Design Hive

Design Hive "Your Creative Hive"

Something called Branding...Fake brief ထုတ်ပီးလေ့ကျင့်ဖြစ်တဲ့ Guideline လေးပါ။
28/08/2025

Something called Branding...

Fake brief ထုတ်ပီးလေ့ကျင့်ဖြစ်တဲ့ Guideline လေးပါ။


Before and After ❣️၁ နှစ်အတွင်းတော်တော်ပြောင်းလဲလာတာပဲ ❣️
15/08/2025

Before and After ❣️

၁ နှစ်အတွင်းတော်တော်ပြောင်းလဲလာတာပဲ ❣️

သဘာဝ နှင့် တွေ့ဆုံခြင်းBetween natural and unnatural, dry and wet, reality and imagination....
13/08/2025

သဘာဝ နှင့် တွေ့ဆုံခြင်း

Between natural and unnatural, dry and wet, reality and imagination....



ဆွဲခဲ့တာလေးတွေထဲကမှ ကြိုက်တာလေးတွေရွေးတင်တာ 😁
04/08/2025

ဆွဲခဲ့တာလေးတွေထဲကမှ ကြိုက်တာလေးတွေရွေးတင်တာ 😁

ကိုပူစီ Manipulation 😁
27/06/2025

ကိုပူစီ Manipulation 😁

My first logo project!ကျွန်တော်ပထမဆုံးဆွဲဖူးတဲ့ Logo လေးပါ။တတ်သလောက်မှတ်သလောက်လေး Guideline လေးလုပ်ထားပါတယ်။တစ်ချက်ရှိုး...
26/06/2025

My first logo project!

ကျွန်တော်ပထမဆုံးဆွဲဖူးတဲ့ Logo လေးပါ။

တတ်သလောက်မှတ်သလောက်လေး Guideline လေးလုပ်ထားပါတယ်။

တစ်ချက်ရှိုးပေးကြပါအုန်းဗျာ။

အချစ်ဆိုတာ တစ်ခါတည်း တည်ဆောက်ရတဲ့အိမ်တစ်လုံးမဟုတ်ဘူး။တစ်ခါတစ်ရံမှာတော့ စိတ်ထဲက အိမ်တစ်လုံး ပြိုကျမှသာ အနားယူခြင်းက အဓိပ္...
08/06/2025

အချစ်ဆိုတာ တစ်ခါတည်း တည်ဆောက်ရတဲ့အိမ်တစ်လုံးမဟုတ်ဘူး။
တစ်ခါတစ်ရံမှာတော့ စိတ်ထဲက အိမ်တစ်လုံး ပြိုကျမှသာ အနားယူခြင်းက အဓိပ္ပါယ်ရှိလာတတ်တယ်။”

အချစ်ဆိုတာ စတုရန်းတစ်ခုလို၊တည်ဆောက်ဖို့အချိန်အရမ်းယူရတယ်။ စနစ်တကျ၊ သတ်မှတ်မိတဲ့ အချစ်တွေက အိမ်တစ်လုံးလို အားထားလို့ရတယ်။ ဒါပေမဲ့ မုန်းမိတဲ့စိတ်၊ တစ်စုံတစ်ယောက်နဲ့ ခန့်မှန်းချက်တွေလွဲတာနဲ့ပဲ အဲဒီအိမ်က တိတ်တိတ်လေး ပြိုကျလာတက်တယ်။

တစ်ခါတစ်လေ လူတွေထဲမှာက အချစ်ဆိုတာကို မျော်လင့်ချက်ကြီး အဖြစ်နေရာယူထားတက်ကျတယ်။ ဘယ်လိုပဲ ဖြစ်လာပါစေ စိတ်ထဲမှာတည်ဆောက်ထားတဲ့အိမ်တစ်လုံးပြိုသွားတာကို ခံယူဖို့က အမှန်တော့ လွယ်တဲ့အရာတော့ မဟုတ်ဘူး။

တစ်ယောက်ဟာ တစ်ယောက်ကို နားမလည်တော့တဲ့အချိန်မှာ သံသယနဲ့ မပြောဖြစ်တဲ့စိတ်နာမှုတွေက အိမ်ထဲမှာ အသံကြားမယ့်ခြောက်ခြားမှုဖြစ်လာတယ်။ ပြီးတော့တစ်နေ့ မှာ အဲဒီအိမ်က ပြိုကျသွားတယ်။

အမြဲတမ်းအတူတကွဆိုတဲ့အိပ်မက်ဟာအနာဆာတွေနဲ့ အဆုံးသတ်တယ်။ အိမ်ပြိုတဲ့အချစ်ဟာ အမှတ်တရတွေနဲ့ တစ်မျိုးတည် နေရာယူတတ်တယ်။ ဒီလိုမျိုးက လှုပ်ရှားမှုမရှိတဲ့ ဓာတ်ပုံတစ်ပုံလိုပဲ တိတ်တိတ်လေးနဲ့ ကြည့်နေရတဲ့ အရာမျိုးတွေဖြစ်လာတော့တာပဲ။

