Immigrationhr Monstate Minister Office

Immigrationhr Monstate Minister Office Ministry of Immigration & Human Resource, Mon State Government Office is located in Mawlamyine on the middle main road, Sit Kel kone Quarter.

ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ရသူများစာရင်းအား ထုတ်ပြန်ခြင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးသည့်အစီအစဥ...
23/09/2019

ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ရသူများစာရင်းအား ထုတ်ပြန်ခြင်း

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးသည့်အစီအစဉ်ဖြင့် မော်လမြိုင်မြို့တွင် ဖွင့်လှစ်မည့် ဒေသဆိုင်ရာဧည့်လမ်းညွှန်(Regional Tourist Guide)သင်တန်းအတွက် (Interview)ဖြေဆို ပြီးနောက် သင်တန်းသို့ တက်ရောက်ခွင့်ရသူအမည်စာရင်းအား ထုတ်ပြန်အပ်ပါသည်။
တက်ရောက်ခွင့်ရသော သင်တန်းသား/သင်တန်းသူများ သိရှိနိုင်စေရန်
တက်ရောက်ခွင့်ရသူများသည် သံလွင်ဥယျာဉ်အရှေ့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရုံးသို့ (၂၃.၉.၂၀၁၉)ရက်နေ့မှ (၂၆.၉.၂၀၁၉)ရက်နေ့အထိ ရုံးချိန်အတွင်းသွားရောက်ပြီး ငွေသွင်းခြင်း/ အချက်အလက်များရယူခြင်း ပြုလုပ်ရန်နှင့် ရုံးသို့အချိန်မီ ဆက်သွယ်ဆောင်ရွက်သွားရန် အသိပေး အပ်ပါသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
မော်လမြိုင်ရုံးခွဲ
(၀၉-၂၅၅၉၄၄၂၂၃၊ ၀၉-၄၂၅၃၉၇၀၅၊ ၀၉-၄၂၉၅၈၅၈၇၈)

မွန်​ပြည်​နယ်​​အတွင်းရှိလူငယ်​များအတွက်​အခွင့်​အလမ်း​ကောင်း။မွန်​ပြည်​နယ်​အတွင်းရှိလူငယ်​လူရွယ်​များအလုပ်​အကိုင်​အခွ...
06/09/2019

မွန်​ပြည်​နယ်​​အတွင်းရှိလူငယ်​များအတွက်​အခွင့်​အလမ်း​ကောင်း။

မွန်​ပြည်​နယ်​အတွင်းရှိလူငယ်​လူရွယ်​များအလုပ်​အကိုင်​အခွင့်​အလမ်းများရရှိ​ရန်​၊ ကမ္ဘာလှည့်​ခရီးသွားလုပ်​ငန်းဖွံ့ဖြိုးတိုးတက်​​ရေးတွင်​အ​ထောက်​အကူပြုရန်​၊ လူ့စွမ်းအားအရင်းအမြစ်​တိုးတက်​လာ​စေရန်​ ရည်​ရွယ်​၍
ဒေသဆိုင်ရာဧည့်​လမ်းညွှန်​(Regional Tourist Guide) သင်​တန်းကို မွန်​ပြည်​နယ်​အစိုးရအဖွဲ့၏ပံ့ပိုး​ကူညီ​မှုဖြင့်​ ​​မော်​လမြိုင်​မြို့၌ စက်​တင်​ဘာ ၃၀ ရက်​တွင်​ ဖွင့်​လှစ်​သွားမည်​ဖြစ်​သည်​။

ဧည့်​လမ်းညွှန်​တစ်​​ယောက်​သိသင့်​သိထိုက်​​သောအ​ခြေခံဗဟုသုတများကို နယ်​ပယ်​စုံမှဘာသာရပ်​ကျွမ်းကျင်​ဆရာ/ဆရာမကြီးများ၊ ပညာရှင်​များမှသင်​တန်းပို့ချ​ပေးသွားမည်​ဖြစ်​သည်​။

မွန်​ပြည်​နယ်​သို့ English စကား​ပြောဧည့်​သည်​များအပြင်​၊ ထိုင်းလူမျိုးခရီးသွားဧည့်​သည်​များဝင်​​ရောက်​မှုနှုန်းမှာ တစ်​နှစ်​လျှင်​ တစ်​သိန်း​ကျော်​ခန့်ရှိ​နေသည်​ဖြစ်​ရာ ထိုင်းစကား​ပြောကျွမ်းကျင်​သူများအတွက်​​ အထူးအခွင့်​အလမ်း​ကောင်းဖြစ်​​နေသည်​ကို​တွေ့ရသည်​။

