Maubin Technological University Interim Administrative Council

Maubin Technological University Interim Administrative Council Maubin Technological University

နည်းပညာတက္ကသိုလ် - မအူပင်ကြားကာလတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီကြေညာချက်အမှတ် (၁/၂၀၂၂)ရက်စွဲ ၂၀၂၂ခုနှစ်၊ ဇွန်လ၊ ၈ရက်။အမည်ပျ...
08/06/2022

နည်းပညာတက္ကသိုလ် - မအူပင်
ကြားကာလတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
ကြေညာချက်အမှတ် (၁/၂၀၂၂)
ရက်စွဲ ၂၀၂၂ခုနှစ်၊ ဇွန်လ၊ ၈ရက်။

အမည်ပျက်စာရင်းဝင်သူများအဖြစ် မှတ်တမ်းထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကြေညာချက်အမှတ် (၆/၂၀၂၂)၂၀၂၂ ခုနှစ်၊ မေလ (၆) ရက်...
07/05/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၆/၂၀၂၂)
၂၀၂၂ ခုနှစ်၊ မေလ (၆) ရက်

အဆင့်မြင့်ပညာကဏ္ဍနှင့် သက်မွေးပညာကဏ္ဍမှ ကျောင်းသား၊ ကျောင်းသူများအတွက် သာတူညီမျှပညာရေးအစီအစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်
၁။ အဆင့်မြင့်ပညာကဏ္ဍနှင့် သက်မွေးပညာကဏ္ဍမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကြားကာလ ပညာရေးပြင်ဆင်နေမှုများကို ဖက်ဒရယ်ဒီမိုကရေစီအတွက် အထောက်အကူပြုရန်၊ တော်လှန်ရေးအောင်မြင်မှုကို အထောက်အကူပြုရန်၊ စဉ်ဆက်မပြတ်ပညာရေးကို အကောင်အထည်ဖော်ရန် နှင့် အရည်အချင်းပြည့်မီသည့် လူ့စွမ်းအားရင်းမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ဖော်ပြပါပညာရေးရည်ရွယ်ချက်များနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယာယီတက္ကသိုလ်/ဒီဂရီကောလိပ်/သိပ္ပံကျောင်း ကောင်စီ များမှလည်းကောင်း ကြားကာလ ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၃။ ထိုကြားကာလပညာရေးအစီအစဉ်များတွင် တက်ရောက်သင်ယူနေသော ကျောင်းသား၊ ကျောင်းသူများရှိသကဲ့သို့ စစ်အုပ်စု၏ ဖိနှိပ်မှုများ နှင့် အခက်အခဲအမျိုးမျိုးကြောင့် ကြားကာလပညာရေး အစီအစဉ်များတွင် ပါဝင်နိုင်ခြင်း မရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တော်လှန်ရေးလှုပ်ရှားမှုအသီးသီးတွင် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ ပါဝင်နေကြသော ကျောင်းသား၊ ကျောင်းသူများလည်း ရှိပါသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးအတွက် သာတူညီမျှရှိ၍ အာမခံချက်ပေးနိုင်သည့် ပညာရေးမူဝါဒများနှင့် အစီအစဉ်များကို သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးနှင့် ဆွေးနွေးတိုင်ပင်ပြီး ပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကြေညာချက်အမှတ် (၅/၂၀၂၂)၂၀၂၂ ခုနှစ်၊ မေလ (၆) ရက်...
07/05/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၅/၂၀၂၂)
၂၀၂၂ ခုနှစ်၊ မေလ (၆) ရက်
ပညာရေး၀န်ကြီးဌာနမှအရည်အသွေးပြည့်ဝသည့်ကြားကာလအဆင့်မြင့်နှင့်သက်မွေးပညာရေး လုပ်ငန်းများဆောင်ရွက်နေခြင်းအား အသိပေးကြေညာခြင်း
၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်နေကြသော အမှန်တရားကို မြတ်နိုးကျင့်သုံးနေကြသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် အာမခံချက်ရှိပြီး တရားမျှတသော ကြားကာလပညာရေးကို အမြဲမပြတ် အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်စေသော အသုံးချခံပညာရေးစနစ်တွင် ပါဝင်ပတ်သက်နေသူများကို Non-CDM များအဖြစ် သတ်မှတ်ကြောင်း သက်ဆိုင်ရာကျောင်းကောင်စီအသီးသီးမှ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာနမှလည်း ကြေညာချက်အမှတ် (၃/၂၀၂၁)၊ (၁၁/၂၀၂၁)၊ (၂၀/၂၀၂၁) နှင့် (၄၀/၂၀၂၁) တို့ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။
