Mindat Township Education Board -MTEB

Mindat Township Education Board -MTEB Board of Education (Mindat)
Mindat Tsp Edu Board

30/04/2024
စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်း၊ ဝေဟင်စစ်ကြောင်းနဲ့ ဟောင်ဝစ်ဇာလက်နက်ကြီး တိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ ဝမ္မသူးဆေ...
27/04/2024

စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်း၊ ဝေဟင်စစ်ကြောင်းနဲ့ ဟောင်ဝစ်ဇာလက်နက်ကြီး တိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ ဝမ္မသူးဆေးရုံ
ဧပြီ ၂၇၊ ၂၀၂၄

ဝမ္မသူးဆေးရုံဟာ မင်းတပ်မြို့နယ်တစ်ခုလုံးသာမက ချင်းပြည်တောင်ပိုင်းနှင့်တကွ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းက တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေရဲ့ အားထားရာ ဆေးရုံတစ်ခုဖြစ်ပြီး လက်ရှိတော်လှန်ရေး ကာလတလျှောက်မှာ အသေးစား၊ အကြီးစား ခွဲစိတ်မှုနှင့်တကွ ပြည်သူတွေကို အခမဲ့နီးပါး (တော်လှန်ရေးရဲဘော်တွေကို အခမဲ့) ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပြည်သူ့ဆေးရုံတစ်ခုဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်းမှာ ဝမ္မသူးဆေးရုံကိုဦးတည်ပြီး မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄) ကနေ ဟောင်ဝစ်ဇာနဲ့ အကြိမ်ပေါင်း (၂၀) နီးပါး.. လက်နက်ကြီးအလုံးရေ (၆၀) ဝန်းကျင် ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီး ပစ်ခတ် ကျေးရွာနေပြည်သူတွေ၊ အိုးအိမ်တွေ ပျက်စီးခဲ့ပြီး ဝမ္မသူးဆေးရုံကိုတော့ ထိမှန်တာ မရှိခဲ့ပါဘူး။

စစ်ကောင်စီဟာ မင်းတပ်မြို့နယ်အတွင်း တနေရာရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတိုင်း ဝမ္မသူးဆေးရုံကို လက်နက်ကြီးနဲ့ တိုက်ခိုက်လေ့ရှိပါတယ်။

ဝမ္မသူးဆေးရုံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးရင်း ဝမ္မသူးဆေးရုံကို လက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာလည်း စစ်ကြောင်းထပ်မံထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ဝမ္မသူးဆေးရုံတစ်ခုလုံးကို မြေလှန်ဖျက်ဆီးခဲ့ပြီး ဆေးဝါး၊ ထိုင်ခုံ၊ ဗီရို၊ ခွဲစိတ်ပစ္စည်း၊ ဓာတ်မှန်စက်၊ စားပွဲ၊ သောက်ရေပုံး အစရှိတာတွေ အကုန်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၅) ရက်နေ့ကလည်း ဝမ္မသူးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံး အခြားပြည်သူတွေထိခိုက်ဒဏ်ရာရတာတွေရှိပြီး ကျေးရွာလူနေအိမ်တွေ ပျက်စီးမှုရှိခဲ့ပါတယ်။

မြေပြင်ကနေ စစ်ကြောင်းမထိုးနိုင်တော့တဲ့ စစ်ကောင်စီဟာ ၂၀၂၄ ဧပြီ ၂၅ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပြီး ဝမ္မသူး ဆေးရုံတစ်ခုလုံး အကြီးအကျယ် မီးလောင်ပျက်စီးခဲ့ပြီး ဆေးရုံတက် လူနာတွေ၊ လူနာစောင့်တွေ အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသား ၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ ဧပြီ ၂၅ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဟာ ပေါင် ၅၀၀ ဗုံး (၄) လုံးကျော် အသုံးပြုခဲ့ပြီး ပထမဆုံးအကြိမ် ညနေ ၀၈း၀၅ မိနစ်မှာ ဗုံးကြဲမှုမှာ လူနာတွေ ကုသနေတဲ့ အပေါ်ဆေးရုံ ထိခိုက်ပျက်စီးခဲ့ပြီး ဒုတိယအကြိမ် ၀၈း၁၀ မိနစ် တိုက်ခိုက်မှုမှာတော့ ဆေးပစ္စည်းနှင့်အခြားပစ္စည်းတွေ သိုလှောင်တဲ့ အောက်ဆေးရုံ၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာတွေ အကြီးအကျယ် ထိခိုက်ပျက်စီးမီးလောင်ခဲ့ပါတယ်။

