းမှုတွေကြောင့် တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာနဲ့ အပင်မျိုးစိတ်တွေ နေထိုင်ကျက်စားရာနေရာတွေ ပျက်စီးပြီး မျိုးသုဉ်းပျောက်ကွယ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ရေ၊ သစ်တော၊ ကျောက်မီးသွေး၊ ရေနံလို သဘာဝရင်းမြစ်တွေကို လူသားတွေက လိုအပ်တာထက် ပိုမိုထုတ်ယူသုံးစွဲနေတာကြောင့် ရေရှည်မှာ ကုန်ခန်းသွားနိုင်ပါတယ်။

လူသားတွေမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ ပြန်လည်ပြုပြင်ဖို့ စွမ်းဆောင်နိုင်တဲ့ အသိပညာ၊ နည်းပညာနဲ့ စေတနာတွေလည်း ရှိပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်တွေ၊ မျိုးသုဉ်းလုနီးပါး မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်မှုတွေ၊ သစ်တောပြန်လည်စိုက်ပျိုးမှုတွေနဲ့ ညစ်ညမ်းမှုလျှော့ချရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပါတယ်။

နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်လို သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်မှုတွေ၊ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှု (recycling) နည်းပညာတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ထုတ်ကုန်တွေကို တီထွင်ဖန်တီးနေကြပါတယ်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ အရေးကြီးပုံကို လူထုကြားထဲမှာ ပညာပေးပြီး အသိပညာဖြန့်ဝေခြင်းအားဖြင့် ပိုမိုတာဝန်ယူမှုရှိတဲ့ လုပ်ရပ်တွေ ဖြစ်လာအောင် လှုံ့ဆော်ပေးနေလျက်ပါ။

ဒါ့ကြောင့်လူသားတွေဟာ ကမ္ဘာမြေပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ အဆိုးဘက်ကို ဦးတည်နိုင်သလို အကောင်းဘက်ကိုလည်း ပြောင်းလဲနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ လူသားတွေအနေနဲ့ ကိုယ့်လုပ်ဆောင်ချက်တွေရဲ့ အကျိုးဆက်တွေကို နားလည်ပြီး၊ ပိုမိုတာဝန်ယူမှုရှိတဲ့၊ ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ နေထိုင်လုပ်ကိုင်သွားဖို့ပဲ ဖြစ်ပါတယ်။

တစ်ချို့လူတွေကိုလည်း ဂေဟစနစ်က ကမ္ဘာမြေအတွက်အရေးပါကြောင်းကိုသိစေချင်တယ်မိတယ်။
သူတို့အမြင်မှာကျွန်တော်တို့ကိုအရူးတွေမဖြစ်လာသေးမဲ့အရာတွေကို ပူပန်နေကြတယ်လို့ပြောနေကြတယ်။
သူတို့လို အတွေးတိမ်တဲ့လူတွေနဲ့ ယှဥ်ပြီးမပြောချင်ပေမယ့်
အခုလက်ရှိ ရာသီဥတုဖောက်ပြန်တာရယ် ကမ္ဘာကြီးပိုပူ​နွေးလာတာရယ် ရေကြီးမှုတွေဖြစ်လာတာရယ်​ကိုကြည့်ပြီး အနာဂတ်မှာရောဒီထက်ပိုဆိုးနိုင်တယ်ဆိုတဲ့အလားအလာတွေအများကြီးကိုတွေ့နေရတယ်။
မဖြစ်ခင်က ကြိုတင်တာကွယ်ရမယ်မလား။
ဒါကြောင့် ကမ္ဘာကြီးကိုပိုချစ်ပါ၊ ဂေဟစနစ်ကိုထိန်းသိမ်းပါ။
တိရစ္ဆာန်လေးတွေကို ထိန်းသိမ်းပါလို့ပဲပြောချင်ပါတယ်။

အမြင်မတူတာလေးတွေရှိရင်လည်း commentမှာ​ဝင်ပြောနိုင်ပါတယ်။
ကျွန်တော့်စာတွေကိုဖတ်တဲ့ တစ်ဦးတစ်ယောက်ခြင်းစီကိုကျေးဇူးတင်လျက်ပါ။

Interesting facts about the universe မူရင်း crd

28/06/2025
27/06/2025

မြန်မာနိုင်ငံ၏ လက်ရှိမိုးလေဝသအခြေအနေနှင့် ခန့်မှန်းချက်များကို အောက်ပါအတိုင်း အကျဉ်းချုပ်ဖော်ပြပါမည်။ (ဇွန် ၂၈ ရက်၊ ၂၀၂၅ ခုနှစ် နေ့လည်ပိုင်းအချိန်အထိ)

