22/04/2022
တစ်ဖက်သူကို နာမည်တပ်ခေါ်ပါ………….
နာမည်ဆိုတာ လူတစ်ယောက်မွေးလာပြီးတဲ့ အချိန်ကတည်းက ကိုယ့်အတွက်အရေးပါတဲ့အရာတစ်ခုပဲ... အဲ့ဒါကြောင့်မို့ပဲ ကိုယ်နဲ့အမြဲတမ်း တွဲပြီးရှိသွားမယ့် နာမည်လှလှလေးတစ်ခုရဖို့အတွက် လူကြီးတွေက ကလေးလေးတွေကို ဘယ်လိုနာမည် မှဲ့ပေးရမလဲဆ်ုပြီး သေချာစဥ်းစားကြတာပေါ့... များသောအားဖြင့်ကျွန်မတို့ဟာလည်း လူတွေကို သူတို့ရဲ့ပုံပန်းသွင်ပြင်ကို နာမည်နဲ့တွဲပြီးမှတ်မိလေ့ရှိကြတာပဲမဟုတ်လား
ပထမဆုံးအနေနဲ့ ကျွန်မတို့လူတစ်ယောက်နဲ့တွေ့ပြီး စကားစမြည်ပြောကြပြီပဲဆိုပါတော့... အဲ့ဒီလူကလည်းကိုယ်နဲ့ မကြာခင်ကမှခင်ထားတဲ့လူဆိုရင် သူ့ရဲ့နာမည်ကို ကိုယ့်ဘက်ကနေ မှတ်မိချင်မှမှတ်မိမယ်လေ... ဒါပေမဲ့မြန်မာနိုင်ငံရဲ့ယဥ်ကျေးမှုအရ သူ့နာမည်နေရာမှာ "အမ" "အကို" "မောင်လေး" "အန်တီ" စသည်ဖြင့် နာမ်စားလေးတွေ ထည့်သုံးပြီးမှတ်မိတဲ့ဟန်နဲ့ ရောယောင်ပြီး နှုတ်ဆက်လို့တော့ရနေတာပဲ... ဒါပေမဲ့လည်း အဲ့လိုမျိုးထက် ကိုယ်ကသူ့နာမည်လေးကို အသိအမှတ်ပြုတဲ့အနေနဲ့ နာမည်တပ်ပြီး ခေါ်လိုက်တယ်ဆိုရင် တစ်ဖက်လူကလည်း "သူငါ့နာမည်လေးကို မှတ်မိနေသားပဲ" ဆိုတဲ့အတွေးလေးနဲ့ နှစ်ယောက်ကြားက ပေါင်းသင်းဆက်ဆံရေးဟာ နွေးနွေးထွေးထွေးနဲ့ အလျင်အမြန် တိုးတက်လာလိမ့်မယ်...
ဒီနည်းလမ်းက ဘယ်လိုနေရာတွေမှာပဲဖြစ်ဖြစ် အသုံးဝင်တယ်... ဥပမာအားဖြင့် ၂ခါရောက်ဖူးထားတဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်မှာပဲထားပါတော့... ၃ကြိမ်မြောက် လာထိုင်တဲ့အခေါက်မှာ အဲ့ဆိုင်ကဝန်ဆောင်မှုပေးနေကျ စားပွဲထိုးလေးက ကိုယ့်ကိုမှတ်မိနေပြီး ကိုယ့်ရဲ့နာမည်ကိုအဖျားစွတ်ခေါ်လိုက်တာမျိုးမှာ စိတ်ထဲအနည်းအကျဥ်းလေးတော့ ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေ၊ နှစ်သိမ့်မှုတွေကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရတာမျိုး ကြုံဖူးကြပါသလား?... ဒါဟာ ကျွန်မတို့နာမည်တွေကနေ ဖြစ်ပေါ်လာတဲ့ အခြေခံကျတဲ့နွေးထွေးမှုလေးပဲ...
အလုပ်လုပ်တဲ့အခါတွေမှာလည်း ဒီလိုမျိုးပါပဲ... ရောင်းဝယ်ဖောက်ကားမှုတစ်ခုခုမှာ လုပ်နေရတဲ့လူဖြစ်မယ်ဆိုရင်လည်း လာဝယ်တဲ့ customer ဖောက်သည်တွေကို ခုနကလိုမျိုးလေး နာမည်နဲ့တရင်းတနှီးလေး ခေါ်မယ်ဆိုရင် ကျွန်မတို့ဟာ ရောင်းသူဝယ်သူဆိုတဲ့ အကန့်ကြီးကနေ လေးလေးလံလံနဲ့ လုပ်ဆောင်နေရမှာ မဟုတ်တော့ဘူး... ဒါ့အပြင်လူတွေကလည်း ကိုယ့်ကိုသဘောကျလာမှာ ဖြစ်တဲ့အတွက် ကိုယ့်ဆီမကြာခဏလာကြလိမ့်မယ်... ဒါဟာနှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ ပျော်ရွှင်မှုပါပဲ...
