AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team

AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team 09957984191သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်���

08/08/2026

၉.၈.၂၀၂၆ ရက်နေ့ မနက်၈:၀၀နာရီအချိန်မှ စ၍ မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်တွင်းရှိ ရေကြီးမှု့ဖြစ်ပွားရာ ကျေးရွာများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များဖြစ်တဲ့ အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှုး ဦးအောင်မျိုးထက် ဦးဆောင်ကာ သန္ဓေ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တကွ အစိုးရဌာနဆိုင်ရာအဖွဲ့ဝင်များစုပေါင်းကာ မိဘပြည်သူများအား ကူညီကယ်ဆယ်ရေးများ စတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။မိဘပြည်သူများအနေဖြင့် အကူအညီလိုအပ်ပါက ကျွန်တော်တို့ထံဆက်သွယ်အကြောင်းကြားအကူအညီတောင်းခံနိုင်ပါသည်။
အရေးပေါ်ဖုန်းနံပတ်-၁၉၁
၀၉၃၃၃၂၁၃၂၃
၀၉၉၅၇၉၈၄၁၉၁ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
မိဘပြည်သူအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
#အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ

#191
#မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ကွပ်ကဲ)
#၀၁၈ ၆၆၆၉၁၂
#၀၁၈ ၆၆၆၉၁၃
#မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)
#၀၂ ၄၀၂၁၀၈၄
#၀၉ ၃၄၀၃၂၀၂၀၂

07/08/2026

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်အတွင်းရှိ ဒုဌဝတီမြစ်ရေမှာ မိုးဇလ ခန့်မှန်းချက်အရ ၃၆နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ကျော်လွန်နိုင်ကာ ရေကြီး၊ရေလျှံမှု့များဖြစ်ပေါ်လာနိုင်သောကြောင့်
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များမှ ဒုဌဝတီမြစ်ကြောင်းနှင့်နီးစပ်နေသော ကျေးရွာများထံ ၇.၈.၂၀၂၆ရက်နေ့ ညနေ ၄:၀၀နာရီအချိန်ခန့်တွင် အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှုးဦးဆောင်ကာ သန္ဓေ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ တစ်ရွာဝင်တစ်ရွာထွက်ကာ လိုက်လံနှိုးဆော် သတိပေးခဲ့ပြီး အကူအညီလိုအပ်ပါက မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံးထံ ဆက်သွယ်အကြောင်းကြားကာ အကူအညီများတောင်းခံနိုင်ကြောင်း ဆော်ဩခဲ့ပြီးဖြစ်ပါသည်။ကျွန်တော်တို့ အမရပူရ စွယ်တော် NSCI အရန်မီးသတ်နှင့်Volunteerအဖွဲ့ဝင်များမှလည်း သဘာဝဘေးကြုံလာသည့်အခါ ကူညီကယ်ဆယ်ရေးများပြုလုပ်နိုင်ရန်အတွက် အသင့်အနေအထားဖြင့် ဆောင်ရွက်ထားပါကြောင်း မိဘပြည်သူများထံ အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ့🙏🙏🙏
မိဘပြည်သူများအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
🇲🇲👨‍🚒🚒1️⃣9️⃣1️⃣🇲🇲👨‍🚒🚒
#မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
#အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ

#191
#မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ကွပ်ကဲ)
#၀၁၈ ၆၆၆၉၁၂
#၀၁၈ ၆၆၆၉၁၃
#မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)
#၀၂ ၄၀၂၁၀၈၄
#၀၉ ၃၄၀၃၂၀၂၀၂
အမရပူရ စွယ်တော် NSCI အရန်မီးသတ်နှင့်Volunteerအဖွဲ့
၀၉၉၅၇၉၈၄၁၉၁
AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team