ဝမ္မသူးဆေးရုံဟာ မင်းတပ်မြို့နယ်အတွင်းသာမက မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ အစရှိတဲ့ဒေသက လူနာတွေကို ဆေးကုသပေးသလို.. ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ ပုလဲ၊ ယင်းမာပင် အစရှိတဲ့ ဒေသက တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေကို အဓိကကုသမှု ပေးနေတဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။

ယခု ဗုံးကြဲတိုက်ခိုက်မှုမှာ ခွဲစိတ်ခန်း၊ လူနာဆောင်၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့်တကွ ဆေးရုံကား၊ ဆီပေပါ၊ ဆေးဝါးနှင့် ခွဲစိတ်ပစ္စည်းတွေ၊ ကျန်းမာရေးဝန်ထမ်း အိမ်ရာနဲ့တကွ လူ့အသုံးအဆောင် ပစ္စည်းပေါင်း ကာလတန်ဖိုး စုစုပေါင်း သိန်း တစ်သောင်း ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ကံကောင်းထောက်မစွာဖြင့် ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ၊ အခြားကျန်းမာရေးဝန်ထမ်းတွေ ဒီလေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရတာ တစ်ခုမှ မရှိခဲ့ပါဘူး။

တဆက်တည်းမှာပဲ တော်လှန်ရေးအတွက်ရော၊ ပြည်သူတွေအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ လိုအပ်တာကြောင့် ကုသရေးပြန်လည်ထူထောင်လည်ပတ်နိုင်ရန်အတွက် ကူညီထောက်ပံ့မှုများ အရေးတကြီး လိုအပ်လျက်ရှိတဲ့အတွက်ကြောင့် အောက်ပါ NGU Pay အကောင့်များကတဆင့် (သို့) အောက်ပါ ဖုန်းနံပါတ်မှတဆင့် ဆက်သွယ်ကူညီနိုင်ကြောင်း ပန်ကြားအပ်ပါတယ်။

ဆက်သွယ်ရန်
09428886829
09400302630
09447072412

ပျက်စီးမှုမှတ်တမ်းများ
https://www.facebook.com/share/p/Wen2hhU2VmsEHqN6/?mibextid=kFxxJD

https://m.facebook.com/story.php?story_fbid=1421194145187163&id=100018897729325&mibextid=kFxxJD

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကြေညာချက်အမှတ် (၁၃ /၂၀၂၃)၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆ...
28/07/2023

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၁၃ /၂၀၂၃)
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၀ ရက်နေ့
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)

"၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)
ဒုတိယအကြိမ် စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း"


Non -CDM ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား တားမြစ်အရေးယူခြင်း၁။ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင...
04/07/2023

Non -CDM ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား တားမြစ်အရေးယူခြင်း

၁။ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများတွင် Non CDM ဆရာ၊ဆရာမများ ဝင်ရောက်သင်ကြားခြင်း မရှိစေရန် တိုက်နယ်၊ အုပ်စု၊ ကျေးရွာများ၏ ပညာရေး တာဝန်ခံများမှ စိစစ်၍ မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့ရုံးထံသို့ အကြောင်းကြား တင်ပြရန် ဖြစ်သည်။

၂။ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများတွင် အာဏာသိမ်း စစ်ကောင်စီမှ ကျင်းပပြုလုပ်သော စာမေးပွဲအား ဖြေဆိုခဲ့သည့် Non CDM ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်သင်ကြားခြင်း မရှိစေရန် တိုက်နယ်၊ အုပ်စု၊ ကျေးရွာများ၏ ပညာရေး တာဝန်ခံများမှ စိစစ်၍ မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့ရုံးထံသို့ အကြောင်းကြား တင်ပြရန် ဖြစ်သည်။

၃။ မင်းတပ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် တက်ရောက်ပြီး စာမေးပွဲဖြေဆိုကြသည့် Non CDM ကျောင်းသား၊ ကျောင်းသူများအား မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ပြင်းထန်စွာရှုံ့ချပြီး တားမြစ်အရေးယူသွားမည်ဖြစ်သည်။