၂။ သို့ဖြစ်ပါ၍ အဓမ္မနည်းလမ်းအမျိုးမျိုးဖြင့် စစ်ကျွန်ပညာရေးယန္တရားလည်ပတ်နိုင်ရန်အတွက် တက္ကသိုလ်များ ဖွင့်ရန် အားထုတ်ခြင်း၊ တက္ကသိုလ်၀င်တန်းအောင် စာမေးပွဲများ ကျင်းပခြင်း၊ တက္ကသိုလ်ပထမနှစ် ၀င်ခွင့်များ ခေါ်ယူခြင်း တို့ပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီက ကြိုးစားနေရာတွင် အဆိုပါယန္တရားတွင် ပါ၀င်နေသော ကျောင်းသား၊ကျောင်းသူများအား Non-CDM ကျောင်းသား၊ကျောင်းသူများအဖြစ် သတ်မှတ်ပါသည်။ (၂၀၂၀)ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ထားသော်လည်း စစ်ကောင်စီ၏တက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထား ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများကို CDM ကျောင်းသား၊ကျောင်းသူများအဖြစ် ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။
၃။ ဖိအားအမျိုးမျိုးကြောင့် တက္ကသိုလ်၀င်ခွင့်လျှောက်ခဲ့ရပြီး ဝင်ခွင့်ရသွားသော်လည်း ကျောင်းတက်ခြင်းမပြုဘဲ စစ်ကျွန်ပညာရေးအား သပိတ်မှောက်သည့် တက္ကသိုလ်၀င်တန်း အောင်မြင်ထားသူ ကျောင်းသား၊ ကျောင်းသူ လူငယ်များကို သက်ဆိုင်ရာကျောင်းကောင်စီအသီးသီးမှ CDM ကျောင်းသား၊ ကျောင်းသူများဟု မှတ်တမ်းတင်ထားရှိသည်ကို ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။
၄။ တော်လှန်ရေးကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူ ခွင့်မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာကျောင်း ကောင်စီ အသီးသီးမှလည်း ကြားကာလသင်ကြားရေး အစီအစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှလည်း Open Access Education/ Open University (OU) အား ပြည်တွင်းပြည်ပပညာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဖော်ဆောင်လျက် ရှိပါသည်။ ထို့အပြင် သင်ကြားရေးအစီအစဉ်များတွင် သက်မွေးနှင့်နည်းပညာဆိုင်ရာ သင်တန်းများ ကိုလည်း ထည့်သွင်း သင်ကြားသွားနိုင်ရန် စီစဉ်ထားပါသည်။
၅။ တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများ နှင့် ရွေ့ပြောင်းကျောင်းသားပညာရေးအဖွဲ့အစည်းများနှင့်လက်တွဲ၍ စဉ်ဆက်မပြတ်ပညာရေးကို ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ နှင့် ရွေ့ပြောင်းကျောင်းသားပညာရေးအဖွဲ့အစည်းများမှ ကျင်းပသော တက္ကသိုလ်ဝင်တန်း သို့မဟုတ် အထက်တန်း (၁၀ တန်း) စာမေးပွဲများအောင်မြင်လာသော ကျောင်းသား၊ကျောင်းသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနနှင့် တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံများ မှ စီစဉ်ဆောင်ရွက်နေသည့် ကြားကာလ အဆင့်မြင့်ပညာ၊ သက်မွေးပညာများကို သင်ယူခွင့်ရှိမည် ဖြစ်ပါသည်။
၆။ Open Access Education/ Open University (OU)တွင် အောက်ပါအစီအစဉ် (၃) ရပ်ဖြင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(က)ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့ရသော အတန်းပညာရေးများ အတွက် ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသား သမဂ္ဂများနှင့် ကျောင်းကောင်စီများ၏ သဘောတူညီမှု ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပါသည်။
(ခ)(၂၀၂၀) ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသား ဒေသကျောင်းများ နှင့်ရွှေ့ပြောင်းကျောင်းသား၊ကျောင်းသူများအတွက် တက္ကသိုလ် မရောက်မီ ၎င်းတို့သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာများ ရနိုင်ရန်အတွက် Core Curriculum များကို Certificate Course (သို့မဟုတ်) Diploma သင်တန်းများအဖြစ် ပို့ချနိုင်ရန် ပြင်ဆင်နေပါသည်။
(ဂ)သတ်မှတ်ချက်နှင့် ကိုက်ညီသော စိတ်ပါဝင်စားသည့် မည်သူမဆို လွတ်လပ်စွာတက်ရောက် လေ့လာ သင်ယူနိုင်မည့် Certificate Course (သို့မဟုတ်) Diploma သင်တန်းများအဖြစ် ပို့ချနိုင်ရန် ပြင်ဆင်နေပါသည်။