နောက်တစ်ခုအနေနဲ့ ကျွန်မတို့လေယာဥ်စီးတဲ့အခါမှာလည်း ရိုးရိုးတန်းနဲ့အထူးတန်းဆိုပြီး ခွဲခြားထားတာရှိပါတယ်... အဲ့ဒီအခါမှာ ရိုးရိုးတန်းကနေစီးရင် လေယာဥ်မောင်မယ်တွေက ကျွန်မတို့ကို "လူကြီးမင်း" ဆိုပြီးပဲ နှုတ်ဆက်ကြတယ်.... အထူးတန်းကစီးတယ်ဆိုရင်တော့ ကျွန်မတို့ကို နာမည်တွေနဲ့ပါ ရည်ညွှန်ူပြီးတော့ "မင်္ဂလာပါ Mr. Carter, ဒါက လူပြီးမင်းရဲ့ထိုင်ခံဖြစ်ပါတယ်" ဆိုပြီးတော့ နှုတ်ဆက်မယ်... ဒါ့အပြင် လေယာဥ်ပေါ် ဝန်ဆောင်မှုပေးတဲ့ အခါမှာလည်း "Mrs. Rivera, ကော်ဖီ/လက်ဖက်ရည် သုံးဆောင်ချင်ပါသလား" ဆိုပြီးမေးပါလိမ့်မယ်... ဘာမှမဟုတ်တဲ့အရာလေးတွေ ဆိုပေမယ့် နာမည်အခေါခံလိုက်ရသူရဲ့ စိတ်ထဲမှာတော့ စိတ်ချမ်းသာနေစေမှာအမှန်ပါပဲ...
ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း လူအမျိုးမျိုးနဲ့ နာမည်အမျိုးမျိုးတွေ ရှိမှာပါပဲ... အဲ့ဒီတော့ကျွန်မတို့က တစ်ခါတစ်ရံမှာ အဲ့လူတွေရဲ့ နာမည်တွေကို မမှတ်မိတော့တာမျိုးတို့ ကိုယ်တိုင်ကလည်း နာမည်တွေမှတ်တဲ့နေရာမှာ မမှတ်မိနိုင်တာမျိုးတို့ ဖြစ်တတ်တယ်ဆိုရင် - ပထမဆုံးအနေနဲ့ သူ့ရဲ့နာမည်ကို စပြီးမိတ်ဆက်တဲ့အချိန်မှာ သေချာအာရုံစိုက်ပြီးနားထောင်ပါ... ပြီးရင် အဲ့လူရဲ့ ရုပ်ရည်သွင်ပြင်တစ်ခုခုနဲ့ တွဲပြီး မှတ်သားလိုက်ပေါ့... အဲ့လိုမျိုးလည်း မရသေးဘူးထင်ရင် ကိုယ်ကသူနဲ့ ဘယ်လိုစသိတာလဲ၊ ဘယ်နေရာမှာလည်း၊ ဘယ်သူကနေတစ်ဆင့်သိိတာလဲ စတဲ့ moment လေးတွေကိုမှတ်ထားလိုက်ရင်လည်း ဒါဟာပြန်တွေးမိယုံနဲ့ အလွယ်တကူ memory recall လုပ်လို့ရပါလိမ့်မယ်...ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အာရုံစိုက်ပြီးမှတ်သားမယ်ဆိုရင် ဘယ်နာမည်ကိုမဆို မှတ်မိနေမှာပါ... ကျွန်မတို့ကြည့်နေကြတဲ့ ကိုရီးယားကားတွေထဲက မင်းသားမင်းသမီးတွေရဲ့နာမည်တွေကို မိခင်ဘာသာစကားမဟုတ်ဘဲနဲ့တောင် ကျွန်မတို့
မှတ်မိနေကြတာပဲမဟုတ်လား...
မမေ့ပါနဲ့ လူတစ်ယောက်အတွက် ဘယ်လိုဘာသာစကားမျိုးမှာပဲဖြစ်ဖြစ် သူရဲ့နာမည်ဟာ သူ့အတွက် နားဝင်အချိုသာဆုံး စကားလုံး ဖြစ်ပါတယ်။
Call people by their names.
Have you ever experienced a burst of joy, warmth, and comfort because the waiter from the coffee shop that you have visited twice now greets you by your first name on your third visit? Well, that is the magic of birth names. That is also what separates economy class and first class in airlines from each others (apart from the price$$). When you take an economy class flight, the flight attendances will greet you or ask you if you would like something referring as in ‘sir’ or ‘ma’am’. But let’s say you take first class, the flight attendants will be referring you by your name like ‘Hello Mr.Carter, this will be your seat.’ or ‘Mrs.Rivera, would you like coffee or tea?’. Wouldn't that make you feel good, even for a brief moment, when you are being called out by nothing other but your name, the name from your birth. Calling by the name is a very original, settle and simple but effective compliment, so people really appreciate that. The technique can be used not only in social circles but also in business as well. That's because if you could remember someone or a customer’s name, it is guaranteed that you’re going to get more tips if your working in a service providing role in a western country. Or those people are going to like you more in general. They will come to your presence often because being around you makes them blessed and special.
Alright, so the question here is that ‘How can we remember their names’ - 1. In your conversations with them, you could use their names frequently instead of pronouns. Especially in out country, words like A-ma, A-ko, Maung lay, An ti are used most of the time. Well, as our culture, of course we have to refer an elder with a pronoun but the technique can be used in a way of adding their name after the pronouns, such as, U-maung, An-ti Hla, A-ma Mee Mee. That sounds appropriate and also friendly at the same time. 2. When the other person mentions their name, pay full attention and try to remember the name linking with a facial feature or a characteristic for a long term memory. There is no such thing as I’m not good at remembering names, you are just not interested enough so you lack in paying attention to them. You can’t deny that you can remember actors’ names from all the Korean dramas you have watch even though their names are not in you native language. You can do the same with anyone you encounter if you pay full attention to them.
Remember that a person’s name is to that person the sweetest and most important sound in any language.
🌵Translator- Amelia @ Thiri Shwe Zin
🌵Content Writer- Kant Kaw Khin
🌵Graphic Designer- Sithu Htun Aung
📖 How to win Friends and Influence people _ Dale Carnegie