၄။ အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် တက်ရောက်ပြီး စာမေးပွဲဖြေဆိုခဲ့ကြသည့် Non CDM ကျောင်းသား၊ ကျောင်းသူများသည် ပြည်သူ့အခြေပြု စာသင်ကျောင်းများတွင် ပြန်လည်တက်ရောက်လိုပါက ၎င်းကျောင်းသား၊ ကျောင်းသူနှင့် မိဘ/ အုပ်ထိန်းသူသည် နောင်တွင် စစ်ကောင်စီကျောင်းများတွင် မတက်ရောက်တော့မည်ဖြစ်ကြောင်း ကျမ်းကျိန်ကတိဖြင့် ခံဝန်လက်မှတ်ထိုး၍ တက်ရောက်ရမည့်အတန်းဝင်ခွင့်အား ဖြေဆိုပြီးမှသာ လက်ခံပေးမည်ဖြစ်သည်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့
မင်းတပ်မြို့နယ်

28/12/2022

💙 “ပြည်သူအားလုံး ကူညီပေး၊ မင်းတပ်စစ်ရှောင် ပညာရေး” ကမ်ပိန်းမှ “ကျပ်သိန်းပေါင်း ၁၀၀ ကျော်” လက်ခံရရှိခဲ့

💙 ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြုလုပ်ခဲ့တဲ့ “ပြည်သူအားလုံး ကူညီပေး၊ မင်းတပ်စစ်ရှောင် ပညာရေး” ကမ်ပိန်းလေးကနေတဆင့် မင်းတပ်မြို့နယ်က စစ်ဘေးရှောင်ကလေးတွေအတွက် “၁၁၈ သိန်း ၈သောင်း” ကျပ်တိတိ လက်ခံရရှိခဲ့ပါတယ်။

💙 လိုအပ်နေတဲ့ သင်ကြားရေးပစ္စည်းတွေနဲ့ စာရေးကိရိယာတွေကို စစ်ဘေးရှောင်ရင်း ပညာသင်ကြားနေကြတဲ့ ကလေးတွေဆီ ပို့ဆောင်ပေးဖို့
မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ အကူအညီနဲ့ ဆက်လက်လုပ်ဆောင်လျက် ရှိပါတယ်။

💙 အခုလိုမျိုး စစ်တွင်းက ကလေးငယ်များရဲ့ ပညာရေးအတွက် ဝိုင်းဝန်းပါဝင်ထောက်ပံ့ပေးခဲ့ကြတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

MTEB is in the news!
22/12/2022

MTEB is in the news!

မင်းတပ်မြို့က စစ်ဘေးရှောင်ကလေး ၁၂၀၀၀ ကျော်အတွက် ပညာသင်ကြားနိုင်ရေး စာရေးကရိယာ ပစ္စည်းအတွက် အလှုငွေ ၅၀ ရာခိ...

၃၀ ရာခိုင်နှုန်းပဲ ပြည့်မီပါသေးတယ်။ ထပ်ကူပေးကြပါဦး။
09/12/2022

၃၀ ရာခိုင်နှုန်းပဲ ပြည့်မီပါသေးတယ်။
ထပ်ကူပေးကြပါဦး။

📢 “ပြည်သူအားလုံးကူညီပေး ၊ မင်းတပ်စစ်ရှောင်ပညာရေး” Campaign Update

✍️ မင်းတပ်မြို့မှ စစ်ဘေးရှောင်ကလေး (၁၂၀၀၀) ရဲ့ ပညာသင်ကြားရေးအတွက် “ပြည်သူအားလုံးကူညီပေး ၊ မင်းတပ်စစ်ရှောင်ပညာရေး” Campaign ရဲ့ ၇ ရက်မြောက်မှာတော့ ပြည်သူတွေရဲ့ ပါဝင်ထောက်ပံ့မှုအားနဲ့ ကျောင်းသား အယောက် “၃၅၀၀” ကျော် အတွက် ငွေပမာဏအားဖြင့် သိန်း “၇၀” ဝန်းကျင် လက်ခံရရှိထားပြီ ဖြစ်ပါတယ်။

🌷 စစ်ဒဏ်တွေကြားမှာ ပညာသင်ကြားနေရတဲ့ ကလေးအယောက် “၁၂၀၀၀” လုံးကို လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ဖို့ ဒီ Campaign ကို ဒီဇင်ဘာလ (၂၃) ရက်နေ့အထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