ဖွံ့ဖြိုးတိုးတက်​လာမည့်​မွန်​ပြည်​နယ်​၏ခရီးသွားလုပ်​ငန်း(Tourism)တွင်​လုပ်​ကိုင်​နိုင်​ရန်​ ပြည်​နယ်​အတွင်းမှတိုင်းရင်းသားလူငယ်​များအ​နေဖြင့်​ ဤအခွင့်​အလမ်း(သင်​တန်း)အား လက်​လွှတ်​မခံသင့်​​ကြောင်းတိုက်​တွန်းအပ်​ပါသည်​။

ဒေသတွင်းဧည့်​လမ်းညွှန်​သင်​တန်း (Application Form)ကို Facebook မှ Print ထုတ်​ယူ၍ (သို့မဟုတ်​) ​မော်​လမြုင်​မြို့ သံလွင်​ဥယျာဉ်​​ရှေ့(ဟိုတယ်​ခရီးရုံး)၌ထုတ်​ယူ၍၎င်း ​ဖောင်​ဖြည့်​ပြီး​နောက်​ လိုအပ်​​သောအချက်​အလက်​များနှင့်​အတူ ကိုယ်​တိုင်​​သွား​ရောက်​​လျှောက်​ထားနိုင်​ပါသည်​။

Form ၂​စောင်​ နှင့်​ အချက်​အလက်​အ​သေးစိတ်​စာရွက်​ ၁ ရွက်​ကိုပူးတွဲတင်ထားပါသည်​။

လေးစားစွာဖြင့်
(ဝန်​ကြီး)
လဝက/လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးဌာန
မွန်​ပြည်​နယ်​အစိုးရအဖွဲ့

မွန်​ပြည်​နယ်​အတွင်းရှိ ​ရေ/​လေ/​မြေ​ဘေးသင့်​ပြည်​သူများအားအသိ​ပေးတင်​ပြခြင်း။သဘာဝ​ဘေး​ကြောင့်​ ပျက်​စီး​​ပျောက်​ဆုံး...
04/09/2019

မွန်​ပြည်​နယ်​အတွင်းရှိ ​ရေ/​လေ/​မြေ​ဘေးသင့်​ပြည်​သူများအားအသိ​ပေးတင်​ပြခြင်း။

သဘာဝ​ဘေး​ကြောင့်​ ပျက်​စီး​​ပျောက်​ဆုံးသွား​သောပြည်​သူများ၏ နိုင်​ငံသားစိစစ်​​ရေးကဒ်​နှင့်​အိမ်​​ထောင်​စုစာရင်းများအားမိဘပြည်​သူများအားပြန်​လည်​​ထုတ်​​ပေးလျှက်​ရှိသည်​။

သြဂုတ်​လတွင်​ကျ​ရောက်​ခဲ့​သောသဘာဝ​ဘေး​ကြောင့်​ ပျက်​စီး​ပျောက်​ဆုံးသွား​သောပြည်​သူများ၏ နိုင်​ငံသားစိစစ်​​ရေးကဒ်​နှင့်​အိမ်​​ထောင်​စုစာရင်းများအားအမြန်​ဆုံးပြန်​လည်​ပြုလုပ်​ထုတ်​​ပေးနိုင်​​ရေး အစိုးရအဖွဲ့၏လမ်းညွှန်​ချက်​နှင့်​အညီ ပြည်​နယ်​(Immigration)ဌာနမှတာဝန်​ရှိသူများ၏ကြီးကြပ်​မှု၊ ​ရေးမြို့နယ်​ လဝကဌာန၏ကြိုးစား​ဆောင်​ရွက်​မှုတို့ဖြင့်​ အမြန်​ဆုံးပြန်​လည်​ပြုလုပ်​​​ပေးနိုင်​ခဲ့ရာ၊၂ပတ်​အတွင်း နိုင်​ငံသားကဒ်​ ၄၀၉ ကဒ်​နှင့်​အိမ်​​ထောင်​စုစာရင်း ၆၀၉ ခုကို ယ​နေ့(4.9.19)တွင်​​ပေးအပ်​နိုင်​ခဲ့သည်​။

အဆိုပါ​ပေးအပ်​ပွဲကိုယ​နေ့ ၄.၉.၁၉ နံက်​ (၉း၅၀) တွင်​ ရေးမြို့၊ ပြည်သူ့အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ​ရေးမြို့နယ်​သို့​ရောက်​ရှိ​နေ​သော မွန်​ပြည်​နယ်​ဝန်​ကြီးချုပ်​၊ ဝန်​ကြီးများ၊ လဝက/လူ့စွမ်းအားဝန်​ကြီးနှင့်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များမှ မိဘပြည်​သူများထံသို့ နိုင်​ငံသားစီစစ်​​ရေးကဒ်​ပြားနှင့်​ အိမ်​​ထောင်​စုစာရင်းများ​အသီးသီး​ပေးအပ်​ခဲ့ကြသည်​။