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအ...
02/05/2022

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

`` လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကား ´´

သင်တန်းကာလ - (၃) လ မှ (၅) လခန့်
သင်တန်းစတင်မည့်နေ့ - 11 May 2022
သင်ကြားမည့်ပုံစံ - Facebook Closed Group and Zoom.
ကန့်သတ်လူဦးရေ - 50 ယောက်
ဖောင်ပိတ်မည့်ရက် -​မေလ ၉ ရက်နေ့၊ ညနေ ၆ နာရီ။
အပတ်စဉ် ကြာသပတေးနေ့ နှင့် သောကြာနေ့ နေ့လယ် ၂:၀၀ နာရီမှ ၄:၀၀ ထိ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ယခုသင်တန်းသည် (၃) လ မှ (၅) လခန့်ကြာမြင့်မည်ဖြစ်ပီး ကျောင်းသားကျောင်းသူ၊ လူငယ်တို့ အနေဖြင့် ကျွမ်းကျင်ထားသင့်သော Language skill တခုဖြစ်သည့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကားကို သင်ကြားပေးသွားမည် ဖြစ်သည်။
တက်ရောက်လိုသူများ အနေဖြင့် အောက်ပါ fromတွင် မေလ (၉)ရက်နေ့ ညနေ (၆) နာရီမတိုင်မှီ စာရင်းပေးသွင်းကြရန် လိုအပ်ပါသည်။

https://forms.gle/aAWw2xrj6UYj8EEc9

(Group Link များကို Email မှတဆင့် မေလ (၁၀)ရက်၊ ၂၀၂၂ ခုနှစ်(အင်္ဂါ​​နေ့) တွင် ပြန်လည် ပေးပို့သွားပါမည် ဖြစ်ပြီး Inbox mail သို့မဝင်ပါက SPAM Mail ထဲသို့ ဝင်ရောက် စစ်ဆေးပေးပါရန်။)



ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအ...
21/04/2022

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

`` Adobe illustrator foundation and Vector portrait foundation course ´´

သင်တန်းကာလ - တစ်လခွဲခန့်
သင်တန်းစတင်မည့်နေ့ - 26 April 2022
သင်ကြားမည့်ပုံစံ - Facebook Group
ကန့်သတ်လူဦးရေ - ၃၀၀ ယောက်
ဖောင်ပိတ်မည့်ရက် - ဧပြီလ ၂၅ ရက်နေ့၊ ညနေ ၆ နာရီ။

ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ယခုသင်တန်းသည် (၁)လခွဲခန့် ကြာမြင့်မည်ဖြစ်ပီး ကျောင်းသားကျောင်းသူ၊ လူငယ်တို့ အနေဖြင့် (၂၁)ရာစုတွင်
တတ်မြောက်ထားသင့်သော ပညာရပ်တစ်ခုဖြစ်သည့်" Adobe illustrator foundation and Vector portrait foundation course'' အားသင်ကြားပေးသွားမည်ဖြစ်ပါသည်။...