📌 ကျောင်းသားတစ်ဦးစာအတွက် စာအုပ်၂အုပ်၊ ဘောပင် ၂ချောင်း၊ ခဲတံ ၁ ချောင်း ၊ ခဲဖျက်တစ်ခု ၊ ပေတံ ၁ ချောင်း နှုန်းဖြင့် လှူဒါန်းဖို့အတွက် စုစုပေါင်းကျပ်သင့်ငွေမှာ (ခရီးသွားလာစရိတ်အပါအပြီးအစီး) “၂၀၀၀ကျပ်” ကျသင့်မှာဖြစ်ပါတယ်။

📢 အခုအချိန်ထိ Target ပမာဏရဲ့ “၃၀%” သာ ရရှိသေးတာမို့ ပြည်သူတွေအနေနဲ့ စစ်ပွဲတွေကြားက ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့ ပညာရေးကို မိမိတို့တတ်နိုင်သလောက် ဆက်လက်ထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုပါတယ်။

🌷 ပါဝင်ချင်သူတွေအနေနဲ့ Page Messenger သို့ ဆက်သွယ်ပြီး Kpay, Wavepay, NUGPay အပြင် PayPal, Bangkok Bank တို့နဲ့ ချိတ်ဆက် လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းမှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

📣 ”ပြည်သူအားလုံးကူညီပေး ၊ မင်းတပ်စစ်ရှောင်ပညာရေး” 📣ℹ️ လက်နက်ကိုင်တော်လှန်ရေးကို တူမီးနဲ့ အစပြုပေးခဲ့တဲ့ ချင်းပြည်နယ်ဟာဆိ...
06/12/2022

📣 ”ပြည်သူအားလုံးကူညီပေး ၊ မင်းတပ်စစ်ရှောင်ပညာရေး” 📣

ℹ️ လက်နက်ကိုင်တော်လှန်ရေးကို တူမီးနဲ့ အစပြုပေးခဲ့တဲ့ ချင်းပြည်နယ်ဟာဆိုရင် အခုအချိန်ထိ စစ်အာဏာရှင်ကို အရှိန်အဟုန်နဲ့ ခုခံတော်လှန်နေဆဲ ဖြစ်ပါတယ်။ ခုခံတော်လှန်မှုနဲ့အတူ စစ်တပ်ရဲ့ ရွာတွေကို မီးတင်ရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေလဲ အများအပြား ရှိနေပါတယ်။

ℹ️ စစ်ဘေးရှောင် ကလေးငယ်တွေကို ပညာသင်ကြားပေးဖို့ မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ ဦီးဆောင်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ရပ်ရွာအခြေပြုကျောင်းပေါင်း “၁၆၈” ကျောင်းအထိရှိနေပြီ ဖြစ်ပါတယ်။ အခုလက်ရှိ ကျောင်းသားကျောင်းသူပေါင်း ၁၂၀၀၀ ခန့်ကို ဆရာ၊ဆရာမ ၁၃၀၀ ခန့်က ပညာသင်ကြားပေးလျက် ရှိပါတယ်။

ℹ️ စစ်ဘေးရှောင် ကလေးတွေ ပညာသင်ကြားဖို့ စာသင်ကျောင်းနဲ့ ဆရာ၊ဆရာမ အင်အား အသင့်အတင့် လောက်ငှပေမယ့် အခက်အခဲတစ်ချို့ ရှိနေပါသေးတယ်။ ကျောင်းသားကျောင်းသူ အတော်များများဟာ စာသင်ခန်းထဲမှာ ပုံနှိပ်စာအုပ်နဲ့ စာရေးကိရိယာ လုံလုံလောက်လောက် မရရှိဘဲ သင်ကြားနေရပါတယ်။ ထိရောက်ပြီး အရည်အသွေး ပြည့်ဝတဲ့ ပညာရေးရရှိဖို့ဆိုရင် လုံလောက်တဲ့ ထောက်ပံ့မှု ရရှိဖို့ကလည်း အရေးကြီးတယ် မဟုတ်ပါလားနော်။

ℹ️ ဒါကြောင့်မို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ပြည်သူတွေနဲ့အတူ လက်တွဲပူပေါင်းပြီး ကျောင်းသားကျောင်းသူ (၁၂၀၀၀) စာ စာရေးကိရိယာတွေ ထောက်ပံ့ပေးနိုင်ဖို့ Campaign လေး တစ်ခု စီစဉ်ထားပါတယ်။

