Shwe Hta Naung

Shwe Hta Naung To lend the expense of cultivation with the reasonable interest rate to the local peasants who lends money with high interest

• Shwe Hta Naung Agricultural Clutivation Product Company ., Ltd is started and organised by the permit of Ministry of National Project and Economics Development and Head of Department of Administrative Companies and by the act of a Liability of Divisional Limiting public Company on February 10th 2011.
• The share holders are the big merchants of pulses &beans ,sesame and the millers of edi

ble oil entrepreneurs.
• Shwe Hta Naung Agricultural Clutivation Product Company ., Ltd is organized by three big departments such as Finance Department,Administrative Department, Operational Implementing Department.There are the Money Lending Department, Cultivation Department, Purchasing and selling Department under it .

27/01/2014

မြန်မာ့သစ်သီးဝလံများ ပြည်ပသို့ပိုမိုတင်ပို့

မြန်မာနိုင်ငံမှ သစ်သီးဝလံများအား ပြည်ပသို့တင်ပို့လျက်ရှိရာ ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်၏ ဒီဇင်ဘာလအထိ ပြည်ပတင်ပို့မှုမှ ရရှိသည့်ငွေကြေးမှာ အမေရိကန်ဒေါ်လာ ၃၄. ၉၈၁သန်း ရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ သစ်သီးဝလံများ ပြည်ပသို့တင်ပို့ခဲ့ရာတွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၅၄. ၈၉၂သန်း တင်ပို့ခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၇၃ . ၈၃၁ သန်း တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ သစ်သီးဝလံများကို ၂၀၁၃ခုနှစ် မေလအတွင်းက စင်ပူနိုင်ငံသို့ သင်္ဘောဖြင့်တင်ပို့ခဲ့ပြီး ဂျပန် ဈေးကွက်သို့လည်း ဆက်လက်တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံမှ သရက်၊ ဖရဲ၊ သခွားမွှေးနှင့် အခြားသစ်သီးဝလံများကို နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။

20/12/2013

ပဲမျိုးစုံရောင်းဝယ်ရန် သတ်မှတ်စည်းကမ်းချက်များ ထုတ်ပြန်

ရန်ကုန်မြို့ ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ( Delivery Order - DO)
ဖြင့် ရောင်းဝယ်ထားမှုများမှ D.O များအား သက်ဆိုင်ရာ ရောင်းချသူ ကုန်ရုံများက ဒီဇင်ဘာလ ၃၁ရက်နောက်ဆုံးထား၍ ထုတ်ယူကြရန်နှင့် ပဲမျိုးစုံရောင်း ၀ယ်ရန် သတ်မှတ်စည်းကမ်းချက်များကို ဘုရင့်နောင် ကုန်စည်ဒိုင်တွင်သာမက ပြင်ပမည်သည့်နေရာတွင်မဆို ရောင်းဝယ်မှုအားလုံးအတွက် အကျုံးဝင်သည်ဟု ဒီဇင်ဘာလ ၆ရက်နေ့စွဲဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြေညာချက်ထုတ်ပြန်ထားသည်ဟု သိရှိရသည်။

