10/12/2025
ပြန်လည် အသုံးပြုနိုင်ပါပြီ
မိဘပြည်သူများအားအသိပေးနှိုးဆော်ခြင်းးးးးး
ကျွန်တော်တို့ BRAVE HEART ARMY-BHA ကတော့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်မှာ လှုပ်ရှားနေတဲ့ localအဖွဲ့စည်းတစ်ခုဖြစ်ပါတယ်ဗျ။
*ငုံ့မခံဘဲတုံ့ပြန်ကြ-ပြည်သူသာအဓိက*
ပြည်သူသာအဓိကဆိုတဲ့အတိုင်းဘဲ စစ်ကောင်စီကိုနည်းမျိုးဆုံဖြင့် ငုံ့မခံဘဲတုံ့ပြန်၊တော်လှန်တိုက်ခိုက်ခဲ့ကြတာ 4နှစ်ကျာ်လို့5နှစ်တွင်းရောက်ရှိခဲ့ပါပြီဗျ။
ကျွန်တော်တို့စစ်အာရှင် အုပ်ချုပ်တဲ့ 4နှစ်ကျော်5နှစ်မှာကျွန်တော်တို့ မြန်မာနိုင်ငံ၊မိဘပြည်သူတွေရဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဘာများကောင်းမွန်ပြီး တိုးတက်ပြောင်းလဲလာတာရှိပါသလည်း၊တစ်ခုမှမရှိပါဘူးဗျ၊ဒါတွေအားလုံးရဲ့ တရားခံဟာ မင်းအောင်လှိုင်နဲ့အာဏာရှင်စနစ်ဆိုတဲ့ ဘုံရန်သူကြောင့်ဘဲဖြစ်ပါတယ်ဗျ။
ပြည်သူသာအဓိကဆိုတဲ့အတိုင်းဘဲ ယခုဒီဇင်ဘာလ 10.12.2025ကျရောက်လာမယ့်နေ့မှာ မိဘပြည်သူများသိပြီးသည့်အတိုင်းဘဲ တစ်နိုင်ငံလုံးဆိုင်ရာ နံနက်9နာရီကနေ ညနေ3နာရီထိအပြင်မထွတ်ဘဲနဲ့ တော်လှန်ကြမယ့်(silent strike)မှာပါဝင်ကြဖို့ အသိပေးနှိုးဆော်အပ်ပါတယ်ဗျ။
ကျွန်တော်တို့ BRAVE HEART ARMY-BHA နှင့်မဟာမိတ်များအနေဖြင့်လည်း ယခုကျရောက်လာမည့် 10.12.2025ရက်နေ့တွင် မုံရွာ-ချောင်းဦးလမ်းမကြီးပေါ်၌ ပျောက်ကြားစစ်ဆင်ရေးများ ဖော်ဆောင်ဖို့ရှိသည်မို့ မိဘပြည်သူတွေရဲ့ အသက်အန္တရယ်ကင်းဝေးစေဖို့ အပြင်မထွက်ကြဖို့လိုပါတယ်ဗျ၊ ကျွန်တော်တို့ BRAVE HEART ARMY-BHA အနေဖြင့် မုံရွာ-ချောင်းဦးလမ်းမကြီးကို ဒီဇင်ဘာလ10.12.2025ရက်နေ့ နံနက်9နာရီမှညနေ3နာရီထိ ပိတ်သိမ်းလိုက်ကြောင်း မိဘပြည်သူများအားအသိပေး ကြေညာအပ်ပါသည်ခင်ဗျ။ လမ်းကြောင်းပြန်ဖွင့်မည့် နေ့ရက်ကိုလည်း ကျွန်တော်တို့BRAVE HEART ARMY-BHA ရဲ့pageကနေ ပြန်လည်ကြေညာသွားမည်ဖြစ်ကြောင်းအသိပေး ကြေညာအပ်ကြောင်းထုတ်ပြန်လိုက်ပါသည်ဗျ။
#10.12.2025(silent strike)
#ငုံ့မခံဘဲ ပြည်သူအားဖြင့် တုံ့ပြန်ကြ
#အရေးတော်ပုံအောင်ရမည်..............