06/08/2026

ညစာ စားပြီးပြီးချင်း ဖုန်းဝင်လာလို့ ကိုင်လိုက်တာ ကိုကြီးရေ သက္ကသီရိ စာသင်တိုက်ဘေးလမ်းမှာ Expressမော်တော်ယာဉ်တစ်စီး မီးလောင်နေလို့ အမြန်လာပါဆိုပြီး ပြောတော့ ကျွန်တော့်အနီးနားတင်မို့ အေးအေး ညီလေး လာပြီဆိုကာ ယူစရာရှိတာ ယူပြီး ကားလေပေါင်ဖြည့်ပြီး တပ်ဖွဲ့ဝင် ညီများနှင့်မီးလောင်မှု့ဖြစ်ပွားရာသို့ မိနစ်ပိုင်းနဲ့အရောက်မောင်းနှင်ကာ မီးလောင်မှု့နေရာမှာ မီးဟုန်းဟုန်းတောက်နေပြီ ကျွန်တော်တို့ကားရောက်တော့ မီးလောင်နေတဲ့ကားရှေ့ထိကျော်မောင်းကာ ပိုက်လိပ်ထုတ်၊နော်ဇယ်ခေါင်းထုတ်ကာ မီးကိုစတင်ငြိမ်းသတ်နေရင်း ကားနောက်ခန်းထဲမှ မိဘပြည်သူ လှုဒါန်းပေးထားတဲ့ မီးစလိုက်ဖြင့် ညီငယ်တစ်ယောက်အား အလင်းပြစေပြီး မှောင်မှောင်မဲမဲထဲမှာ မီးငြိမ်းသတ်နေရတဲ့ တပ်ဖွဲ့ဝင် ဆရာ၊အစ်ကို၊ညီများအတွက် အလင်းပေးလိုက်တော့ ထိမိခိုက်မိမှာ မစိုးရိမ်ရတော့ဘူး။
ကျွန်တော်ကိုယ်တိုင် တပ်ဖွဲ့ဝင် ညီငယ်တွေကို အနီးကပ် ကွပ်ကဲကာ ကားမှာ စက်နှိုးလျှက်သားဖြစ်နေတာကို စက်ရပ်ဖို့အတွက် ကြိုးစားပြီး ကား ဘက်ထရီအိုးများဖြုတ်ဖို့ ခေါင်းထဲသတိရလိုက်တာနဲ့ချက်ချင်းပင် ဘက်ထရီအိုးများဖြုတ်ဖို့လုပ်လိုက်သည်၊ကားစက်သည်လည်း ရပ်သွားသည်နှင့်တပြိုင်နက် ကားအတွင်းရှိ ဆီတိုင်ကီအား အအေးပေးခြင်းလုပ်ငန်းလုပ်ဆောင်ရန် နော်ဇယ်ကိုင်ထားသည့် ညီငယ်အား ရေစူးမှ ရေပန်းစနစ်အားပြောင်းစေပြီး ရေပန်းစနစ်ဖြင့် အအေးပေးစေကာ ဆီတိုင်ကီ ပိုက်လိုင်းများအား ဖြုတ်ချကာ မီးထပ်မံမကူးစက်အောင် အတွေ့အကြုံများထဲမှ အသိသတိဖြင့်ဆီတိုင်ကီ(အပို)အားဖြုတ်ချခိုင်းကာ ဘေးလွှတ်ရာမှာ ထားစေပြီး၊စောနက ဖြုတ်ချထားတဲ့ ဘက်ထရီအိုး ၂လုံးနှင့်ဆီတိုင်ကီကို လူတစ်ဦးဖြင့်စောင့်ကြည့်ခိုင်းကာ မီးလောင်းနေသည့်အစိတ်အပိုင်းများ ထပ်မံမဖြစ်အောင် ကျွန်တော်ကိုယ်တိုင် မီးလောင်နေသည့်ကားထဲဝင်ကာ ညီကိုတတွေ တက်ညီလက်ညီဖြင့် ငြိမ်းသတ်ခဲ့လို့၊ကားအင်္ဂျင်ခန်းဘက် မီးမကူးပဲ ရပ်တန့်သွားတယ်၊ဒီဇယ်အမျိုးအစားဖြစ်တာမို့ မီးလောင်ပေါက်ကွဲအန္တရာယ်နည်းပါးတာမို့ အရဲစွန့်လိုက်တာပါ၊ပထမ Videoမှာ ကျွန်တော့် ညီအလတ်က ကျွန်တော့်အားစိတ်ပူလို့ အရဲမကိုးဖို့ မှာကြားနေချိန် ညီလတ်စကားကို နားမယောင်မိပါဘူး မိဘပြည်သူ အပူကို ကူငြိမ်းနေရချိန်ဖြစ်လို့ ကိုယ့်အပူကို သတိမရတော့ပါဘူး၊ကျွန်တော်တို့မီးသတ်သမားတွေက မိဘပြည်သူအတွက်ဆို တုံးတိုက်တိုက်ကမ်းတိုက်တိုက် ကူညီမယ့်သူတွေပါဗျာ့။
အချို့တွေ အကောင်းမမြင်ပေးရင်တောင် ကျွန်တော်တို့က သည်းခံစိတ်နဲ့နေပေးလို့ရပေမယ့် လာစော်ကားရင်တော့ ကျွန်တော်တို့လည်း လူထဲကလူပဲမို့ ပြန်တုံ့ပြန်တတ်ပါတယ်ဗျာ့🤝🤝🤝
မိဘပြည်သူများအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
🇲🇲👨‍🚒🚒1️⃣9️⃣1️⃣🇲🇲👨‍🚒🚒
AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team
#0️⃣9️⃣9️⃣5️⃣7️⃣9️⃣8️⃣4️⃣1️⃣9️⃣1️⃣