(၅.၉.၁၉)နံက်​ ၉ နာရီတွင်
ရေးမြို့နယ်​၊ ​ခေါဇာမြို့နယ်​ခွဲ၊မာန်​​အောင်​​ကျေးရွာသို့ ​လဝကဌာနမှကွင်းဆင်းကာ ​(သဘာဝ​ဘေးသင့်​ပြည်​သူများအတွက်​ အိမ်​​ထောင်​စုစာရင်းနှင့်​ နိုင်​ငံသားစိစစ်​​ရေးကဒ်​များ)သွား​ရောက်​​ပြုလုပ်​​ပေးမည်​ဖြစ်​သည်​။

ယခုကဲ့သို့ တစ်​စုတစည်းတည်းပြုလုပ်​​နိုင်​ခဲ့ခြင်းမှာ ပြည်​သူများမှမိမိတို့ကဒ်​​​ပျက်​စီးဆုံးရှုံးသွားသည်​ကို၊ ကိုယ်​တိုင်​အားထုတ်​၍ inform (သတင်း​ပေး) စာရင်း​​ပေးသွင်းခြင်းတည်းဟူ​သော collaboration (ပူး​ပေါင်းပါဝင်​အားထုတ်​မှု)အ​ကြောင်းတရပ်​​ကြောင့်​လည်းဖြစ်​သည်​။
ယခုကဲ့သို့လုပ်​ငန်းစဉ်​သည်​ အစိုးရမှမည်​မျှပင်​လုပ်​​ပေး​ချင်​​သော်​လည်း
ပြည်​သူတစ်​ဦးခြင်းစီမှ အားထုတ်​ပူး​ပေါင်း​ဆောင်​ရွက်​ခြင်းမပြုလျှင်​ ပြီး​မြောက်​မှုမြန်​ဆန်​​​သွက်​လက်​မည်​မဟုတ်​ပါ။
ပူး​ပေါင်းပါဝင်​လုပ်​​ဆောင်​ခဲ့​သောပြည်​သူများအား​ကျေးဇူးတင်​ပါ​ကြောင်းအသိ​ပေးအပ်​ပါသည်​။

ရေးမြို့နယ်​အပြင်​ အခြား​သောမြို့နယ်​များရှိ သဘာဝ​ဘေးဒဏ်​ခံခဲ့ရ​​သော မိဘပြည်​သူများအ​နေဖြင့်​ မိမိ​ကျေးရွာရှိရပ်​​ကျေးအုပ်​မှူးများဆီသို့ဖြစ်​​စေ၊ မိမိမြို့နယ်​လဝကမှူးထံသို့ဖြစ်​​စေ အမည်​စာရင်း​ပေးသွင်းအ​ကြောင်းကြားပြုလုပ်​ကြရန်​​တိုက်​တွန်းနှိုး​ဆော်​ပါသည်​။

အထက်​ပါကိစ္စနှင့်​ပတ်​သက်​၍ အဆင်​မ​ပြေတာရှိပါက ဝန်​ကြီးရုံးခန်းစာမျက်​နှာ (monstateminister page)၏ send message မှတဆင့်​​ရေးသားအကူညီ​တောင်းခံနိုင်​ပါ​ကြောင်းအသိ​ပေးတင်​ပြအပ်​ပါသည်​။

လေးစားစွာဖြင့်
ဝန်​ကြီး
လဝက/လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးဌာန
မွန်​ပြည်​နယ်​အစိုးရအဖွဲ့

26/08/2019

မွန်​ပြည်​နယ်​မှအထူး​ကျေးဇူးတင်​ရှိပါ​ကြောင်း။

မွန်​ပြည်​နယ်​၌ သြဂုတ်​လဒုတိယအပတ်​အတွင်းကျ​ရောက်​ခဲ့​သော ရေ/ ​​လေ/မြေပြို ​ဘေးသင့်​မွန်​ပြည်​နယ်​သူ/သားများအတွက်

မြန်​မာနိုင်​ငံတစ်​ဝန်းလုံးမှ တိုင်းရင်းသားညီအစ်​ကို​မောင်​နှမများ၊ နိုင်​ငံအသီးသီးသို့​ရောက်​ရှိ​နေ​သော ​သွေးချင်းညီအစ်​ကိုများ၊ ပြည်​ပအလှူရှင်​များ၊ မတူကွဲပြား​သောဘာသာ​ပေါင်းစုံ၊ လူမျိုး​ပေါင်းစုံတို့သည်​ မိမိတို့၏​​သွေးသား​ဆွေမျိုးရင်းချာ​တွေဒုက္ခ​ရောက်​​နေသကဲ့သို့ ပြည်​နယ်​နှင့်​တိုင်းများအားလုံး၊ ကချင်​၊ ရခိုင်​၊ ရှမ်းအပါအဝင်​အခြား​သောမိုင်​​ပေါင်းရာချီ​ဝေးကွာ​သော​ဒေသများမှအပင်​ပန်းခံလာ​ရောက်​၍ ကူညီ​ထောက်​ပံ့​ပေး​သောပြည်​သူများအားလုံးကို မွန်​ပြည်​နယ်​သူ/သားများမှ၎င်း၊ မွန်​ပြည်​နယ်​အစိုးရအဖွဲ့မှ၎င်း အထူးပင်​​ကျေးဇူးတင်​ရှိပါ​ကြောင်းနှင့်​ ကရုဏာ၊ ​မေတ္တာစိတ်​​စေတနာအကျိုးအား​ကြောင့်​ မိမိတို့ဘဝတွင်​ယခုလို​ဒုက္ခ​ဘေးဆိုး၊ကံကြမ္မာဆိုးများ မကြုံ​တွေ့ရပါ​စေ​ကြောင်းဆန္ဒပြုအပ်​ပါသည်​။
လေးစားစွာဖြင့်