အဆိုပါကြေညာချက်တွင် ပဲမျိုးစုံ ပြည်တွင်းရောင်းဝယ်မှုနှင့် ပြည်ပတင်ပို့မှု လုပ်ငန်းများတွင် မမှန်မကန်ဈေးက စားမှုများ၊ ပစ္စည်းမရှိဘဲ (Delivery Order )များ လက်ပြောင်းလက်လွှဲပြုလုပ်၍ လေရောင်းလေ၀ယ် ဆောင်ရွက် မှုများမှာ ပပျောက်သွားခြင်းမရှိသောကြောင့် ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးနှင့် ပြည်ပသို့ ပုံမှန် တင်ပို့နိုင်ရေးတို့ကို ထိခိုက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံဈေးကွက်တွင် အရောင်းအ၀ယ် စနစ်တကျ မှန်ကန်မှုရှိစေပြီး ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သူ တောင်သူ များ၊ ပြည်ပတင်ပို့သူ ပို့ကုန်လုပ်ငန်းရှင်များ မျှတစွာအကျိုးရှိစေရေးနှင့် ပဲမျိုးစုံဈေးကွက် ရေရှည်တည်ငြိမ်ခိုင်မာဖွံ့ဖြိုးစေရေး ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်က ပဲမျိုးစုံ ပြည်ပသို့တိုးမြှင့်တင်ပို့ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ယင်း ကော်မတီ၏ ပဉ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးမှ ပဲမျိုးစုံကို မူလဆုံးဖြတ်ထား သည့်အတိုင်း ၂၀၁၂ခုနှစ် မှ ၂၀၁၃ခုနှစ်သို့ပြောင်းသည့် ( Delivery Order )မှ အပ ကျန်အရောင်းအ၀ယ်များအားလုံး သြဂုတ်လ ၁၅ရက်မှ စ၍ Delivery Order ဖြင့် အရောင်းအ၀ယ်မပြုလုပ်ဘဲ စာချုပ်ဖြင့်သာ ပြုလုပ်ရန် ပါရှိသည်ဟု သိရသည်။

၂၀၁၂ခုနှစ်ကုန်မှ ၂၀၁၃ခုနှစ်သို့ ပြောင်းလဲထုတ်ပေးထားသည့် D.O နှင့်ပတ်သက်၍ ဒီဇင်ဘာလ ၃၁ရက် နောက်ဆုံးထားကာ ပစ္စည်းထုတ်ယူသွားရန်နှင့် လွှဲပြောင်းရောင်းချရာတွင် D.O အတိုင်းရောင်းချခြင်းမပြုဘဲ စာချုပ်ဖြင့်သာ ရောင်းချရန်၊ ယင်းသို့ရောင်းချရာတွင် စာချုပ်ချုပ်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ထက်မကျော် စေဘဲ သင်္ဘောတင်ခြင်း သို့မဟုတ် ပစ္စည်း ထုတ်ယူခြင်းပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပစ္စည်းထုတ်ယူရာတွင် ကုန်ထုတ်မိန့်ကို သုံးစွဲနိုင်ပြီး ကုန်ထုတ်မိန့်သက်တမ်းကုန်သည့် ရက်သတ္တပတ်ခုနှစ်ရက်ထက် မကျော်ရေး၊ ကုန်ထုတ်မိန့်အား လက်လွှဲရောင်းချခြင်း လုံးဝမပြုလုပ်ရေး ဖော်ပြထားသည်ဟု သိရသည်။

လိုက်နာမှုမရှိသော ၀ယ်သူ၊ ရောင်းသူ မည်သူ့ကိုမဆို ပို့ကုန်ဈေးကွက် ပျက်ပြားစေရန် ဆောင်ရွက်သူများ အဖြစ် စာရင်းရယူ၍ လိုအပ်သလိုအဆင့်ဆင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပဲကုန်သည်များ အား အသိပေးထားပြီးဖြစ်သည်ဟု သိရသည်။

19/12/2013

မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် စားအုန်းဆီတန်ချိန် သုံးသိန်းခန့်တင်သွင်းနေ

မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင် တစ်နှစ် ဆီ ၁၀ ကီလို ခြောက်ပိဿာ ၀န်းကျင် စားသုံးမှုရှိပြီး လူဦးရေ သန်း ၆၀ အတွက် ဆီတန်ချိန် ခြောက်သိန်း ၀န်းကျင် လိုအပ်လျက်ရှိကာ အစားအသောက်နှင့် စက်မှုလုပ်ငန်းသုံးအတွက် ပါဆိုလျှင် ၈. ၅ သိန်းလိုအပ်ကြောင်းနှင့် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု မလုံလောက်သဖြင့် နှစ်စဉ် ပြည်ပမှ စားအုန်းဆီတန်ချိန် သုံးသိန်းဝန်းကျင် တင်သွင်းနေရကြောင်း ဆီလုပ်ငန်းရှင်များအသိုင်းအ၀ိုင်းမှ ပြောကြားချက် အရ သိရှိရသည်။

