Political open-minded Org.

Political open-minded Org. နိုင်ငံရေး သုတရစေရန်အတွက်သာ

Permanently closed.
(စက်တင်ဘာ - ၀၇။ ၂၀၂၁) NUG ရဲ့ တော်လှန်ရေး စစ်ကြေညာတဲ့ သတင်းကို နိုင်ငံတကာ သတင်းမီဒီယာတွေမှာBreaking News အဖြစ် ဖော်ပြနေက...
07/09/2021

(စက်တင်ဘာ - ၀၇။ ၂၀၂၁) NUG ရဲ့ တော်လှန်ရေး
စစ်ကြေညာတဲ့ သတင်းကို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ
Breaking News အဖြစ် ဖော်ပြနေကြတာ တွေ့ရတယ်။..
နောက်ဆက်တွဲ အကျိုးဆက်ကတော့
အာဆီယံအထူးသံတမန် ယူဆွတ်ရဲ့
အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုဟာ
အလိုလို ပျက်ပြယ်သွားဖွယ် ရှိတယ်။..
NUG က ပြောင်ပြောင်တင်းတင်း
ကမ္ဘာသိအောင် စစ်ကြေညာတဲ့ အနေအထားမှာ
အပစ်အခတ်ရပ်စဲရေး ဆိုတာ အဟောသိကံ
ဖြစ်သွားပြီ ဆိုတာ အာဆီယံ ယူဆွတ် နားလည်မှာပါ။..
ဒီလိုနဲ့ပဲ မကြာခင်မှာ အာဆီယံလည်း
စိတ်ပျက်လက်ပျက်နဲ့ နောက်ဆုတ်သွားမှာ
မလွဲမသွေ ဖြစ်လာမှာပါဘဲ။.
(သဗ္ဗေသတ္တာ ကမ္မသကာ။).
Credit: Yang Aung .

ထိုသို့ ဆိုလျှင် တစ်တိုင်းပြည်လုံးတော်လှန်ကြရန်နှင့် ၄င်းတို့ အာဏာမရမချင်း အရေးပေါ် အခြေအနေ ကြေညာသည်ဆိုခြင်းမှာ ဘာကို ဆိုလိုပါသနည်း.
အရေးတော်ပုံ အောင်ရမည်ဆိုခြင်းမှာ လက်ရှိ PDF ဆိုသူတို့ လုပ်ဆောင်နေသည့်အတိုင်း .
ချောင်းမြောင်း လူသတ်.
ထို့နောက် ဒလန်ဟု စွပ်စွဲ. ဗုံးထောင် ပစ်ပြေးခြင်းဖြင့်.
နိုင်ငံတော် အာဏာရယူမည်ဟု ဆိုလိုပါသလား.
အဆိုပါကြေငြာချက်သည် တစ်တိုင်းပြည်လုံး ထိုသို့လုပ်ဆောင်ကြတော့မည်ဟု တရားဝင် ကမ္ဘာသိ ဖော်ပြခြင်း ဖြစ်ပါသလား.
ဤတွင် ၄င်းတို့ပါတီဝင်မဟုတ်သူ ၄င်းတို့အား ထောက်ခံခြင်းမရှိသူတို့မှာ သည်အတိုင်း ငြိမ်ခံနေကြလိမ့်မည်ဟု ထင်ပါသလား.
အမှန်တော့ မစားရသည့် အမဲ သဲနှင့် ပက်သည့်အလား.
အာဏာအတွက် တည်ငြိမ်အေးချမ်းမှု ပျက်ပြား၍
ပြည်သူအချင်းချင်း သွေးချောင်းစီးအောင် လေသက်သက် မှိုင်းတိုက်ခြင်းသာဖြစ်တော့သည်။....
အစဉ်လေးစားစွာဖြင့်.
.. ....

(စက်တင်ဘာ-၀၆။ ၂၀၂၁) အတ္တလန်တစ်သမုဒ္ဒရာအား မေးတင်ထားသည့် အာဖရိက အနောက်ပိုင်း ဂီနီနိုင်ငံငယ်လေး၌ ယမန်နေ့တွင် အာဏာသိမ်းမှု့...
06/09/2021

(စက်တင်ဘာ-၀၆။ ၂၀၂၁) အတ္တလန်တစ်သမုဒ္ဒရာအား မေးတင်ထားသည့် အာဖရိက အနောက်ပိုင်း ဂီနီနိုင်ငံငယ်လေး၌ ယမန်နေ့တွင် အာဏာသိမ်းမှု့ ဖြစ်ပွားကြောင်း သတင်းများကို သိကြပြီးဖြစ်ကြပါလိမ့်မည်။..
ဂီနီဆိုသည့်နိုင်ငံကို မကြားဖူးကြသူ အတော်များနိုင်သော်လည်း မြန်မာကို ICJ တွင် တရားစွဲဆိုခဲ့သော ဂမ်ဘီယာနိုင်ငံနှင့် များစွာ မဝေးလှပါဟု ဆိုလျှင် မှန်းဆနိုင်ကြဖွယ်ရှိပါသည်.
တစ်ချိန်က ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးသည့်အလျောက် ဂီနီနိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားမှာ ပြင်သစ်ဘာသာ ဖြစ်လေသည်။.
လက်ရှိသမ္မတ အယ်လ်ဖာကွန်ဒီမှာ ဂီနီနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများအရ အာဏာရရှိခဲ့သူ မှန်ကန်ပါသော်လည်း ရွေးကောက်ပွဲ မဲမသမာမှုများအပြင် အကျင့်ပျက်ခြစားမှု့ သတင်းများဖြင့်လည်း ကျော်ကြားသူဖြစ်သည်။.
၂၀၁၀ ပြည်နှစ်တွင် ရွေးကောက်ပွဲအနိုင်ရှိခဲ့သူ ကွန်ဒီသည် လူဦးရေ ၁၃ သန်းနီးပါးခန့်သာရှိသည့် နိုင်ငံလေးအတွင်း ဆင်းရဲမွဲတေမှု့ အဂတိလိုက်စားမှု့များကို ချေဖျက်နိုင်ခြင်းမရှိပဲ ၄င်းကိုယ်တိုင်နှင့် သားဖြစ်သူတို့၏ အလွဲသုံးစားမှု့များမှာလည်း လူပြောများလှသည်။..
ဂီနီတွင် တိုင်းရင်းသားလူမျိုး ၂၄ မျိုးရှိ၍ ကွန်ဒီတို့၏ လူမျိုးနွယ်မှာ တစ်နိုင်ငံလုံး လူဦးရေတွင် ဒုတိယအများဆုံးဖြစ်သည်။ ၂၀၁၃-ခုနှစ် ရွေးကောက်ပွဲ အကြိုကာလအကြမ်းဖက်မှုများဖြစ်ပွားခဲ့သော်လည်း၂၀၁၅ ခုနှစ်တွင် ထပ်မံအာဏာရရှိခဲ့သည့် ကွန်ဒီသည် အတိုက်အခံများကို နှိပိကွပ်ပြီး နိုင်ရေုးပြိုင်ဘက် အတော်များများကို ဖမ်းဆီးခဲ့ရာ အချို့မှာ အကျဉ်းထောင်များအတွင်း သေဆုံးကြရသည်။

အယ်လ်ဖာကွန်ဒီသည် ၄င်းအစိုးရနှင့် ပါလီမန်အတွက် အသုံးစရိတ်များ တိုးမြှင့်ခဲ့သော်လည်း ဂီနီတပ်မတော်နှင့် ရဲတပ်ဖွဲ့အတွက် ဘတ်ဂျက်ငွေများ လျော့ချခဲ့သည်

ထို့ပြင် ဖွဲ့စည်းပုံဥဒေအား ပြင်ဆင်ခြင်းဖြင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အယ်လ်ဖာ ကွန်ဒီပင်လျှင် အနိုင်ရရှိပြန်သည်။ မဲမသမာမှု အငြင်းပွားမှုများကြားမှပင် ကွန်ဒီက သမ္မတအဖြစ် တတိယအကြိမ်မြောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

အမှန်တကယ်အားဖြင့် ဂီနီတပ်မတော်ဆိုသည်မှာ ရဲတပ်ဖွဲ့နှင့်ပါပေါင်းလျှင် အင်အား ၁,၅၀၀၀ မျှသာ ရှိသည်။ အင်အား ၇၀၀ မျှသာရှိသော ရေတပ်တွင် ကင်းလှည့်ရေယာဉ်များနှင့် စက်မဲ့တွန်းဆွဲယာဉ်များသာ ပိုင်ဆိုင်သည်။ လေတပ်တွင် အင်အား ၈၀၀ မျှရှိ်၍ ရုရှားလုပ် စစ်လေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ် အနည်းငယ်သာ ရှိသည်။

အစ္စလာမ်ဘာသာ၀င် ၈၅ ရာနှုန်းရှိသည့် ဂီနီသည် အိမ်နီးချင်းတိုင်းပြည်များနှင့် ဆက်နွယ်သည့် # ဘိုကိုဟာရမ်_ဒေသန္တရ_အယ်လ်ကိုင်ဒါ ဘာသာရေး အစွန်းရောက် အကြမ်းဖက်တို့၏ ခြိမ်းခြောက်မှုလည်း ရှိနေသည်။ စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ကိုင်ကြပြီး ဘော့ဆိုဒ်သတ္တုတွင်းများ ကြွယ်ဝသော်လည်း နိုင်ငံသားအများစုမှာ ဆင်းရဲမွဲတေလျှက်ရှိသည်.