ဝန်​ကြီး
(လူဝင်​မှုကြီးကြပ်​​ရေးနှင့်​လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးဌာန)
မွန်​ပြည်​နယ်​အစိုးရအဖွဲ့။

မွန်​ပြည်​နယ်​အတွင်းရှိသဘာဝ​ဘေးဒဏ်​ခံစားခဲ့ရ​သောပြည်​သူများအားအသိ​ပေးတင်​ပြခြင်း။မွန်​ပြည်​နယ်​အတွင်းရှိ သဘာဝ​ဘေးဒဏ်​...
14/08/2019

မွန်​ပြည်​နယ်​အတွင်းရှိသဘာဝ​ဘေးဒဏ်​ခံစားခဲ့ရ​သောပြည်​သူများအားအသိ​ပေးတင်​ပြခြင်း။

မွန်​ပြည်​နယ်​အတွင်းရှိ သဘာဝ​ဘေးဒဏ်​​ကြောင့်​ အိုးအိမ်​များ(​ရေဝင်​နစ်​မြုပ်​ခြင်း၊ ​မြေပြိုခြင်း)စသဖြင့်​ ထိခိုက်​ခံစားခဲ့ရ​သောပြည်​သူများအ​နေဖြင့်​၊
မိမိတို့၏ မှတ်​ပုံတင်​ကဒ်​ပြား၊ သန်း​ခေါင်​စာရင်းစသည်​များ ပျက်​စီး/ဆုံးရှုံး
ခြင်းများဖြစ်​​ပေါ်ခဲ့ပါက -
အမြန်​ဆုံးပြန်​လည်​ထုတ်​​ပေးသွားရန် ညွှန်​ကြားထားပြီဖြစ်​ပါ​ကြောင်း မွန်​ပြည်​နယ်​အတွင်းရှိပြည်​သူများအား အသိ​ပေးနှိုး​ဆော်​အပ်​ပါသည်​။

ဆောင်​ရွက်​ရန်​လမ်းညွှန်​။

(၁)​ကျေးရွာအုပ်​မှူးမှ​ထောက်​ခံစာယူရန်​။

အ​ဖေဦးလှထွန်း၏သား ​မောင်​လှကိုင်​​ဆောင်​​သော ၁၀/ကမရ နိုင်​ ၁၂၃၄၅၆ ကဒ်​သည်​ ​ရေကြီးစဉ်​​​ရေထဲဆုံးရှုံးသွားခြင်းကိစ္စ။
မယ်​ဂရို​ကျေးရွာ အ​ရှေ့ပိုင်းရပ်​ကွက်​ အိမ်​အမှတ်​ (၁)၊ ​ဦးလှထွန်း​နေအိမ်​သည်​ အမှန်​တကယ်​ရေကြီးနစ်​မြုပ်​ခဲ့ပါ​ကြောင်း"သိရှိ​ထောက်​ခံပါသည်​။

၂။ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး၏​ထောက်​ခံချက်​​ယူ​ဆောင်​၍၊ မြို့နယ်​လဝကရုံးသို့ သွား​ရောက်​​​ဆောင်​ရွက်​ရန်​ဖြစ်​သည်​။ လဝကဌာနမှ ယခင်​ထုတ်​​ပေးထားတဲ့ကဒ်​အမျိုးအစားအတိုင်းပြန်​​ပေးရမည်​ဖြစ်​သည်​။ မည်​သည့့်အခ​ကြေး​ငွေမှ​ပေးစရာမလိုပါ။

အခက်​အခဲတစ်​စုံတစ်​ရာရှိပါက၊ ​ငွေ​​တောင်းခံပါက ဝန်​ကြီးရုံး၏ (Immigrationhr Monstate Minister Office) စာမျက်​နှာရှိ message မှတဆင့်​အကူညီ​ရယူနိုင်​ပါသည်​။

လေးစားစွာဖြင့်
လဝက/လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးဌာန၊ မွန်​ပြည်​နယ်​အစိုးရအဖွဲ့။

Second week at the office27.7.19 တွင် ဝန်ကြီးမှ မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရှိ ပြည်...
08/08/2019