06/08/2026

၄.၈.၂၀၂၆ရက်နေ့ ည၇:၃၀အချိန်ခန့်တွင် ၆၈လမ်း ၁၄၆ င လမ်းတွင် Expressယာဉ်တစ်စီး မီးလောင်ကျွမ်းမှု့ဖြစ်ပွားနေကြောင်း သတင်းရရှိ၍ အမရပူရ စွယ်တော် NSCI အရန်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ်ဖြင့် ထွက်ခွာငြိမ်းသတ်ပေးခဲ့မှတ်တမ်းလေးပါ။
မိဘပြည်သူအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team
#0️⃣9️⃣9️⃣5️⃣7️⃣9️⃣8️⃣4️⃣1️⃣9️⃣1️⃣

https://vt.tiktok.com/ZS4PR37WA/ဧရာဝတီတိုင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေကို ကူဖို့၊လှုဖို့ ကျွန်တော့်ချွေးနည်းစာနဲ...
04/08/2026

https://vt.tiktok.com/ZS4PR37WA/
ဧရာဝတီတိုင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေကို ကူဖို့၊လှုဖို့ ကျွန်တော့်ချွေးနည်းစာနဲ့ဝယ်ယူထားတဲ့ ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြိမ်းသတ်ရေး ဦးထုပ်လေးတွေ လေလံစနစ်ဖြင့် မေတ္တာလက်ဆောင်ယူ အစီစဉ်လေးလုပ်ထားပါတယ်ခင်ဗျာ့။ကျွန်တော့် မိတ်ဆွေများအနေဖြင့် ခင်မင်မှု့အရသော်လည်းကောင်း၊လိုအပ်လို့သော်လည်းကောင်း၊ရေဘေးအတွက် ကူညီပြီးသားသော်လည်းကောင်း ဈေးလေးများဝင်ပေးကျပါအုန်းခင်ဗျာ့။
ရှာဖွေကယ်ဆယ်ရေးသုံး Helmet-110,000 အမြင့်ဆုံးဈေး တစ်ဦးပေးထားပါတယ်။
မီးငြိမ်းသတ်ရေးသုံး Helmet-50,000 အမြင့်ဆုံးဈေး တစ်ဦးပေးထားပါတယ်။
ကျွန်တော် Tiktok Accမှာ ဈေးလေးတွေ ဝင်ပေးခြင်းဖြင့် လှုရာ၊ကူရာ ရောက်ပါတယ်ခင်ဗျာ့🙏🙏🙏
မိဘပြည်သူများအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
🇲🇲👨‍🚒🚒1️⃣9️⃣1️⃣🇲🇲👨‍🚒🚒

29/07/2026

၂၉.၇.၂၀၂၆ ရက်နေ့ ဒုတိယ ဝါဆိုလပြည့် နေ့မြတ်လေးမှာ မိဘပြည်သူ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များဖြစ်တဲ့ အမရပူရ စွယ်တော် NSCI အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မိုးထားလူမှု့ကူညီရေးအသင်းမှ ဦးလေး၊ညီများနှင့်အတူ စွယ်တော်ဘုရား အနောက်မုဒ် ၇၈လမ်း ရန်ကုန်+မန္တလေး လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အလို့ဌာ ညီကိုတတွေ ယာဉ်ကြောရှင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ကျွန်တော်တို့အား မည်သူတစ်ဦးတစ်ယောက်ရဲ့ ခိုင်းစေချက်မပါပဲ တာဝန်သိပြည်သူတစ်ဦးအနေဖြင့် မိဘပြည်သူများ ယာဉ်တိုက်မှု့အန္တရာယ်မှ ကင်းရှင်းစေရန်အတွက် ကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။
မိဘပြည်သူများအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
🇲🇲👨‍🚒🚒1️⃣9️⃣1️⃣🇲🇲👨‍🚒🚒
#မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
#အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ

#191
#မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ကွပ်ကဲ)
#၀၁၈ ၆၆၆၉၁၂
#၀၁၈ ၆၆၆၉၁၃
#မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)
#၀၂ ၄၀၂၁၀၈၄
#၀၉ ၃၄၀၃၂၀၂၀၂
အမရပူရ စွယ်တော် NSCI အရန်မီးသတ်နှင့်Volunteersအဖွဲ့
၀၉၉၅၇၉၈၄၁၉၁
AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team

29/07/2026

ငန်းစောင်း
အဆိပ်မရှိ၊အန္တရာယ်မရှိ
ဂေဟစနစ်အတွက် အကျိုးပြု
မိဘပြည်သူများအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
🇲🇲👨‍🚒🚒1️⃣9️⃣1️⃣🇲🇲👨‍🚒🚒
#မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
#အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ

#191
#မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ကွပ်ကဲ)
#၀၁၈ ၆၆၆၉၁၂
#၀၁၈ ၆၆၆၉၁၃
#မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)
#၀၂ ၄၀၂၁၀၈၄
#၀၉ ၃၄၀၃၂၀၂၀၂
အမရပူရ စွယ်တော် NSCI အရန်မီးသတ်တပ်ဖွဲ့
၀၉၉၅၇၉၈၄၁၉၁
AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team

26/07/2026

မြွေဝံပုလွေ၊အိမ်စောင့်မြွေ
အဆိပ်မရှိ၊အန္တရာယ်မရှိတာမို့ တွေ့ရှိခဲ့ပါက ဘေးမဲ့လွှတ်ပေးဖို့ ဒီကနေပဲ မေတ္တာရပ်ခံအပ်ပါတယ်🙏🙏🙏
မြွေနှင့်အခြားတိရစ္ဆာန် ရှားပါးတိရစ္ဆာန်လေးတွေအကြောင်း သိလိုပါက
Native Species Conservation & Identification Page&Groupကို Like&Followလုပ်ပြီး Groupထဲ ဝင်ထားဖို့လည်း ဖိတ်ခေါ်ပါတယ်။
ကမ္ဘာမှာ မြန်မာနိုင်ငံမှာပဲရှိတဲ့ မျိုးစိတ်တွေကို NSCI Page&Group မိသားစုဝင်တွေက ဖော်ထုတ်တွေ့ရှိနေတာမို့ မိတ်ဆွေတို့အတွက် ငွေနဲ့မဝယ်ရတဲ့ ဗဟုသုတ ရမှာ အသေအချာပါ။
မိဘပြည်သူများအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
🇲🇲👨‍🚒🚒1️⃣9️⃣1️⃣🇲🇲👨‍🚒🚒
#မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
#အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ

#191
#မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ကွပ်ကဲ)
#၀၁၈ ၆၆၆၉၁၂
#၀၁၈ ၆၆၆၉၁၃
#မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)
#၀၂ ၄၀၂၁၀၈၄
#၀၉ ၃၄၀၃၂၀၂၀၂
အမရပူရ စွယ်တော် NSCI အရန်မီးသတ်တပ်ဖွဲ့
၀၉၉၅၇၉၈၄၁၉၁
AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team