📌 ကျောင်းသားတစ်ဦးစာအတွက် စာအုပ်၂အုပ်၊ ဘောပင် ၂ချောင်း၊ ခဲတံ ၁ ချောင်း ၊ ခဲဖျက်တစ်ခု ၊ ပေတံ ၁ ချောင်း နှုန်းဖြင့် လှူဒါန်းဖို့အတွက် စုစုပေါင်းကျပ်သင့်ငွေမှာ (ခရီးသွားလာစရိတ်အပါအပြီးအစီး) “၂၀၀၀ကျပ်” ကျသင့်မှာဖြစ်ပါတယ်။

📣 ဒီ Campaign ကို ဒီဇင်ဘာလ (၃)ရက်နေ့မှ (၂၃)ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပါဝင်ချင်သူတွေအနေနဲ့ Page Messenger သို့ ဆက်သွယ်ပြီး Kpay, Wavepay, NUGPay အပြင် PayPal, Bangkok Bank တို့နဲ့ ချိတ်ဆက် လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းမှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများလည်း ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

🙇🏻 အပူပင်းကင်းကင်း စာလေ့လာရမယ့်အရွယ်မှာ စစ်ဘေးရှောင်ရင်း ချို့တဲ့စွာပညာသင်ကြားနေရတာဟာ အလွန်စိတ်မကောင်းစရာပါ။ တိုင်းပြည်သစ်ကြီးမှာ မျိုးဆက်သစ်လေးတွေ လင်းလက်စွာတောက်ပနိုင်ဖို့ ပြည်သူတွေအနေနဲ့ မိမိတက်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါတယ်။

ပါ၀င်လှူဒါန်းမယ်ဆိုရင် အသေးစိတ်ကို ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ(https://www.facebook.com/ydnbusu/?mibextid=ZbWKwL) မှာ သွားရောက်မေးမြန်းပြီး လှူဒါန်းပေးနိုင်ပါတယ် ခင်ဗျာ။

မင်းတပ်မြို့နယ်ကြားကာလပညာရေးအကောင်ထည်ဖော်စဉ်က မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြခဲ့တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ ပညာရေး...
09/11/2022

မင်းတပ်မြို့နယ်ကြားကာလပညာရေးအကောင်ထည်ဖော်စဉ်က မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြခဲ့တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ ပညာရေးမှတ်တမ်းတစ်ခုအဖြစ် ကျန်စေချင်တဲ့အတွက် ပြန်လည်မျှဝေဖော်ပြရခြင်းဖြစ်ပါတယ်။

အစီရင်ခံစာကို အောက်ဖော်ပြပါ လင့်ကနေတဆင့် ရယူနိုင်ပါတယ်။
ဒေါင်းလုပ်ရယူရန် - http://bit.ly/3WKUPFE

#မင်းတပ် #ပညာရေးဘုတ်အဖွဲ့ #ပညာရေးဒေတာ #ကြားကာလပညာရေး

ပညာရေးစိတ်၀င်စားသူများ တက်သင့်ပါတယ်။
26/10/2022

ပညာရေးစိတ်၀င်စားသူများ တက်သင့်ပါတယ်။

[ 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 𝐑𝐞𝐦𝐢𝐧𝐝𝐞𝐫 | 𝐨𝐧𝐥𝐲 𝟑 𝐝𝐚𝐲𝐬 𝐥𝐞𝐟𝐭 ]

📌 𝐄𝐝𝐮𝐜𝐚𝐭𝐨𝐫𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝐓𝐞𝐫𝐦 𝟐) အတွက် လျှောက်လွှာပိတ်ရက်က အောက်တိုဘာလ ( ၂၆ ) ရက် ညနေ ၅ နာရီနော်။

အချိန်သုံးရက်ပဲ ကျန်တော့တာမို့ လျှောက်မယ်လို့ စိတ်ကူးထားသူများ ဒီ Google Form ကနေတဆင့် အမြန်ဆုံး လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

👇🏼👇🏼👇🏼👇🏼👇🏼
https://docs.google.com/forms/d/e/1FAIpQLSekoG0tJtWMY-NGJsj88aBBmp5kqhO5iTENWODc9p6vgJLdLQ/viewform?usp=pp_url