17/12/2013

၂၀၁၃ခုနှစ် နှမ်းဈေးနှုန်းမြင့်မားမှုကြောင့် အိန္ဒိယမှ နှမ်းတင်ပို့သူများ အခက်ကြုံရ

အိန္ဒိယနိုင်ငံတွင် ယခုနှစ် နှမ်းအထွက်နည်းသဖြင့် နှမ်းဈေးနှုန်းများ မြင့် တက်ခဲ့ရာ နှမ်းတင်ပို့ရောင်းချသူအချို့ အခက်အခဲကြုံတွေ့ခဲ့ရသည်ဟု သိရှိရသည်။ နှမ်းတင်ပို့ရောင်းချသူအများစုက နှမ်းဈေး အနိမ့်ဈေးနှုန်းဖြင့် ကြိုတင်အရောင်းအ၀ယ်စာချုပ် ပြုလုပ်ခဲ့ကြပြီး နှမ်းဈေး အမြင့်ဈေးနှုန်းဖြင့် ကြုံရသဖြင့် သတ်မှတ်အရေအတွက် တင်ပို့နိုင်ရန် အခက်အခဲရှိခဲ့ကြသည်။

အိန္ဒိယနိုင်ငံမှ ထွက်ရှိသည့် နှမ်းစုစုပေါင်းအနက် ၈၀ မှ ၉၀ရာခိုင်နှုန်း အား ပြည်ပသို့ တင်ပို့ရောင်းချပြီး အဓိက ၀ယ်ယူသည့်နိုင်ငံများမှာ ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ဖြစ်သည်ဟု သိရှိရသည်။

နှမ်းတင်ပို့ရောင်းချသူအများစုက နှမ်းစတင်စိုက်ပျိုးသည့် ကာလတွင် အနိမ့်ဈေးဖြင့် ကြိုတင်အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုထားခဲ့ကြသည်။

သို့သော်လည်း အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်နှင့် အခြားနှမ်း စိုက်ပျိုးသည့် ဒေသများတွင် မိုးကြီးမှုကြောင့် နှမ်းအထွက်နှုန်း သိသာစွာကျဆင်းခဲ့ပြီး နှမ်းဈေးနှုန်း မြင့်တက်ခဲ့သည်။ နှမ်းဈေး နှုန်းမှာ ၂၀ ကီလိုဂရမ်လျှင် ရူပီး သုံးထောင်မှ သုံးထောင်တစ်ရာ အထိမြင့်တက်ခဲ့သည်။

နှမ်းတင်ပို့သူများက နိုဝင်ဘာလနှင့် ဒီဇင်ဘာလတင်ပို့မည့်နှမ်းများအတွက် ၂၀ ကီလိုဂရမ်လျှင် ပျမ်းမျှဈေးနှုန်း ရူပီး တစ်ထောင်ရှစ် ရာဖြင့် နှမ်းတန်ချိန် နှစ်သောင်းခန့်အထိ အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခဲ့ကြသည်။

ကြိုတင်အရောင်းအ၀ယ်စာချုပ်ဖြင့် ချုပ်ဆိုထားသည့် နှမ်းတင်ပို့သူများ မှာ နှမ်းဈေးနှုန်းကွာဟမှု များသဖြင့် အခက်အခဲရှိခဲ့ကြကာ ကြိုတင်အရောင်းအ၀ယ်ပြုလုပ်ခြင်းမှာ ၎င်းတို့အတွက် အခက်အခဲ များစွာရှိသည်ဟု နှမ်းတင်ပို့သူများက ယုံကြည်ထားကြသည်။