24/07/2026

လက်ဖက်ရည် တစ်ခွက် ၃၀၀၀ ဖြစ်တဲ့အကြောင်း လှိုင်လှိုင်ရေးတင်နေတဲ့ မီဒီယာ Dollarစားများ
ပိုက်ဆံ ၃၈၀၀နဲ့အာဟာရလည်းဖြစ် ဗိုက်လည်းဝတဲ့မနက်စာအဖြစ် ကျွန်တော်ကိုယ်တိုင် စားပြထားတဲ့ Videoလည်း ဝင်ကြည့်သွားကျပါအုန်း😬
ခင်ဗျားတို့ကတော့ နိုင်ငံရပ်ခြားမှာနေပြီး သတင်းရပြီးရော၊သတင်းဖြစ်ရင်ပြီးရောဆိုပြီး ခင်ဗျားတို့ လစာရဖို့အတွက် ရေးချင်သလိုရေးပြီး မြန်မာနိုင်ငံတွင်းနေနေတဲ့ ကျွန်တော်အပါ မိဘပြည်သူတွေက ကြုံလာသမျှ ဒုက္ခ ခါးစည်းခံနေရတာ။ခင်ဗျားတို့ ရေးတင်တဲ့ သတင်းက Hotဖြစ်လေ ပြည်တွင်းမှာရှိနေတဲ့ မိဘပြည်သူတွေက ပိုခံရလေပဲ အကျိုးမရှိတဲ့ သတင်းတွေ နိုင်ငံရပ်ခြားကနေ ရေးတင်နေမယ့်အစား ပြည်တွင်းမှာနေပြီး အတူတူ ဒုက္ခတွေ လာခံစားကြည့်ပါလား။လက်ဖက်ရည်တစ်ခွက် ၃၀၀၀ ဖြစ်တာကအစ သတင်းလုပ်ရေးတင်နေတဲ့ မီဒီယာ Dollarစားတို့ သိစေဖို့အတွက် ဒီVideoလေးနဲ့သက်သေပြလိုက်တယ်ဗျာ။
လက်ဖက်ရည် တစ်ခွက် ၃၀၀၀ဆိုတာ သူ့အိုးနဲ့သူ့ဆန် တန်လို့တောင်းတာလေ ၃၀၀၀နဲ့တန်တဲ့ဆိုင်ကိုထိုင်ရင် အဲ့၃၀၀၀ ကုန်ရတာတန်တယ်ဗျာ၊ရပ်ကွက်ထဲက ဆိုင်မှာထိုင်ပြီး လက်ဖက်ရည်တစ်ခွက် ၃၀၀၀ တောင်းရင် အဲ့ဆိုင် မတရား အမြတ်ကြီးစားလို့ပဲ။ကျွန်တော် မနက်တိုင်း ကျွန်တော့်အိမ်နဲ့မလှမ်းမကမ်းမှာ ရှိတဲ့ “ထူးရှယ်" ဆိုတဲ့ လက်ဖက်ရည်နှင့်စားဖွယ်စုံ ဆိုင်ကြီးမှာ စီလုံတီး အမြဲသောက်ဖြစ်တယ် တစ်ခွက် ၄၀၀၀ ပေးရတယ်၊၄၀၀၀နဲ့တန်တဲ့ ဝန်ဆောင်မှု့ကိုရတယ် ဆိုင်ဝန်းကျင်ဝင်တာနဲ့ဆိုင်ကယ်စတန်းစောင့်တဲ့ ညီလေးတွေက ဆိုင်ကယ်မပျောက်အောင် သူတို့ဆိုင်နာမည်နဲ့ဆိုင်ကယ်အပ်လက်ခံ ကတ်တစ်ခု ကိုယ့်ကိုပေးတယ် တစ်ကတ်က ဆိုင်ကယ်မှာချိတ်ပေးတယ်၊ဆိုင်ထဲဝင်လိုက်တာနဲ့အပြုံးချိုချိုလေးတွေနဲ့ မင်္ဂလာပါ ဆရာ ဆိုပြီး ဆိုင်မှာလာသုံးဆောင်ကျတဲ့ Customerတိုင်းကို ခရီးဦးကြိုပြုတယ် ပန်ကာအပြည့် မီးထိန်ထိန်နဲ့ကိုယ်ကြိုက်တဲ့ စားပွဲမှာထိုင်လိုက်ပြီဆိုတာနဲ့ရေနွေးသောက်ဖို့ အကြမ်းပန်းကန်လုံးကို ညှပ်လေးနဲ့ယူလာပေးတယ်၊ဘာများသုံးဆောင်မလည်း ဆရာဆိုပြီး သူတို့ဆိုင်က ရတဲ့ စားဖွယ်စုံ Menuလေးချပေးတယ် ကိုယ်ကြိုက်တာ မှာစားယုံပဲ၊ကိုယ်မှာတဲ့အစားစာ လာချတဲ့အခါမှာလည်း ရပ်ကွက်ထဲကဆိုင်လို ဆီချေးမပြောင်၊ညစ်ညစ်ပတ်ပတ် လက်နဲ့လာချတာမဟုတ်ဖူး သေချာသပ်သပ်ရပ်ရပ်ပဲ ပေးရတဲ့ ပိုက်ဆံနဲ့တန်တဲ့ဝန်ဆောင်မှု့ကို ရလို့ အစားအသောက်လည်းကောင်းလို့ ကျွန်တော်ဆို တစ်ရက် ၂ခါထိုင်ဖြစ်တယ် မနက်ပိုင်း စီလုံတီး မလှိုင်များများနဲ့သောက်ဖြစ်တယ် မနက်စာမစားရသေးရင် ပလာတာလိပ်ခုတ်ကိုမှ ပဲလုံးနဲ့ကြက်သွန်ကြော်ရှောင် ဆီခြောက်ခြောက်လေး မှာစားဖြစ်တယ်၊ညနေပိုင်းဆို ပုံမှန်စိမ့်စိမ့်လေး တစ်ခွက်နဲ့ကျွန်တော် အမြဲဆောင်နေကျ စီးကရက်လေးဖွာပြီး ကျွန်တော့်အဖွဲ့ဝင်ညီငယ်နဲ့စကားစမြည်ပြောဖြစ်တယ်။ခင်ဗျားတို့ လက်ရှိနေထိုင်တဲ့ နိုင်ငံမှာ ကျွန်တော် ခုVideoမှာပါသလို 1Dollar မပြည့်တဲ့ ပိုက်ဆံနဲ့မနက်စာ စားလို့ရလား မေးချင်တယ်။ကပ်သီးကပ်သပ် ရတယ်ဆိုပြီးတော့လာပြောရင်တော့ ကျွန်တော့်လို လက်တွေ့ပြပေးမှပဲယုံမှာ။ခင်ဗျားတို့က ခင်ဗျားတို့အလုပ်အတွက် လူကြီးမျက်စိဆံပင်မွှေးစူးစေမယ့်အကြောင်းအရာတွေ တစ်ဖက်စောင်းနင်းရေး ခံရတော့ ကျွန်တော်တို့ ပြည်သူတွေ၊ပြည်သူချစ်တဲ့ အစိုးရလက်ထက်မှာလည်း ကျွန်တော်တို့ဘဝတွေအတွက်၊ဝမ်းစာအတွက် ရုန်းကန်နေရသလို ပြည်သူမချစ်တဲ့ အစိုးရလက်ထက်မှာလည်း ရုန်းကန်နေရဆဲဖြစ်တယ်။ခင်ဗျားတို့ နေထိုင်ရာ နိုင်ငံရဲ့ အစိုးရမကောင်းကြောင်းကို ဒီနိုင်ငံအကြောင်း ရေးသလို ရေးကျပါလား ခင်ဗျားတို့ ဝင်ငွေ ပိုရတာပေါ့ဗျာ။
ဘောမတယ်ဆိုပြီး Blameဖို့မကြံနဲ့ကိုယ့်ဘော ကိုယ်မနေရတာနဲ့တင် မအားဘူး😒
ပြည်သူထဲက ပြည်သူမို့ ပြည်သူမနစ်နာဖို့ ရင်တွင်းဖြစ်များရေးတင်ထားတယ် သိဖို့ တိုင်းတစ်ပါးရောက် $စားများ😬