၂၀၁၄-ခုနှစ်တွင် အီဘိုလာဗိုင်းရပ်စ်ရောဂါဖြင့် ကမ္ဘာတစ်လွှား ထိတ်လန့်စေခဲ့သော ဂီနီနိုင်ငံတွင် COVID-19 ရောဂါကလည်း ထိုးနှက်လျှက်ရှိပြန်သည်။.
အထွေထွေ အကြပ်အတည်းဆိုက်နေသော ဂီနီနိုင်ငံတွင် စစ်ဖက်က အာဏာသိမ်းယူပြီး ဖွဲ့စည်းပုံအား ဖျက်သိမ်းခြင်းဖြင့် နောက်ထပ်ဖြစ်ပေါ်လာမည့် အလှည့်အပြောင်းများကို ရင်မောစွာ စောင့်ကြည့်ရန်သာ ရှိပါသည်။

(( သမ္မတ အယ်လ်ဖာကွန်ဒီသည် မန်ဒင်းကား လူမည်းမျိုးနွယ်ဖြစ်သည်။ ထင်ရှားသော အမေရိကန် လက်ဝှေ့ သမားကျော်တို့နှင့် မျိုးနွယ်ရှာပုံတော်အကြောင်း “ #မန်ဒင်းဂိုး “ အမည်ဖြင့် မြန်မာဘာသာပြန်၀တ္ထုကို ဖတ်ဖူးသူ အတော်များပါမည်။ ရုပ်ရှင်လည်း ရှိခဲ့ဖူးသည်ဟု ဆိုသည်။ ။ သတင်းဘာသာပြန်သူ))

အစဉ်လေးစားစွာဖြင့်

,

https://www.nytimes.com/2021/09/05/world/africa/guinea-coup.html
https://www.straitstimes.com/world/five-things-to-know-about-guinea
https://www.france24.com/en/20151017-guinea-president-alpha-conde-reelected-election-provisional-results
https://www.aljazeera.com/news/2020/12/15/guinea-president-sworn-in
https://www.aljazeera.com/news/2020/11/12/guinea-arrests-opposition-figures-after-contested-vote
#မူရင်းဘာသာပြန်သူအားအစဥ်လေးစားလျှက်

စစ်ပွဲ၊ အကျအဆုံးနှင့် အောင်ပွဲ “စစ်အာဏာရှင်ဆန့်ကျင်ရေး PDF အဖွဲ့သည် ရန်သူအများအပြားကျဆုံးအောင် တိုက်ခိုက်နိုင်ကြသော်လည်း...
02/09/2021

စစ်ပွဲ၊ အကျအဆုံးနှင့် အောင်ပွဲ

“စစ်အာဏာရှင်ဆန့်ကျင်ရေး PDF အဖွဲ့သည် ရန်သူအများအပြားကျဆုံးအောင် တိုက်ခိုက်နိုင်ကြသော်လည်း တပ်မတော်သည် ကျဆုံးမှုများပြားခြင်းကို ကြံ့ကြံ့ခံ ကိုင်တွယ်ဖြေရှင်းနိုင်ရန် တည်ဆောက်ထားသည့် အဖွဲ့ အစည်းဖြစ်သည်”

မြန်မာ့တပ်မတော်မှ အသက် ၄၈ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးဇော်ဇော်စိုးသည် ၎င်း၏စစ်သည်အနည်းငယ်နှင့် အတူ လွန်ခဲ့သည့်ဇူလိုင်လအတွင်းက မင်းတပ်မြို့အနီးတိုက်ပွဲတွင်ကျဆုံးခဲ့နောက် အစိုးရပိုင်ကြေးမုံသတင်းစာ နာရေးကြော်ငြာတွင်ပါလာသည်ကိုတွေ့ရသည်။

အဆိုပါတိုက်ပွဲမှာ ခန့်မှန်းအင်အား ၁၅၀ အထိမြင့်တက်လာသော စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေသည့် လူ ထုကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ခုဖြစ်သော ချင်းမြေကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ ဒေသခံ လူထုကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောင်ထား သည့် မိုင်းတစ်လုံးကို စစ်ယာဉ်တန်းတစ်ခုက နင်းမိပြီးနောက် တပ်မတော်သား အနည်းဆုံး ၄၀ ဦးသေဆုံးသွား ကြောင်းသိရသည်။ ယင်းဖြစ်စဉ်မှာ သြဂုတ်လ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မတော်သား ၁၇ ဦးသေဆုံးခဲ့ပြီးနောက်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ဖြစ်ကြောင်း (PDF) များ၏ပြောပြ ချက်အရ သိရသည်။ သြဂုတ်လနှောင်းပိုင်းတွင်လည်း ဂန့်ဂေါမြို့နယ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ တပ်မတော် သား ၃၀ ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ယခုဖော်ပြခဲ့သည့် တပ်မတော်သားများကျဆုံးခဲ့သော တောမြို့လေးများမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မ တော်အာဏာမသိမ်းမီက လက်နက်ကိုင်ပဋိပက္ခလုံးဝမရှိသောနေရာများဖြစ်သည်။ တပြိုင်တည်းမှာပင် လက် နက်ကိုင်ပဋိပက္ခကာလရှည်ဖြစ်ပွားနေသည့်နေရာများဖြစ်သော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားမှုမှာ အရှိန်မြင့်လာပါသည်။

မေလနှင့် ဇွန်လအတွင်းမှာပင် ကမ္ဘာ့သူပုန်သက်တမ်းအရင့်ဆုံးအဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့်ဖြစ်ပွားသည့်တိုက်ပွဲများတွင် မြန်မာ့တပ်မတော်မှ ၂၈၄ ဦး ကျဆုံးပြီး ၂၉၇ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသော်လည်း လွန်ခဲ့သည့်နှစ်များက လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် KNLA တပ်မဟာ ၅ ၏ မူလဒေသဖြစ်သော ဖါ ပွန်နယ်မြေ၌ ဇူလိုင်လအတွင်းကဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် တပ်မတော်သား ၆၅ ဦးကျဆုံးခဲ့ပြီး သြဂုတ်လအ တွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် တပ်မတော်သား ၅၀ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများအနက် ဇွန်လနှင့် ဇူလိုင်လအတွင်း တပ်မတော်သား ၁,၁၃၀ ဦးကျဆုံးပြီး ၄၄၃ ဦးဒဏ်ရာရခဲ့ကြောင်း၊ ဇူလိုင်လတစ်လတည်းတွင်ပင် တပ်မတော်သား ၇၄၀ ဦးကျဆုံးခဲ့ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ခေါ် စင်ပြိုင်အစိုးရကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ခေါ်ဝေါ်သမုတ်ထားသည်။

မြို့တွင်းတိုက်ပွဲများအရှိန်မြင့်တက်လာမည့်အရေးမှာ အရှေ့တောင်အာရှတွင် အကြီးမားဆုံးဖြစ်သည့် ခန့်မှန်း အင်အား ၅၀၀,၀၀၀ ဝန်းကျင်ရှိသည်ဆိုသော တပ်မတော်အတွက် စိုးရိမ်စရာဖြစ်လာနေပါသည်။ သို့သော် စစ် ဆင်ရေးတာဝန် ထမ်းဆောင်ရန် ရှေ့တန်းသို့ပို့ရသည့်အင်အားမှာ အမှန်တကယ် ရှိသင့်ရှိထိုက်သည့် အင်အား ထက်နည်းပါးနေသောကြောင့် တပ်မတော်၏အင်အားမှာ ဖြော်ပပါအရေအတွက်ထက်နည်းပါးနိုင်ပါသည်။ ယင်း အင်အားများကိုလည်း စစ်ဆင်ရေးနယ်မြေအသီးသီးတွင် တပ်ဖြန့်ချထားကြောင်းသိရပါသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ဗုံးခုနစ်လုံးပေါက်ကွဲခဲ့ပြီး အဆိုပါဗုံး များမှာ စစ်ဘက်နှင့်ဆက်နွယ်သောပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက ခန့်အပ်ထားသောအရာရှိများနှင့် သတင်းပေးဒလန်များကို ပစ်သတ်ပြီးထွက်ပြေးသည့် ဖြစ် စဉ်များမှာလည်း တဖြည်းဖြည်းပိုမိုများပြားလာပါသည်။

ယင်းတိုက်ခိုက်မှုများမှာကို ကိုင်တွယ်ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအစိုးရမှာ စမ်းတဝါးဝါးနှင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေရပါသည်။ ရန်ကုန်မြို့တစ်မြို့တည်းမှာပင် လူထုကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင် ၄၁ ဦးကို အာဏပိုင်များက ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်း PDF အများစုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ ထိန်းချုပ်ထားသည့်နယ်မြေများတွင် သင်တန်းများသွားရောက်တက်ခဲ့ကြောင်း အစိုးရပိုင်မီဒီယာများက ထုတ်ပြန်ကြေညာခဲ့ပါသည်။

လူထုကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြား လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခြင်းသော်လည်းကောင်း၊ တစ်စိတ် တစ်ပိုင်း အပြန်အလှန်မှီခိုဆောင်ရွက်ခြင်းသော်လည်းကောင်း သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အ စည်းများနှင့် အတိုင်အဖောက်ညီညီ လှုပ်ရှားဆောင်ရွက်ခြင်းသော်လည်းကောင်း စသည့်လှုပ်ရှားမှုများမှာ နိုင်ငံ တစ်ဝန်း စစ်ဆင်ရေးများသဖွယ်ဖြစ်လာသည့်အတွက် တပ်မတော်ဘက်မှအကျအဆုံးစာရင်းမှာ ပိုမိုမြင့်တက် လာဖွယ်ရှိနေပါသည်။