Second week at the office

27.7.19 တွင် ဝန်ကြီးမှ မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရှိ ပြည်နယ်မှူး၊ ခရိုင်မှူး၊ (၁၀)မြို့နယ်ရှိ မြို့နယ်မှူးများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

29.7.19 ရုံးတွင်း meeting များ။

30.7.19 ၀န်ကြီးမှ မော်လမြိုင်မြို့၊ KS Hotel တွင် ကျင်းပပြုလုပ်သော ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ အကူအညီဖြင့် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံနှင့် ကျိုက်ထိုမြို့နယ်များအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ( မြန်မာ- အရှေ့နောက်စီးပွားရေးစင်္ကြံလမ်းကြောင်းတစ်လျှောက်ရှိ နွမ်းပါးသူများနှင့်အမျိုးသမီးများအတွက် စီးပွားရေး စွမ်းဆောင်ရည် မြှင့်တင့်ရေးစီမံကိန်းမှ စီမံကိန်းအကျိုးခံစားခွင့်ရရှိသူများ၏ Made in Mon Team Day အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခြင်းနှင့် မြို့နယ်များရှိ အသင်းအဖွဲ့များအား ပိုမိုကောင်းမွန်သော၊ အဆင့်မြင့်မြင့်ထုတ်ကုန်များတင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြိုးစားသွားကြရန် အားပေးစကားများပြောကြားဆောင်ရွက်ခဲ့ပါသည်။
- ရုံးတွင်း meeting တက်ရောက်ခြင်း။
- ၀န်ကြီးရုံးခန်းတွင် Swisscontant မှ Project Director နှင့် လုပ်ငန်းတာဝန်ရှိသူတို့မှ မွန်ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လာရောက်ရှင်းလင်းတင်ပြရာ ၀န်ကြီးမှ အကျယ်တဝင့်မေးမြန်းကာ ပိုမိုကျယ်ပြန့်ထိရောက်စွာလုပ်ဆောင်နိုင်ရန် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

31.7.19 ရုံးတွင်း meeting များ။

1.8.19 ရုံးတွင်း meeting များ။

2.8.19 တွင် ၀န်ကြီးမှ မွန်ပြည်နယ်အတွင်းရှိ လူဦးရေစာရင်းနှင့်အချက်အလက်များ ကောက်ယူ ပြုစုနေမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်လ၀ကမှ ညွှန်ကြားရေးမှူး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်(လ၀က)မှူးများနှင့်တွေ့ဆုံ၍ စာရင်းနှင့်အချက်အလက်များ ကောက်ယူပြုစုနေမှု ပြီးစီးမှုအခြေအနေနှင့် တွေ့ကြုံရသည့် အခက် အခဲများ၊ အကြံပြုချက်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးညှိနှိုင်းပေါင်းစပ်ခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
- ထို့နောက် ဝန်ကြီးမှ မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးတွင် မွန်ပြည်နယ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးရှိ အရာထမ်းဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဌာနမှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဌာန၏ မြို့နယ်အသီးသီး၏ လိုအပ်ချက်များကို တင်ပြပေးရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၀န်ထမ်းများမှလည်း ပြည်သူကိုမျက်နှာမူ၍ ဌာနမှဆောင်ရွက်ပေးရမည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များကို အဂတိကင်းရှင်းစွာဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ပေးရန် လိုအပ်ပါကြောင်း လမ်းညွှန် မှာကြား၍ အပြန်အလှန် မေးမြန်းခြင်း၊ ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

3.8.19 တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ၀န်ကြီးမှ လိုက်ပါ၍ ပေါင်မြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးသော ကျေးရွာများ စဉ်ဆက်မပြတ်သောက်သုံးရေရရှိစေရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် ရေအရင်းအမြစ်ရရှိနိုင်မည့် နေရာဒေသများအား ကွင်းဆင်းကြည့်ရှု့လေ့လာခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

4.8.19 တွင် ၀န်ကြီးမှ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ အ.ထ.က(၇)ကျောင်းတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ၀န်ထမ်း အသစ်အတွက် ရေးဖြေဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု့ ဆောင်ရွက်ခဲ့ပါသည်။