# # # ၁။ **ယခုလက်ရှိအခြေအနေ**:
- **မုတ်သုံလေ** အားကောင်းနေပြီး တစ်နိုင်ငံလုံး မိုးရွာသွန်းမှုများ ရှိနေပါသည်။
- **အပူချိန်**:
- မြေပြန့်ဒေသ (ရန်ကုန်၊ မန္တလေး): ၂၇°C မှ ၃၂°C
- ကုန်းမြင့်ဒေသ (ချင်းပြည်နယ်၊ ရှမ်းပြည်နယ်): ၁၈°C မှ ၂၄°C
- **စိုထိုင်းဆ**: ၇၀% မှ ၉၅% (ကမ်းရိုးတန်းဒေသများတွင် ပိုမြင့်)။

# # # ၂။ **မိုးရွာသွန်းမှု** (နောက် ၂၄ နာရီအတွင်း):
- **မြန်မာ့ပင်လယ်ပြင်နှင့် ရခိုင်ကမ်းရိုးတန်း**: မိုးသက်မုန်တိုင်းများနှင့်အတူ နေရာကွက်၍ မိုးကြီးမည်။
- **တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်**: ပြင်းထန်မိုးရွာပြီး လေပြင်းတိုက်နိုင်သည်။
- **ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း**: နေရာကျဲကျဲ မိုးထစ်ချုန်းရွာ။
- **အထက်မြန်မာပြည်** (စစ်ကိုင်း၊ မကွေး၊ မန္တလေး): နေရာစိတ်စိတ် မိုးရွာ။

# # # ၃။ **သတိထားရန်**:
- **ရေကြီးခြင်း/မြေပြိုခြင်း**: ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ဝှမ်းတွင် ရေကြီးနိုင်ခြေရှိ။
- **လေပြင်းတိုက်ခတ်ခြင်း**: ကမ်းရိုးတန်းဒေသများတွင် လေပြင်း (၄၀-၆၀ km/h) တိုက်နိုင်။

# # # ၄။ **ပင်လယ်ပြင်ခန့်မှန်းချက်**:
- **ဘင်္ဂလားပင်လယ်အော်**: လှိုင်းအမြင့် ၃-၄ မီတာ၊ မုန်တိုင်းငယ်ဖြစ်နိုင်ခြေရှိ။
- **မြန်မာ့ကမ်းရိုးတန်း**: ငါးဖမ်းသင်္ဘောများ သတိဖြင့် ဆင်နွှဲရန်။

# # # ၅။ **အကြံပြုချက်များ**:
- မိုးသည်းထန်သည့်ဒေသများတွင် မြစ်ရေတက်၊ လမ်းပြတ်တောက်မှုများ သတိပြုရန်။
- လျှပ်စီးလက်ခြင်းအန္တရာယ်ကို ရှောင်ရှားရန်။
- **နောက်ဆုံးရ အချိန်နှင့်တပြေးညီ သတင်းများအတွက်**:
[မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

ဤအချက်အလက်များသည် ယခုနေ့ (ဇွန် ၂၈) အတွက် ခန့်မှန်းချက်ဖြစ်ပြီး မိုးလေဝသသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။

မြန်မာအကြောင်း သိထားရအောင် လေ့လာထားရအောင်     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အရှေ့လောင်ဂျီကျူ ၉၂.၁၀ ဒီဂရီနှင့် ၁၀၁.၁၁ ...
27/06/2025

မြန်မာအကြောင်း သိထားရအောင် လေ့လာထားရအောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အရှေ့လောင်ဂျီကျူ ၉၂.၁၀ ဒီဂရီနှင့် ၁၀၁.၁၁ ဒီဂရီကြား၊ မြောက်လတ္တီတွဒ် ၀၉.၃၂ ဒီဂရီနှင့် ၂၈.၃၁ ဒီဂရီကြားတွင် တည်ရှိပြီး၊ အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အရှေ့အာရှတို့၏ အချက်အချာကျသော နေရာဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ ၊ မြောက်ဖက်တွင် တရုတ်နိုင်ငံ၊ အနောက်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်ရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့်လည်း ဆက်စပ်တည်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

မြန်မာနိုင်ငံ၏ ဧရိယာမှာ (၆၇၇၀၀၀) စတုရန်းကီလိုမီတာ (၂၆၁၂၂၈ စတုရန်းမိုင်)ဖြစ်ပြီး အရှေ့အနောက်သို့ ၉၃၆ ကီလိုမီတာ (၅၈၂)မိုင် ၊ မြောက်မှတောင်သို့ ၂၀၅၁ ကီလိုမီတာ (၁၂၇၅ မိုင်) ရှိ ပါသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကျွန်းပေါ်ရှိ အကြီးဆုံးနိုင်ငံဖြစ်ပါသည်။ မြောက်ဖက် ၊ အရှေ့ဖက်နှင့် အနောက်ဖက်တို့တွင် တောင်တန်းများ ဝန်းရံလျက်တည်ရှိပါသည်။