သို့သော် ထိခိုက်ကျဆုံးမှုပမဏမြင့်တက်လာခြင်းသည် တပ်မတော်၏စည်းလုံးညီညွတ်မှုအပေါ် အကျိုးသက် ရောက်မှုရှိနိုင်မည်လောဆိုသည်မှာ စဉ်းစားစရာဖြစ်ပါသည်။ ယခင်ကတိုက်ပွဲများတွင် တပ်မတော်ကို အားနည်း စေသည့် ကြီးမားသောကျဆုံးမှုများကို တပ်မတော်ကကြံ့ကြံ့ခံတောင့်ခံထားခဲ့ပြီး နည်းဗျူဟာအပြောင်းအလဲ များနှင့် ငြိမ်းချမ်းရေးရယူရန်နည်းလမ်းများလိုအပ်ချက်အဖြစ် သင်ခန်းစာရယူခဲ့ပါသည်။

လတ်တလောကာလ ရခိုင်ပြည်နယ်မှ ရခိုင့်တပ်မတော် AA နှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် တပ်မတော်သား ၂,၀၀၀ ခန့်ကျဆုံးခဲ့ကြောင်း AA ဘက်ကပြောပါသည်။ ယင်းစာရင်းမှာ ၂၀၁၈ ခုနှစ်လယ်ပိုင်းလောက်မှစ၍ အ ပစ်အခတ်ရပ်စဲခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ပဋိပက္ခအနီးကပ်စောင့်ကြည့်လေ့လာသူများနှင့် ပြည် နယ်အတွင်းဖြစ်ပွားခဲ့ သောတိုက်ပွဲသတင်းများပေါ်မူတည်၍ AA ဘက်က ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ကြား ကချင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် ကချင်လွတ်မြောက် ရေးတပ်မတော် KIA က တပ်မတော်သား ထောင်ကျော်ကျဆုံးသည်အထိ တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲများမှာ များသောအားဖြင့် တောင်ထိပ်များရှိ KIA စခန်းများကို တပ်မတော်မှလာရောက်တိုက်ခိုက်စဉ် ခုခံတွန်းလှန်ခဲ့ သည့်တိုက်ပွဲများဖြစ်ပါသည်။ တိုက်ပွဲအတွင်းကျဆုံးဦးရေအချက်အလက်များကို KIA အဖွဲ့က ကြိုကြားကြိုကြား ထုတ်ပြန်လေ့ရှိသော်လည်း ဆန့်ကျင်ဘက်အကျိုးရလဒ်များထွက်ပေါ်လာမည်ကိုစိုးရမ်သဖြင့် အသေအပျောက် စာရင်းမြင့်မားမှုကို ကြွားဝါဖော်ထုတ်ခြင်းအား တားမြစ်ထားပါသည်။

တရုတ်နယ်စပ်အနီးရှိ တပ်မတော်စခန်းတစ်ခုကို KIA များဝိုင်းဝန်းတိုက်ခိုက်စဉ် တပ်မတော်ကပြန်လည်ခုခံ တိုက်ခိုက်ရာ KIA ၂၀၀ ကျဆုံးခဲ့ကြောင်း ဤဆောင်းပါးရှင်အား ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ဦးသိန်းစိန် အ စိုးရလက်ထက်ကဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းဦးအောင်မင်းက နေပြည်တော်ရှိ၎င်း၏ရုံးခန်းတွင် ပြောဆို ခဲ့ပါသည်။

၂၀၀၉ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) ခေါ် ကိုးကန့်သူပုန် များနှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ တပ်မတော်ဘက်ကအကျအဆုံးမှာ အလွန်များပြားကြောင်းသိရပါသည်။ အကျအဆုံးများပြားသဖြင့် “ကျဆုံးတပ်မတော်သားမိသားစုများအတွက် အိမ်ရာစီမံကိန်း” ကို ၂၀၁၆ ခုနှစ်တွင် လားရှိုးမြို့၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သလို မြို့ပြင်တွင်သီးသန့်ဆောက်လုပ်ပေးထားသော ကျဆုံး တပ်မတော်သားများ၏ အုတ်ဂူဖြူဖြူလေးများကိုလည်း တွေ့မြင်နိုင်ပါသည်။

တပ်မတော်ဘက်ကထိခိုက်ကျဆုံးမှုများမှာ သိသိသာသာပင် များပြားကြောင်းတွေ့ရှိရပါသည်။ သို့သော် ပြည် တွင်းစစ်ပွဲ အရှိန်မြင့်လိုက်နိမ့်လိုက်ဖြစ်နေသည့် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ အတွင်း တိုက်ပွဲပေါင်းများစွာမှ ကျဆုံး မှုပေါင်းများစွာ၏ဒဏ်ကို မြန်မာနိုင်ငံအနေဖြင့် မည်မျှအထိ ကြံ့ကြံ့ခံနိုင်ခဲ့ပြီးပြီကို စဉ်းစားစရာဖြစ်ပါသည်။

တပ်မတော်အနေဖြင့် ကျဆုံးစာရင်းများကို အတိအကျမှတ်တမ်းတင်ထားသည့်တိုင် အမှန်တကယ်ကျဆုံး စာ ရင်းအတိအကျကို မည်သူမျှမသိနိုင်ပါ။ မိုင်းနင်းမိသူများ၊ ချောင်းပစ်ခံရသူများ၊ ငှက်ဖျားကြောင့် သေဆုံးသူများ၊ မတော်တဆမှုကြောင့်သေဆုံးသူများနှင့် တပ်ပြေးများစာရင်းကို တွက်ချက်ရန်မဖြစ်နိုင်ပါ။

သေချာတာတစ်ခုကတော့ တပ်တွင်းပုန်ကန်မှုများဖြစ်ပွားခြင်း၊ တပ်ပြေးမှုများပြားခြင်း သို့မဟုတ် စစ်ရေးဆိုင်ရာ ယုံကြည်ချက်အမြင်များပြောင်းလဲခြင်းများကို ပြောင်းလဲရန် အပြစ်ပေးခြင်းနည်းလမ်းတစ်ခုတည်းနှင့် မလုံ လောက်ပါ။

တပ်မတော်၏သောင်းကျန်းသူဆန့်ကျင်ရေးစစ်ပွဲများမှာ အသေအပျောက်အကျအဆုံးများပြားခြင်းနှင့် စားဝတ် နေရေးအကျပ်အတည်းများပြားခြင်းတို့ကို ဂရုမထားဘဲ အတင်းဖိအားပေးဆောင်ရွက်မှုပေါ်၌သာ အခြေခံထား ပါသည်။ လူထုကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များလှုပ်ရှားလေ့ရှိသည့်နယ်မြေများတွင် အစိုးရစစ်သားများက တစ်ခါတစ်ရံ စိတ်ပျက်စရာကောင်းသည့်အပြုအမူများဖြင့် အရပ်သားများပေါ် အနိုင်ကျင့်သည်များလည်းရှိတတ် ပါသည်။

မိမိအထက်အရာရှိများအပါအဝင် တပ်တွင်း၌ အချင်းချင်းပစ်ခတ်မှုများမှာ တပ်မတော်အတွင်းဖြစ်လေ့ဖြစ်ထရှိ သည့်ဖြစ်ရပ်ဖြစ်သော်လည်း ယင်းဖြစ်ရပ်မျိုးမှာ တပ်မတော်၏စည်းလုံးညီညွတ်မှုကို ပြိုကွဲပျက်စီးစေနိုင်သည့် အကြောင်းအရာမဟုတ်ပါ။

တပ်မတော်ကအာဏာသိမ်းမည့်အလားအလာကို ကြိုတင်သိမြင်ခဲ့သူ အလွန်နည်းပါးပါသည်။ တပ်မတော်၏ သရုပ်လက္ခဏာ အမှန်ကိုစူးစမ်းရှာဖွေခြင်းမှာ မှားယွင်းသောလုပ်ရပ်တစ်ခုအဖြစ်ရှုမြင်သဖြင့် အနောက်နိုင်ငံ များမှ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သူများသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှပဋိပက္ခများ၏သဘာဝကို ဆန်း စစ်လေ့လာမှုမလုပ်တော့ဘဲ ချန်ထားပစ်ခဲ့ကြပါသည်။

ယင်းသို့ဆောင်ရွက်မည့်အစား တပ်မတော်ကအမှန်တကယ်လုပ်ဆောင်နေသည့် လုပ်ရပ်များကို မျက်နှာလွှဲ ထားသည့် ငြိမ်းချမ်းရေးဆောင်ရွက်မှုဖြစ်စဉ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ၊ တပ်မတော်ချင်းထိတွေ့ ဆက် ဆံမှုများ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးသင်တန်းများ၊ လုံခြုံရေးကဏ္ဍပြန်လည်ဖွဲ့စည်းရေး သုတေသန ရှင်းလင်းချက် များကို ဆောင်ရွက်ခွင့်ပေးထားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခ၏ ပြောင်းလဲစေနိုင် သောအင်အားကို ဆန်းစစ်လေ့လာပြီး ပဋိပက္ခအစီရင်ခံစာနှင့်အတူ အချက်အလက်များထုတ်ပြန်နိုင်ရန် EXERA ၊ ACLED (Armed Conflict Location and Event Data Project) နှင့် တပ်မတော်လိုလားသည့် Myanmar Institute for Peace and Security (MIPS) စသည့်အဖွဲ့အစည်းများ ပေါ်ထွက်လာခဲ့ပါသည်။

အဆိုပါအဖွဲ့အစည်းများမှ အစီရင်ခံစာအများစုမှာ ဒေသတွင်းသတင်းအစီရင်ခံမှုများကို မှီခိုအားထားနေရသဖြင့် အကန့်အသတ်ရှိနေပြီး များသောအားဖြင့် အားကိုးအားထားမပြုနိုင်လောက်သော သို့မဟုတ် အမှားအယွင်းများ ပြားလှသော တိုင်းရင်းသားလက်နက်ကိုင်များ၏ ကန်းဂဏန်းအချက်အလက်များပေါ်အခြေပြုပြီး ရေးသားနေ ခြင်းဖြစ်ပါသည်။