5.8.19 ရုံးတွင်း meeting များ။

6.8.19 ရုံးတွင်း meeting များ။

7.8.19 တွင် ၀န်ကြီးမှ ပေါင်မြို့နယ်၊ အ.ထ.က(ပေါင်)၊ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်သော တက်ကသိုလျဝင်တန်း ထူးချွန်အောင်မြင်သော ကျောင်းသား/သူများနှင့် အောင်ချက်မြင့်ကျောင်းများ အား ဆုပေးအပ်ချီးမြှင့်ပွဲတွင် အဖွင့်အမှာစကားပြောကြားခြင်း၊ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
- ပေါင်မြို့နယ်ကျေးရွာအသီးသီးမှ (၂-၈-၂၀၁၉)ရက်နေ့မှ (၅-၈-၂၀၁၉)ရက်နေ့အထိ လေဘေးသင့် အိမ်(၂၃)လုံးအတွက် (၂၃)ဦးအား ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ၀န်ကြီးမှ ကူညီထောက်ပံ့ငွေ (၂,၈၅၀,၀၀၀)ကျပ်အား အချိုးကျထောက်ပံ့ပေးအပ်ခဲ့ပါသည်။
- ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လူဦးရေ စာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုရေးလုပ်ငန်း၊ လ၀က ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ စာရင်းကောက်ယူရေးအဖွဲ့ ရပ်/ကျေးအဖွဲ့များနှင့်တွေ့ဆုံ၍ ဆွေးနွေးခြင်း၊ မေးမြန်းဖြေကြားခြင်း၊ လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
- ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာတွင် ပြုလုပ်သော သစ်စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသော ပြည်သူများ၏ နိုင်ငံသားစိစစ်ကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို တက်ရောက် ဆောင်ရွက်ခဲ့ပါသည်။
- ၀န်ကြီးမှ ပေါင်မြို့နယ် လ၀က ရုံးသို့ သွားရောက်ပြီး ပြည်သူများမှ မှတ်ပုံတင်လာရောက် လျှောက်ထားဆောင်ရွက်မည့်အခြေအနေများအား ကြည့်ရှု့မေးမြန်းခြင်း၊ လိုအပ်သည်များ လမ်းညွှန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်လ၀ကရုံးရှိ ၀န်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်သူကို မျက်နှာမူ၍ ဌာနမှဆောင်ရွက်ပေးရမည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဂတိကင်းရှင်းစွာဖြင့် တာဝန် ကျေပွန်စွာထမ်းဆောင်ပေးရန် လိုအပ်ပါကြောင်း မေးမြန်းခြင်း၊ ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

27/07/2019

First week at the office

22.7.19 တွင်​ ဝန်​ကြီးမှလဝကပြည်​နယ်​မှူး၊ ​မော်​လမြိုင်​ခရိုင်​နှင့်​သထုံခရိုင်​တို့မှခရိုင်​မှူးတို့အား အစိုးရအဖွဲ့ရုံးရှိ ဝန်​ကြီး၏ရုံးခန်း၌တွေ့ဆုံ၍ ဌာနမှပြည်​သူများအားဝန်​​ဆောင်​မှု​ပေးရာ၌ ယခုထက်​ပိုမို​ကေင်းမွန်​​သောဝန်​​ဆောင်​မှုဖြစ်​လာ​ရေး လမ်းညွှန်​ချက်​များပဏာမ​ပေးခဲ့သည်​။
ထို့​နောက်​ဥပ​ဒေ၊နည်းဥပ​ဒေ၊ အမိန့်​၊ ညွှန်​ကြားချက်​၊ လုပ်​ထုံးလုပ်​နည်းများ။ ယခုလုပ်​ကိုင်​​ဆောင်​ရွက်​​နေ​သောကိစ္စရပ်​များနှင့်​ပတ်​သက်​၍​မေးမြန်း​ဆွေး​နွေးခဲ့သည်​။

23.7.19 တွင်​ ဝန်​ကြီးမှ ဟိုတယ်​/ခရီးဌာနမှ ပြည်​နယ်​တာဝန်​ခံ (ဒု/ညွှန်​မှူး) အား ဝန်​ကြီး၏ရုံးခန်း၌ တွေ့ ဆုံ၍ ဟိုတယ်​နှင့်​ခရီးသွားလုပ်​ငန်းကိစ္စများနှင့်​ပတ်​သက်​၍အကျယ်​တဝင့်​​ဆွေး​နွေးကာ ​ရှေ့လုပ်​ငန်းစဉ်​များနှင့်​ပတ်​သက်​၍လမ်းညွှန်​ချက်​များပဏာမ​ပေးခဲ့သည်​။
ထို့​နောက်​ ဥပ​ဒေ၊နည်းဥပ​ဒေ၊ အမိန့်​၊ ညွှန်​ကြားချက်​၊ လုပ်​ထုံးလုပ်​နည်းများ။ ဝန်​ထမ်းဖွဲ့စည်းပုံ။ ယခုလုပ်​ကိုင်​​ဆောင်​ရွက်​​နေ​သောကိစ္စရပ်​များကို​မေးမြန်း​ဆွေး​နွေးခဲ့သည်​။