မြန်မာမီးဘေးကယ်ဆယ်ရေးအထူးသင်တန်းကိုအမျိုးသားမီးသတ်ကယ်ဆယ်ရေး Zhaotong လေ့ကျင့်ရေးစခန်းတွင်တရားဝင်ဖွင့်လှစ်ခဲ့ပြီး ISARA င...
22/07/2026

မြန်မာမီးဘေးကယ်ဆယ်ရေးအထူးသင်တန်းကိုအမျိုးသားမီးသတ်ကယ်ဆယ်ရေး Zhaotong လေ့ကျင့်ရေးစခန်းတွင်တရားဝင်ဖွင့်လှစ်ခဲ့ပြီး ISARA ငလျင်ကယ်ဆယ်ရေးသင်တန်းပို့ချအဖွဲ့သည်လမ်းညွှန်ချက်အပြည့်အစုံပေးခဲ့သည်။ မြန်မာပြည်ထဲရေး၀န်ကြီးဌာနမီးသတ်ဦးစီးဌာန၏ဒါရိုက်တာဝူမီယာဒူးနှင့်ရန်ကုန်ပြည်နယ်မီးသတ်ဦးစီးဌာန၏ဒါရိုက်တာဝူမင်းဆန်တို့သည်သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ တက်ရောက်သူ ၂၀ ဦးလုံးသည်၀န်ထမ်းများမှ ၀န်ထမ်းများ၊ လေ့ကျင့်ရေးဌာန၊ လေ့ကျင့်သင်ကြားရေးဌာန၊ အဆင့်နှင့်လေ့ကျင့်သင်ကြားရေးဌာန၊ လေ့ကျင့်သင်ကြားရေးဌာန၊ အဆင့် EG-1 နှင့်လေ့ကျင့်သင်ကြားရေးဌာန၏လမ်းညွှန်ချက်များပါ၀င်သည်။
Isara Tw
Isara MY
Isara ထိုင်း
အိုင်ဆာလာအို
Isara မြန်မာ
Isara အပြည်ပြည်ဆိုင်ရာရှာဖွေရေးနှင့်ကယ်ဆယ်ရေးမဟာမိတ် - ထိုင်ဝမ်

#地震救援訓練 #မြန်မာတရုတ်ချစ်ကြည်ရေး #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မြန်မာမီးဘေးကယ်ဆယ်ရေးအထူးသင်တန်းကိုအမျိုးသားမီးသတ်ကယ်ဆယ်ရေး Zhaotong လေ့ကျင့်ရေးစခန်းတွင်တရားဝင်ဖွင့်လှစ်ခဲ့ပြီး ISARA ငလျင်ကယ်ဆယ်ရေးသင်တန်းပို့ချအဖွဲ့သည်လမ်းညွှန်ချက်အပြည့်အစုံပေးခဲ့သည်။ မြန်မာပြည်ထဲရေး ၀ န်ကြီးဌာနမီးသတ် ဦး စီးဌာန၏ဒါရိုက်တာဝူမီယာဒူးနှင့်ရန်ကုန်ပြည်နယ်မီးသတ် ဦး စီးဌာန၏ဒါရိုက်တာဝူမင်းဆန်တို့သည်သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ တက်ရောက်သူ ၂၀ ဦး လုံးသည် ၀ န်ထမ်းများမှ ၀ န်ထမ်းများ၊ လေ့ကျင့်ရေးဌာန၊ လေ့ကျင့်သင်ကြားရေးဌာန၊ အဆင့်နှင့်လေ့ကျင့်သင်ကြားရေးဌာန၊ လေ့ကျင့်သင်ကြားရေးဌာန၊ အဆင့် EG-1 နှင့်လေ့ကျင့်သင်ကြားရေးဌာန၏လမ်းညွှန်ချက်များပါ၀င်သည်။
Isara Tw
Isara MY
Isara ထိုင်း
အိုင်ဆာလာအို
Isara မြန်မာ
Isara အပြည်ပြည်ဆိုင်ရာရှာဖွေရေးနှင့်ကယ်ဆယ်ရေးမဟာမိတ် - ထိုင်ဝမ်

#地震救援訓練 #မြန်မာတရုတ်ချစ်ကြည်ရေး #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
Photo From TikTok
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူမဆုံး တပြုံးပြုံးပါ😍
မိဘပြည်သူအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
🇲🇲👨‍🚒🚒1️⃣9️⃣1️⃣🇲🇲👨‍🚒🚒
#မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
#အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ

#191
#မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ကွပ်ကဲ)
#၀၁၈ ၆၆၆၉၁၂
#၀၁၈ ၆၆၆၉၁၃
#မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)
#၀၂ ၄၀၂၁၀၈၄
#၀၉ ၃၄၀၃၂၀၂၀၂
အမရပူရ စွယ်တော် NSCI အရန်မီးသတ်တပ်ဖွဲ့
၀၉ ၉၅၇၉၈၄၁၉၁

Address

Swal Taw Quarter, Amarapura Township
Mandalay
05061

Website

Alerts

Be the first to know and let us send you an email when AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share