ပထဝီအနေအထားအလှမ်းကွာဝေးခြင်း၊ သတင်းအတည်ပြုနိုင်ရန်နည်းလမ်းများ မရှိခြင်း၊ ဗမာစကားနှင့် တိုင်း ရင်းသားစကား ဘာသာစကားနှစ်မျိုးဘာသာပြန်ရာတွင်စိန်ခေါ်မှုများရှိနေခြင်း၊ တစ်ဖက်စောင်းနင်းသတင်း အ ချက်အလက်များရှိနေခြင်းကြောင့် သတင်းမီဒီယာများမှာလည်း အကန့်အသတ်ရှိနေပါသည်။

စစ်အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ အာဏာသိမ်းစစ်အစိုးရပစ်သတ်ခဲ့သည်မှာ လူဦးရေ ၁,၀၂၆ ဦး ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) The Assistance Association of Political Prisoners ကပြောပါသည်။ ယင်းကိန်းဂဏန်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း အခြားအဖွဲ့အစည်း များ၏ခန့်မှန်းချက်ထက် ပို၍စိစစ်ထားသည်ဟုယူဆရသော်လည်း ချဲ့ကားထားခြင်းသော်လည်းကောင်း လျှော့ ပေါ့ပြောဆိုခြင်းသော်လည်းကောင်း ဖြစ်နိုင်ပါသေးသည်။

မြန်မာပြည်တွင် ပဋိပက္ခများနှင့် ပတ်သက်သည့်ကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ်လေ့လာအကဲဖြတ် ခြင်းမှာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် ရရှိသောအလောင်းအရေအတွက်ပေါ်မူတည်နေပါသည်။ ကိန်းဂဏန်းအ ချက်အလက်နှစ်မျိုးစလုံးမှာ လက်နက်ကိုင်ပဋိပက္ခသဘာဝကို နားလည်ရန်အတွက် ပြည့်စုံလုံလောက်မှုမရှိပါ။ အထူးသဖြင့် အချိန်ကြာမြင့်စွာဖြစ်ပွားလာသည့်ပဋိပက္ခပုံစံများကို ရွေးထုတ်ခွဲခြားခြင်းမရှိဘဲ မတည်ငြိမ်မှုများ၊ ဒေသအခြေအနေများနှင့် ရာသီအလိုက်အပြောင်းအလဲများကို ဆန်းစစ်လေ့လာရာတွင် ပြည့်စုံလုံလောက်မှုရှိ မည်မဟုတ်ပါ။

စစ်ပွဲများကိုဆန်းစစ်လေ့လာရာတွင် အလားတူကန့်သတ်ချက်များကို ပညာရှင်များအသုံးပြုသည့် ပဋိပက္ခသ တင်း အချက်အလက်များ၌ပင် တွေ့မြင်ရပါသည်။ ၁၉၈၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားကာလတွင် မြန်မာနိုင်ငံ ၌ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကြောင့် လူပေါင်း ၂၀,၄၄၂ သေဆုံးခဲ့ကြောင်း Uppsala Conflict Data Program (UCDP) အဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။

အခြားအဖွဲ့တစ်ဖွဲ့ကထုတ်ပြန်ခဲ့သည့်ဦးရေမှာ ၂၄,၀၇၂ ဖြစ်ပါသည်။ UCDP ၏ ထုတ်ပြန်ချက်မှာ AA အဖွဲ့နှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြားမှ အသေအပျောက်စာရင်းမပါသည့်အပြင် သေဆုံးစာရင်းတွင် လက်နက်ကိုင် များနှင့် အရပ်သားများကို ခွဲခြားဖော်ပြထားခြင်းမရှိပါ။ အလားတူကန့်သတ်ချက်များကို Correlates of War ကဲ့ သို့ ပညာရှင်များ၏သတင်းအချက်အလက်များတွင် လည်းတွေ့ရှိရပါသည်။

များသောအားဖြင့် ယင်းသတင်းအချက်အလက်များမှာ ပဋိပက္ခဖြစ်ပွားမှုမြင့်တက်လာသည့်အပေါ် စိုးရိမ်စိတ် များကို သက်သာလျော့ပါးစေပြီး နှစ်ပေါင်းများစွာဖြစ်ပွားလာခဲ့သော တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ရှိ နေသည့်တိုင် ငြိမ်းချမ်းရေးရရှိနိုင်မည်ဟု အနောက်နိုင်ငံများမှ အလှူရှင်များကို သတင်းစကားပါးရန် ရည်ရွယ် ထားရှိပါသည်။

အာဏာသိမ်းမှုအလွန် မှားယွင်းသောအမြင်တစ်ခုမှာ အကျအဆုံးများပြားလာသည်နှင့်အမျှ တဖြည်းဖြည်း တပ် မတော်ပြိုကွဲသည့်အခြေအနေသို့ ဆိုက်ရောက်သွားလိမ့်မည်ဆိုသည့်အမြင်ဖြစ်သည်။ တပ်မတော်ပြိုကွဲလိမ့် မည်ဆိုသည့်ဖြစ်နိုင်ခြေမှန်းဆအမြင်နှင့် တော်လှန်ရေးအဖွဲ့အစည်းများဆီသို့ထွက်ပြေးသွားကြသည့်နှုန်း မြင့် တက်လာမည်ဆိုသည့် အမြင်များမှာ ဖေဖော်ဝါရီလကတည်းက တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်ကိုမနာခံရန်၊ လူထု ကာကွယ်ရေးတပ်ဖွဲ့ PDF များကိုတိုက်ခိုက်ခြင်းမပြုရန်၊ အရပ်သားများကို သတ်ဖြတ်ညှင်းဆဲခြင်းမပြုရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ပြေးဝင်ခိုလှုံရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဦး ရည်မွန်က သြဂုတ်လ ၂၈ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်း၏ထုတ်ပြန်ချက်တွင် “လူထုကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် မဟာမိတ်များသည် တိုင်းပြည်နှင့် ပြည်သူအပေါ် သစ္စာမဲ့စွာ ပြုမူဆောင်ရွက်နေသော စစ်ကောင်စီ၏ အကြမ်းဖက်လူယုံတော်များကို ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဆိုသည့် သတိပေးချက်ကိုထည့်သွင်းဖော်ပြထားသည်။

သို့သော် တပ်မတော်သားအများအပြားမှာ ၎င်းတို့၏ခေါင်းဆောင်များကို မနှစ်မြို့သလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသော်လည်း ၎င်းတို့နှင့် ၎င်းတို့မိသားစုဝင်များအပေါ် လက်တုံ့ပြန်အရေးယူမည်ကို စိုးရိမ်ကြောက် ရွံ့သောကြောင့် တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းရန် တပ်မှထွက်ပြေးလိမ့်မည်မဟုတ်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ NUG မသိခဲ့ပေ။

အချို့သောလူငယ်တော်လှန်ရေးသမားများမှာ အမျိုးသားညီ ညွတ်ရေးအစိုးရ NUG ထက် ရခိုင့်တပ်မတော် AA ကို ပို၍အားကိုးမျှော်လင့်နေကြသည်။ ရခိုင့်တပ်မတော် AA မှာ ရခိုင်ပြည်နယ်အတွင်း မထင်မရှားဘဝမှ အုပ်စုဖွဲ့အကြမ်းဖက်သည့်တစ်ဖွဲ့တည်းသောအဖွဲ့အဖြစ် အချိန်တိုအတွင်း ထင်ပေါ်ကျော်ကြားလာခဲ့သည်။ AA အဖွဲ့သည် စနစ်တကျဖွဲ့စည်းထားခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ ပြည်နယ်၏ဗဟိုချက်မတွင် သဟဇာတဖြစ် သော ပြင်းထန်လှသည့်လူမှုရေးဆက်ဆံမှုများရှိခြင်း (လူမျိုးရေးစိတ်ပြင်းထန်ခြင်း) တို့ဖြင့်ဖွဲ့စည်းထားပြီး အစွန်း ရောက်ပြီး ရက်စက်ကြမ်းကြုပ်သည့် အကြမ်းဖက်မှုမျိုးကို ကျူးလွန်လေ့ရှိပါသည်။

တပ်မတော်သည် AA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းဆန္ဒပြမှု များကို ထိန်းသိမ်းကိုင်တွယ်ရင်း တပ်မတော်၏အာဏာစက်ချဲ့ထွင်ရန်နှင့် မြို့နယ်များကို ထိန်းချုပ်ကိုင်တွယ်နိုင် ရန် ယင်းသောင်းကျန်းသူအဖွဲ့ကို နေရာပေးခဲ့သည်။

“ထိခိုက်နာကျင်ရတဲ့စွမ်းအားဆိုတာ အာဏာနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်ညှိနှိုင်းရတာပါပဲ။ သင့်ရန်သူက အရှုံး ပေးခဲ့ရင်ဖြစ်စေ ညှိနှိုင်းလာခဲ့ရင်ဖြစ်စေ သင့်ရန်သူကိုပိုပြီးတော့များများသတ်ခြင်းဟာ နိုင်ငံရေးရည်မှန်းချက် တွေကိုအောင်မြင်အောင်ဆောင်ရွက်ခြင်းလို့ သီအိုရီတွေကပြောပါတယ်။” ဟု ထင်ရှားသောအမေရိကန် မဟာ ဗျူဟာ လေ့လာဆန်းစစ်သူ သောမတ်စ်စကဲလိန်းကပြောသည်။