24.7.19 ရုံးတွင်း meeting များ။

25.7.19 တွင်​ ဝန်​ကြီးမှ ဂျပန်​ Grant (USS 3 သန်း) ၏ ADB အစီအစဉ်​ဖြင့်​​ဆောင်​ရွက်​​နေ​သော( မြန်​မာ- အ​ရှေ့​နောက်​စီးပွား​ရေးစင်္ကြံလမ်း​ကြောင်းတစ်​​လျှောက်​ရှိ နွမ်းပါးသူများနှင့်​အမျိုးသမီးများအတွက်​ စီးပွား​ရေးအခွင့်​အလမ်းများတိုးတက်​ရန်​စီမံချက်​) အား မွန်​ပြည်​နယ်​အတွင်းလုပ်​​ဆောင်​​နေမှုများနှင့်​ပတ်​သက်​၍ အပြည်​ပြည်​ဆိုင်​ရာအဖွဲ့​ခေါင်း​ဆောင်​ Mr.Paul D.Ramirez Tapia နှင့်​တာဝန်​ရှိသူတို့အား​တွေ့ဆုံ၍ အကျယ်​တဝင့်​​မေးမြန်း​ကာ ပိုမိုကျယ်​ပြန့်​စွာလုပ်​​ဆောင်​နိုင်​ရန်​အပြန်​အလှန်​​ဆွေး​နွေးခဲ့ကြသည်​။

26.7.19 တွင်​ ဝန်​ကြီးမှ အလုပ်​သမားညွှန်​ကြား​ရေးဦးစီးဌာန၊
အလုပ်​သမား​ရေးရာဆက်​ဆံ​ရေး၊ အလုပ်​ရုံနှင့်​အလုပ်​သမားဥပ​ဒေစစ်​​ဆေး​ရေးဦးစီးဌာန၊ လူမှုဖူလုံ​ရေးအဖွဲ့၊ ပြည်​နယ်​ကုန်​တင်​ကုန်​ချလုပ်​ငန်းကြီးကြပ်​​ရေး​ကော်​မတီတို့မှပြည်​နယ်​တာဝန်​ခံ (ဒုညွှန်​/လက်​ညွှန်​)တို့နှင့်​​သီးခြားစီး​တွေ့ဆုံ၍ ဥပ​ဒေ၊နည်းဥပ​ဒေ၊ အမိန့်​၊ ညွှန်​ကြားချက်​၊ လုပ်​ထုံးလုပ်​နည်းများ။ ဝန်​ထမ်းဖွဲ့စည်းပုံ။ ယခုလုပ်​ကိုင်​​ဆောင်​ရွက်​​နေ​သောကိစ္စရပ်​များကို​မေးမြန်း​ဆွေး​နွေးခဲ့သည်​။

၎င်း​နေ့နံက်​ ၁၁နာရီတွင်​ အစိုးရနည်းပညာအထက်​တန်း​ကျောင်း(​မော်​လမြိုင်​)တွင်​ကျင်းပ​သော Switzerland နိုင်​ငံမှ​ငွေ​ကြေး​ထောက်​ပံ့မှုဖြင့်​​ဆောင်​ရွက်​​နေ​သော(အသက်​​မွေးဝမ်း​ကျောင်း ကျွမ်းကျင်​မှုအတတ်​ပညာဖွံ့ဖြိုးမှုအစီအစဉ်​အရ) ​ကျေးလက်​အ​ခြေပြုသက်​​မွေးပညာသင်​တန်းဆင်းပွဲအခမ်းအနားသို့တက်​​ရောက်​ခဲ့သည်​။

မော်​လမြိုင်​ - ဇူလိုင်​၂၇ဝန်​ကြီးသည်​ယ​နေ့မွန်းလွဲ ၁ နာရီတွင်​ မွန်​ပြည်​နယ်​ ၁၀မြို့နယ်ရှိရုံးများမှ လဝက အရာထမ်းများ...
27/07/2019