လက်ငင်းပေါက်ဈေးနှင့် ကြိုပွိုင့်ဈေးနှုန်း များစွာကွာဟသဖြင့် အချို့မှာ စာချုပ်အတိုင်း နှမ်းအရေအတွက် ပြည့်မီအောင် တင်ပို့နိုင်မည့် အခြေအနေမရှိကြောင်းနှင့် ထိုသို့တင်ပို့နိုင်ခြင်းမရှိပါက နိုင်ငံတကာဈေး ကွက်တွင် မျက်နှာပန်းလှမည်မဟုတ်ကြောင်းကို အိန္ဒိယ နှမ်း လုပ်ငန်းအသိုင်းအ၀ိုင်းမှ ပြောကြားထားသည်။

အရောင်းအ၀ယ်စာချုပ်ဖြင့် ကတိပြုထားပြီးသည့်နောက် ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ နှမ်းတင်ပို့ပေးရ မည်ဖြစ်ကြောင်းနှင့် ဈေးနှုန်းနှင့်ပတ်သက်၍ ညှိနှိုင်းစရာ အခွင့်အရေး မရှိကြောင်းကို ဂူဂျာရတ်ပြည်နယ်မှ နှမ်းတင်ပို့ရောင်းချသူတစ်ဦး က ပြောဆိုထားသည်။

20/11/2013

၂၀၁၃-၁၄ အိန္ဒိယနှမ်းအထွက်လျော့ကျနိုင်

ရာသီဥတုပြောင်းလဲမှုများနှင့် နှမ်းစိုက်ပျိုးသည့်ဒေသများတွင် မိုးကောင်းခဲ့သဖြင့် အိန္ဒိယနိုင်ငံတွင် ၂၀၁၃-၂၀၁၄ခုနှစ် အတွက် နှမ်းအထွက်နှုန်း ထိခိုက်နိုင်ကြောင်း၊ နှမ်းအထွက်နှုန်းမှာ ၁၁.၇ ရာခိုင်နှုန်း လျော့ကျနိုင်ပြီး နှမ်းတန်ချိန် ၂၅၃၀၀၀ တန်သာ ထွက်ရှိနိုင်ကြောင်းကို Shefexil က ပြုလုပ်ထားသည့် လေ့လာမှု စစ်တမ်းတွင် ဖော်ပြထားသည်။

အထွက်နှုန်းလျော့ကျသော်လည်း ပြည်ပ၀ယ်လက်များ၏ ၀ယ်လိုအားမှာ မပြောင်းလဲသည့်အတွက် နှမ်းဈေးနှုန်းမြင့်တက်လာမည်ဟုလည်း ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်တွင် နှမ်းအထွက်နှုန်းလျော့ကျခြင်းကြောင့် ၀ယ်လက်များက နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွက် ကြိုတင်ဝယ်ယူလျက်ရှိသည်။

အရည်အသွေးကောင်းမွန်သည့်နှမ်းအရေအတွက်မှာ နည်းကြောင်း၊ ထိုအတွက်ကြောင့် နှမ်းဈေးနှုန်း မြင့်တက်လာကြောင်း၊ အောက်တိုဘာလက နိုင်ငံတကာဈေးကွက်တွင် အိန္ဒိယနှမ်းဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၇၀၀မှ ၂၈၀၀ ရှိခဲ့ကြောင်း သိရသည်။

ဝယ်လိုအားကောင်းနေသေးသည့်အတွက် နှမ်းဈေးနှုန်းမှာ ချက်ချင်းကျဆင်းမသွားနိုင်ကြောင်း၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွက် နှမ်းတန်ချိန် နှစ်သောင်းခန့် အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း၊ နှမ်းတင်ပို့သူများက တောင်ကိုရီးယားမှ နှမ်း အ၀ယ်အော်ဒါများကိုလည်း စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