သို့သော် သင့်ရန်သူက နှစ်ပေါင်းများစွာအတွင်း အသေအပျောက်အကျအဆုံးစာရင်းကို ဂရုမစိုက်ကြောင်း ရှင်း လင်းပြတ်သားစွာပြုမူဆောင်ရွက်ပြလာသည့်အခါတွင် လူသတ်ရသည့်စစ်ဆင်ရေးများမှာ လူထုကာကွယ်ရေး တပ်ဖွဲ့ PDF များ၏ ရည်မှန်းချက်များကို အောင်မြင်အောင်အကောင်အထည်ဖော်နိုင်လိမ့်မည်မဟုတ်ဘဲ တပ်မ တော်၏ ပုံစံတကျဖွဲ့စည်းထားသည့် စိတ်နေသဘောထားကိုသာ ပိုမိုရင့်သန်ခိုင်မာလာစေမည်ဖြစ်ပါသည်။

မှတ်ချက် - Asia Times မှ ဒေးဗစ်မာ့သီဆန်၏ The necrometrics of Myanmar’s spreading war ကို ထုတ်နုတ်ပြန်ဆိုပါသည်။

(unicode)
စစ်ပွဲ၊ အကျအဆုံးနှင့် အောင်ပွဲ

“စစ်အာဏာရှင်ဆန့်ကျင်ရေး PDF အဖွဲ့သည် ရန်သူအများအပြားကျဆုံးအောင် တိုက်ခိုက်နိုင်ကြသော်လည်း တပ်မတော်သည် ကျဆုံးမှုများပြားခြင်းကို ကြံ့ကြံ့ခံ ကိုင်တွယ်ဖြေရှင်းနိုင်ရန် တည်ဆောက်ထားသည့် အဖွဲ့ အစည်းဖြစ်သည်”

မြန်မာ့တပ်မတော်မှ အသက် ၄၈ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးဇော်ဇော်စိုးသည် ၎င်း၏စစ်သည်အနည်းငယ်နှင့် အတူ လွန်ခဲ့သည့်ဇူလိုင်လအတွင်းက မင်းတပ်မြို့အနီးတိုက်ပွဲတွင်ကျဆုံးခဲ့နောက် အစိုးရပိုင်ကြေးမုံသတင်းစာ နာရေးကြော်ငြာတွင်ပါလာသည်ကိုတွေ့ရသည်။

အဆိုပါတိုက်ပွဲမှာ ခန့်မှန်းအင်အား ၁၅၀ အထိမြင့်တက်လာသော စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေသည့် လူ ထုကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ခုဖြစ်သော ချင်းမြေကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ ဒေသခံ လူထုကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောင်ထား သည့် မိုင်းတစ်လုံးကို စစ်ယာဉ်တန်းတစ်ခုက နင်းမိပြီးနောက် တပ်မတော်သား အနည်းဆုံး ၄၀ ဦးသေဆုံးသွား ကြောင်းသိရသည်။ ယင်းဖြစ်စဉ်မှာ သြဂုတ်လ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မတော်သား ၁၇ ဦးသေဆုံးခဲ့ပြီးနောက်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ဖြစ်ကြောင်း (PDF) များ၏ပြောပြ ချက်အရ သိရသည်။ သြဂုတ်လနှောင်းပိုင်းတွင်လည်း ဂန့်ဂေါမြို့နယ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ တပ်မတော် သား ၃၀ ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ယခုဖော်ပြခဲ့သည့် တပ်မတော်သားများကျဆုံးခဲ့သော တောမြို့လေးများမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မ တော်အာဏာမသိမ်းမီက လက်နက်ကိုင်ပဋိပက္ခလုံးဝမရှိသောနေရာများဖြစ်သည်။ တပြိုင်တည်းမှာပင် လက် နက်ကိုင်ပဋိပက္ခကာလရှည်ဖြစ်ပွားနေသည့်နေရာများဖြစ်သော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားမှုမှာ အရှိန်မြင့်လာပါသည်။

မေလနှင့် ဇွန်လအတွင်းမှာပင် ကမ္ဘာ့သူပုန်သက်တမ်းအရင့်ဆုံးအဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့်ဖြစ်ပွားသည့်တိုက်ပွဲများတွင် မြန်မာ့တပ်မတော်မှ ၂၈၄ ဦး ကျဆုံးပြီး ၂၉၇ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသော်လည်း လွန်ခဲ့သည့်နှစ်များက လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် KNLA တပ်မဟာ ၅ ၏ မူလဒေသဖြစ်သော ဖါ ပွန်နယ်မြေ၌ ဇူလိုင်လအတွင်းကဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် တပ်မတော်သား ၆၅ ဦးကျဆုံးခဲ့ပြီး သြဂုတ်လအ တွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် တပ်မတော်သား ၅၀ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများအနက် ဇွန်လနှင့် ဇူလိုင်လအတွင်း တပ်မတော်သား ၁,၁၃၀ ဦးကျဆုံးပြီး ၄၄၃ ဦးဒဏ်ရာရခဲ့ကြောင်း၊ ဇူလိုင်လတစ်လတည်းတွင်ပင် တပ်မတော်သား ၇၄၀ ဦးကျဆုံးခဲ့ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ခေါ် စင်ပြိုင်အစိုးရကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ခေါ်ဝေါ်သမုတ်ထားသည်။

မြို့တွင်းတိုက်ပွဲများအရှိန်မြင့်တက်လာမည့်အရေးမှာ အရှေ့တောင်အာရှတွင် အကြီးမားဆုံးဖြစ်သည့် ခန့်မှန်း အင်အား ၅၀၀,၀၀၀ ဝန်းကျင်ရှိသည်ဆိုသော တပ်မတော်အတွက် စိုးရိမ်စရာဖြစ်လာနေပါသည်။ သို့သော် စစ် ဆင်ရေးတာဝန် ထမ်းဆောင်ရန် ရှေ့တန်းသို့ပို့ရသည့်အင်အားမှာ အမှန်တကယ် ရှိသင့်ရှိထိုက်သည့် အင်အား ထက်နည်းပါးနေသောကြောင့် တပ်မတော်၏အင်အားမှာ ဖောြ်ပပါအရေအတွက်ထက်နည်းပါးနိုင်ပါသည်။ ယင်း အင်အားများကိုလည်း စစ်ဆင်ရေးနယ်မြေအသီးသီးတွင် တပ်ဖြန့်ချထားကြောင်းသိရပါသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ဗုံးခုနစ်လုံးပေါက်ကွဲခဲ့ပြီး အဆိုပါဗုံး များမှာ စစ်ဘက်နှင့်ဆက်နွယ်သောပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက ခန့်အပ်ထားသောအရာရှိများနှင့် သတင်းပေးဒလန်များကို ပစ်သတ်ပြီးထွက်ပြေးသည့် ဖြစ် စဉ်များမှာလည်း တဖြည်းဖြည်းပိုမိုများပြားလာပါသည်။

ယင်းတိုက်ခိုက်မှုများမှာကို ကိုင်တွယ်ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအစိုးရမှာ စမ်းတဝါးဝါးနှင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေရပါသည်။ ရန်ကုန်မြို့တစ်မြို့တည်းမှာပင် လူထုကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင် ၄၁ ဦးကို အာဏပိုင်များက ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်း PDF အများစုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ ထိန်းချုပ်ထားသည့်နယ်မြေများတွင် သင်တန်းများသွားရောက်တက်ခဲ့ကြောင်း အစိုးရပိုင်မီဒီယာများက ထုတ်ပြန်ကြေညာခဲ့ပါသည်။

လူထုကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြား လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခြင်းသော်လည်းကောင်း၊ တစ်စိတ် တစ်ပိုင်း အပြန်အလှန်မှီခိုဆောင်ရွက်ခြင်းသော်လည်းကောင်း သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အ စည်းများနှင့် အတိုင်အဖောက်ညီညီ လှုပ်ရှားဆောင်ရွက်ခြင်းသော်လည်းကောင်း စသည့်လှုပ်ရှားမှုများမှာ နိုင်ငံ တစ်ဝန်း စစ်ဆင်ရေးများသဖွယ်ဖြစ်လာသည့်အတွက် တပ်မတော်ဘက်မှအကျအဆုံးစာရင်းမှာ ပိုမိုမြင့်တက် လာဖွယ်ရှိနေပါသည်။

သို့သော် ထိခိုက်ကျဆုံးမှုပမဏမြင့်တက်လာခြင်းသည် တပ်မတော်၏စည်းလုံးညီညွတ်မှုအပေါ် အကျိုးသက် ရောက်မှုရှိနိုင်မည်လောဆိုသည်မှာ စဉ်းစားစရာဖြစ်ပါသည်။ ယခင်ကတိုက်ပွဲများတွင် တပ်မတော်ကို အားနည်း စေသည့် ကြီးမားသောကျဆုံးမှုများကို တပ်မတော်ကကြံ့ကြံ့ခံတောင့်ခံထားခဲ့ပြီး နည်းဗျူဟာအပြောင်းအလဲ များနှင့် ငြိမ်းချမ်းရေးရယူရန်နည်းလမ်းများလိုအပ်ချက်အဖြစ် သင်ခန်းစာရယူခဲ့ပါသည်။