တက်ရောက်လိုသူများအနေဖြင့် အောက်ပါ form တွင် ၀င်ရောက် စာရင်းပေးရန်လိုအပ်ပါသည်။
https://forms.gle/Ah1KzFNFf3YjmCHh6

ဖောင်ပိတ်မည့်ရက် - ဧပြီလ ၂၅ ရက်နေ့၊ ညနေ ၆ နာရီ။

April 25,26 ရက်နေ့တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။

သင်ကြားမည့် အကြောင်းအရာများ

Course Outlines

- Adobe Illustrator Software Installation
- Ai မိတ်ဆက်
- Basic Tools များအသုံးပြုပုံ
- Pen Tool, Shape Builder Tool,Gradient Tool များအသုံးပြုပုံ
- Colour ထည့်သွင်းနည်းများ

- Vector Portrait စတင်ရေးဆွဲရန် Tips များ
- မျက်နှာအစိတ်အပိုင်းများ အသေးစိပ် ရေးဆွဲပုံ
- Vector Outline ရေးဆွဲပုံ
- Skin tone ထည့်သွင်းနည်း
- မျက်နှာအစိတ်အပိုင်းများထည့်သွင်းနည်း
- ဆံပင်ရေးဆွဲနည်း အသေးစိပ်

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1

ကျောင်းသား/အတန်းသားများ အဆင်မပြေသည်များရှိပါက (Telegram Account)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/



နည်းပညာတက္ကသိုလ်များမှ ကောင်စီများပူးတွဲထုတ်ပြန်ကြေညာချက်၂၀၂၂ခုနှစ်၊ ဧပြီလ (၁၃)ရက်
13/04/2022

နည်းပညာတက္ကသိုလ်များမှ ကောင်စီများပူးတွဲထုတ်ပြန်ကြေညာချက်

၂၀၂၂ခုနှစ်၊ ဧပြီလ (၁၃)ရက်

အမျိုးသားညီညွတ်ရေးအစိုးမှ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့ လက်ရှိသက်တမ်းမျာ...
11/04/2022

အမျိုးသားညီညွတ်ရေးအစိုးမှ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့ လက်ရှိသက်တမ်းများ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာ

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များစဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစ...
02/04/2022

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ
စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ
အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ
ကာကွယ်ရေးနည်းလမ်းများနှင့် အသိပေးပန်ကြားချက်များကို တိကျစွာလိုက်နာပြီး
“ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ် - ၁၉ ရောဂါကို အနိုင်ယူပါ”

ကြားကာလပညာရေးအစီအစဉ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသားများကို ပညာဆက်လက် သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိသည်။

FIRST AID TRAINING
သင်ကြားမည့်ပုံစံ
- Zoom Meeting
သင်ကြားမည့်နေ့
- 5.4.2022 & 6.4.2022
သင်ကြားမည့်အချိန်
- နံနက် 10နာရီမှ 12 နာရီ
နေ့လည် 1နာရီမှ 3နာရီ ( တစ်ရက်လျှင် နှစ်ချိန် )