အခု့တော့ ငါတို့တည်ဆောက်ခဲ့တဲ့ အိမ်လေးက အိပ်မက်ထဲမှာပဲ ချန်ထားခဲ့လိုက်ပြီ။ အချစ်က တစ်ခါတစ်လေ ပြိုလဲတတ်တယ် ဒါပေမဲ့ မနက်ဖြန်မှာ တစ်ခြားတစ်ယောက်နဲ့ တစ်ခြားအိမ်တစ်လုံး ပိုခိုင်မာတဲ့ အိမ်တစ်လုံးတည်ဆောက်နိုင်မယ် ဆိုတာ မင်းမမေ့ပါနဲ့…….



Creative Freedom မရတဲ့အခါ ဘာတွေဖြစ်လာန်ိုင်လဲ ?အသေးစိတ်အနေနဲ့ပြောရရင် Creative freedom မရှိတဲ့အခါ လုပ်ဆောင်သူက သူ့ရဲ့ id...
10/05/2025

Creative Freedom မရတဲ့အခါ ဘာတွေဖြစ်လာန်ိုင်လဲ ?

အသေးစိတ်အနေနဲ့ပြောရရင် Creative freedom မရှိတဲ့အခါ လုပ်ဆောင်သူက သူ့ရဲ့ idea, vision, သဘောထားတွေကို ထုတ်ဖော်ခွင့်မရနိုင်ဘူး။ အမြဲတမ်း အခြားသူရဲ့ ညွှန်ကြားတဲ့အတိုင်း လုပ်နေရတာက ကိုယ့်ကိုယ်ကို ဖိနှိပ်သလို ခံစားရတက်ပါတယ်။

ဒီလိုမျိုးတွေကြောင့် အလုပ်လုပ်တဲ့ပတ်ဝန်းကျင်၊ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေ၊ အဖွဲ့လိုက်ဆက်ဆံရေးနဲ့ ဖန်တီးမှုအရည်အသွေးပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဥပမာ အရ အချက် (၅) ချပ် နဲ့ပြောပြပေးသွားပါမယ်…..

(၁) စိတ်ဖိစီးမှုများလာရခြင်း - ကိုယ်ဖန်တီးချင်တာတွေ မဖန်တီးရတဲ့အခါ စိတ်ညစ်မှုတွေနဲ့၊ အလုပ်လုပ်ရတဲ့အခါမှာ စိတ်ဝင်စားမှုလျော့လာနိုင်ပါတယ်။

(၂) မူရင်းဆန်းသစ်မှုတွေနည်းလာခြင်း -အခြားသူတွေသတ်မှတ်ပေးထားတဲ့ အတိုင်း လုပ်ရတာကြောင့် ထင်သလောက် concept သစ်တွေ၊ idea တွေမပေါ်လာခြင်းတွေဖြစ်ပေါ် လာနိုင်ပါတယ်။

(၃) အရည်သွေးထိခိုက်မှု - ကိုယ့်ရဲ့ vision နဲ့ မကိုက်ညီတဲ့အရာတွေကို အတင်းလုပ်ရတဲ့အခါ အလုပ်ရဲ့ အရည်အသွေးတွေလဲ ထိခိုက်နိုင်တယ်။

(၄) အဖွဲ့အစည်းအတွင်းမညီညွှတ်မှုတွေ ဖြစ်နိုင်ချေ - Designer နဲ့ Client/Teamအကြား ပူးပေါင်းလုပ်ကိုင်မှုတွေ အဆင်မပြေဖြစ်လာနိုင်တယ်။ တစ်ဦးနဲ့တစ်ဦးကြား မလိုလားတဲ့အရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၅) တီထွင်မှု တိတ်ဆိတ်သွားခြင်း - အကြံပေးနည်းနဲ့ပဲ ရှေ့ဆက်လုပ်နေမယ်ဆိုရင် concept အသစ်သစ်တွေက ဘယ်နည်းနဲ့မှ ပေါ်လာနိုင်မှမဟုတ်တော့ပါဘူး။

သို့သော် အကန့်သတ်ရှိတဲ့အခြေနေတချို့မှာ တီထွင်မှုကို သက်တောင့်သက်သာ ထုတ်ဖော်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဖန်တီးမှုအတွက် သတ်မှတ်ချက်နဲ့ အတိုင်းအတာရှိတာက အရေးကြီးပါတယ်။

ဒါပေမဲ့ မျှတတဲ့ Creative freedom မရှိဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာ၊ အလုပ်ပေါ်စွမ်းဆောင်ရည်၊ ဖန်တီးမှုအရည်အသွေး တို့မှာ ကျဆင်းမှုတွေ ဖြစ်လာနိုင်ပါတယ်။

Creative freedom ရရှိဖို့အတွက် လုပ်ငန်းခွင်မှာ အပြန်အလှန်ယုံကြည်မှုရရှိဖို့လည်း အရေးကြီးပါတယ်။