လတ်တလောကာလ ရခိုင်ပြည်နယ်မှ ရခိုင့်တပ်မတော် AA နှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် တပ်မတော်သား ၂,၀၀၀ ခန့်ကျဆုံးခဲ့ကြောင်း AA ဘက်ကပြောပါသည်။ ယင်းစာရင်းမှာ ၂၀၁၈ ခုနှစ်လယ်ပိုင်းလောက်မှစ၍ အ ပစ်အခတ်ရပ်စဲခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ပဋိပက္ခအနီးကပ်စောင့်ကြည့်လေ့လာသူများနှင့် ပြည် နယ်အတွင်းဖြစ်ပွားခဲ့ သောတိုက်ပွဲသတင်းများပေါ်မူတည်၍ AA ဘက်က ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ကြား ကချင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် ကချင်လွတ်မြောက် ရေးတပ်မတော် KIA က တပ်မတော်သား ထောင်ကျော်ကျဆုံးသည်အထိ တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲများမှာ များသောအားဖြင့် တောင်ထိပ်များရှိ KIA စခန်းများကို တပ်မတော်မှလာရောက်တိုက်ခိုက်စဉ် ခုခံတွန်းလှန်ခဲ့ သည့်တိုက်ပွဲများဖြစ်ပါသည်။ တိုက်ပွဲအတွင်းကျဆုံးဦးရေအချက်အလက်များကို KIA အဖွဲ့က ကြိုကြားကြိုကြား ထုတ်ပြန်လေ့ရှိသော်လည်း ဆန့်ကျင်ဘက်အကျိုးရလဒ်များထွက်ပေါ်လာမည်ကိုစိုးရမ်သဖြင့် အသေအပျောက် စာရင်းမြင့်မားမှုကို ကြွားဝါဖော်ထုတ်ခြင်းအား တားမြစ်ထားပါသည်။

တရုတ်နယ်စပ်အနီးရှိ တပ်မတော်စခန်းတစ်ခုကို KIA များဝိုင်းဝန်းတိုက်ခိုက်စဉ် တပ်မတော်ကပြန်လည်ခုခံ တိုက်ခိုက်ရာ KIA ၂၀၀ ကျဆုံးခဲ့ကြောင်း ဤဆောင်းပါးရှင်အား ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ဦးသိန်းစိန် အ စိုးရလက်ထက်ကဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းဦးအောင်မင်းက နေပြည်တော်ရှိ၎င်း၏ရုံးခန်းတွင် ပြောဆို ခဲ့ပါသည်။

၂၀၀၉ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) ခေါ် ကိုးကန့်သူပုန် များနှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ တပ်မတော်ဘက်ကအကျအဆုံးမှာ အလွန်များပြားကြောင်းသိရပါသည်။ အကျအဆုံးများပြားသဖြင့် “ကျဆုံးတပ်မတော်သားမိသားစုများအတွက် အိမ်ရာစီမံကိန်း” ကို ၂၀၁၆ ခုနှစ်တွင် လားရှိုးမြို့၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သလို မြို့ပြင်တွင်သီးသန့်ဆောက်လုပ်ပေးထားသော ကျဆုံး တပ်မတော်သားများ၏ အုတ်ဂူဖြူဖြူလေးများကိုလည်း တွေ့မြင်နိုင်ပါသည်။

တပ်မတော်ဘက်ကထိခိုက်ကျဆုံးမှုများမှာ သိသိသာသာပင် များပြားကြောင်းတွေ့ရှိရပါသည်။ သို့သော် ပြည် တွင်းစစ်ပွဲ အရှိန်မြင့်လိုက်နိမ့်လိုက်ဖြစ်နေသည့် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ အတွင်း တိုက်ပွဲဲပေါင်းများစွာမှ ကျဆုံး မှုပေါင်းများစွာ၏ဒဏ်ကို မြန်မာနိုင်ငံအနေဖြင့် မည်မျှအထိ ကြံ့ကြံ့ခံနိုင်ခဲ့ပြီးပြီကို စဉ်းစားစရာဖြစ်ပါသည်။

တပ်မတော်အနေဖြင့် ကျဆုံးစာရင်းများကို အတိအကျမှတ်တမ်းတင်ထားသည့်တိုင် အမှန်တကယ်ကျဆုံး စာ ရင်းအတိအကျကို မည်သူမျှမသိနိုင်ပါ။ မိုင်းနင်းမိသူများ၊ ချောင်းပစ်ခံရသူများ၊ ငှက်ဖျားကြောင့် သေဆုံးသူများ၊ မတော်တဆမှုကြောင့်သေဆုံးသူများနှင့် တပ်ပြေးများစာရင်းကို တွက်ချက်ရန်မဖြစ်နိုင်ပါ။

သေချာတာတစ်ခုကတော့ တပ်တွင်းပုန်ကန်မှုများဖြစ်ပွားခြင်း၊ တပ်ပြေးမှုများပြားခြင်း သို့မဟုတ် စစ်ရေးဆိုင်ရာ ယုံကြည်ချက်အမြင်များပြောင်းလဲခြင်းများကို ပြောင်းလဲရန် အပြစ်ပေးခြင်းနည်းလမ်းတစ်ခုတည်းနှင့် မလုံ လောက်ပါ။

တပ်မတော်၏သောင်းကျန်းသူဆန့်ကျင်ရေးစစ်ပွဲများမှာ အသေအပျောက်အကျအဆုံးများပြားခြင်းနှင့် စားဝတ် နေရေးအကျပ်အတည်းများပြားခြင်းတို့ကို ဂရုမထားဘဲ အတင်းဖိအားပေးဆောင်ရွက်မှုပေါ်၌သာ အခြေခံထား ပါသည်။ လူထုကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များလှုပ်ရှားလေ့ရှိသည့်နယ်မြေများတွင် အစိုးရစစ်သားများက တစ်ခါတစ်ရံ စိတ်ပျက်စရာကောင်းသည့်အပြုအမူများဖြင့် အရပ်သားများပေါ် အနိုင်ကျင့်သည်များလည်းရှိတတ် ပါသည်။

မိမိအထက်အရာရှိများအပါအဝင် တပ်တွင်း၌ အချင်းချင်းပစ်ခတ်မှုများမှာ တပ်မတော်အတွင်းဖြစ်လေ့ဖြစ်ထရှိ သည့်ဖြစ်ရပ်ဖြစ်သော်လည်း ယင်းဖြစ်ရပ်မျိုးမှာ တပ်မတော်၏စည်းလုံးညီညွတ်မှုကို ပြိုကွဲပျက်စီးစေနိုင်သည့် အကြောင်းအရာမဟုတ်ပါ။

တပ်မတော်ကအာဏာသိမ်းမည့်အလားအလာကို ကြိုတင်သိမြင်ခဲ့သူ အလွန်နည်းပါးပါသည်။ တပ်မတော်၏ သရုပ်လက္ခဏာ အမှန်ကိုစူးစမ်းရှာဖွေခြင်းမှာ မှားယွင်းသောလုပ်ရပ်တစ်ခုအဖြစ်ရှုမြင်သဖြင့် အနောက်နိုင်ငံ များမှ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သူများသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှပဋိပက္ခများ၏သဘာဝကို ဆန်း စစ်လေ့လာမှုမလုပ်တော့ဘဲ ချန်ထားပစ်ခဲ့ကြပါသည်။

ယင်းသို့ဆောင်ရွက်မည့်အစား တပ်မတော်ကအမှန်တကယ်လုပ်ဆောင်နေသည့် လုပ်ရပ်များကို မျက်နှာလွှဲ ထားသည့် ငြိမ်းချမ်းရေးဆောင်ရွက်မှုဖြစ်စဉ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ၊ တပ်မတော်ချင်းထိတွေ့ ဆက် ဆံမှုများ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးသင်တန်းများ၊ လုံခြုံရေးကဏ္ဍပြန်လည်ဖွဲ့စည်းရေး သုတေသန ရှင်းလင်းချက် များကို ဆောင်ရွက်ခွင့်ပေးထားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခ၏ ပြောင်းလဲစေနိုင် သောအင်အားကို ဆန်းစစ်လေ့လာပြီး ပဋိပက္ခအစီရင်ခံစာနှင့်အတူ အချက်အလက်များထုတ်ပြန်နိုင်ရန် EXERA ၊ ACLED (Armed Conflict Location and Event Data Project) နှင့် တပ်မတော်လိုလားသည့် Myanmar Institute for Peace and Security (MIPS) စသည့်အဖွဲ့အစည်းများ ပေါ်ထွက်လာခဲ့ပါသည်။

အဆိုပါအဖွဲ့အစည်းများမှ အစီရင်ခံစာအများစုမှာ ဒေသတွင်းသတင်းအစီရင်ခံမှုများကို မှီခိုအားထားနေရသဖြင့် အကန့်အသတ်ရှိနေပြီး များသောအားဖြင့် အားကိုးအားထားမပြုနိုင်လောက်သော သို့မဟုတ် အမှားအယွင်းများ ပြားလှသော တိုင်းရင်းသားလက်နက်ကိုင်များ၏ ကန်းဂဏန်းအချက်အလက်များပေါ်အခြေပြုပြီး ရေးသားနေ ခြင်းဖြစ်ပါသည်။

ပထဝီအနေအထားအလှမ်းကွာဝေးခြင်း၊ သတင်းအတည်ပြုနိုင်ရန်နည်းလမ်းများ မရှိခြင်း၊ ဗမာစကားနှင့် တိုင်း ရင်းသားစကား ဘာသာစကားနှစ်မျိုးဘာသာပြန်ရာတွင်စိန်ခေါ်မှုများရှိနေခြင်း၊ တစ်ဖက်စောင်းနင်းသတင်း အ ချက်အလက်များရှိနေခြင်းကြောင့် သတင်းမီဒီယာများမှာလည်း အကန့်အသတ်ရှိနေပါသည်။

စစ်အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ အာဏာသိမ်းစစ်အစိုးရပစ်သတ်ခဲ့သည်မှာ လူဦးရေ ၁,၀၂၆ ဦး ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) The Assistance Association of Political Prisoners ကပြောပါသည်။ ယင်းကိန်းဂဏန်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း အခြားအဖွဲ့အစည်း များ၏ခန့်မှန်းချက

◼ အာဖဂန်မှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘာတွေဖြစ်ဦးမလဲရာဗီချန်ဒရာကူးမား မြန်မာပြန်ဆိုသည်။အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ သိမ်းပို...
17/08/2021