မော်​လမြိုင်​ - ဇူလိုင်​၂၇

ဝန်​ကြီးသည်​ယ​နေ့မွန်းလွဲ ၁ နာရီတွင်​ မွန်​ပြည်​နယ်​ ၁၀မြို့နယ်ရှိရုံးများမှ လဝက အရာထမ်းများ၊ မြို့နယ်​မှူးများ၊ ခရိုင်​မှူးများ၊ ပြည်​နယ်​မှူး ​ပေါင်း ၃၈ ဦးတို့အား​တွေ့ဆုံ၍ ပြည်​သူများအားဝန်​​ဆောင်​မှု​ပေးရာ၌ ယခုထက်​ပိုမိုကာင်းမွန်​​သောဝန်​​ဆောင်​မှုများဖြစ်​လာ​ရေးလမ်းညွှန်​ချက်​များ​ပေးခဲ့သည်​။
ကောက်​နှုတ်​ချက်​များ
- ပြည်​သူများမှ​ရွေး​ကောက်​တင်​​မြှောက်​လိုက်​​သောအစိုးရများလက်​ထက်​တွင်​ပြည်​သူများက boss ဖြစ်​သည့်​အတွက်​ မိမိတို့အ​နေဖြင့်​ပြည်​သူများအားအ​လေးထားရန်​လို​ကြောင်း။
- လဝကဌာနအပါဝင်​ ပြည်​သူကိုဝန်​​ဆောင်​​မှု​ပေး​နေရ​သော၊ ပြည်​သူတို့နှင့်​ထိ​တွေ့​နေရသည့်​ မည်​သည့်​ဌာနမဆို ထိ​တွေ့ရသည့်​၎င်းဝန်​ထမ်းမျက်​နှာမာ​တောင့်​​နေပါက
၎င်းပုံရိပ်​သည်​ သက်​ဆိုင်​ရာဌာန၏
ပုံရိပ်​အပါအဝင်​ အထူးသဖြင့်​၎င်းတို့ကိုအုပ်​ချုပ်​​နေရ​သောအစိုးရများဆီသို့ တိုက်​ရိုက်​သက်​​ရောက်​​စေသည့်​အတွက်​ မြို့နယ်​ရုံးများရှိပြည်​သူများနှင့်​တိုက်​ရိုက်​ထိ​တွေ့​ရမည့်​ဝန်​ထမ်းများအ​နေဖြင့်​ ပြည်​သူများအား ​မျက်​နှာချိုသာစွာ​ သည်းခံပြီးရှင်းပြ​ပေးကြဖို့ အ​လေးအနက်​မှာကြားထားရန်​လို​ကြောင်း။
-ဌာန၏ page ဖွင့်​ထားသည့်​အတွက်​ပြည်​သူများအ​နေဖြင့်​ send message မှတဆင့်​ဝန်​ကြီး၏ရုံးခန်းသို့တိုက်​ရိုက်​ဆက်​သွယ်​​ရေးသားနိုင်​​တော့မည်​ဖြစ်​၍ ပြည်​သူတို့၏ feedback တုံ့ပြန်​ချက်​ကိုကြည့်​ရမည်​ဖြစ်​​ကြောင်း။
- မွန်​ပြည်​နယ်​လဝကဌာနများအ​ပေါ် ပြည်​သူများထံမှချီးကျူးသံများဖြင့်​​ကောင်းသတင်းများကြားလို​ကြောင်း။
- အ​ခြေခံဥပ​ဒေပုဒ်​မ ၃၄၅ ပါပြဌာန်းချက်​အရ နိုင်​ငံသားစိစစ်​​ရေးကဒ်​​​ပေးရမည့်​သူများအား အမြန်​ဆုံး​​ပေးအပ်​နိုင်​ရန်​အ​ရေးကြီး​ကြောင်း။
- စီမံချက်​ဆွဲပြီးယခုထက်​ပိုမို​​ကောင်းမွန်​​အောင်​လုပ်​​ဆောင်​သွားဖို့ရှိ​ကြောင်း လမ်းညွှန်​မှာကြားခဲ့သည်​။
ထို့​နောက်​ မြို့နယ်​အလိုက်​ လဝကရုံးအ​ဆောက်​အဦဆိုင်​ရာအခက်​အခဲနှင့်​လိုအပ်​သည်​များ၊ ပြည်​သူများရုံးကိုလာသည့်​အခါ နား​နေ​ရန်​​နေရာ၊ ထိုင်​ခုံ၊ အိမ်​သာများလိုအပ်​မှုအ​ခြေအ​နေနှင့်​ပတ်​သက်​၍​မေးမြန်းကာ တစ်​မြို့နယ်​ချင်းအလိုက်​ မှတ်​သားခဲ့သည်​။

27/07/2019

မွန်​ပြည်​နယ်​အတွင်းရှိပြည်​သူများအားအသိ​ပေးတင်​ပြခြင်း။

ဤ page သည်​အထူးသဖြင့်​ မွန်​ပြည်​နယ်​အတွင်းရှိပြည်​သူများမှ
၁။ ဝန်​ကြီးဌာနနှင့်​ပတ်​သက်​​သောဝန်​​ဆောင်​မှုလုပ်​ငန်းများ၊ သတင်းအချက်​အလက်​များ၊ ​ဆောင်​ရွက်​​နေ​သောလုပ်​ငန်းများအားသိရှိနိုင်​ရန်​။
၂။ ပြည်​သူများဝန်​ကြီးရုံးခန်းသို့ (send message) မှတဆင့်​တိုက်​ရိုက်​ဆက်​သွယ်​​ပြောကြားနိုင်​ရန်​။
၃။ မဲဆန္ဒရှင်​ပြည်​သူများထံမှ​ကောင်းမွန်​​သောအကြံပြုချက်​များရယူနိုင်​ရန်​ဖြစ်​သည်​။

လေးစားစွာဖြင့်

ဝန်​ကြီး
လူဝင်​မှုကြီးကြပ်​​ရေးနှင့်​လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးဌာန
မွန်​ပြည်​နယ်​အစိုးရအဖွဲ့။

Address

Middle Main Road (Baho Lann)
Mawlamyine
12012

Website

Alerts

Be the first to know and let us send you an email when Immigrationhr Monstate Minister Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Immigrationhr Monstate Minister Office:

Share