BFA outline –
Scene Safety
ပတ်ဝန်းကျင်လုံခြုံမှု
Trauma Care
သွေးထွက်လွန် ဒဏ်ရာပြုစုနည်း
Sudden Illness
ရုတ်တရက် နာမကျန်းဖြစ်သူကို ပြုစုနည်း
Environmental Emergency
ပတ်ဝန်းကျင်ကြောင့် ထိခိုက်ဒဏ်ရာရသည်ကို ပြုစုနည်း
CPR AED and chocking.
အသက်ရှူခြင်း-နှလုံးခုန်ခြင်းကိုနှိုးဆွခြင်း၊
အစာပြွန်လေပြွန် ပိတ်မိခြင်းကိုပြုစုနည်း

တော်လှန်ရေးကာလ ပိုမိုအားကောင်းလာသည့်အလျောက် အရေးပေါ် အခြေအနေများတွင် မိမိကိုယ်အားလည်းကောင်း၊ မိမိပတ်ဝန်းကျင်အားလည်းကောင်း ကုသကယ်ဆယ်နိုင်ရန် ရည်ရွယ်၍ ဤသင်တန်းအား စီစဉ်ခြင်းဖြစ်သည်။

သင်တန်းတတ်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ Form တွင်မှန်ကန်စွာ ဝင်ရောက်ဖြည့်ပေးရန်လိုအပ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSeyhymM4YXFOc99gU5n4ynUJMFWAbFCm1WmNmmeuNyXd1nMpA/viewform


ဖောင်ပိတ်မည့်ရက် - 3.4.2022 (ည ၁၂:၀၀)

သင်တန်းတက်ရောက်ခွင့်ရသူများအား
(4.4.2022) တွင် Email ပို့၍ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ ထိုနေ့တွင် Email စစ်ရာ၌ Inbox, All mail များတွင်မတွေ့ပါက Spam Category တွင်ရှာပေးရန်လိုအပ်ပါမည်။



ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအ...
30/03/2022

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

`` SolidWorks Introduction Course ´´

သင်တန်းကာလ - (၂) လ။
သင်တန်းစတင်မည့်နေ့ - ဧပြီလ (၂)ရက်၊ ၂၀၂၂ ခုနှစ်။
သင်ကြားမည့် ပုံစံ - Zoom Application။
သင်ကြားမည့်အချိန် - အပတ်စဥ် စနေ၊ တနင်္ဂနွေ ည (၇)နာရီမှ (၉)နာရီ။
ကန့်သတ်လူဦးရေ - အယောက် (၅၀)။

ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

တက်ရောက်လိုသူများအနေဖြင့် အောက်ပါ form တွင် ၀င်ရောက် စာရင်းပေးရန်လိုအပ်ပါသည်။
https://forms.gle/SwbcAjmazipGB2HA9
ဤသင်တန်းကို နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများအတွက်ရည်ရွယ်၍ဖွင့်လှစ်ခြင်း ဖြစ်ပြီး အခြားစိတ်ဝင်စားသူများလည်း တက်ရောက်နိုင်ပါသည်။

ဖောင်ပိတ်မည့်ရက် - မတ်လ (၃၁)ရက်နေ့၊ ည (၁၁) နာရီ၊ (၅၉) မိနစ်၊ ၂၀၂၂ ခုနှစ်။

ဧပြီလ (၁) ရက်နေ့တွင် တက်ရောက်ခွင့်ရသူများအား Email များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။

သင်ကြားမည့် အကြောင်းအရာများ

Course Outlines...

Week 1:

• Introduction to SolidWorks (Software and Design)

• Fundamentals (Design Concepts, SolidWorks terminology, Provides an overview of help options)

Week 2:

• Demonstrates design methods, tools and features commonly used to make parts

• Counter Top

Weeks 3:

• Faucet

• Faucet Handle

Week 4:

• Cabinet Door

• Moldings, hinge

Week 5:

• Assemblies (Shows how to add parts to an assembly, specify mates, and uses in-context design method)

• Mate and in-context design

Week 6:

• Load and assembly

• Examine the assembly

Week 7:

- Drawing (Discusses drawing sheet formats, views, dimensions, annotations, and bills of materials),

• Faucet Assembly drawing sheet and vanity Assembly drawing heat

Week 8:

- Engineering Tasks (Examines add-in applications, utilities, and other resources to complete advanced tasks)
စသည့် တို့ကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။...