◼ အာဖဂန်မှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘာတွေဖြစ်ဦးမလဲ

ရာဗီချန်ဒရာကူးမား မြန်မာပြန်ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပါပြီ။ အမေရိကန်တပ်တွေ နိုင်ငံက အပြီးအစီး ထွက်ခွာဖို့ စီစဉ်ထားတဲ့ အချိန်ထက် နှစ်ပတ်စောပြီး သိမ်းလိုက်တာပါ။

အမေရိကန်နဲ့ မဟာမိတ်တပ်တွေ လက်နက်တပ်ဆင် သင်တန်းပေးထားတဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တဲ့နောက်မှာ တာလီဘန်ထိုးစစ်တွေဟာ ရက်အနည်းငယ်အတွင်း အရှိန်ပြင်းပြင်းနဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြီးအတွင်း ဘာတွေဖြစ်ခဲ့သလဲ ဘာတွေ ဆက်ဖြစ်လာမလဲ အကြမ်းဖျင်း ကြည့်ကြရအောင်ပါ။

◼ အာဖဂန်နစ္စတန်မှာ ဘာတွေဖြစ်နေလဲ

၁၉၉၀ ကျော်ကာလတွေမှာ နိုင်ငံကို အုပ်စိုးခဲ့တဲ့ တာလီဘန်တွေဟာ အခုတစ်ဖန် နိုင်ငံကို ထိန်းချုပ်လိုက်ပြန်ပါပြီ။

၂၀၀၁ မှာ အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်စစ်အတွင်း တာလီဘန်တွေကို ဖြုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်တွေဟာ ပျောက်ကွယ်မသွားကြပါဘူး။ အနောက်အုပ်စုက ကျားကန်ပေးမှုနဲ့ နိုင်ငံကို နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်ခဲ့တဲ့ အာဖဂန်အစိုးရဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း တာလီဘန်တွေရဲ့ အလုံးအရင်းထိုးစစ်မှာ ပြိုလဲသွားပါတယ်။ အာဖဂန်ပြည်သားတွေဟာ အနာဂတ်အတွက် စိုးရိမ်ကြောက်ရွံ့မှုကြောင့် လေဆိပ်ဆီ အပြေးအလွှား သွားကြရပါတယ်။ ဒီနေရာဟာ နိုင်ငံက ထွက်ခွာဖို့ နောက်ဆုံးလမ်းကြောင်းတွေထဲက တစ်ခုပါ။

◼ လူတွေဘာလို့ နိုင်ငံက ထွက်ပြေးကြတာလဲ

ဒီလူတွေက နိုင်ငံမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်ခြေ၊ ဒါမှမဟုတ်လည်း တာလီဘန်တွေက အမေရိကန်အတွက် ဒါမှမဟုတ် အစိုးရအတွက် အလုပ်လုပ်ခဲ့သူတွေကို လက်စားချေလာနိုင်ခြေကို စိုးရိမ်ကြလို့ ဖြစ်ပါတယ်။

တာလီဘန်တွေ အစ္စလာမစ်ဥပဒေကို တင်းကြပ်တဲ့ပုံစံနဲ့ ပုံဖော်ပြီး အသက်သွင်းလာမှာကိုလည်း ပြည်သူအများစုက စိုးရိမ်ကြောက်ရွံ့ကြပါတယ်။ တာလီဘန်တွေဟာ ဒီဥပဒေတွေနဲ့ ၁၉၉၆ ကနေ ၂၀၀၁ အထိ အာဖဂန်ကို ထိန်းချုပ်ခဲ့တာပါ။ အဲဒီတုန်းကဆိုရင် အမျိုးသမီးတွေဟာ ကျောင်းတက်ခွင့်မရ၊ အိမ်ပြင်ပထွက်ပြီး အလုပ်လုပ်ခွင့် မရကြပါဘူး။ အပြင်ထွက်မယ် ဆိုရင် တစ်ကိုယ်လုံးကို ဝတ်ရုံနက်နဲ့ ဖုံးလွှမ်းပြီး သွားရသလို ဆွေမျိုးတော်စပ်တဲ့ အမျိုးသားတစ်ဦးလည်း အဖော်အဖြစ် လိုက်ပါရပါတယ်။

တာလီဘန်တွေဟာ ဂီတကိုလည်း ပိတ်ပင်တားမြစ်ထားသလို သူခိုးတွေကို လက်ဖြတ်တာ၊ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ခဲနဲ့ပစ်ပေါက်ပြီး အပြစ်ပေးတာ စတဲ့နည်းလမ်းတွေ ကျင့်သုံးပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ တာလီဘန်တွေဟာ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးမယ့်သူတွေအဖြစ် ပြသမှုတွေ ရှိခဲ့သလို လက်တုံ့ပြန်မှုတွေ လုပ်မှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ အာဖဂန်အများစုကတော့ တာလီဘန်တွေရဲ့ ကတိတွေကို သံသယဝင် မေးခွန်းထုတ်နေကြဆဲပါ။

◼ တာလီဘန်တွေ ဘာလို့ ခုအချိန်မှာ ဝင်သိမ်းကြတာလဲ

အမေရိကန်တပ်တွေ ဒီလကုန်မှာ အပြီး ရုတ်သိမ်းဖို့ စီစဉ်ထားတဲ့အတွက် ဖြစ်နိုင်ပါတယ်။

အမေရိကန်တွေဟာ ဆယ်စုနှစ် ၂ ခုစာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ သူတို့ရဲ့ အရှည်ကြာဆုံးစစ်ပွဲ တည်ရှိရာ အာဖဂန်ကနေ ထွက်ခွာဖို့ ကြိုးစားနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။

အမေရိကန်တပ်ဖွဲ့တွေဟာ ၉/၁၁ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူ အယ်ကိုင်းဒါးတပ်ဖွဲ့တွေကို လက်ခံထားတဲ့ တာလီဘန်တွေကို လပိုင်းအတွင်း မောင်းထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ထပ်တလဲလဲ ဖြစ်ပွားနေတဲ့ အာဖဂန်မှာ နယ်မြေထိန်းချုပ်ဖို့နဲ့ နိုင်ငံတည်ဆောက်ရေးကို ဖော်ဆောင်ဖို့ဆိုတာ ပိုမိုခက်ခဲမှန်းကို အမေရိကန်တွေ မြင်တွေ့ခဲ့ရပါတယ်။

အမေရိကန်ရဲ့ ဦးတည်ရာက အီရတ်ဘက်ကို ရွေ့လာတာနဲ့အမျှ အာဖဂန် တာလီဘန်တွေဟာ အင်အားပြန်လည် စုစည်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တာလီဘန်တွေဟာ နိုင်ငံရဲ့ ကျေးလက်ဧရိယာတွေမှာ ပြန်လည် ခြေကုပ်ယူနိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အရောက်မှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်တပ်တွေ အာဖဂန်က ပြန်လည်ဆုတ်ခွာမယ့် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ပါတယ်။ တာလီဘန်တွေနဲ့လည်း ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး တာလီဘန်တွေအပေါ် အမေရိကန်တွေရဲ့ အရေးယူမှုတွေကို ကန့်သတ်ခဲ့ပါတယ်။ ဒီနောက်မှာ တက်လာတဲ့ သမ္မတဂျိုးဘိုင်ဒန်က ၂၀၂၁ သြဂုတ်လကုန်ကို နောက်ဆုံးထားပြီး အမေရိကန်တပ်တွေ အာဖဂန်က ရုတ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

အပြီးသတ်ရုတ်သိမ်းမယ့် နောက်ဆုံးအချိန် နီးကပ်လာတာနဲ့အမျှ တာလီဘန်တွေဟာ မြန်မြန်ဆန်ဆန်ပဲ ထိုးစစ်တွေ ဆင်နွှဲပြီး တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

◼ အာဖဂန်လုံခြုံရေးတပ်တွေ ဘာလို့ ပြိုကွဲသွားရတာလဲ

တိုတိုပဲ ဖြေရရင်တော့ အကျင့်ပျက်ခြစားမှုကြောင့်ပါ။

အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးပြီး အာဖဂန်လုံခြုံရေးတပ်တွေကို လက်နက်တပ်ဆင် သင်တန်းပေးခဲ့ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံ ပေးထားတဲ့ အာဖဂန်အစိုးရအုပ်စုအတွင်း အကျင့်ပျက်ခြစားမှုတွေ ထူပြောခဲ့ပါတယ်။ တပ်မှူးတွေဟာ ထောက်ပံ့ပစ္စည်းယူမယ့် တပ်သားအရေအတွက်ကို ချဲ့ကားပြောဆိုတာတွေ ရှိသလို မြေပြင်မှာ တကယ်လုပ်နေရတဲ့ တပ်သားတွေအတွက် ကျပြန်တော့ လက်နက်ခဲယမ်း၊ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာအထိ ချို့တဲ့တာတွေ မကြာခဏ ကြုံရပါတယ်။

အမေရိကန်တွေ နိုင်ငံကထွက်ခွာဖို့ သေချာလာလေ သူတို့တွေရဲ့ အကျင့်စရိုက်တွေ ပိုဆိုးလေလေ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်း တာလီဘန်တွေ ထိုးစစ်ဆင်တော့ မည်ကာမတ္တ တိုက်ပွဲလောက်ပဲ ရှိခဲ့ပြီး တပ်ရင်းတစ်ခုလုံး လက်နက်ချတာမျိုးအထိ ဖြစ်ခဲ့ပါတယ်။ မြို့တော်ကဘူးနဲ့ အနီးအနားဒေသတွေဟာ တိုက်ပွဲမရှိဘဲ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