19/11/2013

အာဖရိကမှ နှမ်းအများဆုံးထွက်ရှိရာနိုင်ငံ

အီသီယိုပီးယားနိုင်ငံမှာ ၂၀၀၂ခုနှစ်တွင် နှမ်းထွက်ရှိမှု တန်ချိန်ပေါင်း ၃၈၀၀၀ တန်သာရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် နှမ်းတန်ချိန်ပေါင်း ၃၂၀,၀၀၀ တန်ထွက်ရှိခဲ့ကာ အာဖရိကတိုက်တွင် နှမ်းစိုက်ပျိုးထွက်ရှိမှု အများဆုံး ဖြစ်ခဲ့သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အရ သိရှိရသည်။

တရုတ်နိုင်ငံက အီသီယိုပီးယားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထူထောင်ခဲ့ပြီး အီသီယိုပီးယားနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ချေးငွေများ ထောက်ပံ့ပေးခဲ့သည်။ အီသီယိုပီးယားနိုင်ငံက အပြန်အလှန်အားဖြင့် ထွက်ရှိသည့်နှမ်းများကို တရုတ်နိုင်ငံသို့ တင်ပို့ကာ ချေးငွေများကို ပြန်လည်ပေးဆပ်သည်။

အီသီယိုပီးယားနိုင်ငံမှ အသေးစားလယ်ယာလုပ်ငန်းဆောင်ရွက်နေ သူ တောင်သူလယ်သမား ခြောက်သိန်း ကျော်က နှမ်း စိုက်ပျိုးရေးဆောင်ရွက် လျက်ရှိသော်လည်း နှမ်းမျိုးစေ့ ပြတ်လပ်မှု၊ ထုတ်ကုန်အရည်အသွေး နိမ့်ကျမှုနှင့် ငွေကြေးအခက်အခဲများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်ဟု Oxfam ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ တောင်ပိုင်းရှိပြည်သူများက နှမ်းနက်ဖြင့်ပြုလုပ်ထားသည့် အစားအစာအား နံနက်စာ၊ နေ့လည်စာနှင့် ညစာများတွင် စားသုံးလေ့ရှိကာ လူကြိုက်များလျက်ရှိသည်။

တရုတ်နိုင်ငံတွင် နှမ်းကို လူကြိုက်များသည့် မုန့်များတွင် ထည့်သွင်းရာ၌လည်းကောင်း၊ နှမ်းဆီအဖြစ် အသုံးပြု ရန်လည်းကောင်း၊ ကြက်ဘဲများအတွက် အဆင့်မြင့်ပရိုတိန်းဓါတ်ပါဝင်သည့်အစားအစာ အဖြစ်လည်းကောင်း အသုံးပြုသည်။

14/11/2013

၂၀၁၂ခုနှစ် ကမ္ဘာ့မြေပဲအထွက်နှုန်း

၂၀၁၂ခုနှစ်တွင် ကမ္ဘာ့မြေပဲထွက်ရှိမှုမှာ စုစုပေါင်း မက်ထရစ်တန်ချိန် ၃၅.၃၆၇သန်းခန့်ရှိခဲ့ကာ အထွက်နှုန်းမှာ ယခင်နှစ်များထက် ၂ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရှိရသည်။ ကမ္ဘာတွင် မြေပဲ အဓိကစိုက်ပျိုးထုတ်လုပ် သည့် ထိပ်တန်း သုံးနိုင်ငံမှာ တရုတ်၊ အိန္ဒိယနှင့် အမေရိကန် တို့ဖြစ်ကာ မြေပဲထွက်ရှိမှုမှာ တရုတ်နိုင်ငံက မက်ထရစ်တန်ချိန် ၁၆.၀၄၆ သန်း၊ အိန္ဒိယနိုင်ငံက မက်ထရစ်တန်ချိန် ၅.၅သန်း၊ အမေရိကန်က မက်ထရစ်တန် ၁.၆၆သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

စတုတ္တမြောက် မြေပဲထွက်ရှိမှုအများဆုံးနိုင်ငံမှာ နိုက်ဂျီးယားနှင့် ပဉ္စမမြောက် မြေပဲအများဆုံးထွက်ရှိသည့်နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မြေပဲထွက်ရှိမှုမှာ မက်ထရစ်တန်ချိန် ၁.၃သန်းခန့်ရှိကာ ကမ္ဘာ့စုစုပေါင်း မြေပဲထွက်ရှိမှု၏ ၄ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