သင်တန်းအသေးစိတ်ကို ဒီ post မှာ ကြည့်ရှုနိုင်ပါတယ်။

👇🏼👇🏼👇🏼👇🏼👇🏼
https://www.facebook.com/MaggaEducation/posts/pfbid0vwuYtcYNAArs6ibCQg6qUQBsouTBTDNrp2MVeMG5gfLc5WRuVEr9X1iBKQNfMhoPl

📌The deadline for 𝐄𝐝𝐮𝐜𝐚𝐭𝐨𝐫𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 (𝐓𝐞𝐫𝐦 𝟐) is on Wednesday, October 26th at (5) pm.

There are only 3 days left and if you are planning to apply, please fill the below Google Form and submit it.

👇🏼👇🏼👇🏼👇🏼👇🏼
https://docs.google.com/forms/d/e/1FAIpQLSekoG0tJtWMY-NGJsj88aBBmp5kqhO5iTENWODc9p6vgJLdLQ/viewform?usp=pp_url

To learn more about the program:

👇🏼👇🏼👇🏼👇🏼👇🏼
https://www.facebook.com/MaggaEducation/posts/pfbid0vwuYtcYNAArs6ibCQg6qUQBsouTBTDNrp2MVeMG5gfLc5WRuVEr9X1iBKQNfMhoPl




19/10/2022

ဧကာဒဿမတန်း (Grade-11) ပုံနှိပ်စာအုပ်များကို ရနိုင်ပါပြီ။
ဒေါင်းလုပ် ရယူရန် -https://bit.ly/3TBFPI1
Grade-11 textbooks are available here!
To download, go to the link - https://bit.ly/3TBFPI1
#ပုံနှိပ်စာအုပ်များ #မင်းတပ် #ပညာရေးဘုတ်အဖွဲ့ #ကြားကာလပညာရေး

English ဘာသာစကားကို စတင်လေ့လာမယ့်သူတွေအတွက် တော်တော်အသုံးဝင်မယ့် YouTube Channel ဖြစ်ပါတယ်။ နာမည်ကြီး ဆရာ မောင်မောင်ဝမ်း...
19/10/2022

English ဘာသာစကားကို စတင်လေ့လာမယ့်သူတွေအတွက် တော်တော်အသုံးဝင်မယ့် YouTube Channel ဖြစ်ပါတယ်။ နာမည်ကြီး ဆရာ မောင်မောင်ဝမ်းရဲ့ သင်ကြားပို့ချချက်တွေကို ပြန်မျှဝေပေးပါတယ်။
====================================
Grammar ကို ဒီမှာလေ့လာပါ
https://www.youtube.com/watch?v=Oag_tdjoUF4&list=PLcUyKqy8mSnlciYK5kCTC3pG5REJhGyIl
အင်္ဂလိပ်စကားပြောကို ဒီမှာလေ့လာပါ
https://www.youtube.com/watch?v=Oag_tdjoUF4&list=PLcUyKqy8mSnnIAJlDE9vhOFvPQMQAg3do
အင်္ဂလိပ်စာ အဖတ်စွမ်းရည်ကို ဒီမှာလေ့လာပါ
https://www.youtube.com/watch?v=1QQ4XNcukLQ&list=PLcUyKqy8mSnkway8b2-IcjADLFKjK9VdU
သဒ္ဒါလေ့ကျင့်ခန်းများ
https://www.youtube.com/watch?v=arPt2it-vo0&list=PLcUyKqy8mSnltLXkORXkB7wzZ38Etg6Wu
အဓိပ္ပါယ်ကောက်ယူလွဲမှားတတ်တဲ့ အင်္ဂလိပ်စကားလုံးများ
https://www.youtube.com/watch?v=dZlcFikyPiY&list=PLcUyKqy8mSnlUEACg9JIKtCaAtKPeNizI
နေ့စဉ်သုံး အင်္ဂလိပ်စကားပြောစာကြောင်းတိုများ
https://www.youtube.com/watch?v=dZlcFikyPiY&list=PLcUyKqy8mSnlUEACg9JIKtCaAtKPeNizI
-----------------

Credit to https://www.facebook.com/maungmaung.wann

Address

Mindat

Alerts

Be the first to know and let us send you an email when Mindat Township Education Board -MTEB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mindat Township Education Board -MTEB:

Share