တောင်တန်းများအကြား မြေပြန့်ပေါ်တွင် ဧရာဝတီ ၊ ချင်းတွင်းနှင့်စစ်တောင်းမြစ်ဝှမ်းဒေသများရှိပြီး နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကာ လူဦးရေအများအပြား အခြေချ နေထိုင်ကြပါသည်။

မြန်မာနိုင်ငံ၏ နယ်စပ်မှာ ၆၁၅၉ ကီလိုမီတာရှည်လျားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၂၇၁ ကီလိုမီတာ (၁၅၂ မိုင်)၊ တရုတ်နိုင်ငံနှင့် ၂၂၀၄ ကီလိုမီတာ (၁၃၇၅ မိုင်)၊ ထိုင်းနိုင်ငံနှင့် ၂၁၀၇ ကီလိုမီတာ (၁၃၁၄ မိုင်) ၊ အိန္ဒိယနိုင်ငံနှင့် ၁၃၃၈ ကီလိုမီတာ (၈၅၇)မိုင် ၊ လာအိုနိုင်ငံနှင့် ၂၃၈ ကီလိုမီတာ (၁၂၈ မိုင်) အသီးသီးထိစပ် လျက်ရှိပါသည်။

ရာသီဥတု

မြန်မာနိုင်ငံတွင် ရာသီဥတု(၃)မျိုးရှိရာ နွေရာသီမှာ မတ်လ မှ မေလအထိ ၊ မိုးရာသီမှာ မေလမှ အောက်တိုဘာလအထိနှင့် ဆောင်းရာသီမှာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထဖြစ်ပါသည်။ မြန်မာနိုင်ငံ သည် အပူပိုင်းမုတ်သုတ်ရာသီဥတုမျိုးရရှိပြီး ရာသီဥတုအခြေအနေမှာ မြေမျက်နှာသွင်ပြင်အရ တစ်နေရာ မှ တစ်နေရာသို့ မတူညီပဲကွာခြားလေ့ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် နှစ်စဉ်မိုး ရွာသွန်းသော မိုးရေချိန်မှာ လက်မ ၄၀ အောက်သာရှိသော်လည်း ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုး တန်းတို့တွင် လက်မ ၂၀၀ ကျော် ရွာသွန်းလေ့ရှိပါသည်။ မတ်လမှ ဧပြီလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ၏ အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက် (၄၃.၃ ဒီဂရီစင်တီဂရိတ်)ရှိသော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် ၉၇ ဒီဂရီဖာရင်ဟိုက် (၃၆.၁ ဒီဂရီစင်တီဂရိတ်)ရှိကာ ရှမ်းကုန်းမြင့်တွင် ၈၅ မှ ၉၅ ဒီဂရီဖာရင်ဟိုက် (၂၉.၄ မှ ၃၅ ဒီဂရီစင်တီဂရိတ်) ရှိသည်။ လေတိုက်ခတ်မှုအနေအထားအရ ကမ်းခြေဒေသများတွင် ပြင်းထန်သောမုန်တိုင်းများ ရိုက်ခတ်ခံရလေ့ရှိသည်။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက် နေ့တွင်တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုက်ကလုန်းမုန်တိုင်းသည် မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံး သဘာ၀ ဘေးအန္တရာယ်ပင်ဖြစ်သည်။ သမမျှတသည့် ရာသီဥတုအခြေအနေကောင်းများ ဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်သည် သစ်တောများထိန်းသိမ်းခြင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပူပိုင်းဒေသ စိုပြေရေးလုပ်ငန်းများကို အဓိကဦးစားပေးဆောင်ရွက်လျှက်ရှိသည်။



လူဦးရေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး ကျော်မှီတင်းနေထိုင်ကြ ပါသည်။ အဓိကတိုင်းရင်းသားလူမျိုးစုကြီးများမှာ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း တို့ဖြစ်ပါသည်။ ၂၀၁၄ - ၂၀၁၅ ခုနှစ်စာရင်းများအရ နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ (၅၁.၄) သန်းရှိပါသည်။

သဘာဝသယံဇာတအရင်းအမြစ်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့၊ သစ် ၊ ဇင့် ၊ ကြေးနီ ၊ ခဲ ၊ ကျောက်မီးသွေး ၊ ထုံးကျောက် ၊ အဖိုးတန်ကျောက်မျက် ၊ ရေအားလျှပ်စစ်စသည့် သဘာဝသယံဇာတ အရင်းအမြစ်များ ပေါများ ကြွယ်ဝပါသည်။



စိုက်ပျိုးရေးထွက်ကုန်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဆန်စပါး ၊ ပဲအမျိုးမျိုး ၊ ဆီထွက်သီးနှံ ၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် ၊ ကြံ ၊ သစ်မာ ၊ ရေထွက်ကုန် စသည်တို့ထွက်ရှိပါသည်။