29/10/2013

အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေသြဇာများ သုံးစွဲရန်လိုအပ်

အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေသြဇာများကို စိုက်ပျိုးရေးလုပ်ကိုင်သူများ သုံးစွဲနိုင်ရန်အတွက် မြေသြဇာကော်မတီက ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုများ စနစ်တကျပြုလုပ်ပြီး မြေသြဇာမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးလျက်ရှိသည်ဟု သိရှိရသည်။

မြေသြဇာများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည်ဆိုပါက မြေသြဇာဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရှိရမည် ဖြစ်ပါသည်။ တောင်သူများအနေဖြင့် အရည်အသွေးမပြည့်မီသော မြေသြဇာများကို သုံးစွဲမိပါက သီးနှံအထွက်နှုန်းများ ထိခိုက်လျော့နည်းပြီး သုံးစွဲသူအတွက် စီးပွါးရေးတွက်ခြေမကိုက်ဘဲ ဆုံးရှုံးနစ်နာမှုများ ဖြစ်လာနိုင်ပါသည်။

သို့ဖြစ်ရာ မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားသော မြေသြဇာများ ကိုသာ ၀ယ်ယူ သုံးစွဲသင့်ပါသည်။

မြေသြဇာထုတ်လုပ်၊ တင်သွင်းသည့် ကုမ္ပဏီလုပ်ငန်းများ၊ မြေသြဇာရောင်းချ သည့် အရောင်းဆိုင်များ အနေဖြင့် မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားခြင်းမရှိသော မြေသြဇာများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများပြုလုပ်ပါက မြေသြဇာ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း သိရှိရပါသည်။

24/10/2013

အရွက်ဖျန်းဓာတ်မြေသြဇာ

အပင်များ၏အမြစ်များသည် အစာစုပ်ယူခြင်း၏အဓိက အင်္ဂါများဖြစ်သော် လည်း အရွက်၊ အခေါက်၊ အသီး၊ အပွင့် စသည့်အခြားအင်္ဂါအားလုံးသည် လည်း အစာများကို အထိုက်အလျောက် စုပ်ယူစားသုံးနိုင်ကြသည်။

အပင်၏ မြေပေါ်ပိုင်းတွင် ဧရိယာအများဆုံးအပိုင်းမှာ အရွက်များဖြစ်ကာ အခြာအင်္ဂါများထက် အချိန်ပိုရှိနေခြင်း ကြောင့် အစာစုပ်ယူရန် အခြေအနေပိုကောင်းသည်။

အရွက်ဖျန်းဓာတ်မြေသြဇာများမှာ မြေတွင် အသုံးပြုသည့် မြေသြဇာ များနေရာတွင် အစားထိုးခြင်း မဟုတ်ဘဲ ဖြည့်စွက်အစာကျွေးခြင်း သာ ဖြစ်သည်။

သီးနှံပင်များ၏ ပတ်ဝန်းကျင်ဖောက်ပြန်မှုများနှင့် ပင်ကိုယ်ဇီဝကမ္မ အခြေအနေများကြောင့် အမြစ်များက မြေဆီလွှာမှ အဟာရများကို မှန်စွာစုပ်ယူစားသုံးမှု မပြုနိုင်သည့်အခါမျိုးတွင် အပင်များအား အလျင်မြန်ဆုံးနှင့် အထိရောက်ဆုံး အဟာရထောက်ပံ့မှုပြုရာ၌ အရွက်ဖျန်းဓာတ်မြေသြဇာများမှာ အထိရောက်ဆုံးဖြစ်သည်။