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1

ကျောင်းသား/အတန်းသားများ အဆင်မပြေသည်များရှိပါက (Telegram Account)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/



ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအ...
12/02/2022

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

``Python Foundation Course´´

သင်တန်းကာလ - `တစ်လခွဲ´
သင်တန်းစတင်မည့်နေ့ - `ဖေဖော်ဝါရီ (၁၅)ရက်နေ့´
သင်ကြားမည့်အချိန် - `အပတ်စဉ် အင်္ဂါ-ဗုဒ္ဓဟူး...(10 Am-11:30 Am)´
နေရာ - `Zoom Application´
ကန့်သတ်လူဦးရေ - `၅၀ယောက်´

ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများ ကွန်ယက်မှ ဦးဆောင်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ယခုသင်တန်းမှာ တစ်လခွဲကြာ ကြာမြင့်မည်ဖြစ်ပြီး ကျောင်းသား၊ လူငယ်တို့အနေဖြင့် ခေတ်နှင့်အညီ နားလည်တတ်ကျွမ်းသင့်သော ပညာရပ်တစ်ခုဖြစ်သည့် `Programming Language´ တစ်ခုဖြစ်သော Python Programming အားသင်ကြားပေးသွားမည်ဖြစ်ပါသည်။

တက်ရောက်လိုသူများအနေဖြင့် အောက်ပါ form တွင် ၀င်ရောက် စာရင်းပေးရန်လိုအပ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSe6qbytfDgpMXdL1KQ1nEco6TDC6zZhyu36W5HbxyPHrvxDZQ/viewform?usp=sf_link

ဖောင်ပိတ်မည့်ရက် - ဖေဖော်ဝါရီလ (၁၄) ရက်၊ ည (၁၁) နာရီ (၅၉) မိနစ်၊ ၂၀၂၂ ခုနှစ်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။

Course Outlines.........

✔"Python Programming Fundamentals"

1. Why Python?
2. What is Interpreter ?
3. IDE installation
4. Indentation
5. Primitive Data type and reserve words
6. Loops and Iteration
6.1 for loop
6.2 while loop
7. Condition
7.1 if
7.2 else
7.3 elif
7.4 try except
8. Operation
8.1 Binary
8.2 logical operator
8.3 Assignment Operator
8.4 Relational Operator
9. Type Conversion
10. String
11. Function
11.1 in-built function
11.2 own function
11.3 return and non-return function
11.4 argument and parameter

Note :: Theory ရော Practical ပါ အသေချာလုပ်ရမှာဖြစ်ပီး Assignment တွေ၊ Exam တွေလဲ ဖြေရမှာဖြစ်ပါတယ်။

Course ပြီးရင် ဘာတွေရသွားမလဲ?....

1. Fundamentals Theory တွေကို စနစ်တကျသိရှိသွားမည်။
2. Lecture Video တွေ Sample Code တွေ PDF တွေ အပြည့်စုံရရှိသွားပါမည်။
3. Assignment များ တင်ရမည်ဖြစ်သောကြောင့် Mini Project အတွေ့ကြုံရရှိသွားပါမည်။
4. Google Tools များ သုံးတတ်သွားပါမည်။

သင်တန်းပြီးဆုံး၍ Exam ကိုသေချာစွာ ဖြေဆိုပီးမှသာလျှင် Certificate များပေးအပ်မည်ဖြစ်ပါသည်။

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/


 #လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ​ကျောင်းသား/သူများသိရှိ​စေရန်
08/02/2022

#လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ​ကျောင်းသား/သူများသိရှိ​စေရန်

Webinar Title - "Power Flow Studies" Date - 12/02/2021 (Sunday) Time - 10 am Location - Zoom Meeting

Address

Maubin
10181

Website

Alerts

Be the first to know and let us send you an email when Maubin Technological University Interim Administrative Council posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Maubin Technological University Interim Administrative Council:

Share