◼ အာဖဂန်သမ္မတ ဘာဖြစ်သွားလဲ

ထွက်ပြေးသွားပါတယ်။

နိုင်ငံတစ်ဝန်း တာလီဘန်တွေ မြန်မြန်ဆန်ဆန် သိမ်းပိုက်နေချိန်မှာ သမ္မတအာရှရက်ဂါနီဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ပဲ ရှိနေခဲ့ပြီး ကြေညာချက် နည်းနည်းပါးပါး ထုတ်ပြန်ခဲ့ပါတယ်။
တာလီဘန်တွေ ကဘူးမြို့ဆီ ရောက်လာတဲ့ သြဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့မှာ သမ္မတဟာ အာဖဂန်က ထွက်ခွာသွားပါတယ်။ သွေးစွန်းမှုတွေ ထပ်မဖြစ်အောင် ရှောင်ရှားတဲ့အနေနဲ့ နိုင်ငံက ထွက်ခွာသွားဖို့ ရွေးချယ်လိုက်တာလို့ ပြောသွားပါတယ်။ သူ ဘယ်နေရာကို ထွက်သွားသလဲ တိတိပပ မသိရပါဘူး။

◼ အာဖဂန်စစ်ပွဲကို ဆိုင်ဂုံကျဆုံးခန်းနဲ့ ယှဉ်ပြီး ပြောနေကြတာ ဘာကြောင့်လဲ

၁၉၇၅ ခုနှစ်မှာ မြောက်ဗီယက်နမ် တပ်ဖွဲ့တွေ ဆိုင်ဂုံမြို့ကို သိမ်းပိုက်မှုနဲ့အတူ ဗီယက်နမ်စစ်ပွဲကြီး အဆုံးသတ်ခဲ့ပါတယ်။ ထိုအချိန်က အမေရိကန်တွေနဲ့ သူတို့ရဲ့ ဗီယက်နမ်မဟာမိတ်တွေကို မြို့တော်ကနေ ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်တဲ့ ဖြစ်စဉ်ဟာ ကျရှုံးမှုရဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကတော့ အာဖဂန်ဖြစ်ရပ်ကို ဗီယက်နမ်နဲ့ နှိုင်းယှဉ်တာကို ငြင်းပယ်ပါတယ်။ “ဒါဟာ ဆိုင်ဂုံမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသာပါတယ်” လို့ သူကပြောပါတယ်။

◼ အာဖဂန်နစ္စတန်မှာ ဘာဆက်ဖြစ်လာမလဲ

ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
တာလီဘန်တွေကတော့ အခြားအုပ်စုတွေနဲ့ ပူးပေါင်းပြီး “အကုန်ပါဝင်တဲ့ အစ္စလာမစ်အစိုးရ” တစ်ရပ် ဖွဲ့စည်းလိုတယ်လို့ ပြောထားပါတယ်။ ယခင်အစိုးရ ခေါင်းဆောင်ပိုင်းတွေ အပါအဝင် ဝါရင့် နိုင်ငံရေးသမားတွေနဲ့လည်း ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။

တာဘီဘန်တွေဟာ အစ္စလာမစ်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးဖို့ သန္နိဌာန် ချထားပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ စစ်ပွဲအပြီးမှာ ဘဝနေထိုင်မှုတွေ ပုံမှန်ပြန်ဖြစ်အောင် ကူညီထောက်ပံ့ပေးမယ် လို့လည်း ပြောပါတယ်။

တစ်ဘက်မှာ ကျပြန်တော့လည်း အာဖဂန် အများအပြားဟာ တာလီဘန်တွေကို မယုံကြပါဘူး။ အကြမ်းဖက်အုပ်ချုပ်မှာ၊ ဖိနှိပ်မှာကို ကြောက်ကြပါတယ်။ လူတွေကို စိုးရိမ်စေတဲ့ လုပ်ရပ်တစ်ခုကတော့ နိုင်ငံရဲ့အမည်ကို အာဖဂန်နစ္စတန် အစ္စလာမစ်စော်ဘွားများနိုင်ငံ အဖြစ် အမည်ပြောင်းလိုတဲ့ တာလီဘန်တွေရဲ့ ဆန္ဒ ဖြစ်ပါတယ်။ ဒီနာမည်ဟာ အာဖဂန်ကို သူတို့ နောက်ဆုံးအုပ်ချုပ်ခဲ့စဉ်က ခေါ်တွင်သုံးစွဲခဲ့တဲ့ အမည်ပါ။

◼ တာလီဘန်တွေရဲ့ သိမ်းပိုက်မှုဟာ အမျိုးသမီးတွေအပေါ် ဘယ်လိုရိုက်ခတ်နိုင်သလဲ

ဒီလုပ်ရပ်ဟာ အမျိုးသမီးအခွင့်အရေးအတွက် ဆိုးဆိုးရွားရွား နောက်ကြောင်းပြန်သွားတဲ့သဘော ဖြစ်နေမှာကို လူအများက စိုးရိမ်နေကြပါတယ်။

တာလီဘန်တွေ မရှိတဲ့အချိန်မှာ အာဖဂန်အမျိုးသမီးတွေ ကြားမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲ ကြီးကြီးမားမားတွေ ရရှိခဲ့ကြပါတယ်။ တာလီဘန်တွေ ပြန်ရောက်လာရင် သူတို့တွေ နေအိမ်ထဲမှာပဲ တစ်ကျော့ပြန် ပိတ်လှောင်ခံရမှာကို အများစုက စိတ်ပူကြပါတယ်။
တာလီဘန်တွေကတော့ သူတို့ဟာ အမျိုးသမီးတွေ ကျောင်းတက်ခွင့်ကို မကန့်ကွက်တော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အမျိုးသမီးအခွင့်အရေး တွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေတော့ ရှင်းရှင်းလင်းလင်း မရှိထားပါ။

အာဖဂန်ဟာ အလွန်အမင်း ရှေးရိုးစွဲနိုင်ငံအဖြစ် ရှိနေဆဲပါ။ အထူးသဖြင့် မြို့ကြီးတွေရဲ့ ပြင်ပဧရိယာတွေမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အဆင့်အတန်းတွေဟာ တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာလည်း ပုံစံမျိုးစုံ ကွဲပြားပါတယ်။

◼ တာလီဘန်တွေဟာ အယ်ကိုင်းဒါးတွေရဲ့ ခိုလှုံရာ ဖြစ်လာဦးမလား

တိတိပပ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အမေရိကန် စစ်ဘက်အရာရှိတွေကတော့ စိုးရိမ်နေကြပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို ပြီးခဲ့တဲ့နှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်မှာ အကြမ်းဖက်မှုကို တိုက်ဖျက်မယ်၊ အာဖဂန်နစ္စတန်ဟာ တိုက်ခိုက်မှုတွေအတွက် အခြေစိုက်နေရာ ဖြစ်မလာအောင် ကာကွယ်မယ်လို့ တာလီဘန်တွေက ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချက် အတည်ဖြစ်လာအောင် အမေရိကန်ဘက်က ဖိအားပေးမှု မရှိသလောက်ပါပဲ။

အမေရိကန်ပြည်ထောင်စုဟာ နည်းပညာအားသာချက် ရှိပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ယီမင်နဲ့ ဆိုမာလီယာလို နိုင်ငံမျိုးမှာ တပ်ဖွဲ့ဝင်တွေ အခြေစိုက်ထားတာ မရှိပေမဲ့ သံသယရှိတဲ့ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတာမျိုးတွေ နည်းပညာအားကိုးနဲ့ လုပ်နိုင်ခဲ့ပါတယ်။
တာလီဘန်တွေဟာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရပြီး ဖြစ်တဲ့အတွက် သူတို့ အာဏာ တည်မြဲအောင် ကြိုးစားနေချိန်မှာ ဒီလုပ်ရပ်မျိုး ထပ်မလုပ်ဘဲ ရှောင်မယ်လို့ မျှော်လင့်ရတာပါပဲ။

ဒါပေမဲ့ ဒီနှစ်အစောပိုင်းမှာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ အယ်ကိုင်းဒါးလို အစွန်းရောက်အုပ်စုတွေဟာ အာဖဂန်ထဲမှာ ပြန်လည်း ပေါက်ဖွားလာနိုင်ခြေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ အရာရှိတွေက ဒီလိုအုပ်စုမျိုးဟာ ထင်ထားတာထက်ကို ပိုပြီး မြန်မြန်ဆန်ဆန် အားကောင်းလာနိုင်တယ်လို့ သတိပေးနေကြပါပြီ။

အာဖဂန်နစ္စတန်ဟာ အစ္စလာမစ်နိုင်ငံတော်အုပ်စု IS ရဲ့ အစွယ်အပွား အုပ်စုတစ်ခု အခြေစိုက်တဲ့ နေရာလည်း ဖြစ်နေပါသေးတယ်။ IS အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရှီးယိုက်လူနည်းစုတွေအပေါ် ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုတွေ တစ်ပြုံတစ်ခေါင်း ပြုလုပ်ခဲ့ကြပါတယ်။
တာလီဘန်တွေဟာ IS ရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး အုပ်စုနှစ်ခုအကြား နယ်မြေစိုးမိုးရေး တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်အစိုးရအနေနဲ့ IS တွေကို နှိမ်နင်းလိုစိတ် ရှိသလား၊ နှိမ်နင်းနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းပါ။

ရာဗီချန်ဒရာကူးမား
(ရည်ညွှန်း - “EXPLAINER: The Taliban takeover, what’s next for Afghanistan” by Joseph Krauss2, AP, ဓာတ်ပုံ - AP)
မှတ်ချက် DMG မီဒီယာ စာမျက်နှာမှ ကူးယူဖော်ပြသည်။

Address

Maymyo

Telephone

+959969804018

Website

Alerts

Be the first to know and let us send you an email when Political open-minded Org. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Political open-minded Org.:

Share