အရွက်ဖျန်းဓာတ်မြေသြဇာများမှ ရေတွင် လုံးဝပျော်ဝင်ရမည်။ အရွက်များက လုံးဝ စုပ်ယူစားသုံးနိုင်ရမည်။ အပင်အတွက် အဆိပ်အတောက်မဖြစ်စေရပါ။ အဆိုပါ အချက် သုံးချက်အနက် တစ်ခုခုချို့တဲ့သော မြေသြဇာကို အရွက်ဖျန်းဓာတ်မြေသြဇာအဖြစ် အသုံးမပြုသင့်ပေ။

18/10/2013

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင်(၅၀၀)ဦးစာရင်းအား ဖော်ပြထားရာ ရွှေထနောင်းစိုက်ပျိုး ထုတ်လုပ်မှုကုမ္ပဏီလီမိတက်မှာ အမှတ်စဉ် ၂၅၃ တွင် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

11/10/2013

အပင်များအတွက် အနည်းလိုဒြဗ်စင်များ

သီးနှံပင်များသည် မြေဆီလွှာမှ အနည်းလိုဒြဗ်စင်များ(Micro Nutrients )ကို သီးနှံအထွက်နှုန်းပေါ်မူတည်ကာ ပမာဏအမျိုးမျိုးစုပ်ယူစားသုံးကြသည်။

စိုက်ပျိုးသူများက မြေဆီလွှာသို့ အင်န်၊ ပီ၊ ကေ ဒြဗ်စင် သုံးမျိုးသာ ပါဝင်သည့် ဓါတ်မြေသြဇာများကိုသာ ပြန်လည်ဖြည့်ဆည်းနေပါက တစ်ချိန်ချိန်တွင် အနည်းလို ဒြဗ်စင်ချို့တဲ့မှု ကို ကြုံတွေ့ရမည်ဖြစ်ပါသည်။

အပင်များအတွက် လုံးဝ ပြီးပြည့်စုံသည့်အစာမှာ အပင်များသာဖြစ်သည်။ ပဲဖတ်၊ နှမ်းဖတ်၊ သစ်ရွက်စိမ်း မြေသြဇာနှင့် သစ်ဆွေးမြေတို့မှ အနည်းလိုဒြဗ်စင်များ ရရှိနိုင်ပါသည်။

အထွက်နှုန်းကောင်းသော သီးနှံများနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးရာတွင် အနည်းလိုဒြဗ်စင်များ အထူးလိုအပ်ပါ သည်။

11/10/2013

အပင်များအတွက်လိုအပ်သည့် ပိုတက် (K)

ပိုတက်မှာ အပင်များ၏အရည်အသွေးနှင့် အပင်များ ကျန်းမာသန်စွမ်းရေး တို့အတွက် အထောက်အကူပြုသော ဒြဗ်စင်ဖြစ်သည်။

ပိုတက် ချို့တဲ့ပါက အရွက်များ၏ အနားများ ခြောက်လာမည်။

အပင်များအား ရောဂါပိုးမွှားများ ကျရောက်ဖျက်ဆီးတတ်၏။
အပင်များ ရောဂါဒဏ်ခံနိုင်မှု လျော့နည်းလာမည်။

ပိုတက်သည် အပင်များ၏ ခန္ဓာတည်ဆောက်ရေးတွင် ပါဝင်ခြင်းမရှိဘဲ အစာများသိုလှောင်အင်္ဂါများဆီသို့ သယ်ယူပို့ဆောင်ရာတွင် အဓိကပါဝင်သည်။ ထို့ကြောင့် မြေတွင်းအစာသိုလှောင်သည့် အာလူး၊ ကန်စွန်းဥ၊ ပီလောပီနံများတွင် အခြားသီးနှံများထက် ပို၍လိုအပ်ပေသည်။

အာလူးစိုက်ခင်းများ၊ ကြံစိုက်ခင်းများနှင့် ငှက်ပျောစိုက်ခင်းများတွင် ပိုတက်ကို ပို၍ သုံးစွဲသင့်ပေသည်။

Address

Room No. 403, Condo-A, Mindama Housing, Mindama Road
Mayangone Township
11061

Alerts

Be the first to know and let us send you an email when Shwe Hta Naung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share