စက်မှုလုပ်ငန်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လယ်ယာထွက်ကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်း၊ အထည် အလိပ်နှင့် အဝတ်အထည်လုပ်ငန်း ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ၊ ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်း ၊ သစ်နှင့်သစ်အချောထည်လုပ်ငန်း ၊ ကြေးနီ၊ သံ ၊ တန်စတင်ထုတ်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း ၊ ဆေးဝါးလုပ်ငန်း ၊ ဓါတ်မြေ သြဇာနှင့် ဘိလပ်မြေလုပ်ငန်း စသည်တို့ လုပ်ကိုင်ကြပါသည်။



အဓိကပို့ကုန်ပစ္စည်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ ၊ သဘာဝ ဓါတ်ငွေ့၊ သတ္တုတွင်းထွက်ပစ္စည်းများ ၊ ရေထွက်ပစ္စည်းများ ၊ အဝတ်အထည်၊ ကျောက်စိမ်းနှင့် ကျောက်မျက် စသည်တို့ကို အဓိကတင်ပို့ပါသည်။



အဓိကသွင်းကုန်ပစ္စည်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ရေနံစိမ်း ၊ လောင်စာဆီ ၊ စက်ပစ္စည်းနှင့် အပိုပစ္စည်းများ ၊ ပို့ဆောင်ရေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓါတ်မြေသြဇာ ၊ ဘိလပ်မြေ၊ စားသုံးဆီ၊ စားသောက်ကုန်များ ၊ ချည်မျှင်နှင့် ပလပ်စတစ်စေ့များ စသည်တို့ကို ပြည်ပမှ အဓိကတင်သွင်းပါသည်။



ငွေကြေး

ကျပ် ၊ ပြား (တစ်ကျပ် = ပြားတစ်ရာ )



ဘဏ္ဍာနှစ်

ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ



နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အောက်ဖော်ပြပါ နိုင်ငံတကာအဖွဲ့အစည်းများတွင် အဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည် -

APT, ARF, ADB, ASEAN, BIMSTEC, CP, EAS, FAO, G-77, IAEA, IBRD, ICAO, ICRM, IDA, IFAD, IFC, IFRCS, IHO, ILO, IMF, IMF, IMO, Interpol, IOC, ISO (correspondent), ITU, NAM, OPCW (signatory), SAARC (observer), UN, UNCTAD, UNESCO, UNIDO, UPU, WCO, WHO, WIPO, WMO, WTO.





တိုင်းဒေသကြီးနှင့်ပြည်နယ်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တိုင်းဒေသကြီး (၇)တိုင်းနှင့် ပြည်နယ် (၇) ပြည်နယ်ရှိပါ သည်။ တိုင်းဒေသကြီးများမှာ ဧရာဝတီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ တနင်္သာရီ တိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ပါသည်။ ပြည်နယ်များမှာ ကချင်ပြည်နယ် ၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ် ၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်တို့ ဖြစ်ကြပါသည်။



တိုင်းရင်းသားလူမျိုးစုများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း တစ်ရာကျော်မှီတင်းနေထိုင် ကြပါသည်။



ကိုးကွယ်သည့်ဘာသာများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက ဘာသာအမျိုးမျိုးကို လွတ်လပ်စွာ ကိုးကွယ်ခဲ့ကြပါသည်။ ရာခိုင်နှုန်းအားဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၈၉ . ၃ ရာခိုင်နှုန်း ၊ ခရစ်ယာန် ၅.၆ ရာခိုင် နှုန်း ၊ အစ္စလာမ် ၃.၈ ရာခိုင်နှုန်း ၊ ဟိန္ဒူ ဝ.၅ ရာခိုင်နှုန်း ၊ နတ်ကိုးကွယ်မှု ဝ.၂ ရာခိုင် နှုန်းနှင့်အခြား ဝ.၆ ရာခိုင်နှုန်း အသီးသီးဖြစ်ကြပါသည်။



ဘာသာစကား

ရုံးသုံးဘာသာမှာ ဗမာစကားဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများတွင် ကိုယ်ပိုင်ဘာသာစကား အသီးသီးရှိကြပါသည်။

သဘာဝက‌ေပးတဲ့အလှတရားများ     #                       သစ္ပင်စိုက်ပါတို့ကမ္ဘာ                                     သာယာလှပစိ...
27/06/2025

သဘာဝက‌ေပးတဲ့အလှတရားများ # သစ္ပင်စိုက်ပါတို့ကမ္ဘာ သာယာလှပစိမ်းြမ ြမ

21/06/2025

Address

Magway

Website

Alerts

Be the first to know and let us send you an email when Taw Thu Chanel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share