ဒါကြောင့် Creative freedom ဆိုတာဟာ သီးသန့်ခွင့် မဟုတ်ဘဲ၊ လုပ်ငန်းတစ်ခု့ရဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့အခြေခံအရာ တစ်ခု့ပဲဖြစ်ပါတယ်။




ဖန်တီးမှုနဲ့ တိကျမှုကိုပေါင်းစပ်ထားတဲ့ Design Service! သင့်စီးပွားရေးအတွက် စိတ်ဝင်စားဖွယ် Visual တွေလိုအပ်နေပြီလား?ပုံမှ...
08/05/2025

ဖန်တီးမှုနဲ့ တိကျမှုကိုပေါင်းစပ်ထားတဲ့ Design Service!

သင့်စီးပွားရေးအတွက် စိတ်ဝင်စားဖွယ် Visual တွေလိုအပ်နေပြီလား?
ပုံမှန် Design မဟုတ်ပဲ၊ ရှုထောင့်အသစ်နဲ့ သေသပ်မှုရှိတဲ့ Design တစ်ခု့လိုချင်ပါသလား?

ကိုယ်လိုချင်တဲ့ပုံစံ၊ ကိုယ့်ရဲ့ Product ကိုလူအများစိတ်ဝင်စားစေမဲ့ပုံစံ စသော အရာကို ကျွန်တော်တို့ Graphic Design မှာလှပမှုအပေါ် အလေးပေးသလို၊ သင့် Brand Image နဲ့ အညီ တိကျမှုရှိအောင် ဖန်တီးပေးထားပါတယ်။

Social Media Posts တွေအတွက် ဖန်တီးမှုအရသာနဲ့၊ မျှတတဲ့ Layouts များဖြင့် သေသပ်သော Designs များကိုလည်း ဖန်တီးပေးပါတယ်။

သင့် Brand ဟာ အထူးကောင်းမွန်တဲ့ Design နဲ့ပေါင်းစပ်လိုက်ရင် ပိုမိုထင်ရှားလာနိုင်ပါတယ်။ ရိုရှင်းပြီး Professional ဖြစ်တဲ့ Visual Identity ဟာ သင့် Product အပေါ် ယုံကြည်မှုတိုးလာစေနိုင်ပါတယ်။

Creativity + Accuracy တို့ပေါင်းစပ်ပြီး နောက်တစ်ဆင့် တိုးတက်နိုင်တဲ့ Design Solutions များကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။ အချိန်အတိုအတွင်းမှာ သင်ပြောတဲ့ ပုံစံအတိုင်း စိတ်တိုင်းကျအောင် Design များကို ဖန်တီးပေးပါတယ်။

Social Media Posts များစွာကို အောင်မြင်စွာအကောင်ထည်ဖော်နိုင်ခဲ့ပြီးဖြစ်သလို ပထမဆုံးအပ်နှံမယ့် Client များအတွက် အထူးအစီစဉ်လေး တွေလဲ ဖန်းတီးပေးထားလို့ ကျွန်တော်တို့ Design Hive ကို ယခု့ပဲလာရောက်မေးမြန်းနိုင်ပါတယ်။



" Brain Rot "Oxford Word of the year 2024 တဲ့။မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရရင်တော့ ဦးနှောက်ပုပ်သိုးခြင်းပေါ့။Brain Rot ဆိ...
24/04/2025

" Brain Rot "

Oxford Word of the year 2024 တဲ့။မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရရင်တော့ ဦးနှောက်ပုပ်သိုးခြင်းပေါ့။

Brain Rot ဆိုတာဘာကြီးလဲ ?
Oxford University ရဲ့ Website မှာတော့ (Brain rot is consuming excessive amounts of low-quality online content, especially on social media.) လို့ဖော်ပြထားတယ်။ Social media မှာ low-quality content တွေအရမ်းအကြည့်များခြင်းတဲ့။

ကျွန်တော်လဲသတိမထားမိခဲ့ပါဘူး။ စပြီးကြားဖူးခဲ့တာက ကို Jimmy ရဲ့ Video တစ်ခုကနေစပြီးကြားဖူးတာ။သိပ်လဲခေါင်းထဲမထည့်ထားမိခဲ့ပါဘူး မေ့မေ့ပျောက်ပျောက်ရှိလောက်ပီဆိုမှ ခုနောက်ပိုင်း TikTok မှာ Italian brain-rot တွေတော်တော်တွေ့လာရတာ။ ( tralalero tralala ) တို့ ( bombardino crocodilo) တို့ဘာတွေမှန်းကိုမသိဘူး 😵‍💫

အဲ့တာနဲ့ပဲ Idea မီးစ‌လေး ထတောက်လာတာနဲ့ဆွဲမိလိုက်ပါသည်ပေါ့။

Elements in comment ⬇️⬇️

Address

Thazi
Meiktila
05201

Website

Alerts

Be the first to know and let us send you an email when Design Hive posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category